စိပ်ပုတီးမှာ ပုတီးအလုံးရေ (၁၀၈) လုံး ထားရခြင်းအကြောင်းအရင်း

ရှေးက ချည်ကြိုးများကို အထုံးပြုလုပ် ကြပြီး ဖုထုံး ၃ ခုသာရှိသည့် ၃ လုံးပုတီး ဖြစ်သည်။ ရ တနာမြတ် ၃ ပါးအား ( ဝါ ) အနိစ္စ ဒုက္ခ အန တ္တ စသော လက္ခဏါရေး ၃ ပါးအား ရည်စူးကြသည်။နောင်တွင် အကြောင်းအမျိုးမျိုးအရ အလုံးရေ တိုးလာပါသည်။ ၉ လုံး ။ ၂၇ လုံး။ ၄၅ လုံး။ ၁၀၈ လုံးစသဖြင့် တိုးလာခဲ့သည်။ခုဒ္ဒက နိပါတ် အဌကထာ တွင် ( ဆပညာသ ဗုဒ္ဓဂုဏံ အဌဝီသတိ ဓမ္မဂုဏံ စတုသတိ သံဃဂုဏံ က္ကဒံ ဓမ္မဿ လက္ခဏံ ) ဟု ပုတီး ၏ လက္ခဏါ ကို မိန့်မှာချက်အရ ဤသို့ အလုံးရေ ကွဲပြားလာခဲ့သည်။ ဗောဇ္စျင် ခုနှစ်ပါး ရည်စူးကာ ၇ လုံး ၊ကိုးနဝင်း ရည်စူးကာ ၉ လုံး ၊ သုံးဆယ့်နှစ် ကောဌာသ ရည်စူးကာ ၃၂ လုံး ၊ဘုရားဝါတော် လေးဆယ့်ငါး ရည်စူးကာ ၄၅ လုံး စသဖြင့် တိုးလာပါသည်။ သို့သော် အသုံးအများဆုံးဖြစ်သည့် ၁၀၈ လုံး ထားရှိရခြင်းနှင့် ပတ်သက်၍ ဗဟုသုတအနေနဲ့ တင်ပြရသော် – ဘုရားဂုဏ်တော် ၅၆ ပါး ၊တရားဂုဏ်တော် ၂၈ ပါး သံဃဂုဏ်တော် ၂၄ ပါး စသည်ကို ပူဇော်ကာ ( ၁၀၈ ) လုံး ထားရှိခြင်း။ တစ်နည်း – ဘုရားဂုဏ်တော် ၄၈ ပါး ၊တရားဂုဏ်တော် ၃၈ ပါး၊သံဃဂုဏ်တော် ၂၂ ပါး စသည်ကို ပူဇော်ကာ ( ၁၀၈ ) လုံး ထားရှိခြင်း။

လောကီနည်းအရ – ဂြိုဟ်သက် ၁၀၈ လုံးအရ လည်းကောင်း။သတ္တမိဿ နက္ခတ် ၁၀၈ လုံးအရ လည်းကောင်း။တြင်းကြေ နဝင်းကြေ ဖြစ်ရန် ၁၀၈ လုံး အရလည်းကောင်း။ ဂါထာမန္တန်များကို ၇ အုပ်မှ ၁၀၀၀၀၀ အတွင်း စိပ်ခြင်း စုပ်ခြင်း ပြုရန် အလုံးအလီကိုက် ၁၀၈ လုံး ထားရှိခြင်း။ ဘုရားစက်လက္ခဏါ ၁၀၈ ပါးအတွက် ၁၀၈ လာံး ထားရှိခြင်း စသဖြင့် မိမိပူဇော်ရာ သန္တန်အ လိုက် ၁၀၈ လုံး သည် တွင်ကျယ်လာခဲ့ပါသည်။ ရှေးသူတော်စင် ပညာရှင်များ ယူဆပုံမှာ” လော ကီအင်္ဂုတ္ထိုလ်မန္တန်ကျမ်း ” တွင် ဆူးခါးဆရာတော်ကြီး က အောက်ပါအတိုင်း ဆုံး ဖြတ်ထားပါ သည်။ နရဝရ ဖြစ်တော်မူသော မြတ်ဘုရား သာသနာကို ကြည်ညိုလေးမြတ်သော သူတော် ကောင်းတို့သည် သာမထ ဝိပဿ နာ ဘာဝနာ နှစ်ပါးကိစ္စ ပြီးဖွယ် အကြောင်းဖြစ်သည်ဟု နှလုံး သွင်းကာ တစ်ရာ့ရှစ်လုံး ပြုလုပ်ရာဝယ် – {{ ဗုဒ်ဓဂုဏဉ်စ ဆပညာသံ။ ဓမ်မဂုဏဉ်စ အဌတိသံ။ သံဃဂုဏဉစြ စုဒဒြသံ။ ကတြာ သုခံ ဇလံ လာဘတိ }}ဟူ၍ သာမညဂါထာပြုကာ ဘုရားဂုဏ်တော် ၅၆ ။ တရားဂုဏ်တော် ၃၈ ။ သံဃဂုဏ်တော် ၁၄။ စုစုပေါင်း ၁၀၈ ရသောသင်္ကေတစကားသည် ပါဌိအဌကထာဋီကာများတွင် တိုက်ရိုက်မလာငြား နေယျတ္တ ထောက်ဆဆင်ခြင်က အဆင့်ဆင့်ပင် ဖြစ်သင့်သည် ဟု ဖွင့်ပြပါသည်။ပုတီးသည် ဗြဟ္မဏာ အစဉ်လာ ဖြစ်သော်လည်း ကောင်း သောစိတ်ရှေးရှု သည့် အမှတ်သင်္ကေတလက္ခဏါ ရေတွက် မှတ်ယူခြင်း ဖြစ်ရာ ယနေ့ ဗုဒ္ဓဘါသာဝင်တို့ လက်စွဲပြုစရာ ဓမ္မသင်္ကေတ အ ဖြစ် ရှိနေပါသည်။ထိုထိုသော အကြောင်းတရားတို့ကို အသိတိုးအံ့စေခြင်းငှါ တင်ပြလိုက်ရပါသည်။

မူရင်း – Credit

[zawgyi]

ေရွးက ခ်ည္ႀကိဳးမ်ားကို အထုံးျပဳလုပ္ ၾကၿပီး ဖုထုံး ၃ ခုသာရွိသည့္ ၃ လုံးပုတီး ျဖစ္သည္။ ရ တနာျမတ္ ၃ ပါးအား ( ဝါ ) အနိစၥ ဒုကၡ အန တၱ စေသာ လကၡဏါေရး ၃ ပါးအား ရည္စူးၾကသည္။ေနာင္တြင္ အေၾကာင္းအမ်ိဳးမ်ိဳးအရ အလုံးေရ တိုးလာပါသည္။ ၉ လုံး ။ ၂၇ လုံး။ ၄၅ လုံး။ ၁၀၈ လုံးစသျဖင့္ တိုးလာခဲ့သည္။ခုဒၵက နိပါတ္ အဌကထာ တြင္ ( ဆပညာသ ဗုဒၶဂုဏံ အဌဝီသတိ ဓမၼဂုဏံ စတုသတိ သံဃဂုဏံ ကၠဒံ ဓမၼႆ လကၡဏံ ) ဟု ပုတီး ၏ လကၡဏါ ကို မိန႔္မွာခ်က္အရ ဤသို႔ အလုံးေရ ကြဲျပားလာခဲ့သည္။ ေဗာဇၥ်င္ ခုႏွစ္ပါး ရည္စူးကာ ၇ လုံး ၊ကိုးနဝင္း ရည္စူးကာ ၉ လုံး ၊ သုံးဆယ့္ႏွစ္ ေကာဌာသ ရည္စူးကာ ၃၂ လုံး ၊ဘုရားဝါေတာ္ ေလးဆယ့္ငါး ရည္စူးကာ ၄၅ လုံး စသျဖင့္ တိုးလာပါသည္။ သို႔ေသာ္ အသုံးအမ်ားဆုံးျဖစ္သည့္ ၁၀၈ လုံး ထားရွိရျခင္းႏွင့္ ပတ္သက္၍ ဗဟုသုတအေနနဲ႔ တင္ျပရေသာ္ – ဘုရားဂုဏ္ေတာ္ ၅၆ ပါး ၊တရားဂုဏ္ေတာ္ ၂၈ ပါး သံဃဂုဏ္ေတာ္ ၂၄ ပါး စသည္ကို ပူေဇာ္ကာ ( ၁၀၈ ) လုံး ထားရွိျခင္း။ တစ္နည္း – ဘုရားဂုဏ္ေတာ္ ၄၈ ပါး ၊တရားဂုဏ္ေတာ္ ၃၈ ပါး၊သံဃဂုဏ္ေတာ္ ၂၂ ပါး စသည္ကို ပူေဇာ္ကာ ( ၁၀၈ ) လုံး ထားရွိျခင္း။ေလာကီနည္းအရ – ၿဂိဳဟ္သက္ ၁၀၈ လုံးအရ လည္းေကာင္း။သတၱမိႆ နကၡတ္ ၁၀၈ လုံးအရ လည္းေကာင္း။ၾတင္းေၾက နဝင္းေၾက ျဖစ္ရန္ ၁၀၈ လုံး အရလည္းေကာင္း။ ဂါထာမႏၲန္မ်ားကို ၇ အုပ္မွ ၁၀၀၀၀၀ အတြင္း စိပ္ျခင္း စုပ္ျခင္း ျပဳရန္ အလုံးအလီကိုက္ ၁၀၈ လုံး ထားရွိျခင္း။ ဘုရားစက္လကၡဏါ ၁၀၈ ပါးအတြက္ ၁၀၈ လာံး ထားရွိျခင္း စသျဖင့္ မိမိပူေဇာ္ရာ သႏၲန္အ လိုက္ ၁၀၈ လုံး သည္ တြင္က်ယ္လာခဲ့ပါသည္။ ေရွးသူေတာ္စင္ ပညာရွင္မ်ား ယူဆပုံမွာ” ေလာ ကီအဂၤုတၳိဳလ္မႏၲန္က်မ္း ” တြင္ ဆူးခါးဆရာေတာ္ႀကီး က ေအာက္ပါအတိုင္း ဆုံး ျဖတ္ထားပါ သည္။ နရဝရ ျဖစ္ေတာ္မူေသာ ျမတ္ဘုရား သာသနာကို ၾကည္ညိဳေလးျမတ္ေသာ သူေတာ္ ေကာင္းတို႔သည္ သာမထ ဝိပႆ နာ ဘာဝနာ ႏွစ္ပါးကိစၥ ၿပီးဖြယ္ အေၾကာင္းျဖစ္သည္ဟု ႏွလုံး သြင္းကာ တစ္ရာ့ရွစ္လုံး ျပဳလုပ္ရာဝယ္ – {{ ဗုဒ္ဓဂုဏဥ္စ ဆပညာသံ။ ဓမ္မဂုဏဥ္စ အဌတိသံ။ သံဃဂုဏဉျစ စုဒျဒသံ။ ကၾတာ သုခံ ဇလံ လာဘတိ }}ဟူ၍ သာမညဂါထာျပဳကာ ဘုရားဂုဏ္ေတာ္ ၅၆ ။ တရားဂုဏ္ေတာ္ ၃၈ ။ သံဃဂုဏ္ေတာ္ ၁၄။ စုစုေပါင္း ၁၀၈ ရေသာသေကၤတစကားသည္ ပါဌိအဌကထာဋီကာမ်ားတြင္ တိုက္႐ိုက္မလာျငား ေနယ်တၱ ေထာက္ဆဆင္ျခင္က အဆင့္ဆင့္ပင္ ျဖစ္သင့္သည္ ဟု ဖြင့္ျပပါသည္။ပုတီးသည္ ျဗဟၼဏာ အစဥ္လာ ျဖစ္ေသာ္လည္း ေကာင္း ေသာစိတ္ေရွးရႈ သည့္ အမွတ္သေကၤတလကၡဏါ ေရတြက္ မွတ္ယူျခင္း ျဖစ္ရာ ယေန႔ ဗုဒၶဘါသာဝင္တို႔ လက္စြဲျပဳစရာ ဓမၼသေကၤတ အ ျဖစ္ ရွိေနပါသည္။ထိုထိုေသာ အေၾကာင္းတရားတို႔ကို အသိတိုးအံ့ေစျခင္းငွါ တင္ျပလိုက္ရပါသည္။