ဆရာအာခံ အာခေါင်လှံစူး

တစ်ခါတုန်းက ဥဗျိုင်းတစ်ကောင်သည် တစ်ခုသောမြစ်၏ ကတွတ်ပေါက်၌ ငါးကို စောင့်လျက်နေ၏။ ငါးကို ရသည့်အခါ ချက်ခြင်းမစားသေးဘဲ မြှောက်၍ ကစားပြီးမှ စားလေ့ရှိတယ်။ထိုအခြင်းအရာကို လုလင်တစ်ယောက်မြင်လေလျှင် အတုမြင် အတတ်သင်ဆိုသည့်အ တိုင်း သစ်ချွန်ကလေးများကို မြှောက်ကာ မြေသို့မကျအောင် ပါးစပ်ကို ဟ၍ သွားဖြင့် ကိုက်ဖမ်းလေ့ရှိ၏။သစ်ချွန်များကို ကောင်းစွာဖမ်းယူနိုင်သည့်အခါ လုလင်သည် အုတ်ချွန်၊ အုတ်ခဲများကို မြှောက်၍ ဖမ်းယူပြန်၏။ ထိုမှတစ်ဖန် လှံသေး လှံတံ၊ သန်လျက်စသည်ဖြင့် အဆင့်ဆင်တက်၍ လေ့ကျင့်ပြန်သော် သူမတူအောင် တတ်မြောက်လာ၏။

ထိုအခါ လုလင်ပျိုသည် ရွာသို့ဝင်၍ မိမိ၏ပညာကို ပြလေသော် ရွာသားတို့သည် လွန်စွာသဘောကျကြ၏။ များစွာသော ဥစ္စာတို့ကိုလည်း ပေးကြ၏။ထိုလုလင်အကြောင်းကို မင်းကြီးကြားလေသော် လုလင်ကို နန်းရင်ပြင်သို့ခေါ်၍ ပညာကို ပြစေ၏။ မင်းကြီးလည်း လွန်စွာနှစ် သက်၍ များစွာသော ဆုလာဘ်ကိုပေး၏။ထို့နောက် မင်းကြီးသည် လုလင်အား “အမောင်၊ သင်သည် တတ်ကျွမ်းလှပေ၏၊ အဘယ်ဆရာက သင့်အား သင်ကြားပေးသနည်း”ဟု မေး၏။ လုလင်သည် မြင်ဆရာဖြစ်သော ဥဗျိုင်းထံမှ တတ်သည်ဟု ဝန်ခံရမည်ကို ရှက်သဖြင့် “ကျွန်ုပ် ၌ ဆရာမရှိပါ” ဟု လျှောက်တင်၏။ နောင်အခါတွင် လုလင်သည် သူ့ပညာကို ဆက်လက်၍ ပြမြဲပြလေသော် လှံတံသည် အာခံ တွင်းသို့ စူးဝင်၍ လုလင်သေရှာလေသတည်း။ ဒီအကြောင်းအရာလေးက သင်ဆရာ မြင်ဆရာတွေကို လစ်လျူရှုစော်ကားရင် ဘေးတွေ့တက်တဲ့အကြောင်းကို သင်ခန်းစာပေးထားတာဖြစ်ပါတယ်။

credit – original

[zawgyi]

တစ္ခါတုန္းက ဥဗ်ိဳင္းတစ္ေကာင္သည္ တစ္ခုေသာျမစ္၏ ကတြတ္ေပါက္၌ ငါးကို ေစာင့္လ်က္ေန၏။ ငါးကို ရသည့္အခါ ခ်က္ျခင္းမစားေသးဘဲ ေျမႇာက္၍ ကစားၿပီးမွ စားေလ့ရွိတယ္။ထိုအျခင္းအရာကို လုလင္တစ္ေယာက္ျမင္ေလလွ်င္ အတုျမင္ အတတ္သင္ဆိုသည့္အ တိုင္း သစ္ခြၽန္ကေလးမ်ားကို ေျမႇာက္ကာ ေျမသို႔မက်ေအာင္ ပါးစပ္ကို ဟ၍ သြားျဖင့္ ကိုက္ဖမ္းေလ့ရွိ၏။သစ္ခြၽန္မ်ားကို ေကာင္းစြာဖမ္းယူႏိုင္သည့္အခါ လုလင္သည္ အုတ္ခြၽန္၊ အုတ္ခဲမ်ားကို ေျမႇာက္၍ ဖမ္းယူျပန္၏။ ထိုမွတစ္ဖန္ လွံေသး လွံတံ၊ သန္လ်က္စသည္ျဖင့္ အဆင့္ဆင္တက္၍ ေလ့က်င့္ျပန္ေသာ္ သူမတူေအာင္ တတ္ေျမာက္လာ၏။ထိုအခါ လုလင္ပ်ိဳသည္ ႐ြာသို႔ဝင္၍ မိမိ၏ပညာကို ျပေလေသာ္ ႐ြာသားတို႔သည္ လြန္စြာသေဘာက်ၾက၏။ မ်ားစြာေသာ ဥစၥာတို႔ကိုလည္း ေပးၾက၏။ထိုလုလင္အေၾကာင္းကို မင္းႀကီးၾကားေလေသာ္ လုလင္ကို နန္းရင္ျပင္သို႔ေခၚ၍ ပညာကို ျပေစ၏။ မင္းႀကီးလည္း လြန္စြာႏွစ္ သက္၍ မ်ားစြာေသာ ဆုလာဘ္ကိုေပး၏။ထို႔ေနာက္ မင္းႀကီးသည္ လုလင္အား “အေမာင္၊ သင္သည္ တတ္ကြၽမ္းလွေပ၏၊ အဘယ္ဆရာက သင့္အား သင္ၾကားေပးသနည္း”ဟု ေမး၏။ လုလင္သည္ ျမင္ဆရာျဖစ္ေသာ ဥဗ်ိဳင္းထံမွ တတ္သည္ဟု ဝန္ခံရမည္ကို ရွက္သျဖင့္ “ကြၽႏ္ုပ္ ၌ ဆရာမရွိပါ” ဟု ေလွ်ာက္တင္၏။ ေနာင္အခါတြင္ လုလင္သည္ သူ႔ပညာကို ဆက္လက္၍ ျပၿမဲျပေလေသာ္ လွံတံသည္ အာခံ တြင္းသို႔ စူးဝင္၍ လုလင္ေသရွာေလသတည္း။ ဒီအေၾကာင္းအရာေလးက သင္ဆရာ ျမင္ဆရာေတြကို လစ္လ်ဴရႈေစာ္ကားရင္ ေဘးေတြ႕တက္တဲ့အေၾကာင္းကို သင္ခန္းစာေပးထားတာျဖစ္ပါတယ္။