စပါးလင် ကို လက်ဖက်ခြောက်ရည်လို သောက်လို့ရတဲ့ နည်းလမ်း
စပါးလင် ကို လက်ဖက်ခြောက်ရည်လို သောက်လို့ရတဲ့ နည်း ပြုလုပ်ပုံ မျှဝေထားပါတယ်။ မသိသေးတဲ့ သူတွေ ကြည့်ပါနော်..။စပါးလင် ဆိုတဲ့အပင်က အိမ်တိုင်းနီးပါး စိုက်ထားတဲ့ အပင်မျိုးပါ ။သူ့ဆီမှာ ဗီတာမင် အေ စီ ဘီ ဖောလက် ကယ်လစီယမ် မက်ကနီစီယမ် သံဓာတ် အများအပြားပါ၀င်ပေမဲ့ လူတွေ သိပ်မသိကြပါဘူး။စပါးလင်ဟာ ရဲ့အကျိုးဟာ အစာကြေစေပြီး ဆီးရွင််အောင်ကူညီပေးပါတယ် ကိုယ်ထဲက အဆိပ်တွေကို ဆီးနဲ့အတူပါသွားအောင် ထုတ်ပေးရာမှာ ကူညီပါတယ်။အူထဲက ဂက်စ် တွေ ကို လျော့ချပေးဖို့ ကူညီတဲ့အပြင် အစာအိမ်ထဲက ဂက်စ်တွေကိုပါ လျော့ချပေးလို့ ဗိုက်အအီမလည် လေထိုးလေ အောင့် ကိုပါ သက်သာစေပါတယ်။ စပါး လင်က ကိုယ်ခံအားကို မြင့်မားစေတဲ့အပြင်အူကြီး အူမတွေရဲ့ အဟာရစုတ်ယူမှုအားကောင်းအောင် ကူညီပေးလို့ ကိုယ်ခံအားမြင့်တက်စေပါတယ်။အရေပြားပေါ်က ညင်းစက်တွေ ပွေးကွက်တွေကို စပါးလင်နဲ့လုပ်ထားတဲ့ လိမ်းဆေးနဲ့ ကုသပျောက်ကင်းစေပါတယ်။ အရိုးပွတဲ့သူတွေ သောက်သင့်ပါတယ်တဲ့။
စပါးလင်ထဲ ပါတဲ့ အဆီတွေက အူကြီးအူမတွေတွေကို လေထုတ်ပေးရာမှာ ကူညီပေးပြီး ဗိုက်ထဲမှာဝမ်းပျက်စေတဲ့ ဘက်တီးရီးယားတွေကို သေစေပါတယ်။သွေးကြောထဲက စုစည်းနေတဲ့ အဆီတွေကို လျော့ချ တဲ့အပြင် သွေးလည်ပတ်မှု အားကောင်းစေအောင်လဲ ကူညီပါတယ်။ ဦးနှောက်အားရုံကြောကိုလည်း ကျန်းမာသန်စွမ်းစေပါတယ်။အသက်ရှုလမ်းကြောင်းမှာ ပုံမှန်မဟုတ်တဲ့ အသက်ရှုခက်ခဲမှုကို စပါးလင်ကနေထွက်လာတဲ့ အဆီက ဗီတာမင် စီ က အသက်ရှုမဝတာ ခက်ခဲတာတွေကို ကူညီပေးပါတယ်။ စပါးလင်ကို လက်ဖက်ခြောက်ရည်လို လုပ်သောက်လို့ရပါတယ်။ ဆွမ်းမွေးအရွက်နဲ့ စပါးလင်ကို ရောသောက်တဲ့အခါ ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်။ အထူးသတိပြုရမဲ့သူက ကိိုယ်ဝန်ဆောင်တွေဟာ စပါးလင်အများအပြားစားခြင်းမှာ အန္တရာယ် ဖြစ်စေပါတယ် နို့တိုက်ကလေးအမေနဲ့ ရောဂါတစ်မျိုးမျိုး ရှိနေသူတွေများများမစားသုံးသင့်ပါ ။ သောက်မည်ဆိုပါက ကလည်း တိုင်းရင်းဆေးဆရာနဲ့ သေခြာ တိုင်ပင်ပြီးမှ အသုံးပြုပါရန် အထူး သတိပေး လိုက်ရပါတယ် ရှင့်..။သဘာဝပင်တွေက ကောင်းကျိုး တွေ အများအပြားပေးနိုင်သလို ဆိုးကျိုးတွေလည်း အများအပြားရှိနိုင်တဲ့အတွက် အထူးသတိထားပြီး ချင့်ချိန် အသုံးပြုကြပါ လို့ တိုက်တွန်းလိုက်ရပါတယ်ရှင့်။
Credit – မေမေထိုက်
[zawgyi]