ဆေးလိပ် နှင့် ကွမ်းယာကို အမှန်တစ်ကယ်ဖြတ်ချင်သူများ၊ ဖြတ်လိုစိတ်ရှိသူများအတွက်

မြန်မာ အမည် – ဆေးကျော်ကြီး၊ အကြောတစ်ထောင်ပင် (သို့မဟုတ်) ဖားကြောရွက်။ အင်္ဂလိပ် အမည် – Broadleaf Plantain။ ရုက္ခဗေဒ အမည် – Plantago major။ မြန်မာနိုင်ငံမှာ လူဦးရေ ၅၄ သန်းကျော်ရှိပြီး လူဦးရေရဲ့ ၁၉ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက် သုံးနေတာ ဖြစ်ပါ တယ်။ ဒီထဲမှာမှ အမျိုးသား ၃၁ ရာခိုင်နှုန်းကျော် ရှိပြီး၊ အမျိုးသမီး ၆ရာခိုင်နှုန်းကျော် ပါဝင်နေတာ တွေ့ရပါတယ်။ အဆုတ်ကင်ဆာ ဖြစ်ပွားခြင်းရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်တယ်လို့ ပညာရှင်တွေက ပြောဆို ကြပါ တယ်။ ဆေးလိပ် မီးခိုးငွေ့ထဲမှာ နီကိုတင်း (Nicotine)အပါအဝင် ဓာတု ပစ္စည်း ၄၀၀၀ ကျော် ပါဝင်နေပြီး ၎င်းထဲမှာမှ ၇၀ ရာခိုင်နှုန်းကျော်ဟာ ကင်ဆာဖြစ်စေ နိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေတာ ဖြစ်ပါ တယ်။ ဆေးလိပ်သောက် သုံးမှုကြောင့် နှလုံး သွေးကြော ပိတ်ခြင်း၊ ဦးနှောက် သွေးကြောပိတ်ခြင်းနဲ့ သွေးကြော ပိတ်လို့ ခြေထောက် ဖြတ်လိုက် ရတာမျိုးတွေ တောင်ရှိ ပါ တယ်။ဆေးလိပ်နဲ့ ဆေးရွက်ကြီးကြောင့် အဆုတ်ကင်ဆာ အပြင် အူမကြီးကင်ဆာ၊ ခံတွင်းကင်ဆာပါဖြစ်ပွားနိုင် တာမို့ မိတ်ဆွေတို့အနေနဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီး မဖြတ်ချင် ကြဘူးလားခင်ဗျာ။ဆေးလိပ်စွဲနေတဲ့ သူများ (Nicotinism) ဟာ တစ်ခါတစ်ရံ စိတ်ဓာတ် ကျတာမျိုး၊ အိပ်မပျော်တာ မျိုးတွေဖြစ်ပြီး ဆေးလိပ် ကလည်း ဖြတ်မရ တာမျိုး ဖြစ်ဖူးကြ မှာပါ။Nicotinism ဆိုတဲ့ ထဲမှာ ဆေးရွက်ကြီး၊ ဆေးမွှေး မျိုးစုံကြောင့် ကွမ်းကို စွဲလမ်းနေသူတွေလည်း ပါဝင် ပါတယ်။အခုလို ကျန်းမာရေး အတွက် ထိခိုက်နိုင်တဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီးပါဝင်တဲ့ ကွမ်းယာ စားသုံးတာတွေ ကို ရပ်နိုင်ဖို့ ကူညီပေးနိုင် တာကတော့ အကြောတစ်ထောင်ပင်ပဲ ဖြစ်ပါတယ်။အကြော တစ်ထောင်ပင် ဆိုတာ ဆေးဖက်ဝင် နှစ်ရှည်ပင် တစ်မျိုး ဖြစ်ပါတယ်။ မူရင်းဒေသတွေကတော့ ဥရောပ ဒေသများ၊ အာရှ မြောက်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွေပဲ ဖြစ်ပါတယ်။

အလွန်အေးပြီး မြင့်မားတဲ့ တောင်ပေါ် အရပ်ဒေသတွေမှာ ပေါက်ရောက်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ပြင်ဦးလွင်နဲ့ အနီးတစ်ဝိုက် ဒေသတွေမှာ တွေ့ရှိရပါတယ်။ ထို့အပြင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာလည်း သဘာဝ အလျောက် ပေါက်ရောက်ပါတယ်။အပင်ရဲ့အရွက်ကိုကြည့်မယ်ဆိုရင် အကြောငယ်လေးတွေ မရေမတွက်နိုင်လောက်အောင် ဖြာသန်းနေတာ တွေ့ရလို့ အကြောပေါင်း တစ်ထောင်လို့ မှည့်ခေါ် ခဲ့တာဖြစ် ပါတယ်။အချို့သောဒေသ ခံတွေ ကတော့ အရွက်ဟာ ဖားရဲ့ကျောကုန်းနဲ့ တူလို့ ဖားကြောရွက်လို့ ခေါ်ကြတယ်လို့ သိရ ပါတယ်။ဆေးလိပ် (သို့မဟုတ်) ကွမ်းစားချင်လာတဲ့ အချိန်မှာ အကြောတစ်ထောင်ရွက်ကို ခူးယူပြီး ရေသန့်စင်အောင်ဆေးကာ ဝါးစားပစ် လိုက်ပါ။ ဆေးလိပ်သောက် ချင်တဲ့ စိတ်၊ ကွမ်းယာစားချင်တဲ့ စိတ်ကို ပြောင်းလဲ လာစေပြီးတဖြည်းဖြည်း ဆေးလိပ်သောက်ချင်တဲ့ စိတ်၊ ကွမ်းယာစားချင်တဲ့ စိတကို မလိုချင်တာမျိုး ဖြစ်လာမှာ ဖြစ်ပါတယ်။ အရွက်ကို ဝါးစားလိုက်ခြင်းအားဖြင့် အဆုတ်ကို လန်းဆန်းစေတဲ့ အပြင် ဆေးလိပ်သောက် ချင်စိတ်နဲ့ ကွမ်းယာစားချင်စိတ်တို့ကို လျော့နည်း လာစေမှာ ဖြစ်ပါတယ်။ အချို့သောနိုင်ငံများမှာ ဆိုလျှင် အသက်ရှူလမ်းကြောင်းဆိုင်ရာ အဆုတ်ကျန်းမာရေး အတွက် အကြောတစ်ထောင်ပင်မှ ဆေးတောင့်ပြုလုပ်ကာ ထုတ်လုပ်ရောင်းချ ခြင်းပင် ရှိနေတာ ဖြစ်ပါ တယ်။ကျန်းမာရေးနဲ့ ပတ်ဝန်းကျင် အတွက် ထိခိုက်မှု ရှိတဲ့ ဆေးလိပ်နဲ့ ကွမ်းယာစားသုံးမှုကို လျော့ချကြည့်ပြီး မိမိဒေသနဲ့ လက်လှမ်းမီ တယ် ဆိုရင် စမ်းသပ်ကြည့် ဖို့ တိုက်တွန်း ပါတယ် ခင်ဗျာ…

Credit – ဇင်ထူးနိုင်

[zawgyi]

ျမန္မာ အမည္ – ေဆးေက်ာ္ႀကီး၊ အေၾကာတစ္ေထာင္ပင္ (သို႔မဟုတ္) ဖားေၾကာ႐ြက္။ အဂၤလိပ္ အမည္ – Broadleaf Plantain။ ႐ုကၡေဗဒ အမည္ – Plantago major။ ျမန္မာႏိုင္ငံမွာ လူဦးေရ ၅၄ သန္းေက်ာ္ရွိၿပီး လူဦးေရရဲ႕ ၁၉ ရာခိုင္ႏႈန္းဟာ ေဆးလိပ္ေသာက္ သုံးေနတာ ျဖစ္ပါ တယ္။ ဒီထဲမွာမွ အမ်ိဳးသား ၃၁ ရာခိုင္ႏႈန္းေက်ာ္ ရွိၿပီး၊ အမ်ိဳးသမီး ၆ရာခိုင္ႏႈန္းေက်ာ္ ပါဝင္ေနတာ ေတြ႕ရပါတယ္။ အဆုတ္ကင္ဆာ ျဖစ္ပြားျခင္းရဲ႕ ၉၀ ရာခိုင္ႏႈန္းဟာ ေဆးလိပ္ေသာက္ျခင္းေၾကာင့္ ျဖစ္တယ္လို႔ ပညာရွင္ေတြက ေျပာဆို ၾကပါ တယ္။ ေဆးလိပ္ မီးခိုးေငြ႕ထဲမွာ နီကိုတင္း (Nicotine)အပါအဝင္ ဓာတု ပစၥည္း ၄၀၀၀ ေက်ာ္ ပါဝင္ေနၿပီး ၎ထဲမွာမွ ၇၀ ရာခိုင္ႏႈန္းေက်ာ္ဟာ ကင္ဆာျဖစ္ေစ ႏိုင္တဲ့ ဓာတုပစၥည္းေတြ ပါဝင္ေနတာ ျဖစ္ပါ တယ္။ ေဆးလိပ္ေသာက္ သုံးမႈေၾကာင့္ ႏွလုံး ေသြးေၾကာ ပိတ္ျခင္း၊ ဦးေႏွာက္ ေသြးေၾကာပိတ္ျခင္းနဲ႔ ေသြးေၾကာ ပိတ္လို႔ ေျခေထာက္ ျဖတ္လိုက္ ရတာမ်ိဳးေတြ ေတာင္ရွိ ပါ တယ္။ေဆးလိပ္နဲ႔ ေဆး႐ြက္ႀကီးေၾကာင့္ အဆုတ္ကင္ဆာ အျပင္ အူမႀကီးကင္ဆာ၊ ခံတြင္းကင္ဆာပါျဖစ္ပြားႏိုင္ တာမို႔ မိတ္ေဆြတို႔အေနနဲ႔ ေဆးလိပ္နဲ႔ ေဆး႐ြက္ႀကီး မျဖတ္ခ်င္ ၾကဘူးလားခင္ဗ်ာ။ေဆးလိပ္စြဲေနတဲ့ သူမ်ား (Nicotinism) ဟာ တစ္ခါတစ္ရံ စိတ္ဓာတ္ က်တာမ်ိဳး၊ အိပ္မေပ်ာ္တာ မ်ိဳးေတြျဖစ္ၿပီး ေဆးလိပ္ ကလည္း ျဖတ္မရ တာမ်ိဳး ျဖစ္ဖူးၾက မွာပါ။Nicotinism ဆိုတဲ့ ထဲမွာ ေဆး႐ြက္ႀကီး၊ ေဆးေမႊး မ်ိဳးစုံေၾကာင့္ ကြမ္းကို စြဲလမ္းေနသူေတြလည္း ပါဝင္ ပါတယ္။အခုလို က်န္းမာေရး အတြက္ ထိခိုက္ႏိုင္တဲ့ ေဆးလိပ္နဲ႔ ေဆး႐ြက္ႀကီးပါဝင္တဲ့ ကြမ္းယာ စားသုံးတာေတြ ကို ရပ္ႏိုင္ဖို႔ ကူညီေပးႏိုင္ တာကေတာ့ အေၾကာတစ္ေထာင္ပင္ပဲ ျဖစ္ပါတယ္။အေၾကာ တစ္ေထာင္ပင္ ဆိုတာ ေဆးဖက္ဝင္ ႏွစ္ရွည္ပင္ တစ္မ်ိဳး ျဖစ္ပါတယ္။ မူရင္းေဒသေတြကေတာ့ ဥေရာပ ေဒသမ်ား၊ အာရွ ေျမာက္ပိုင္းနဲ႔ အလယ္ပိုင္း ေဒသေတြပဲ ျဖစ္ပါတယ္။အလြန္ေအးၿပီး ျမင့္မားတဲ့ ေတာင္ေပၚ အရပ္ေဒသေတြမွာ ေပါက္ေရာက္ပါတယ္။ ျမန္မာႏိုင္ငံမွာဆိုရင္ ျပင္ဦးလြင္နဲ႔ အနီးတစ္ဝိုက္ ေဒသေတြမွာ ေတြ႕ရွိရပါတယ္။ ထို႔အျပင္ ကခ်င္ျပည္နယ္နဲ႔ ရွမ္းျပည္နယ္ေတြမွာလည္း သဘာဝ အေလ်ာက္ ေပါက္ေရာက္ပါတယ္။အပင္ရဲ႕အ႐ြက္ကိုၾကည့္မယ္ဆိုရင္ အေၾကာငယ္ေလးေတြ မေရမတြက္ႏိုင္ေလာက္ေအာင္ ျဖာသန္းေနတာ ေတြ႕ရလို႔ အေၾကာေပါင္း တစ္ေထာင္လို႔ မွည့္ေခၚ ခဲ့တာျဖစ္ ပါတယ္။အခ်ိဳ႕ေသာေဒသ ခံေတြ ကေတာ့ အ႐ြက္ဟာ ဖားရဲ႕ေက်ာကုန္းနဲ႔ တူလို႔ ဖားေၾကာ႐ြက္လို႔ ေခၚၾကတယ္လို႔ သိရ ပါတယ္။ေဆးလိပ္ (သို႔မဟုတ္) ကြမ္းစားခ်င္လာတဲ့ အခ်ိန္မွာ အေၾကာတစ္ေထာင္႐ြက္ကို ခူးယူၿပီး ေရသန႔္စင္ေအာင္ေဆးကာ ဝါးစားပစ္ လိုက္ပါ။ ေဆးလိပ္ေသာက္ ခ်င္တဲ့ စိတ္၊ ကြမ္းယာစားခ်င္တဲ့ စိတ္ကို ေျပာင္းလဲ လာေစၿပီးတျဖည္းျဖည္း ေဆးလိပ္ေသာက္ခ်င္တဲ့ စိတ္၊ ကြမ္းယာစားခ်င္တဲ့ စိတကို မလိုခ်င္တာမ်ိဳး ျဖစ္လာမွာ ျဖစ္ပါတယ္။ အ႐ြက္ကို ဝါးစားလိုက္ျခင္းအားျဖင့္ အဆုတ္ကို လန္းဆန္းေစတဲ့ အျပင္ ေဆးလိပ္ေသာက္ ခ်င္စိတ္နဲ႔ ကြမ္းယာစားခ်င္စိတ္တို႔ကို ေလ်ာ့နည္း လာေစမွာ ျဖစ္ပါတယ္။ အခ်ိဳ႕ေသာႏိုင္ငံမ်ားမွာ ဆိုလွ်င္ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ အဆုတ္က်န္းမာေရး အတြက္ အေၾကာတစ္ေထာင္ပင္မွ ေဆးေတာင့္ျပဳလုပ္ကာ ထုတ္လုပ္ေရာင္းခ် ျခင္းပင္ ရွိေနတာ ျဖစ္ပါ တယ္။က်န္းမာေရးနဲ႔ ပတ္ဝန္းက်င္ အတြက္ ထိခိုက္မႈ ရွိတဲ့ ေဆးလိပ္နဲ႔ ကြမ္းယာစားသုံးမႈကို ေလ်ာ့ခ်ၾကည့္ၿပီး မိမိေဒသနဲ႔ လက္လွမ္းမီ တယ္ ဆိုရင္ စမ္းသပ္ၾကည့္ ဖို႔ တိုက္တြန္း ပါတယ္ ခင္ဗ်ာ…