ဆဌမမြောက် ဖား ပုံပြင်

တစ်ခါတုန်းက နံနက်စောစောအချိန်မှာ ဖား(၆)ကောင် အစာရှာထွက်လာကြတယ်။အစာရှာ ကြရင်း မထင်မှတ်ဘဲ ရေတွင်းပျက်တစ်ခုထဲကို ဖား(၆)ကောင်စလုံး ပြုတ်ကျသွားတယ်။ ဒါပေ မယ့် ကံကောင်းထောက်မစွာနဲ့ ရေတွင်းထဲမှာ ရေတွေရှိနေသေးတော့ဖားတွေ သေကံမရောက် အသက် မပျောက်ကြရဘူး။ဖား(၆)ကောင်လည်းအကူအညီ ရလို ရငြား “ ကယ်ပါ ယူပါ ” တစ် စာစာအော်နေကြတော့ ရေတွင်းထဲမှာ ဖားသံတွေနဲ့ ဆူညံ့နေတာပေါ့။ဒီလိုနဲ့ အော်ရတာ မော တဲ့အခါ အော်သံတွေ ရပ်ရင်း တိတ်ဆိတ်ငြိမ်သက်သွားကြတယ်။ဘာသံမှ မကြားဘဲ တိတ် ဆိတ်ငြိမ်သက်နေတဲ့ အချိန်မှာ ပထမဖားဆီက အသံထွက်လာတယ်။“ ငါတို့တော့ ဒီတွင်းထဲက လွတ်မှာ မဟုတ်ပါဘူး ကယ်မယ့်သူလည်း မရှိဘဝကတော့ ဆုံးပါပြီ ” ညည်းတွားရင်း စိတ် ပျက်လက်ပျက် ငိုကြွေးနေတယ်။ ဒုတိယဖားကတော့ ငိုနေတဲ့ ပထမဖားကို “ ငိုမနေပါနဲ့ကွာ ဘဝဆိုတာ နေတတ်ရင် ကျေနပ်စရာကွ၊ ငိုမနေနဲ့ ရောက်ရာအရပ်မှာ ပျော်ပျော်နေ အချိန်တန် ရင် ဒီနေရာက လွတ်မှာပါကွ ငိုမနေနဲ့ ” နှစ်သိမ့်ရင်း သီချင်းတွေကို ပျော်ရွှင်စွာဆိုနေတယ်။ တ တိယဖားကတော့ မိုးနတ်မင်းကို တိုင်တည်ရင်းဆုတောင်းနေတယ်။ “ မိုးနတ်မင်းကြီး ကယ် ပါ မိုးရွာချပေးပါ မိုးရွာမှ ရေတွင်းထဲရေတွေပြည့်ပြီး ကျွန်တော်မျိုးတို့လွတ်မြောက် ခွင့်ရ မှာဖြစ်ပါ တယ် ကျွန်တော်မျိုးတို့ လွတ်မြောက်တဲ့အခါ မိုးနတ်မင်းကြီးကို အရင်က ထက် တိုးပြီး ပူဇော်ပ သပါမယ် ” တတွက်တွက်နဲ့ တိုင်တယ်ဆုတောင်းနေတယ်။ စတုတ္ထဖားကတော့ အပြစ်တွေပဲ တင်နေတယ်။ “ ဒီနေ့ အစာရှာ ထွက်မလာခဲ့ရင် ကောင်းသား၊ ဒီကောင်တွေနဲ့ လိုက်လာမိတာ ငါ့အမှား၊ ဘုရားသခင်ကလည်း ငါတို့ ဖားတွေကို အတောင်ပံတွေ ဖန်ဆင်းပေးထားရမှာ ဒါမှ ငါတို့ဖားတွေ ဘယ်နေရာသွား သွား အဆင်ပြေမှာပေါ့ ” တလောကလုံးကို အပြစ်တွေချည်း တင်နေတယ်။ပ ဉ္စမဖားကတော့ ငြိမ်သက်စွာ စဉ်းစားနေတယ်။ “ အပေါ်ကို တွယ်တတ်ရင်ကောင်းမလား၊ တွယ်တက်လို့လည်း ငါ့အစွမ်းနဲ့ ရောက်နိုင်မလား၊ တွယ်တက်လို့ ပြုတ်ကျရင်ဟိုဖားတွေ ငါ့ကို လှောင်ရီကြမှာပဲ၊ တွယ်တက်လို့ မအောင်မြင်ဘဲ နံရံနဲ့ရိုက်မိရင် သေသွားနိုင်တယ်၊ ဒီအတိုင်း ကယ်မယ့်သူကို စောင့်မျှော်နေရင် ကောင်းမလား ” စဉ်းစားနေတယ်။ ဒီလိုနဲ့ ဖား(၅)ကောင်ဟာ ငိုတဲ့ဖားကငို သီချင်းဆိုတဲ့ဖားကဆို ဆုတောင်းတဲ့ဖားကတောင်း စဉ်းစားတဲ့ဖားကစဉ်းစာရင်း သူတို့အားလုံးရဲ့အဖော် ဆဌမမြောက်ဖားကို သတိရလို့ ကြည့်တဲ့အခါ ရေတွင်းထဲမှာ မရှိဘဲ ပျောက်နေတာကို သတိထားမိကြတယ်။ဘယ်ရောက်သွားပါလိမ့် အားလုံးဝိုင်းရှာကြတဲ့အခါ မက်ဆောက်လှတဲ့ ရေတွင်းပျက်နံရံရဲ့ ခပ်မြင့်မြင့်တစ်နေရာမှာ ရှိတဲ့ ကျောက်စွန်း တစ်ခုပေါ်ကို ကြိုးစားတက်ရင်း အပေါ်ကိုလည်း မရောက် အောက်ကိုလည်း မကျဘဲ တန်းလန်းဖြစ်နေတဲ့ ဆဌမမြောက်ဖားကို တွေ့လိုက်ရတယ်။“ ဟာ ဒီကောင်တော့ ပြုတ်ကျ သေတော့မှာပဲ ”“ ဟေ့ ပြန်ဆင်းခဲ့ကွ မင်း မတက်နိုင်ဘူး မဖြစ်နိုင်တာတွေ မလုပ်နဲ့ ”“ ဒီကောင် ကိုယ့်ကိုကိုယ် အထင် ကြီးနေတယ် သူ့ကိုယ်သူ သူရဲကောင်းများ ထင်နေလားမသိဘူး ”“ အရူးကောင် ပြုတ်ကျတော့ မယ် ဟား ဟား ဟား ” “ သူ့ဘာသာ ပြုတ်ကျတာ အရေးမကြီးဘူး ငါ့ အပေါ် ပြုတ်ကျရင် ငါပါ သေနေဦးမယ်လွတ်ရာ ရှောင်နေမှ ”ဝေဖန်သံတွေ အမျိုးမျိုးပေးနပေမယ့်ဆဌမမြောက်ဖား ကတော့ တွယ်တက်ဆဲ ကျောက်စွန်းပေါ်ကို ရှိသမျှ အားတွေကိုသုံးရင်း အမိအရတက်လိုက်ပြီး ကျောက်စွန်းပေါ်မှာ အမောဖြေနေလိုက်တယ်။

အောက်က ဖား(၅)ကောင်လည်း ပါးစပ်ညောင်း တဲ့ အခါ ပြစ်တင်ဝေဖန်သံတွေ တိတ်ဆိတ်သွားသလို ဆဌမမြောက်ဖားကိုလည်း ဂရု တစိုက်နဲ့ မကြည့်ဖြစ်တော့ပဲ သူတို့လုပ်နေကြပုံစံတွေအတိုင်း ငိုတဲ့ဖားကငို သီချင်းဆိုတဲ့ဖားကဆို ဆု တောင်းတဲ့ဖားကတောင်း စဉ်းစားတဲ့ဖားကစဉ်းစား ပြန်လုပ်ရင်း ဆဌမမြောက်ဖား ဆက်တက် နေ လား အပေါ်ရောက်လား ပြုတ်ကျလာမလား သတိမထားမိကြတော့ဘူး။ဒီလိုနဲ့ အချိန်တွေ ကုန်လာရင်း ညနေ့ နေဝင်ချိန်ရောက်လာပါတော့တယ်။ ရေတွင်းထဲမှာအလင်းရောင် နည်းလာ သလို ကယ်မယ့်သူများ ပေါ်လာလေမလား မျှော်လင့်ချက်နဲ့ရေတွင်း အဝဆီ မှန်းမျှော်ကြည့်ရင်း “ ကယ်ပါ ယူပါ ” ဖားတွေ အော်ဟစ် အကူအညီတောင်းကြပြန်တယ်။အဲဒီလို အော်သံတွေနဲ့ရေ တွင်းထဲမှာ ဆူညံနေတုန်း ရေတွင်းထဲကို မြွေကြီးတစ်ကောင် ဆင်းလာပါတော့တယ်။ အော်နေတဲ့ ဖားတွေလည်း အသံတိတ်သွားသလို ဒီတစ်ခါတော့ သူတို့ဘဝလမ်းဆုံးသွားပြီ ဖြစ် ကြောင်း မျှော်လင့်ချက်မဲ့စွာ ဆောက်တည်ရာမရ ဖြစ်သွားပါတော့တယ်။ မြွေကြီးလည်း တစ် ဖြည်းဖြည်းနီးကပ်လာသလို ဖားတွေလည်း သေခြင်းတရားကို မငြင်းဆန်လိုတော့ဘဲ မျက် လုံး တွေကို မှိတ်ချလိုက်ပါတော့တယ်။“ ဟေ့ သူငယ်ချင်းတို့ ငါချလိုက်တဲ့ နွယ်ကြိုးမှီရဲ့လား မှီရင် မြန်မြန်တက်လာကြ ဟေ့မှောင်တော့မယ် ”အထက်ပါ အသံကို ကြားတော့ ရေတွင်းထဲက ဖား တွေလည်း အံသြဝမ်းသာမှုတွေနဲ့မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ သူတို့ထင်ထားတဲ့ မြွေက သူ တို့ရဲ့သူငယ်ချင်း ဆဌမမြောက်ဖား ချပေးတဲ့ နွယ်ကြိုးဖြစ်နေတာကို တွေ့လိုက်ရပါတော့ တယ်။ဖားတွေလည်း ဝမ်းသာ ပျော်ရွှင်သွားကြရင်း နွယ်ကြိုးကို တွယ်တက်ကာ ရေတွင်းထဲမှလွတ် မြောက်က် သွားကြတယ်။ သူတို့အားလုံးကို ကယ်တဲ့ ဆဌမမြောက်ဖားကို ကျေးဇူးတင်စကား တွေ ပြောလို့ မဝသလို ဆဌမမြောက်ဖားရဲ့ ဇွဲ လုံ့လ ဝီရိယနဲ့ ကြိုးစား အားထုတ်မှု တွေကိုလည်း ချီးကျူး ဂုဏ်ပြုစကား ပြောဆိုကြရင်း သီချင်းများ သံပြိုင်သီဆိုကာ ပျော်ရွှင်စွာအိမ်သို့ ပြန်သွားကြ ပါတော့ တယ်။ပုံပြင်လေးကတော့ ဒါပါပဲ။သင့်ရဲ့ဘဝမှာ အခက်အခဲပြသနာတွေနဲ့ ကြုံတွေ့ရတဲ့ အခါ …ပထမ ဖားလို …စိတ်ဓာတ်ကျလွယ် ဘဝကို အရှုံးပေးလွယ်တဲ့သူ မဖြစ်ပါစေနဲ့။ဒုတိယ ဖားလို …ဘဝကို ရေစုန်မျောသလို ဘဝကို အလေးအနက်မရှိ မဖြစ်ပါစေနဲ့။ တတိယ ဖားလို …ကိုယ်ရဲ့အစွမ်းအစကို မထုတ်ဖော်ဘဲ သူတစ်ပါးအပေါ် မှီခိုသူ မဖြစ်ပါစေနဲ့။စတုတ္ထ ဖား လို …ကြိုးစားလိုစိတ်မရှိ အဆိုးမြင်စိတ်တွေနဲ့ အပြစ်မြင်သူ မဖြစ်ပါစေနဲ့။ပ ဉ္စမ ဖား လို …မိမိကိုယ် ကို ယုံကြည်မှုမရှိဘဲ တွေဝေသူ မဖြစ်ပါစေနဲ့။ဘဝမှာ အောင်မြင်ချင်ရင် …ဆဌမ ဖားလို …ကျောက်စွန်းမှ ပြုတ်ကျတော့မယ့် အနေအထားလို ကြိုးစားရမယ်။ အောက်ပြုတ်ကျရင် သေ မယ်၊ အသေခံမလား အောင်မြင်သူ အဖြစ်ရပ်တည်မလား။အကျင်္ ီမှာ မီးဆွဲလောင် တဲ့အခါ ချက်ခြင်းငြိမ်းသတ်ဖို့ အားသွန် ခွန်စိုက် ကြိုးစားသလိုမျိုး နေ့ရက်တိုင်းမှာ ကြိုးစားမှုတိုင်းမှာ ဇွဲ လုံ့လ ဝီရိယအပြည့်နဲ့ အားသွန်ခွန်စိုက် ကြိုးစားအားထုတ်မှု ရှိရမယ်။ဘယ်သူတွေ ဘာပဲပြော နေနေ ဘယ်သူတွေ ဘယ်လိုပဲ ဝေဖန်မှုတွေ ဘယ်လောက်ပဲရှိနေနေ ယုံကြည်ရာ လမ်းကို စိတ် ဓာတ်ခိုင်မာစွာအောင်မြင်အောင် အရောက်လှမ်းရမယ်။မိမိကိုယ်ကိုအမှား ကိုမြင် အားနည်း ချက်တွေပြင်ရင်း ဘဝမှာ အောင်မြင်သူတွေ ဖြစ်နိုင်အောင် ဆဌမမြောက်ဖားကို အတုယူပြီကြိုး စားအားထုတ်နိူင်ကြပါစေ။

Credit- original

[zawgyi]

တစ္ခါတုန္းက နံနက္ေစာေစာအခ်ိန္မွာ ဖား(၆)ေကာင္ အစာရွာထြက္လာၾကတယ္။အစာရွာ ၾကရင္း မထင္မွတ္ဘဲ ေရတြင္းပ်က္တစ္ခုထဲကို ဖား(၆)ေကာင္စလုံး ျပဳတ္က်သြားတယ္။ ဒါေပ မယ့္ ကံေကာင္းေထာက္မစြာနဲ႔ ေရတြင္းထဲမွာ ေရေတြရွိေနေသးေတာ့ဖားေတြ ေသကံမေရာက္ အသက္ မေပ်ာက္ၾကရဘူး။ဖား(၆)ေကာင္လည္းအကူအညီ ရလို ရျငား “ ကယ္ပါ ယူပါ ” တစ္ စာစာေအာ္ေနၾကေတာ့ ေရတြင္းထဲမွာ ဖားသံေတြနဲ႔ ဆူညံ့ေနတာေပါ့။ဒီလိုနဲ႔ ေအာ္ရတာ ေမာ တဲ့အခါ ေအာ္သံေတြ ရပ္ရင္း တိတ္ဆိတ္ၿငိမ္သက္သြားၾကတယ္။ဘာသံမွ မၾကားဘဲ တိတ္ ဆိတ္ၿငိမ္သက္ေနတဲ့ အခ်ိန္မွာ ပထမဖားဆီက အသံထြက္လာတယ္။“ ငါတို႔ေတာ့ ဒီတြင္းထဲက လြတ္မွာ မဟုတ္ပါဘူး ကယ္မယ့္သူလည္း မရွိဘဝကေတာ့ ဆုံးပါၿပီ ” ညည္းတြားရင္း စိတ္ ပ်က္လက္ပ်က္ ငိုေႂကြးေနတယ္။ ဒုတိယဖားကေတာ့ ငိုေနတဲ့ ပထမဖားကို “ ငိုမေနပါနဲ႔ကြာ ဘဝဆိုတာ ေနတတ္ရင္ ေက်နပ္စရာကြ၊ ငိုမေနနဲ႔ ေရာက္ရာအရပ္မွာ ေပ်ာ္ေပ်ာ္ေန အခ်ိန္တန္ ရင္ ဒီေနရာက လြတ္မွာပါကြ ငိုမေနနဲ႔ ” ႏွစ္သိမ့္ရင္း သီခ်င္းေတြကို ေပ်ာ္႐ႊင္စြာဆိုေနတယ္။ တ တိယဖားကေတာ့ မိုးနတ္မင္းကို တိုင္တည္ရင္းဆုေတာင္းေနတယ္။ “ မိုးနတ္မင္းႀကီး ကယ္ ပါ မိုး႐ြာခ်ေပးပါ မိုး႐ြာမွ ေရတြင္းထဲေရေတြျပည့္ၿပီး ကြၽန္ေတာ္မ်ိဳးတို႔လြတ္ေျမာက္ ခြင့္ရ မွာျဖစ္ပါ တယ္ ကြၽန္ေတာ္မ်ိဳးတို႔ လြတ္ေျမာက္တဲ့အခါ မိုးနတ္မင္းႀကီးကို အရင္က ထက္ တိုးၿပီး ပူေဇာ္ပ သပါမယ္ ” တတြက္တြက္နဲ႔ တိုင္တယ္ဆုေတာင္းေနတယ္။ စတုတၳဖားကေတာ့ အျပစ္ေတြပဲ တင္ေနတယ္။ “ ဒီေန႔ အစာရွာ ထြက္မလာခဲ့ရင္ ေကာင္းသား၊ ဒီေကာင္ေတြနဲ႔ လိုက္လာမိတာ ငါ့အမွား၊ ဘုရားသခင္ကလည္း ငါတို႔ ဖားေတြကို အေတာင္ပံေတြ ဖန္ဆင္းေပးထားရမွာ ဒါမွ ငါတို႔ဖားေတြ ဘယ္ေနရာသြား သြား အဆင္ေျပမွာေပါ့ ” တေလာကလုံးကို အျပစ္ေတြခ်ည္း တင္ေနတယ္။ပ ၪၥမဖားကေတာ့ ၿငိမ္သက္စြာ စဥ္းစားေနတယ္။ “ အေပၚကို တြယ္တတ္ရင္ေကာင္းမလား၊ တြယ္တက္လို႔လည္း ငါ့အစြမ္းနဲ႔ ေရာက္ႏိုင္မလား၊ တြယ္တက္လို႔ ျပဳတ္က်ရင္ဟိုဖားေတြ ငါ့ကို ေလွာင္ရီၾကမွာပဲ၊ တြယ္တက္လို႔ မေအာင္ျမင္ဘဲ နံရံနဲ႔႐ိုက္မိရင္ ေသသြားႏိုင္တယ္၊ ဒီအတိုင္း ကယ္မယ့္သူကို ေစာင့္ေမွ်ာ္ေနရင္ ေကာင္းမလား ” စဥ္းစားေနတယ္။ ဒီလိုနဲ႔ ဖား(၅)ေကာင္ဟာ ငိုတဲ့ဖားကငို သီခ်င္းဆိုတဲ့ဖားကဆို ဆုေတာင္းတဲ့ဖားကေတာင္း စဥ္းစားတဲ့ဖားကစဥ္းစာရင္း သူတို႔အားလုံးရဲ႕အေဖာ္ ဆဌမေျမာက္ဖားကို သတိရလို႔ ၾကည့္တဲ့အခါ ေရတြင္းထဲမွာ မရွိဘဲ ေပ်ာက္ေနတာကို သတိထားမိၾကတယ္။ဘယ္ေရာက္သြားပါလိမ့္ အားလုံးဝိုင္းရွာၾကတဲ့အခါ မက္ေဆာက္လွတဲ့ ေရတြင္းပ်က္နံရံရဲ႕ ခပ္ျမင့္ျမင့္တစ္ေနရာမွာ ရွိတဲ့ ေက်ာက္စြန္း တစ္ခုေပၚကို ႀကိဳးစားတက္ရင္း အေပၚကိုလည္း မေရာက္ ေအာက္ကိုလည္း မက်ဘဲ တန္းလန္းျဖစ္ေနတဲ့ ဆဌမေျမာက္ဖားကို ေတြ႕လိုက္ရတယ္။“ ဟာ ဒီေကာင္ေတာ့ ျပဳတ္က် ေသေတာ့မွာပဲ ”“ ေဟ့ ျပန္ဆင္းခဲ့ကြ မင္း မတက္ႏိုင္ဘူး မျဖစ္ႏိုင္တာေတြ မလုပ္နဲ႔ ”“ ဒီေကာင္ ကိုယ့္ကိုကိုယ္ အထင္ ႀကီးေနတယ္ သူ႔ကိုယ္သူ သူရဲေကာင္းမ်ား ထင္ေနလားမသိဘူး ”“ အ႐ူးေကာင္ ျပဳတ္က်ေတာ့ မယ္ ဟား ဟား ဟား ” “ သူ႔ဘာသာ ျပဳတ္က်တာ အေရးမႀကီးဘူး ငါ့ အေပၚ ျပဳတ္က်ရင္ ငါပါ ေသေနဦးမယ္လြတ္ရာ ေရွာင္ေနမွ ”ေဝဖန္သံေတြ အမ်ိဳးမ်ိဳးေပးနေပမယ့္ဆဌမေျမာက္ဖား ကေတာ့ တြယ္တက္ဆဲ ေက်ာက္စြန္းေပၚကို ရွိသမွ် အားေတြကိုသုံးရင္း အမိအရတက္လိုက္ၿပီး ေက်ာက္စြန္းေပၚမွာ အေမာေျဖေနလိုက္တယ္။ေအာက္က ဖား(၅)ေကာင္လည္း ပါးစပ္ေညာင္း တဲ့ အခါ ျပစ္တင္ေဝဖန္သံေတြ တိတ္ဆိတ္သြားသလို ဆဌမေျမာက္ဖားကိုလည္း ဂ႐ုတစိုက္နဲ႔ မၾကည့္ျဖစ္ေတာ့ပဲ သူတို႔လုပ္ေနၾကပုံစံေတြအတိုင္း ငိုတဲ့ဖားကငို သီခ်င္းဆိုတဲ့ဖားကဆို ဆု ေတာင္းတဲ့ဖားကေတာင္း စဥ္းစားတဲ့ဖားကစဥ္းစား ျပန္လုပ္ရင္း ဆဌမေျမာက္ဖား ဆက္တက္ ေန လား အေပၚေရာက္လား ျပဳတ္က်လာမလား သတိမထားမိၾကေတာ့ဘူး။ဒီလိုနဲ႔ အခ်ိန္ေတြ ကုန္လာရင္း ညေန႔ ေနဝင္ခ်ိန္ေရာက္လာပါေတာ့တယ္။ ေရတြင္းထဲမွာအလင္းေရာင္ နည္းလာ သလို ကယ္မယ့္သူမ်ား ေပၚလာေလမလား ေမွ်ာ္လင့္ခ်က္နဲ႔ေရတြင္း အဝဆီ မွန္းေမွ်ာ္ၾကည့္ရင္း “ ကယ္ပါ ယူပါ ” ဖားေတြ ေအာ္ဟစ္ အကူအညီေတာင္းၾကျပန္တယ္။အဲဒီလို ေအာ္သံေတြနဲ႔ေရ တြင္းထဲမွာ ဆူညံေနတုန္း ေရတြင္းထဲကို ေႁမြႀကီးတစ္ေကာင္ ဆင္းလာပါေတာ့တယ္။ ေအာ္ေနတဲ့ ဖားေတြလည္း အသံတိတ္သြားသလို ဒီတစ္ခါေတာ့ သူတို႔ဘဝလမ္းဆုံးသြားၿပီ ျဖစ္ ေၾကာင္း ေမွ်ာ္လင့္ခ်က္မဲ့စြာ ေဆာက္တည္ရာမရ ျဖစ္သြားပါေတာ့တယ္။ ေႁမြႀကီးလည္း တစ္ ျဖည္းျဖည္းနီးကပ္လာသလို ဖားေတြလည္း ေသျခင္းတရားကို မျငင္းဆန္လိုေတာ့ဘဲ မ်က္ လုံး ေတြကို မွိတ္ခ်လိုက္ပါေတာ့တယ္။“ ေဟ့ သူငယ္ခ်င္းတို႔ ငါခ်လိုက္တဲ့ ႏြယ္ႀကိဳးမွီရဲ႕လား မွီရင္ ျမန္ျမန္တက္လာၾက ေဟ့ေမွာင္ေတာ့မယ္ ”အထက္ပါ အသံကို ၾကားေတာ့ ေရတြင္းထဲက ဖား ေတြလည္း အံၾသဝမ္းသာမႈေတြနဲ႔မ်က္လုံးဖြင့္ၾကည့္လိုက္တဲ့အခါ သူတို႔ထင္ထားတဲ့ ေႁမြက သူ တို႔ရဲ႕သူငယ္ခ်င္း ဆဌမေျမာက္ဖား ခ်ေပးတဲ့ ႏြယ္ႀကိဳးျဖစ္ေနတာကို ေတြ႕လိုက္ရပါေတာ့ တယ္။ဖားေတြလည္း ဝမ္းသာ ေပ်ာ္႐ႊင္သြားၾကရင္း ႏြယ္ႀကိဳးကို တြယ္တက္ကာ ေရတြင္းထဲမွလြတ္ ေျမာက္က္ သြားၾကတယ္။ သူတို႔အားလုံးကို ကယ္တဲ့ ဆဌမေျမာက္ဖားကို ေက်းဇူးတင္စကား ေတြ ေျပာလို႔ မဝသလို ဆဌမေျမာက္ဖားရဲ႕ ဇြဲ လုံ႔လ ဝီရိယနဲ႔ ႀကိဳးစား အားထုတ္မႈ ေတြကိုလည္း ခ်ီးက်ဴး ဂုဏ္ျပဳစကား ေျပာဆိုၾကရင္း သီခ်င္းမ်ား သံၿပိဳင္သီဆိုကာ ေပ်ာ္႐ႊင္စြာအိမ္သို႔ ျပန္သြားၾက ပါေတာ့ တယ္။ပုံျပင္ေလးကေတာ့ ဒါပါပဲ။သင့္ရဲ႕ဘဝမွာ အခက္အခဲျပသနာေတြနဲ႔ ႀကဳံေတြ႕ရတဲ့ အခါ …ပထမ ဖားလို …စိတ္ဓာတ္က်လြယ္ ဘဝကို အရႈံးေပးလြယ္တဲ့သူ မျဖစ္ပါေစနဲ႔။ဒုတိယ ဖားလို …ဘဝကို ေရစုန္ေမ်ာသလို ဘဝကို အေလးအနက္မရွိ မျဖစ္ပါေစနဲ႔။ တတိယ ဖားလို …ကိုယ္ရဲ႕အစြမ္းအစကို မထုတ္ေဖာ္ဘဲ သူတစ္ပါးအေပၚ မွီခိုသူ မျဖစ္ပါေစနဲ႔။စတုတၳ ဖား လို …ႀကိဳးစားလိုစိတ္မရွိ အဆိုးျမင္စိတ္ေတြနဲ႔ အျပစ္ျမင္သူ မျဖစ္ပါေစနဲ႔။ပ ၪၥမ ဖား လို …မိမိကိုယ္ ကို ယုံၾကည္မႈမရွိဘဲ ေတြေဝသူ မျဖစ္ပါေစနဲ႔။ဘဝမွာ ေအာင္ျမင္ခ်င္ရင္ …ဆဌမ ဖားလို …ေက်ာက္စြန္းမွ ျပဳတ္က်ေတာ့မယ့္ အေနအထားလို ႀကိဳးစားရမယ္။ ေအာက္ျပဳတ္က်ရင္ ေသ မယ္၊ အေသခံမလား ေအာင္ျမင္သူ အျဖစ္ရပ္တည္မလား။အက်ၤ ီမွာ မီးဆြဲေလာင္ တဲ့အခါ ခ်က္ျခင္းၿငိမ္းသတ္ဖို႔ အားသြန္ ခြန္စိုက္ ႀကိဳးစားသလိုမ်ိဳး ေန႔ရက္တိုင္းမွာ ႀကိဳးစားမႈတိုင္းမွာ ဇြဲ လုံ႔လ ဝီရိယအျပည့္နဲ႔ အားသြန္ခြန္စိုက္ ႀကိဳးစားအားထုတ္မႈ ရွိရမယ္။ဘယ္သူေတြ ဘာပဲေျပာ ေနေန ဘယ္သူေတြ ဘယ္လိုပဲ ေဝဖန္မႈေတြ ဘယ္ေလာက္ပဲရွိေနေန ယုံၾကည္ရာ လမ္းကို စိတ္ ဓာတ္ခိုင္မာစြာေအာင္ျမင္ေအာင္ အေရာက္လွမ္းရမယ္။မိမိကိုယ္ကိုအမွား ကိုျမင္ အားနည္း ခ်က္ေတြျပင္ရင္း ဘဝမွာ ေအာင္ျမင္သူေတြ ျဖစ္ႏိုင္ေအာင္ ဆဌမေျမာက္ဖားကို အတုယူၿပီႀကိဳး စားအားထုတ္ႏိူင္ၾကပါေစ။