ဆင်ကြီး ဂဠုန်ချီ

တစ်နေ့သ၌ ရွာသူကြီး သားအဖနှစ်ယောက်သည် တစ်ဖက်ရွာမှ အိမ်အပြန် တောထဲ တစ်နေရာ၌ ဆင်ကြီးကို ဂဠုန်ချီသွားသည်ကို တွေ့လိုက် လေ၏.။ ထို အခြင်းအရာကို သားဖြစ်သူကအဖေ ဆင်ကြီးကို ချီသွားတာ ဘာငှက်ကြီးလဲ´ ဟုမေးရာ အဖေဖြစ်သူက ဂဠုန်ငှက်လို့ ခေါ်တယ် ငါ့သားရ´ ဟု ပြန်ပြောလေသည်။ သားဖြစ်သူက အဖေ ဂဠုန်ဆိုတာ တကယ်ရှိလို့လား´ ဟု ဆက်မေးရာတကယ်ရှိလို့ အခု ဆင်ကြီးကို ချီသွားတာ ငါ့သားတွေ့လိုက်တာပေါ့ ´ ဟုပြောပြီး အိမ်ပြန်ခဲ့ကြလေသည်။ရွာအနီးသို့ရောက်လျှင် ငါ့သား ဆင်ကြီးကို ဂဠုန်ချီသွားတယ်ဆိုတာ ဘယ်သူ့ကို မှ လိုက်မပြောနဲ့´ ဟု ကတိတောင်းလေရာ သားဖြစ်သူကလည်း ဟုတ်ကဲ့ အဖေ´ ဟုပြောလိုက်လေသည်။နောက်တစ်နေ့တွင် သားဖြစ်သူသည် လူငယ်ပီပီ ထူးထူးဆန်းဆန်းတွေ့လျှင် မပြောရ မနေနိုင်သည်ဖြစ်ရာ သူ၏ သူငယ်ချင်းကို ထိုအကြောင်းကို ပြောပြလေသည်။ ထိုသူမှာ မယုံသည်ဖြစ်၍ ငြင်းခုန်ရင်း အလောင်းအစားလုပ်ကြလေသည်။ သူကြီးသားက မယုံရင် ငါ့အဖေကို သွားမေးမယ် ၊ ငါ့အဖေက လူကြီးဆိုတော့ ညာမှာ မဟုတ်ဘူး ၊ တကယ်လို့ မဟုတ်ဘူးဆိုရင် နွားတစ်ကောင်ကြေး´ ဟုဆိုလျက် သူကြီးထံ သို့ သွားကြလေသည်။သူကြီးထံသို့ရောက်လျှင် သူကြီးသား၏ သူငယ်ချင်းဖြစ်သူမှာ အကြောင်းစုံပြောပြလျက် မဖြစ်နိုင်ကြောင်းပြောလေရာ သူကြီးကလည်း.. ဂဠုန်ဆိုတာ ဘယ်မှာရှိမှာလဲ ငါ့သားရူးလို့ ပြောတာနေမှာပါ ´ ဟု ပြန်ပြောလိုက်သည် ဖြစ်ရာ သူကြီးသားမှာ နွားတစ်ကောင် ရှုံးသွားလေသည်။

ထိုအခြင်းအရာကို သားဖြစ်သူက မကျေမနပ်နှင့်အဖေဗျာ မမိုက်ဘူးဗျာ ဆင်ကြီးကိုဂဠုန်ချီသွားတာ အဖေရော ကျနော်ရော မြင်လိုက်တာပဲ .. ဘာလို့ မဟုတ်ဘူးလို့ ပြောလိုက်ရတာလဲ ´ ဆိုရာ အဖေဖြစ်သူက ငါ့သား လူတွေက မှန်တာပြောရင် မယုံတာများတယ်၊ မမှန်တာ ပြောရင်တော့ ယုံတတ်ကြတယ်..ငါ့သား အခု လူတွေကို ငါ့အဖေ သမင်တစ်ကောင်ကို မြားနဲ့ပစ်လိုက်တာ မြားတစ်စင်းထဲနဲ့ ခေါင်းရယ် နားရွက်ရယ် ရှေ့ခြေရယ် သုံးခုလုံးကို ဖောက်ပြီး မှန်သွားတယ်လို့ လိုက်ပြောချေ..´ ဟု စေခိုင်းလေသည်။သူကြီးသားလည်း သူ၏ သူငယ်ချင်းတွေကို ထိုအခြင်းအရာကို ပြောပြသည်ဖြစ်ရာ ဘယ်လိုဖြစ်နိုင်မှာလဲ´ ယုတ္တိမရှိတာ ဘာညာနှင့်ငြင်းခုန်ကြပြန်လေသည်။ ထိုအခါ သူကြီးသားက နွားနှစ်ကောင် ကြေးလောင်းကြပြန်လျက် သူကြီးထံသို့ လာခဲ့ကြပြန်သည်။ သူကြီး.. သူကြီး သမင်ကို မြားတစ်စင်းနဲ့ပစ်လိုက်တာ ခေါင်းရယ် နားရွက်ရယ် ရှေ့ခြေရယ် သုံးခုလုံးကို ဖောက်ဝင်သွားတယ်ဆို´ ဟု မေးကြလေရာဟုတ်တယ်လေ..´ ဟု သူကြီးဖြစ်သူက ပြန်ပြောလျှင် သူကြီး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ´ ဟု ပြောကြလေရာ` ကိုင်း ငါ သမင်ကို သွားပစ်တော့ သမင်က ရေသောက်နေတယ်၊ ရေသောက်နေရင်း နားရွက်ယားလို့ဆိုပြီးတော့ ရှေ့ခြေနဲ့ ကုတ်လိုက်ရာ မြားတစ်စင်းနဲ့ ခေါင်းရယ် နားရွက်ရယ် ရှေ့ခြေရယ်ဖောက်ဝင်သွားတာပေါ့´ ဟု ပြောလိုက်လေရာသူကြီးသား သူငယ်ချင်းတစ်သိုက်လည်း ဟုတ်ပေသည် ဟု လက်ခံကြလေသည် ။ သူကြီးသားလည်း နွားနှစ်ကောင်နိုင်လိုက်လေသည်။ ထိုကြောင့် ပြောစမှတ်တစ်ခု တွင်သွားသည်။ ခေါင်းရယ် နားရွက်ရယ် ရှေ့ခြေရယ် တစ်ချက်တည်းမှန်အောင်ပစ်တတ်ဖို့ လိုတယ်တဲ့ ဗျာ..။

Credit – မူရင်း

[zawgyi]

တစ္ေန႔သ၌ ႐ြာသူႀကီး သားအဖႏွစ္ေယာက္သည္ တစ္ဖက္႐ြာမွ အိမ္အျပန္ ေတာထဲ တစ္ေနရာ၌ ဆင္ႀကီးကို ဂဠဳန္ခ်ီသြားသည္ကို ေတြ႕လိုက္ ေလ၏.။ ထို အျခင္းအရာကို သားျဖစ္သူကအေဖ ဆင္ႀကီးကို ခ်ီသြားတာ ဘာငွက္ႀကီးလဲ´ ဟုေမးရာ အေဖျဖစ္သူက ဂဠဳန္ငွက္လို႔ ေခၚတယ္ ငါ့သားရ´ ဟု ျပန္ေျပာေလသည္။ သားျဖစ္သူက အေဖ ဂဠဳန္ဆိုတာ တကယ္ရွိလို႔လား´ ဟု ဆက္ေမးရာတကယ္ရွိလို႔ အခု ဆင္ႀကီးကို ခ်ီသြားတာ ငါ့သားေတြ႕လိုက္တာေပါ့ ´ ဟုေျပာၿပီး အိမ္ျပန္ခဲ့ၾကေလသည္။႐ြာအနီးသို႔ေရာက္လွ်င္ ငါ့သား ဆင္ႀကီးကို ဂဠဳန္ခ်ီသြားတယ္ဆိုတာ ဘယ္သူ႔ကို မွ လိုက္မေျပာနဲ႔´ ဟု ကတိေတာင္းေလရာ သားျဖစ္သူကလည္း ဟုတ္ကဲ့ အေဖ´ ဟုေျပာလိုက္ေလသည္။ေနာက္တစ္ေန႔တြင္ သားျဖစ္သူသည္ လူငယ္ပီပီ ထူးထူးဆန္းဆန္းေတြ႕လွ်င္ မေျပာရ မေနႏိုင္သည္ျဖစ္ရာ သူ၏ သူငယ္ခ်င္းကို ထိုအေၾကာင္းကို ေျပာျပေလသည္။ ထိုသူမွာ မယုံသည္ျဖစ္၍ ျငင္းခုန္ရင္း အေလာင္းအစားလုပ္ၾကေလသည္။ သူႀကီးသားက မယုံရင္ ငါ့အေဖကို သြားေမးမယ္ ၊ ငါ့အေဖက လူႀကီးဆိုေတာ့ ညာမွာ မဟုတ္ဘူး ၊ တကယ္လို႔ မဟုတ္ဘူးဆိုရင္ ႏြားတစ္ေကာင္ေၾကး´ ဟုဆိုလ်က္ သူႀကီးထံ သို႔ သြားၾကေလသည္။သူႀကီးထံသို႔ေရာက္လွ်င္ သူႀကီးသား၏ သူငယ္ခ်င္းျဖစ္သူမွာ အေၾကာင္းစုံေျပာျပလ်က္ မျဖစ္ႏိုင္ေၾကာင္းေျပာေလရာ သူႀကီးကလည္း.. ဂဠဳန္ဆိုတာ ဘယ္မွာရွိမွာလဲ ငါ့သား႐ူးလို႔ ေျပာတာေနမွာပါ ´ ဟု ျပန္ေျပာလိုက္သည္ ျဖစ္ရာ သူႀကီးသားမွာ ႏြားတစ္ေကာင္ ရႈံးသြားေလသည္။ထိုအျခင္းအရာကို သားျဖစ္သူက မေက်မနပ္ႏွင့္အေဖဗ်ာ မမိုက္ဘူးဗ်ာ ဆင္ႀကီးကိုဂဠဳန္ခ်ီသြားတာ အေဖေရာ က်ေနာ္ေရာ ျမင္လိုက္တာပဲ .. ဘာလို႔ မဟုတ္ဘူးလို႔ ေျပာလိုက္ရတာလဲ ´ ဆိုရာ အေဖျဖစ္သူက ငါ့သား လူေတြက မွန္တာေျပာရင္ မယုံတာမ်ားတယ္၊ မမွန္တာ ေျပာရင္ေတာ့ ယုံတတ္ၾကတယ္..ငါ့သား အခု လူေတြကို ငါ့အေဖ သမင္တစ္ေကာင္ကို ျမားနဲ႔ပစ္လိုက္တာ ျမားတစ္စင္းထဲနဲ႔ ေခါင္းရယ္ နား႐ြက္ရယ္ ေရွ႕ေျခရယ္ သုံးခုလုံးကို ေဖာက္ၿပီး မွန္သြားတယ္လို႔ လိုက္ေျပာေခ်..´ ဟု ေစခိုင္းေလသည္။သူႀကီးသားလည္း သူ၏ သူငယ္ခ်င္းေတြကို ထိုအျခင္းအရာကို ေျပာျပသည္ျဖစ္ရာ ဘယ္လိုျဖစ္ႏိုင္မွာလဲ´ ယုတၱိမရွိတာ ဘာညာႏွင့္ျငင္းခုန္ၾကျပန္ေလသည္။ ထိုအခါ သူႀကီးသားက ႏြားႏွစ္ေကာင္ ေၾကးေလာင္းၾကျပန္လ်က္ သူႀကီးထံသို႔ လာခဲ့ၾကျပန္သည္။ သူႀကီး.. သူႀကီး သမင္ကို ျမားတစ္စင္းနဲ႔ပစ္လိုက္တာ ေခါင္းရယ္ နား႐ြက္ရယ္ ေရွ႕ေျခရယ္ သုံးခုလုံးကို ေဖာက္ဝင္သြားတယ္ဆို´ ဟု ေမးၾကေလရာဟုတ္တယ္ေလ..´ ဟု သူႀကီးျဖစ္သူက ျပန္ေျပာလွ်င္ သူႀကီး ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ ´ ဟု ေျပာၾကေလရာ` ကိုင္း ငါ သမင္ကို သြားပစ္ေတာ့ သမင္က ေရေသာက္ေနတယ္၊ ေရေသာက္ေနရင္း နား႐ြက္ယားလို႔ဆိုၿပီးေတာ့ ေရွ႕ေျခနဲ႔ ကုတ္လိုက္ရာ ျမားတစ္စင္းနဲ႔ ေခါင္းရယ္ နား႐ြက္ရယ္ ေရွ႕ေျခရယ္ေဖာက္ဝင္သြားတာေပါ့´ ဟု ေျပာလိုက္ေလရာသူႀကီးသား သူငယ္ခ်င္းတစ္သိုက္လည္း ဟုတ္ေပသည္ ဟု လက္ခံၾကေလသည္ ။ သူႀကီးသားလည္း ႏြားႏွစ္ေကာင္ႏိုင္လိုက္ေလသည္။ ထိုေၾကာင့္ ေျပာစမွတ္တစ္ခု တြင္သြားသည္။ ေခါင္းရယ္ နား႐ြက္ရယ္ ေရွ႕ေျခရယ္ တစ္ခ်က္တည္းမွန္ေအာင္ပစ္တတ္ဖို႔ လိုတယ္တဲ့ ဗ်ာ..။