စွန့်လွှတ်စွန့်စားဖို့ ဝန်မလေးပါနဲ့ ..

တခါတုန်းက အိမ်ခြေရာမဲ့ ကောင်လေးတစ်ယောက်ရှိတယ်..သူထမင်းတစ်နပ်စားရဖို့ တစ်လမ်းဝင် တစ်လမ်းထွက် တောင်းစားရတဲ့ အ လုပ် ကိုလုပ်တယ်.. တစ်ခါတစ်လေ တောင်းလို့မရတဲ့နေ့မှာ စားဖို့.. တစ်ချို့ အစားသောက်တွေကို စုဆောင်းထားတယ်.. နောက်တော့ သူသတိပြုမိလာတယ်.. သူစုဆောင်းထားတဲ့ အစားသောက်တွေ ပျောက်ပျောက်နေတယ်ဆိုတာကိုပေ့ါ…တစ်နေ့မှာတော့ သူ့အစားစာတွေကို လာလာခိုးတဲ့ တရားခံကို သူဖမ်းမိလိုက်တယ်…အဲဒါကတော့ ကြွက်လေး တစ်ကောင်ပါ..ကောင်လေးက ကြွက်ကို မေးတယ်…မင်းဘာဖြစ်လို့ ငါဆီကနေ ခိုးရတာလဲ ငါက အိမ်ခြေယာမဲ့ တစ်ယောက်ပဲ.. မင်းခိုးစားချင်ရင် ငါ့ထက်ချမ်းသာတဲ့ လူတွေဆီကနေ ခိုးစားပါလား… မင်းခိုးတာလောက်က သူတို့တွေအတွက် ဘာမှထိခိုက် မသွားဘူး… ဒါပေမယ့် ငါ့အတွက် အရမ်းခက်ခဲတယ်…ကြွက်က သူ့ကို ပြန်ပြောတယ်.. အဲဒါ မင့်ရဲ့ ကံကြမ္မာပဲ…မင်းဘယ်လောက်တောင်းခဲ့လဲ… မင်းဘယ် လောက်စုဆောင်းခဲ့လဲ… မင်းဘယ်လောက်တောင်းခဲ့တောင်းခဲ့ မင်းဘယ် လောက်စုစုခဲ့… အခုအချိန်မှာ မင့်လက်ထဲမှာ ကျန်နေတာက မင့်ရဲ့ကံကြမ္မာက ပေးသလောက်ပါပဲ…လူငယ်လေးက အံ့အားသွားတယ် ဘာလဲ ငါကံကြမ္မာာဆိုတာမသိဘူး…ကြွက်က ပြန်ပြောတယ်…ငါလဲမသိဘူး… သိချင်ရင် ပညာရှိတစ်ယောက်ရှိတယ် မင်းသူ့ဆီသွားမေးပေ့ါတဲ့..အိမ်ခြေရာမဲ့ ကောင်လေးတစ်ယောက်ဟာ… သူ့ကံကြမ္မာကို မေးမြန်ဖို့အတွက်… ကြွက်ပြောတဲ့ ပညာရှိကို တွေ့ဖို့ ခရီးရှည်ကြီးကို စထွက်ခဲ့တယ်…ခရီးသွားနေတုန်း မှောင်သွားတဲ့အခါ… လမ်းခရီးမှာရှိတဲ့ ချမ်းသာတဲ့ မိသားစု အိမ်တစ်အိမ်ကို သွားပြီး ခွင့်တောင်းတယ်… တစ်ညလောက်တည်းခိုခွင့်ပြုပါပေါ့… အိမ်ရှင်တွေကသူ့ကို မေးတယ် မင်းက ဘယ်ကိုသွားမှာလဲ ဘယ်ကလာတာလဲဆိုတော့…လူငယ်လေးက ပြန်ရှင်းပြတယ်..သူက အိမ်ခြေယာမဲ့ တစ်ယောက်ပါ ပညာရှိကြီးဆီသွားပြီး မေးခွန်းတစ်ခု မေးစရာရှိလို့ပါတဲ့…အဲဒီတော့ အိမ်ရှင်က သူ့ကို တည်းခိုခွင့်ပြုလိုက်တယ်… ပြီးတော့ သူ့ကိုပြောတယ်…တကယ်လို့များ အဲဒီပညာရှိကို မင်းရှာဖွေတွေ့ရှိခဲ့ရင် ငါတို့အ တွက်ရော မေးခွန်းလေး တစ်ခု မေးပေးလို့ရမလားရတာပေါ့မေးမယ်ဆိုတော့..အိမ်ရှင်က ပြောတယ်…ငါတို့မှာ ၁၆ နှစ်အရွယ်သမီးလေး တစ်ယောက်ရှိတယ်… အခုထိ စကားမပြောတာ ဘာဖြစ်လို့လဲ။ ပညာရှိကြီးကိုတွေ့ရင် အဲဒီမေးခွန်းလေး မေးပေးပါ…နောက်နေ့မှာ ကောင်လေး ချမ်းသာတဲ့ မိသားစုအိမ်ကနေ ထွက်လာပြီး သူ့ခရီးရှည်ကြီးကို ဆက်ထွက်လာခဲ့တယ်…သူသွားတဲ့ ခရီးအရှေ့မှာ တောင်တွေပိတ်ပြီးကာနေတယ်… သူတောင်တစ်လုံးပေါ်တက်ပြီးချိန်မှာ… တောင်ထိပ်မှာ မှော်ဆရာတစ်ယောက်နဲ့တွေ့တယ်… မှော်ဆရာက သူ့တောင်ဝှေးကိုသုံးပြီး တောင်တွေကို ကျော်ဖြတ်ဖို့ ကူညီပေးတယ်…လမ်းမှာသူ့ကို မေးတယ်… မင်းဘယ်သွားမှာလဲပေ့ါ..သူက ပြန်ဖြေတယ်.. ပညာရှိတစ်ယောက်ဆီကိုသွားမှာ သူ့ကို ငါမေးခွန်းတစ်ခုမေးစရာရှိတယ်…အဲဒိတော့ မှော်ဆရာက ပြန်ဖြေတယ်.. ဟုတ်လား ငါမှာလဲ မေးခွန်းတစ်ခုရှိတယ်.. မင်းသူ့ကိုရှာတွေ့ခဲ့ရင် ငါ့အတွက် မေးခွန်းတစ်ခု မေးပေးလို့ရမလား…ငါနတ်ပြည်ကိုသွားဖို့ ဒီတောင်ပေါ်မှာ စောင့်နေတာ နှစ်တစ်ထောင်ရှိပြီ ငါဘာလို့ အခုထိ နတ်ပြည်ကို မရောက်နိုင်သေးတာလဲ… ပုံမှန်ကျင့်စဉ်အရဆိုရင် နှစ်တစ်ထောင်ဆိုတာ နတ်ပြည်သွားဖို့ လုံ လောက်နေပြီ ဒါပေမယ့် ငါအခုထိ မရောက်နိုင်သေးဘူး…ဘာဖြစ်လို့ မရောက်နိုင်တာလဲဆိုတာ ငါ့ကိုယ်စား မေးပေးပါလား…ကောင်လေးက မေးပေးမယ်လို့ သဘောတူလိုက်တယ်…တောင်တွေကျော်သွားတော့ မှော်ဆရာက ပြောတယ်… သူ့နယ်မြေကုန်သွားပြီ မင်းဘာသာမင်း ဆက်လျှောက်သွားတော့…ကောင်လေးက သူ့ခရီးကို ဆက်လျှောက်ခဲ့တယ်… လျှောက်ရင်းနဲ့ တစ်နေရာ အရောက်မှာတော့ မြစ်ကြီးတစ်ခုက အရှေ့မှာ ခံနေတယ်…. အဲဒီမြစ်ကြီးကို သူဖြတ်မကူးနိုင်ဘူး…ကံကောင်းစွာနဲ့ပဲ လိပ်ကြီးတစ်ကောင်နဲ့သူတွေ့တယ်… လိပ်ကြီးက သူ့ကို ဘယ်သွားမှာလဲမေးတယ်… သူက ထုံစံအတိုင်း ပြန်ဖြေတယ်… ပညာရှိတစ်ယောက်ဆီမှာ မေးခွန်းတစ်ခု သွားမေးမလို့…လိပ်က သူ့ကိုပြောတယ်… မြစ်ကိုဖြတ်ကူးဖို့ သူ့ကျောကိုစီးပါ..သူပို့ပေးမယ်… ဒါပေမယ့် တကယ်လို့ပညာရှိကို ရှာတွေ့ခဲ့ရင် မေးခွန်းတစ်ခု မေးပေးရမယ်…သူက နဂါးတစ်ကောင်ဖြစ်လာဖို့ ကြိုးစားနေတာ အနှစ် ငါးရာရှိပြီ… ဘာဖြစ်လို့ အခုထိ နဂါးမဖြစ်ရသေးတာလဲ… သူ့လေ့လာ သင်ကြားထားသလောက် သူ့ကျင့်စဉ်အရဆိုရင် နှစ်ငါးရာ ကျင့်ပြီးရင် သူဟာ နဂါးတစ်ကောင် ဖြစ်ပြီ…ကောင်လေးက မေးပေးဖို့ သဘောတူလိုက်တယ်..။

နောက်ဆုံးမှာသူ ပညာရှိကြီးကို ရှာဖွေတွေ့ရှိသွားတယ်… ပညာရှိဆီမှာ စုရုံးရောက်ရှိနေကြတာ သူတစ်ယောက်တည်းမဟုတ်ဘူး… သူ့လိုမျိုးပဲ ပြသနာမျိုးစုံနဲ့ ပညာရှိဆီမှာ မေးခွန်းမျိုးစုံမေးကြမဲ့လူတွေ ရောက်နေကြတာ…အဲဒီမှာ ပညာရှိက ပြောတယ်…အားလုံးမှာ မေးခွန်းသုံးခုပဲ မေးဖို့ အခွင့်ရေးရမယ်… မေးခွန်းသုံးခုပဲမေးပါ…အဲဒီမှာ လူငယ်လေးက စိတ်ညစ်သွားတယ်… ဘာဖြစ်လို့လဲဆိုတော့ ပညာရှိက မေးခွန်းသုံးခွန်းပဲ မေးရမယ်လို့ အခွင့်ရေးပေးတဲ့ အချိန်မှာ သူ့ဆီမှာ မေးစရာ မေးခွန်းက လေးခုဖြစ်နေလို့ပါ…အဲဒီတော့ သူသေသေချာချာ ပြန်စဉ်းစားကြည့်တယ်…နှစ်ပေါင်းငါးရာလောက် ကျင့်ပြီး နဂါးဖြစ်ချင်နေတဲ့ လိပ်ကြီးရဲ့ ပြသနာမှော်ဆရာဆိုရင် နတ်ပြည်သွားဖို့ ကျင့်နေတာ နှစ်တစ်ထောင်ကြာသွားပြီ..မိန်းမငယ်လေး ဆိုလဲ စကားမပြောနေခဲ့တာ သူ့ဘဝတစ်လျှောက်လုံးပါပဲ…အဲဒါပြီးတော့ သူ့ကိုသူ ပြန်ကြည့်တယ်… ငါကရော..ငါက အိမ်ခြေရမဲ့ သူတောင်းစား တစ်ယောက်ပဲ… ငါနေတဲ့ နေရာလေး ပြန်သွားပြီး ငါ့ဘာသာငါ တောင်းစားနေလို့ရပါတယ်…သူတစ်ခြားလူတွေကိုရဲ့ ပြသနာကိုတွေကိုကြည့်လိုက်တယ်… တစ်ခြားလူတွေရဲ့ ပြသနာနဲ့ ယှဉ်လိုက်ရင် သူ့ပြသနာ သေးသေးလေးပဲဆိုတာ သူသိသွားတယ်…အဲဒီတော့ သူ့မေးခွန်းကို ချန်ထားပြီး ကျန်တဲ့သုံးဦးရဲ့ မေးခွန်းတွေကို သူမေးလိုက်တယ်…ပညာရှိက ပြန်ဖြေတယ်…လိပ်က ဘာဖြစ်လို့ နဂါးဖြစ်မဲ့ ကျင့်စဉ်တွေကျင့်ပေမယ့် ဘာကြောင့် နဂါးဖြစ်သေးတာလဲဆိုတော့… လိပ်က သူ့ကျောက အခွံမာကြီးကို စွန့်ပစ်ဖို့ ဝန်လေးနေလို့ပါ…သူဟာ အဲဒီအခွံမာကြီးရဲ့ အကာကွယ်အောက်မှာ သက်သောင့်သက်သာ ရှိနေတာကို သူကျေနပ်နေလို့ပါ..မှော်ဆရာ..မှော်ဆရာဟာ စွမ်းအားရှိတဲ့ မှော်တောင်ဝှေးကို သူ့လက်က မချနိုင်ပဲခင်တွယ်နေလို့ပါ… အဲဒါက ဘာနဲ့တူနေလဲဆိုတော့… အဲဒီ မှော်တောင်ဝှေးသွားနိုင်တဲ့နေရာလေးတစ်ဝိုက်မှာပဲ သူ့ကိုယ်သူ ကျောက်ချရပ်နားနေသလို ဖြစ်နေလို့ပါ…မိန်းကလေး..သူ့ရဲ့ ဖူးစာရှင်ကို သူမတွေ့သေးလို့ စကားမပြောတာပါ.. သူကိုတွေ့ရင် စကား ပြောပါလိမ့်မယ်…အဲဒီမေးခွန်းသုံးခုကို မေးပြီးတော့.. သူပြန်လာခဲ့တယ်.. လိပ်ကိုတွေတဲ့ အချိန်မှာ… သူပြန်ပြောတယ်… ပညာရှိကတော့ အခုလိုပဲပြောတယ်… မင့်ရဲ့ အခွံမာကြီးကို ချွတ်လိုက်ရင် မင်းနဂါးဖြစ်လိမ့်မယ်…အဲဒီမှာလိပ်ကနေ အခွံမာကြီးကို ချွတ်လိုက်တယ်… အဲဒီအချိန်မှာ လိပ်ခွံအောက်မှာ သူသိမ်းထားတဲ့ ပင်လယ်ရဲ့ အနက်ဆုံးနေရာက အဖိုးတန်ဆုံး ပုလဲတွေ ထွက်လာတယ်…လိပ်က ပြောတယ်… ငါနဂါးဖြစ်သွားပြီပဲ ဒါတွေမလိုတော့ဘူး မင်းယူထားလိုက်ပါဆိုပြီး သူ့ကို ပေးပြီး မိုးပေါ် ပျံတက်သွားတယ်…တောင်ထိပ်ပေါ်ကို ရောက်တော့ မှော်ဆရာကိုတွေ့တဲ့အခါ…မင်းရဲ့ အစွမ်းထက်လှတဲ့ တောင်ဝှေးကို မစွန့်လွတ်နိုင်လို့ မင်းနတ်ပြည်ကိုမသွားနိုင်တာ အဲဒါကြီးက မင့်ကို ကျောက်ချထားသလိုပဲ…အဲဒီတော့ မှော်ဆရာဟာ တောင်ဝှေးကို ခဏ ချကြည့်လိုက်တယ်… သူနတ်ပြည်သွားလို့ရသွားပြီဆိုတာ သိလိုက်ရတယ်… အစွမ်းထက်လှတဲ့ တောင်ဝှေးကို လူငယ်လေးကို ပေးထားခဲ့တယ်..လူငယ်လေးဟာ အစွမ်းထက်လှတဲ့ တောင်ဝှေးရယ် လိပ်ပေးလိုက်တဲ့ အဖိုးတန် ပုလဲတွေရယ်ယူပြီး… ချမ်းသာတဲ့ မိသားစုအိမ်ကို ပြန်သွားခဲ့တယ်…ချမ်းသာတဲ့ မိသားစုအိမ်ရောက်တဲ့အခါ..မိဘတွေကို ပြန်ပြောပြတယ်… ပညာရှိက ပြောတယ်… မိန်းကလေးဟာ သူ့ဖူးစာရှင်နဲ့ တွေ့ရင်သူ စကားပြောလိမ့်မယ်…အဲဒီအချိန်မှာပဲ မိန်းကလေးက အပေါ်ထပ်ကနေ ဆင်းလာတယ်…လူငယ်လေးတွေကို တွေ့တော့… သူစမေးတယ်…အရင်တစ်ပတ်က အိမ်ကို လာသွားတယ်ဆိုတာ သူလားတဲ့…မိန်းကလေးက စကားပြောတဲ့အခါ လူငယ်လေးနဲ့ မိန်းကလေးဟာ ဖူးစာဖက်တွေ ဖြစ်တယ်ဆိုတာ သူတို့သိသွားကြသတဲ့..။ ကျွန်တော်တို့တတွေလည်း တစ်ခါတစ်လေမှာ တစ်စုံတစ်ယောက်ဆီက တစ် စုံတစ်ခု ရဖို့ တစ်စုံတစ်ခု ပေးပြီးယူရတယ်…တစ်ခါတစ်လေမှာ ကျွန်တော်တို့ဟာ နဂါးကြီးဖြစ်ချင်ကြတယ်.. တစ်တစ်လေမှာ တောဘုရင်ခြင်္သေ့ကြီးဖြစ်ချင်ကြတယ်… ဒါပေမယ့် စွန့်စားဖို့ ကြောက်ရွံ့နေကြတယ်..တစ်ခါတစ်ရံမှာ ပိုကောင်းတဲ့နေရာကိုသွားဖို့ ဆိုရင် မလှုပ်မရှုတ်မပြုတ်နဲ့ နေလို့ရတဲ့ သက်သောင့်သက်သာ အခြေနေတွေကို စွန့်ခွါပြီး စွန့်စားရဲဖို့လိုမယ်…တကယ်စစ်မှန်တဲ့ ချစ်ခြင်းမတ္တောကိုလိုချင်ရင်… ကိုယ်ကနေ သူများဆီက မရယူခင်မှာ ကိုယ်ကနေ သူ့ကို ဖြည့်ဆည်းပေးနိုင်တဲ့လူ ဖြစ်အောင် အရင်ကြိုးစားရမယ်…မင်းတစ်ယောက်တည်းနေပြီး မင်းရဲ့ ကျဆုံးမှုတွေ ဆုံးရှုံးမှုတွေ မင့်ပြသနာတွေ အကြောင်းကို စဉ်းစားပြီး စိတ်ညစ်နေမယ်ဆိုရင်… မင်းကြုံတွေ့နေရတဲ့ ဒုက္ခကို တစ် ဖြည်းဖြည်းနဲ့ အကြီးကြီးလို့ မြင်လာလိမ့်မယ်..တစ်ယောက်ထဲ မနေပါနဲ့ ပတ်ဝန်းကျင်ကို လေ့လာပါ… တစ်ခြားလူတွေရဲ့ ဘဝကို ဆန်း စစ်ကြည့်ပါ… ငါတို့လောက်တောင် ဘဝမှာ အခွင့်ရေးတွေ မရခဲ့တဲ့လူတွေရဲ့ ဘဝကို ကြည့်ပါ… အဲလို ပတ်ဝန်းကျင်က လူတွေရဲ့ အခက်ကို ကြည့်တတ် မြင်တတ်လာတဲ့အခါ…တစ်ခါတစ်လေမှာ မင့်ဒုက္ခဟာ တစ်ဖြည်းဖြည်းသေးသွားပါလိမ့်မယ်…မင့်ပတ်ဝန်းကျင်က မင့်ထက်ဆိုးရွာတဲ့လူတွေကို လက်တစ်စုံကမ်းပေးကြည့်ပါ… သူတို့ကို မင်းတတ်နိုင်တာလေးတွေ ကူညီပေးပါ… စိတ်ညစ်စရာကောင်းနေတဲ့ မင့်ဘဝ လမ်း ကြောင်နဲ့ ကံကြမ္မာဟာ ပြောင်းလှဲသွားပါလိမ့်မယ်..မင်းကသာ လူတွေအပေါ်ကို စိတ်ထားကောင်းကောင်းလေး ထားတတ်လာတဲ့ တစ် နေ့ စင်္ကြာဝဠာကြီးက မင်းအပေါ်မှာ မင်းထင်ထားတာထက် ပိုပြီး ပြောင်းလဲပေးလာပါလိမ့်မယ်..မင်းစိတ်ရင်းစေတနာနဲ့ ကူညီပေးခဲ့တာ ဆက်ဆံပြုမှုခဲ့တာတွေ အားလုံးက မင့်ဆီကို ပြန်ရောက်လာကြမှာပါ…

Credit -Kaung Myat

[zawgyi]

တခါတုန္းက အိမ္ေျခရာမဲ့ ေကာင္ေလးတစ္ေယာက္ရွိတယ္..သူထမင္းတစ္နပ္စားရဖို႔ တစ္လမ္းဝင္ တစ္လမ္းထြက္ ေတာင္းစားရတဲ့ အ လုပ္ ကိုလုပ္တယ္.. တစ္ခါတစ္ေလ ေတာင္းလို႔မရတဲ့ေန႔မွာ စားဖို႔.. တစ္ခ်ိဳ႕ အစားေသာက္ေတြကို စုေဆာင္းထားတယ္.. ေနာက္ေတာ့ သူသတိျပဳမိလာတယ္.. သူစုေဆာင္းထားတဲ့ အစားေသာက္ေတြ ေပ်ာက္ေပ်ာက္ေနတယ္ဆိုတာကိုေပ့ါ…တစ္ေန႔မွာေတာ့ သူ႔အစားစာေတြကို လာလာခိုးတဲ့ တရားခံကို သူဖမ္းမိလိုက္တယ္…အဲဒါကေတာ့ ႂကြက္ေလး တစ္ေကာင္ပါ..ေကာင္ေလးက ႂကြက္ကို ေမးတယ္…မင္းဘာျဖစ္လို႔ ငါဆီကေန ခိုးရတာလဲ ငါက အိမ္ေျခယာမဲ့ တစ္ေယာက္ပဲ.. မင္းခိုးစားခ်င္ရင္ ငါ့ထက္ခ်မ္းသာတဲ့ လူေတြဆီကေန ခိုးစားပါလား… မင္းခိုးတာေလာက္က သူတို႔ေတြအတြက္ ဘာမွထိခိုက္ မသြားဘူး… ဒါေပမယ့္ ငါ့အတြက္ အရမ္းခက္ခဲတယ္…ႂကြက္က သူ႔ကို ျပန္ေျပာတယ္.. အဲဒါ မင့္ရဲ႕ ကံၾကမၼာပဲ…မင္းဘယ္ေလာက္ေတာင္းခဲ့လဲ… မင္းဘယ္ ေလာက္စုေဆာင္းခဲ့လဲ… မင္းဘယ္ေလာက္ေတာင္းခဲ့ေတာင္းခဲ့ မင္းဘယ္ ေလာက္စုစုခဲ့… အခုအခ်ိန္မွာ မင့္လက္ထဲမွာ က်န္ေနတာက မင့္ရဲ႕ကံၾကမၼာက ေပးသေလာက္ပါပဲ…လူငယ္ေလးက အံ့အားသြားတယ္ ဘာလဲ ငါကံၾကမၼာာဆိုတာမသိဘူး…ႂကြက္က ျပန္ေျပာတယ္…ငါလဲမသိဘူး… သိခ်င္ရင္ ပညာရွိတစ္ေယာက္ရွိတယ္ မင္းသူ႔ဆီသြားေမးေပ့ါတဲ့..အိမ္ေျခရာမဲ့ ေကာင္ေလးတစ္ေယာက္ဟာ… သူ႔ကံၾကမၼာကို ေမးျမန္ဖို႔အတြက္… ႂကြက္ေျပာတဲ့ ပညာရွိကို ေတြ႕ဖို႔ ခရီးရွည္ႀကီးကို စထြက္ခဲ့တယ္…ခရီးသြားေနတုန္း ေမွာင္သြားတဲ့အခါ… လမ္းခရီးမွာရွိတဲ့ ခ်မ္းသာတဲ့ မိသားစု အိမ္တစ္အိမ္ကို သြားၿပီး ခြင့္ေတာင္းတယ္… တစ္ညေလာက္တည္းခိုခြင့္ျပဳပါေပါ့… အိမ္ရွင္ေတြကသူ႔ကို ေမးတယ္ မင္းက ဘယ္ကိုသြားမွာလဲ ဘယ္ကလာတာလဲဆိုေတာ့…လူငယ္ေလးက ျပန္ရွင္းျပတယ္..သူက အိမ္ေျခယာမဲ့ တစ္ေယာက္ပါ ပညာရွိႀကီးဆီသြားၿပီး ေမးခြန္းတစ္ခု ေမးစရာရွိလို႔ပါတဲ့…အဲဒီေတာ့ အိမ္ရွင္က သူ႔ကို တည္းခိုခြင့္ျပဳလိုက္တယ္… ၿပီးေတာ့ သူ႔ကိုေျပာတယ္…တကယ္လို႔မ်ား အဲဒီပညာရွိကို မင္းရွာေဖြေတြ႕ရွိခဲ့ရင္ ငါတို႔အ တြက္ေရာ ေမးခြန္းေလး တစ္ခု ေမးေပးလို႔ရမလားရတာေပါ့ေမးမယ္ဆိုေတာ့..အိမ္ရွင္က ေျပာတယ္…ငါတို႔မွာ ၁၆ ႏွစ္အ႐ြယ္သမီးေလး တစ္ေယာက္ရွိတယ္… အခုထိ စကားမေျပာတာ ဘာျဖစ္လို႔လဲ။ ပညာရွိႀကီးကိုေတြ႕ရင္ အဲဒီေမးခြန္းေလး ေမးေပးပါ…ေနာက္ေန႔မွာ ေကာင္ေလး ခ်မ္းသာတဲ့ မိသားစုအိမ္ကေန ထြက္လာၿပီး သူ႔ခရီးရွည္ႀကီးကို ဆက္ထြက္လာခဲ့တယ္…သူသြားတဲ့ ခရီးအေရွ႕မွာ ေတာင္ေတြပိတ္ၿပီးကာေနတယ္… သူေတာင္တစ္လုံးေပၚတက္ၿပီးခ်ိန္မွာ… ေတာင္ထိပ္မွာ ေမွာ္ဆရာတစ္ေယာက္နဲ႔ေတြ႕တယ္… ေမွာ္ဆရာက သူ႔ေတာင္ေဝွးကိုသုံးၿပီး ေတာင္ေတြကို ေက်ာ္ျဖတ္ဖို႔ ကူညီေပးတယ္…လမ္းမွာသူ႔ကို ေမးတယ္… မင္းဘယ္သြားမွာလဲေပ့ါ..သူက ျပန္ေျဖတယ္.. ပညာရွိတစ္ေယာက္ဆီကိုသြားမွာ သူ႔ကို ငါေမးခြန္းတစ္ခုေမးစရာရွိတယ္…အဲဒိေတာ့ ေမွာ္ဆရာက ျပန္ေျဖတယ္.. ဟုတ္လား ငါမွာလဲ ေမးခြန္းတစ္ခုရွိတယ္.. မင္းသူ႔ကိုရွာေတြ႕ခဲ့ရင္ ငါ့အတြက္ ေမးခြန္းတစ္ခု ေမးေပးလို႔ရမလား…ငါနတ္ျပည္ကိုသြားဖို႔ ဒီေတာင္ေပၚမွာ ေစာင့္ေနတာ ႏွစ္တစ္ေထာင္ရွိၿပီ ငါဘာလို႔ အခုထိ နတ္ျပည္ကို မေရာက္ႏိုင္ေသးတာလဲ… ပုံမွန္က်င့္စဥ္အရဆိုရင္ ႏွစ္တစ္ေထာင္ဆိုတာ နတ္ျပည္သြားဖို႔ လုံ ေလာက္ေနၿပီ ဒါေပမယ့္ ငါအခုထိ မေရာက္ႏိုင္ေသးဘူး…ဘာျဖစ္လို႔ မေရာက္ႏိုင္တာလဲဆိုတာ ငါ့ကိုယ္စား ေမးေပးပါလား…ေကာင္ေလးက ေမးေပးမယ္လို႔ သေဘာတူလိုက္တယ္…ေတာင္ေတြေက်ာ္သြားေတာ့ ေမွာ္ဆရာက ေျပာတယ္… သူ႔နယ္ေျမကုန္သြားၿပီ မင္းဘာသာမင္း ဆက္ေလွ်ာက္သြားေတာ့…ေကာင္ေလးက သူ႔ခရီးကို ဆက္ေလွ်ာက္ခဲ့တယ္… ေလွ်ာက္ရင္းနဲ႔ တစ္ေနရာ အေရာက္မွာေတာ့ ျမစ္ႀကီးတစ္ခုက အေရွ႕မွာ ခံေနတယ္…. အဲဒီျမစ္ႀကီးကို သူျဖတ္မကူးႏိုင္ဘူး…ကံေကာင္းစြာနဲ႔ပဲ လိပ္ႀကီးတစ္ေကာင္နဲ႔သူေတြ႕တယ္… လိပ္ႀကီးက သူ႔ကို ဘယ္သြားမွာလဲေမးတယ္… သူက ထုံစံအတိုင္း ျပန္ေျဖတယ္… ပညာရွိတစ္ေယာက္ဆီမွာ ေမးခြန္းတစ္ခု သြားေမးမလို႔…လိပ္က သူ႔ကိုေျပာတယ္… ျမစ္ကိုျဖတ္ကူးဖို႔ သူ႔ေက်ာကိုစီးပါ..သူပို႔ေပးမယ္… ဒါေပမယ့္ တကယ္လို႔ပညာရွိကို ရွာေတြ႕ခဲ့ရင္ ေမးခြန္းတစ္ခု ေမးေပးရမယ္…သူက နဂါးတစ္ေကာင္ျဖစ္လာဖို႔ ႀကိဳးစားေနတာ အႏွစ္ ငါးရာရွိၿပီ… ဘာျဖစ္လို႔ အခုထိ နဂါးမျဖစ္ရေသးတာလဲ… သူ႔ေလ့လာ သင္ၾကားထားသေလာက္ သူ႔က်င့္စဥ္အရဆိုရင္ ႏွစ္ငါးရာ က်င့္ၿပီးရင္ သူဟာ နဂါးတစ္ေကာင္ ျဖစ္ၿပီ…ေကာင္ေလးက ေမးေပးဖို႔ သေဘာတူလိုက္တယ္..။ေနာက္ဆုံးမွာသူ ပညာရွိႀကီးကို ရွာေဖြေတြ႕ရွိသြားတယ္… ပညာရွိဆီမွာ စု႐ုံးေရာက္ရွိေနၾကတာ သူတစ္ေယာက္တည္းမဟုတ္ဘူး… သူ႔လိုမ်ိဳးပဲ ျပသနာမ်ိဳးစုံနဲ႔ ပညာရွိဆီမွာ ေမးခြန္းမ်ိဳးစုံေမးၾကမဲ့လူေတြ ေရာက္ေနၾကတာ…အဲဒီမွာ ပညာရွိက ေျပာတယ္…အားလုံးမွာ ေမးခြန္းသုံးခုပဲ ေမးဖို႔ အခြင့္ေရးရမယ္… ေမးခြန္းသုံးခုပဲေမးပါ…အဲဒီမွာ လူငယ္ေလးက စိတ္ညစ္သြားတယ္… ဘာျဖစ္လို႔လဲဆိုေတာ့ ပညာရွိက ေမးခြန္းသုံးခြန္းပဲ ေမးရမယ္လို႔ အခြင့္ေရးေပးတဲ့ အခ်ိန္မွာ သူ႔ဆီမွာ ေမးစရာ ေမးခြန္းက ေလးခုျဖစ္ေနလို႔ပါ…အဲဒီေတာ့ သူေသေသခ်ာခ်ာ ျပန္စဥ္းစားၾကည့္တယ္…ႏွစ္ေပါင္းငါးရာေလာက္ က်င့္ၿပီး နဂါးျဖစ္ခ်င္ေနတဲ့ လိပ္ႀကီးရဲ႕ ျပသနာေမွာ္ဆရာဆိုရင္ နတ္ျပည္သြားဖို႔ က်င့္ေနတာ ႏွစ္တစ္ေထာင္ၾကာသြားၿပီ..မိန္းမငယ္ေလး ဆိုလဲ စကားမေျပာေနခဲ့တာ သူ႔ဘဝတစ္ေလွ်ာက္လုံးပါပဲ…အဲဒါၿပီးေတာ့ သူ႔ကိုသူ ျပန္ၾကည့္တယ္… ငါကေရာ..ငါက အိမ္ေျခရမဲ့ သူေတာင္းစား တစ္ေယာက္ပဲ… ငါေနတဲ့ ေနရာေလး ျပန္သြားၿပီး ငါ့ဘာသာငါ ေတာင္းစားေနလို႔ရပါတယ္…သူတစ္ျခားလူေတြကိုရဲ႕ ျပသနာကိုေတြကိုၾကည့္လိုက္တယ္… တစ္ျခားလူေတြရဲ႕ ျပသနာနဲ႔ ယွဥ္လိုက္ရင္ သူ႔ျပသနာ ေသးေသးေလးပဲဆိုတာ သူသိသြားတယ္…အဲဒီေတာ့ သူ႔ေမးခြန္းကို ခ်န္ထားၿပီး က်န္တဲ့သုံးဦးရဲ႕ ေမးခြန္းေတြကို သူေမးလိုက္တယ္…ပညာရွိက ျပန္ေျဖတယ္…လိပ္က ဘာျဖစ္လို႔ နဂါးျဖစ္မဲ့ က်င့္စဥ္ေတြက်င့္ေပမယ့္ ဘာေၾကာင့္ နဂါးျဖစ္ေသးတာလဲဆိုေတာ့… လိပ္က သူ႔ေက်ာက အခြံမာႀကီးကို စြန႔္ပစ္ဖို႔ ဝန္ေလးေနလို႔ပါ…သူဟာ အဲဒီအခြံမာႀကီးရဲ႕ အကာကြယ္ေအာက္မွာ သက္ေသာင့္သက္သာ ရွိေနတာကို သူေက်နပ္ေနလို႔ပါ..ေမွာ္ဆရာ..ေမွာ္ဆရာဟာ စြမ္းအားရွိတဲ့ ေမွာ္ေတာင္ေဝွးကို သူ႔လက္က မခ်ႏိုင္ပဲခင္တြယ္ေနလို႔ပါ… အဲဒါက ဘာနဲ႔တူေနလဲဆိုေတာ့… အဲဒီ ေမွာ္ေတာင္ေဝွးသြားႏိုင္တဲ့ေနရာေလးတစ္ဝိုက္မွာပဲ သူ႔ကိုယ္သူ ေက်ာက္ခ်ရပ္နားေနသလို ျဖစ္ေနလို႔ပါ…မိန္းကေလး..သူ႔ရဲ႕ ဖူးစာရွင္ကို သူမေတြ႕ေသးလို႔ စကားမေျပာတာပါ.. သူကိုေတြ႕ရင္ စကား ေျပာပါလိမ့္မယ္…အဲဒီေမးခြန္းသုံးခုကို ေမးၿပီးေတာ့.. သူျပန္လာခဲ့တယ္.. လိပ္ကိုေတြတဲ့ အခ်ိန္မွာ… သူျပန္ေျပာတယ္… ပညာရွိကေတာ့ အခုလိုပဲေျပာတယ္… မင့္ရဲ႕ အခြံမာႀကီးကို ခြၽတ္လိုက္ရင္ မင္းနဂါးျဖစ္လိမ့္မယ္…အဲဒီမွာလိပ္ကေန အခြံမာႀကီးကို ခြၽတ္လိုက္တယ္… အဲဒီအခ်ိန္မွာ လိပ္ခြံေအာက္မွာ သူသိမ္းထားတဲ့ ပင္လယ္ရဲ႕ အနက္ဆုံးေနရာက အဖိုးတန္ဆုံး ပုလဲေတြ ထြက္လာတယ္…လိပ္က ေျပာတယ္… ငါနဂါးျဖစ္သြားၿပီပဲ ဒါေတြမလိုေတာ့ဘူး မင္းယူထားလိုက္ပါဆိုၿပီး သူ႔ကို ေပးၿပီး မိုးေပၚ ပ်ံတက္သြားတယ္…ေတာင္ထိပ္ေပၚကို ေရာက္ေတာ့ ေမွာ္ဆရာကိုေတြ႕တဲ့အခါ…မင္းရဲ႕ အစြမ္းထက္လွတဲ့ ေတာင္ေဝွးကို မစြန႔္လြတ္ႏိုင္လို႔ မင္းနတ္ျပည္ကိုမသြားႏိုင္တာ အဲဒါႀကီးက မင့္ကို ေက်ာက္ခ်ထားသလိုပဲ…အဲဒီေတာ့ ေမွာ္ဆရာဟာ ေတာင္ေဝွးကို ခဏ ခ်ၾကည့္လိုက္တယ္… သူနတ္ျပည္သြားလို႔ရသြားၿပီဆိုတာ သိလိုက္ရတယ္… အစြမ္းထက္လွတဲ့ ေတာင္ေဝွးကို လူငယ္ေလးကို ေပးထားခဲ့တယ္..လူငယ္ေလးဟာ အစြမ္းထက္လွတဲ့ ေတာင္ေဝွးရယ္ လိပ္ေပးလိုက္တဲ့ အဖိုးတန္ ပုလဲေတြရယ္ယူၿပီး… ခ်မ္းသာတဲ့ မိသားစုအိမ္ကို ျပန္သြားခဲ့တယ္…ခ်မ္းသာတဲ့ မိသားစုအိမ္ေရာက္တဲ့အခါ..မိဘေတြကို ျပန္ေျပာျပတယ္… ပညာရွိက ေျပာတယ္… မိန္းကေလးဟာ သူ႔ဖူးစာရွင္နဲ႔ ေတြ႕ရင္သူ စကားေျပာလိမ့္မယ္…အဲဒီအခ်ိန္မွာပဲ မိန္းကေလးက အေပၚထပ္ကေန ဆင္းလာတယ္…လူငယ္ေလးေတြကို ေတြ႕ေတာ့… သူစေမးတယ္…အရင္တစ္ပတ္က အိမ္ကို လာသြားတယ္ဆိုတာ သူလားတဲ့…မိန္းကေလးက စကားေျပာတဲ့အခါ လူငယ္ေလးနဲ႔ မိန္းကေလးဟာ ဖူးစာဖက္ေတြ ျဖစ္တယ္ဆိုတာ သူတို႔သိသြားၾကသတဲ့..။ ကြၽန္ေတာ္တို႔တေတြလည္း တစ္ခါတစ္ေလမွာ တစ္စုံတစ္ေယာက္ဆီက တစ္ စုံတစ္ခု ရဖို႔ တစ္စုံတစ္ခု ေပးၿပီးယူရတယ္…တစ္ခါတစ္ေလမွာ ကြၽန္ေတာ္တို႔ဟာ နဂါးႀကီးျဖစ္ခ်င္ၾကတယ္.. တစ္တစ္ေလမွာ ေတာဘုရင္ျခေသၤ့ႀကီးျဖစ္ခ်င္ၾကတယ္… ဒါေပမယ့္ စြန႔္စားဖို႔ ေၾကာက္႐ြံ႕ေနၾကတယ္..တစ္ခါတစ္ရံမွာ ပိုေကာင္းတဲ့ေနရာကိုသြားဖို႔ ဆိုရင္ မလႈပ္မရႈတ္မျပဳတ္နဲ႔ ေနလို႔ရတဲ့ သက္ေသာင့္သက္သာ အေျခေနေတြကို စြန႔္ခြါၿပီး စြန႔္စားရဲဖို႔လိုမယ္…တကယ္စစ္မွန္တဲ့ ခ်စ္ျခင္းမေတၱာကိုလိုခ်င္ရင္… ကိုယ္ကေန သူမ်ားဆီက မရယူခင္မွာ ကိုယ္ကေန သူ႔ကို ျဖည့္ဆည္းေပးႏိုင္တဲ့လူ ျဖစ္ေအာင္ အရင္ႀကိဳးစားရမယ္…မင္းတစ္ေယာက္တည္းေနၿပီး မင္းရဲ႕ က်ဆုံးမႈေတြ ဆုံးရႈံးမႈေတြ မင့္ျပသနာေတြ အေၾကာင္းကို စဥ္းစားၿပီး စိတ္ညစ္ေနမယ္ဆိုရင္… မင္းႀကဳံေတြ႕ေနရတဲ့ ဒုကၡကို တစ္ ျဖည္းျဖည္းနဲ႔ အႀကီးႀကီးလို႔ ျမင္လာလိမ့္မယ္..တစ္ေယာက္ထဲ မေနပါနဲ႔ ပတ္ဝန္းက်င္ကို ေလ့လာပါ… တစ္ျခားလူေတြရဲ႕ ဘဝကို ဆန္း စစ္ၾကည့္ပါ… ငါတို႔ေလာက္ေတာင္ ဘဝမွာ အခြင့္ေရးေတြ မရခဲ့တဲ့လူေတြရဲ႕ ဘဝကို ၾကည့္ပါ… အဲလို ပတ္ဝန္းက်င္က လူေတြရဲ႕ အခက္ကို ၾကည့္တတ္ ျမင္တတ္လာတဲ့အခါ…တစ္ခါတစ္ေလမွာ မင့္ဒုကၡဟာ တစ္ျဖည္းျဖည္းေသးသြားပါလိမ့္မယ္…မင့္ပတ္ဝန္းက်င္က မင့္ထက္ဆိုး႐ြာတဲ့လူေတြကို လက္တစ္စုံကမ္းေပးၾကည့္ပါ… သူတို႔ကို မင္းတတ္ႏိုင္တာေလးေတြ ကူညီေပးပါ… စိတ္ညစ္စရာေကာင္းေနတဲ့ မင့္ဘဝ လမ္း ေၾကာင္နဲ႔ ကံၾကမၼာဟာ ေျပာင္းလွဲသြားပါလိမ့္မယ္..မင္းကသာ လူေတြအေပၚကို စိတ္ထားေကာင္းေကာင္းေလး ထားတတ္လာတဲ့ တစ္ ေန႔ စၾကၤာဝဠာႀကီးက မင္းအေပၚမွာ မင္းထင္ထားတာထက္ ပိုၿပီး ေျပာင္းလဲေပးလာပါလိမ့္မယ္..မင္းစိတ္ရင္းေစတနာနဲ႔ ကူညီေပးခဲ့တာ ဆက္ဆံျပဳမႈခဲ့တာေတြ အားလုံးက မင့္ဆီကို ျပန္ေရာက္လာၾကမွာပါ…