စီးပွားလာဘ်လာဘကြွယ်ဝ စေရန် မဟာလာဘံ လာဘ်ဖွင့် ကန်တော့ပွဲ ထိုးနည်း

မဟာလာဘံ လာဘ်ဖွင့် ကန်တော့ပွဲထိုးရာ၌ အောက်ဖော်ပြပါ ကန်တော့ပွဲသုံး ပစ္စည်းများအား အသုံးပြုရမည်…။(၁) အုန်းသီးတစ်လုံး။ (၂) ငှက်ပျောသီး(၃)ဖီး။(၃) ကွမ်း ၊ ကွမ်းသီး ၊ ထုံး ၊ ဆေး။(၄) သပြေပန်း။(၅) ထီး ၊ တံခွန် ၊ ကုက္ကား ၊ မုလေးပွား ၊ ယပ် ၊ ကြက်လျှာအစုံ။(၆) ဆီမီး (၁)တိုင်။(၇) ရေတစ်ခွက်။(၈) ခံတောင်း(သို့)ဇလုံတစ်ခု။(၉) အခြားလှူဒါန်းဖွယ်ရာ ပစ္စည်းများ စသည်တို့ဖြစ်သည်။မိမိနေအိမ်ရှိ ဘုရားခန်း၌ ပြုလုပ်နိုင်သည်။မဟာလာဘံ ကန်တော့ပွဲထိုးသည့် အချိန်ကာလမှာ နံနက်ပိုင်းဖြစ်ရမည် မဟာလာဘံ ကန်တော့ပွဲထိုးသင့်သည့်အခြေအနေမှာ လောကီစီးပွားနှင့် ဓနစ္စာ ကြွယ်ဝစေရန်အတွက် ရည်ရွယ်၍ ပြုလုပ်သင့်သည်။မဟာလာဘံ ကန်တော့ပွဲထိုးသည့် ပုဂ္ဂိုလ်အမျိုးအစားနှင့် အရည်အသွေးမှာ ယောကျာ်း|မိန်းမ မရွေးပြုလုပ်နိုင်သော်လည်း

အကျင့်မှန်ကန်၍ စိတ်တည်ငြိမ်သူဖြစ်ကာ လောကီအတတ်ပညာအား တတ်မြောက်ထားသူဖြစ်ပါက ပို၍သင့်လျော်ပေသည်…။မဟာလာဘံကန်တော့ပွဲထိုးခြင်း အကျိုးတရားက ဤကန်တော့ပွဲသည် စီးပွားလာဘ်လာဘနှင့်ဓနဥစ္စာ ကြွယ်ဝစေရန်အတွက် ရည်ရွယ်၍ ပြုလုပ်သော ကန် တော့ ပွဲဖြစ်ခြင်းကြောင့်(၁)စီးပွားဥစ္စာ ကြွယ်ဝခြင်း (၂)မျက်နှာပွင့်လန်းခြင်း (၃)ငွေကြေးလုံးဝပြတ်လပ်သွားမှုမရှိခြင်းစသည့် အကျိုးတရားများ ရရှိခံစားရမည် ဖြစ်ပါသည်…။မဟာလာဘံ လာဘ်ဖွင့်ကန်တော့ပွဲတွင် ထီး|တံခွန်|ယပ် တို့က ဝဲဘက်မှာထားပြီး ကုက္ကား ၊မုလေးပွားတို့ကို ယာဘက်တွင်ထားပြီး အုန်းညှာတံကို မိမိ၏ ဝဲဘက်၌ထားရှိရမည်။မဟာလာဘံ လာဘ်ဖွင့်ကန်တော့ပွဲထိုးလျှင် (၁)ပွဲသာထိုးရပြီး ပွဲသက်တမ်းသည်(၅)ရက်ထားရပါသည်…။

Credit – ဆရာကျော်ဇောဟိန်း

[zawgyi]

မဟာလာဘံ လာဘ္ဖြင့္ ကန္ေတာ့ပြဲထိုးရာ၌ ေအာက္ေဖာ္ျပပါ ကန္ေတာ့ပြဲသုံး ပစၥည္းမ်ားအား အသုံးျပဳရမည္…။(၁) အုန္းသီးတစ္လုံး။ (၂) ငွက္ေပ်ာသီး(၃)ဖီး။(၃) ကြမ္း ၊ ကြမ္းသီး ၊ ထုံး ၊ ေဆး။(၄) သေျပပန္း။(၅) ထီး ၊ တံခြန္ ၊ ကုကၠား ၊ မုေလးပြား ၊ ယပ္ ၊ ၾကက္လွ်ာအစုံ။(၆) ဆီမီး(၁)တိုင္။(၇) ေရတစ္ခြက္။(၈) ခံေတာင္း(သို႔)ဇလုံတစ္ခု။(၉) အျခားလႉဒါန္းဖြယ္ရာ ပစၥည္းမ်ား စသည္တို႔ျဖစ္သည္။မိမိေနအိမ္ရွိ ဘုရားခန္း၌ ျပဳလုပ္ႏိုင္သည္။မဟာလာဘံ ကန္ေတာ့ပြဲထိုးသည့္ အခ်ိန္ကာလမွာ နံနက္ပိုင္းျဖစ္ရမည္ မဟာလာဘံ ကန္ေတာ့ပြဲထိုးသင့္သည့္အေျခအေနမွာ ေလာကီစီးပြားႏွင့္ ဓနစၥာ ႂကြယ္ဝေစရန္အတြက္ ရည္႐ြယ္၍ ျပဳလုပ္သင့္သည္။မဟာလာဘံ ကန္ေတာ့ပြဲထိုးသည့္ ပုဂၢိဳလ္အမ်ိဳးအစားႏွင့္ အရည္အေသြးမွာ ေယာက်ာ္း|မိန္းမ မေ႐ြးျပဳလုပ္ႏိုင္ေသာ္လည္းအက်င့္မွန္ကန္၍ စိတ္တည္ၿငိမ္သူျဖစ္ကာ ေလာကီအတတ္ပညာအား တတ္ေျမာက္ထားသူျဖစ္ပါက ပို၍သင့္ေလ်ာ္ေပသည္…။မဟာလာဘံကန္ေတာ့ပြဲထိုးျခင္း အက်ိဳးတရားက ဤကန္ေတာ့ပြဲသည္ စီးပြားလာဘ္လာဘႏွင့္ဓနဥစၥာ ႂကြယ္ဝေစရန္အတြက္ ရည္႐ြယ္၍ ျပဳလုပ္ေသာ ကန္ေတာ့ပြဲျဖစ္ျခင္းေၾကာင့္(၁)စီးပြားဥစၥာ ႂကြယ္ဝျခင္း (၂)မ်က္ႏွာပြင့္လန္းျခင္း (၃)ေငြေၾကးလုံးဝျပတ္လပ္သြားမႈမရွိျခင္းစသည့္ အက်ိဳးတရားမ်ား ရရွိခံစားရမည္ ျဖစ္ပါသည္…။မဟာလာဘံ လာဘ္ဖြင့္ကန္ေတာ့ပြဲတြင္ ထီး|တံခြန္|ယပ္ တို႔က ဝဲဘက္မွာထားၿပီး ကုကၠား ၊မုေလးပြားတို႔ကို ယာဘက္တြင္ထားၿပီး အုန္းညႇာတံကို မိမိ၏ ဝဲဘက္၌ထားရွိရမည္။မဟာလာဘံ လာဘ္ဖြင့္ကန္ေတာ့ပြဲထိုးလွ်င္ (၁)ပြဲသာထိုးရၿပီး ပြဲသက္တမ္းသည္(၅)ရက္ထားရပါသည္…။