ဆေးသုတ်သမားတစ်ဦးပေးတဲ့ သင်ခန်းစာ

တစ်ခါက ဆေးသုတ်သမားတစ်ဦးဟာ အိမ်တစ်အိမ်ကို ဆေးသုတ်ဖို့ ရောက်သွားခဲ့တယ်။ အိမ်ထဲဝင်လိုက်တာနဲ့ မျက်စိကွယ်နေတဲ့ အိမ်ရှင်ယောက်ျားကိုတွေ့တော့ ကရုဏာတက်မိတယ်။ ဒါပေမယ့် သူဟာ မျက်စိကွယ်နေပေမယ့် ပျော်ပျော်နေတတ်လို့ ဆေးသုတ်သမားနဲ့ ခဏအတွင်းမှာ ခင်မင်သွားကြတယ်။ဆေးသုတ်သမား သူတို့အိမ်မှာ ဆေးသုတ်တဲ့ ရက်အတောအတွင်းသူတို့စကားတွေ ဖောင်ဖွဲ့ပြော ဆိုကြပေမယ့် မျက်စိကွယ်နေတဲ့ သူရဲ့အားနည်းချက်ကို ဆေးသုတ်သမားလုံးဝမမေးခဲ့ဘူး။ ဆေးသုတ်ပြီးလို့ စာရင်းရှင်းတဲ့အခါ ဆေးသုတ်သမားက ဆေးသုတ်ခကို သတ်မှတ်ထားတဲ့ ဈေးထက် တစ်ဝက်လျှော့ယူခဲ့တယ်။အိမ်ရှင်မက ဘာဖြစ်လို့ လျှော့ပေးရသလဲလို့ မေးတော့ ဆေးသုတ်သမားက”ခင်ဗျားယောက်ျားနဲ့စကားအတူပြောရတာ ကျွန်တော်အရမ်းပျော်တယ်။ သူရဲ့ ဘဝအမြင်နဲ့ စိတ်သဘောထားတွေကြောင့် ကျွန်တော့်အဖြစ်ကအဲဒီလောက်မဆိုးသေးဘူးဆိုတာ သိလာရတယ်။

ဒါကြောင့် သူ့ကို ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်တော်ဈေးလျှော့ယူလိုက်တာပါ။သူ့ကြောင့် အလုပ်တွေလုပ်ရတာကို ပင်ပန်းတယ်လို့ ကျွန် တော်မမြင်တော့ဘူးဗျာ” လို့ပြန်ပြောလိုက်တယ်။အဲဒီနောက် အိမ်ရှင်မ ကမ်းပေးတဲ့ ဆေးသုတ်ခကို တစ်ဖက်တည်းသာရှိတဲ့လက်နဲ့ သူလှမ်းယူလိုက်တယ်။ ဖြစ်လာတဲ့ဘဝ၊ ဖြစ်လာတဲ့ ကံကြမ္မာကိုပြောင်းလဲလို့ မရရင် ဘဝကိုကြည့်တဲ့ ကိုယ့်အမြင်ကို ပြောင်းလဲကြည့်ပါ။ပတ်ဝန်းကျင်ကို ပြောင်းလဲလို့ မရရင် ကိုယ့်ရဲ့ စိတ်အခြေအနေကို ပြောင်းလဲကြည့်ပါ။ ပတ်ဝန်းကျင်နဲ့လိုက်လျှောညီထွေအောင်နေလို့မရရင် ကိုယ့်ရဲ့ ကိုယ်နေကိုယ်ဟန်၊စိတ်သဘောထားကို ပြောင်းလဲကြည့်ပါ။အရာတစ်ခုအပေါ် မြင်တဲ့ ကိုယ့်အမြင်တွေကအကောင်းလား.? အဆိုးလား.?ဆိုတာကိုယ့်ရဲ့ စိတ်သဘောထားပေါ်မှာပဲ မှုတည်ပါတယ်။ပုံမှန်အချိန် အထက်ကိုကြည့် ကြိုးစားပါစိတ်ဓါတ်ကျနေချိန် အောက်ကိုကြည့် အားတင်းပါ။သင် ဒီစာကို လက်နှစ်ဘက်နဲ့ကိုင် စာဖတ်နိုင် မြင်နိုင်သေးလျင် သင့်မှာ ကြိုးစားခွင့်တွေအများကြီးရှိပါသေးတယ်..။ အားတင်းထားပါ..မိတ်ဆွေ..။

Credit မူရင်း

[zawgyi]

တစ္ခါက ေဆးသုတ္သမားတစ္ဦးဟာ အိမ္တစ္အိမ္ကို ေဆးသုတ္ဖို႔ ေရာက္သြားခဲ့တယ္။ အိမ္ထဲဝင္လိုက္တာနဲ႔ မ်က္စိကြယ္ေနတဲ့ အိမ္ရွင္ေယာက္်ားကိုေတြ႕ေတာ့ က႐ုဏာတက္မိတယ္။ ဒါေပမယ့္ သူဟာ မ်က္စိကြယ္ေနေပမယ့္ ေပ်ာ္ေပ်ာ္ေနတတ္လို႔ ေဆးသုတ္သမားနဲ႔ ခဏအတြင္းမွာ ခင္မင္သြားၾကတယ္။ေဆးသုတ္သမား သူတို႔အိမ္မွာ ေဆးသုတ္တဲ့ ရက္အေတာအတြင္းသူတို႔စကားေတြ ေဖာင္ဖြဲ႕ေျပာ ဆိုၾကေပမယ့္ မ်က္စိကြယ္ေနတဲ့ သူရဲ႕အားနည္းခ်က္ကို ေဆးသုတ္သမားလုံးဝမေမးခဲ့ဘူး။ ေဆးသုတ္ၿပီးလို႔ စာရင္းရွင္းတဲ့အခါ ေဆးသုတ္သမားက ေဆးသုတ္ခကို သတ္မွတ္ထားတဲ့ ေဈးထက္ တစ္ဝက္ေလွ်ာ့ယူခဲ့တယ္။အိမ္ရွင္မက ဘာျဖစ္လို႔ ေလွ်ာ့ေပးရသလဲလို႔ ေမးေတာ့ ေဆးသုတ္သမားက”ခင္ဗ်ားေယာက္်ားနဲ႔စကားအတူေျပာရတာ ကြၽန္ေတာ္အရမ္းေပ်ာ္တယ္။ သူရဲ႕ ဘဝအျမင္နဲ႔ စိတ္သေဘာထားေတြေၾကာင့္ ကြၽန္ေတာ့္အျဖစ္ကအဲဒီေလာက္မဆိုးေသးဘူးဆိုတာ သိလာရတယ္။ဒါေၾကာင့္ သူ႔ကို ေက်းဇူးတင္တဲ့အေနနဲ႔ ကြၽန္ေတာ္ေဈးေလွ်ာ့ယူလိုက္တာပါ။သူ႔ေၾကာင့္ အလုပ္ေတြလုပ္ရတာကို ပင္ပန္းတယ္လို႔ ကြၽန္ ေတာ္မျမင္ေတာ့ဘူးဗ်ာ” လို႔ျပန္ေျပာလိုက္တယ္။အဲဒီေနာက္ အိမ္ရွင္မ ကမ္းေပးတဲ့ ေဆးသုတ္ခကို တစ္ဖက္တည္းသာရွိတဲ့လက္နဲ႔ သူလွမ္းယူလိုက္တယ္။ ျဖစ္လာတဲ့ဘဝ၊ ျဖစ္လာတဲ့ ကံၾကမၼာကိုေျပာင္းလဲလို႔ မရရင္ ဘဝကိုၾကည့္တဲ့ ကိုယ့္အျမင္ကို ေျပာင္းလဲၾကည့္ပါ။ပတ္ဝန္းက်င္ကို ေျပာင္းလဲလို႔ မရရင္ ကိုယ့္ရဲ႕ စိတ္အေျခအေနကို ေျပာင္းလဲၾကည့္ပါ။ ပတ္ဝန္းက်င္နဲ႔လိုက္ေလွ်ာညီေထြေအာင္ေနလို႔မရရင္ ကိုယ့္ရဲ႕ ကိုယ္ေနကိုယ္ဟန္၊စိတ္သေဘာထားကို ေျပာင္းလဲၾကည့္ပါ။အရာတစ္ခုအေပၚ ျမင္တဲ့ ကိုယ့္အျမင္ေတြကအေကာင္းလား.? အဆိုးလား.?ဆိုတာကိုယ့္ရဲ႕ စိတ္သေဘာထားေပၚမွာပဲ မႈတည္ပါတယ္။ပုံမွန္အခ်ိန္ အထက္ကိုၾကည့္ ႀကိဳးစားပါစိတ္ဓါတ္က်ေနခ်ိန္ ေအာက္ကိုၾကည့္ အားတင္းပါ။သင္ ဒီစာကို လက္ႏွစ္ဘက္နဲ႔ကိုင္ စာဖတ္ႏိုင္ ျမင္ႏိုင္ေသးလ်င္ သင့္မွာ ႀကိဳးစားခြင့္ေတြအမ်ားႀကီးရွိပါေသးတယ္..။ အားတင္းထားပါ..မိတ္ေဆြ..။