ဇွဲကပင်တောင်ခြေမှ လွမ်းဆွတ်ကြေကွဲဖွယ်၊ ဂရုဏာသက်ဖွယ် ဓါတ်နန်းရှင်မောင်နှမ

တစ်ခါက ကရင်ရွာလေးတစ်ရွာမှ ကရင်အမျိုးသားကြီး စဝ်ဖါ့သန့်(သိုင့်)နှင့် ဇနီးဖြစ်သူ နန်ဖေါ့ယာ့်တို့တွင် စံစေ့ဖိုးနှင့် နန်မူးဖါန်ဟုခေါ်သော သား သမီး(၂)ဦး ရှိလေသည်။အနှစ်နှစ်အလလက ခြိုးခြံချွေတာပြီး ရိုးရိုးသားသား ကြိုးစားစုဆောင်း ခဲ့သမျှ သားကလေး ရှင်သာမဏေ လောင်းဖြစ်ဖို့ အလှူကြီးလုပ်ရန် တောင်ယာထဲတွင် အလုပ်ကြိုးစားနေရင်း ဖခင်ဖြစ်သူ စဝ်ဖါ့သန့်(သိုင့်)မှာ ကျားကိုက်ရင်း တောင်ယာထဲတွင် ဆုံးရှာလေသည်။ဖခင်ကြီး ဆုံးပါးသွားသည့်နောက်ပိုင်းတွင် မုဆိုးမ နန်းဖေါ့ယာ့တို့ သားအမိကို ဘဝဆိုးမှ လွတ်မြောက် စေလိုပါ သည်၊ မိမိဘဝကို သနားကရုဏာ သက်လှပါ သည်။ကလေးတွေကိုလည်း ရင်သွေး အရင်အချာ များနှယ် စာနာညှာတာစွာဖြင့် ချစ်ခင်ပါသည်ဆို သော တစ်ရွာတည်း မုဆိုးဖိုဖြစ်သူ စောဖါ့ပျုဂ်နှင့် နောက်အိမ်ထောင် ပြုလိုက်သည်။ထိုအခါ အပြစ်မဲ့သော စံစေ့ဖိုးနှင့် နန်းမူးဖါန်တို့ လူမမယ် မောင်နှမနှစ်ယောက်၏ ဖြူစင် သော နှလုံးသား လေးတွေမှာ စိုးရိမ်ထိတ်လန့်ခြင်း၊ ပူပင်သောက ဝေဒနာအရောင်တို့ လွှမ်းမိုး လာခဲ့သည်။ငြိမ်သက်ခဲ့သော အိမ်ကလေးမှာ နေ့တိုင်းလိုလို ဆဲဆိုသံ၊ ငေါက်ငန်း မာန်မဲသံဖြင့် ဆူညံ လာ တော့သည်။ ပထွေး၏ ဒေါသနှင့် ယုတ်မာသော၊ ရင့်သီးသော ဆဲဆိုကြိမ်းမောင်းသံများ အောက် မှာ မောင်နှမ နှစ်ယောက် မျက်ရည်ပေါက်ပေါက် ကျခဲ့ရရှာသည်။နောက်ဆုံးတွင် နန်းဖေါ့ယာ့ခမျာ ဥမမယ် အရွယ်မရောက် သားသမီးနှစ်ယောက်ကို တောအုံ ချောက်ကြား နွားကျောင်းတဖုံ စပါးထောင်းတစ်လှည့် မခိုင်းရက် ခိုင်းရက်ဖြင့် ခိုင်းခဲ့ရှာရ လေတော့သည်။တစ်နေ့တွင် ပထွေးဖြစ်သူမှ မောင်နှမနှစ်ဦးအား ယာခင်းသို့ခေါ်ကာ ယာခင်းသွားရာလမ်းတွင် မြင့်မားမတ်စောက် သော တောင်ကမ်းပါးကြီးပေါ်မှတွန်းချကာ တစ်ဦးတည်း အိမ်ပြန်လာခဲ့ လေသည်။မောင်နှမနှစ်ဦးမှာ တောင်ပေါ်မှ အကျတွင် ဇွဲကပင်ဘုရားကို အာရုံပြုကာ ကယ်တင်ဖို့ ဆု တောင်း မိလိုက်ကြသည်။ ကမ်းပါးအောက် ဝါးရုံပေါ်တင်နေလို့ အသက် ချမ်းသာရာ ရခဲ့ကြပါ သည်။ညဥ့်နက်သည်အထိ ဘုရားကို ကြည်ညိုရင်း အရုဏ်ကျင်းလုကာမှ မိခင်ထံပြန်လာကာ အကျိုး အကြောင်း ပြောပြလေသည်။ ကလေးနှစ်ယောက်ကို ကျစ်နေအောင် ဖက်ထားရင်း နန်းဖေါ့ယာ့ မချိတင်ကဲ ခံစားရတော့သည်။သို့သော် ကလေးနှစ်ယောက်ကို အိမ်မှာ ပြန်လည်၍ ခေါ်ထားဖို့တော့ လုံးဝမဖြစ်နိုင်တဲ့ အခါ ရင်သွေးနှစ်ယောက် အသက်မသေ လုံခြုံအောင် မိမိနှင့်လည်း အလှမ်းမဝေးရအောင် ဇွဲက ပင်တောင်ပေါ်က တောအုပ်အငူလိုဏ်ဂူထဲတွင် ထားခဲ့လေသည်။မောင်နှမနှစ်ယောက် အမေထားခဲ့သော တောအုပ်အငူ လိုဏ်ဂူထဲကလည်း ဝေးဝေးလံလံကို မသွားဝံ့။ ကြည့်လေ ရာရာ တောအုပ်ကြီးက ပိန်းပိတ်ညိုမှောင်နေသည်။ တစ်ခါမှ မရောက် ဖူးသည့်နေရာ၊ လူသူကင်းဝေး၍ သားရဲတိရစ္ဆာန်တို့ အသံများကိုသာ ကြားရသည့် နေရာမှာ မိခင်က လာပို့ထားခဲ့သည်။

ပထွေးရန်ကို ကြောက်လွန်းလို့သာ နေခဲ့ရပေမယ့် အမေ့ကို မခွဲချင်ကြ၊ လွမ်းပေမယ့်လည်း လမ်းကမသိ၊ တောတိရစ္ဆာန်တို့ ရန်ကရှိသေးသည်။ အနီးအပါးက ရသမျှ တောသီးနှံလေးများ ကို ခူးဆွတ် စားသောက်ရင်း ဥတုရာသီနှင့် တောဒဏ်ကို ကြံ့ကြံ့ခံနေကြရရှာသည်။နှမငယ်ကလေးက ဘာမျှမသိရှာသေးတော့ အစ်ကိုဖြစ်သူမှာ ဂရုစိုက်ရသည်။ မျက်စိအောက်က အပျောက်မခံရဲ၊ အဖေကိုတမ်းတ၊ အမေ့ကို လွမ်းရသော ဝေဒနာတို့ကို ကြိတ်မှတ်ခံစားရင်း ဒုက္ခမုန်တိုင်းဒဏ်ကို အလူးအလဲ အံတုနေကြရှာသည်။ရံဖန်ရံခါတွင် ဇွဲကပင် တောင်သို့ ဘုရားဖူး လာကြသူများ ရောက်လာကြပါ၏။ ၎င်းတို့ပေးသွား သော စားရေရိက္ခာ မစို့မပို့လေးနှင့် မျှတစားရသည့်အခါလည်း ရှိသည်။ငယ်ရွယ်သူ နှမလေးကို ငဲ့ညှာရလွန်းတော့ အစ်ကို လုပ်သူမှာ ဝလင်သည်ဟုပင် မရှိခဲ့ပေ။ တစ် နေ့သော နံနက်တွင် ချမ်းအေးလှသော ရာသီဥတုကို မီးပုံဖိုပြီး မောင်နှမနှစ်ယောက် အံတု ရင် ဆိုင်နေကြစဉ် ခံ့ညားသော ရသေ့အိုကြီးတစ်ပါး သူတို့မောင်နှမနှစ်ယောက်ထံ ရောက်လာသည်။ရသေ့ကြီးမှ ငယ်ရွယ်လှသော သနားဖွယ် မောင်နှမနှစ်ဦးအား ရွှေရောင်ဝင်းနေသည့် ဆေးလုံး သုံးလုံးပေးကာ မီးဖိုအတွင်းသို့ ဆင်းခိုင်းသည်။ ခုန်ဆင်း လိုက်သောအခါ ငယ်ရွယ်နုပျိုသော လုလင်ပျိုနှင့် လုံမပျိုလေး နှစ်ဦးအဖြစ်သို့ ပြောင်းလဲသွားလေသည်။မောင်နှမနှစ်ဦးမှ ရသေ့ကြီးပေးခဲ့သော သုံးမကုန်နိုင်တဲ့ အစွမ်းတွေ၊ ဣဒ္ဓိပါဒ်တန်ခိုးတွေ ရကြပြီး ရသေ့ကြီးအား ပေးခဲ့သော ကတိစကားအတိုင်း“သာသနာတော်အတွက် လုံ့လဝီရိယ စိုက်ကြပေတော့၊ သာသနာတော်ကို ကြည်ညို သူတွေ၊ ဟောဒီ ဇွဲကပင်တောင်ကို ဘုရားဖူး လာကြသူတွေ မှန်သမျှ စီးပွားရေး လာဘ်လာဘတိုးအောင်၊ ကျန်းမာရွှင် လန်းအောင် မင်းတို့မောင်နှမ စောင့်ရှောက် ရစ်ကြပေတော့”ဟူသော အမှာစကားအတိုင်း သစ္စာပြုကာ ဇွဲကပင်တောင်တော်နှင့် ဆံတော်ရှင်မြတ်အား စောင့်ရှောက် နေခဲ့ပါသည်။ဇွဲကပင်တောင်ခြေမှ လွမ်းဆွတ်ကြေကွဲဖွယ်ရာ၊ ဂရုဏာသက်ဖွယ် ဓါတ်နန်းရှင်မောင်နှမ ဓာတ် နန်းရှင် စခန်းမှာ လွန်ခဲ့သောနှစ်ပေါင်း(၅၀)ခန့်က နောင်းအိမ်ဆိုင် ဆရာတော် ဦးကေတု ဦး ဆောင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ဇွဲကပင် ဆရာတော် ဦးကဝိဓဇက ဘုရားဖူးများ အပန်းအဖြစခန်းလည်းဖြစ်၊ သတိရ အောက်မေ့ ရာလည်းဖြစ်အောင် ထပ်မံမွမ်းမံ ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရပါသည်။

Credit : စစ်မာန်ဟုန်

[zawgyi]

တစ္ခါက ကရင္႐ြာေလးတစ္႐ြာမွ ကရင္အမ်ိဳးသားႀကီး စဝ္ဖါ့သန႔္(သိုင့္)ႏွင့္ ဇနီးျဖစ္သူ နန္ေဖါ့ယာ့္တို႔တြင္ စံေစ့ဖိုးႏွင့္ နန္မူးဖါန္ဟုေခၚေသာ သား သမီး(၂)ဦး ရွိေလသည္။အႏွစ္ႏွစ္အလလက ၿခိဳးၿခံေခြၽတာၿပီး ႐ိုး႐ိုးသားသား ႀကိဳးစားစုေဆာင္း ခဲ့သမွ် သားကေလး ရွင္သာမေဏ ေလာင္းျဖစ္ဖို႔ အလႉႀကီးလုပ္ရန္ ေတာင္ယာထဲတြင္ အလုပ္ႀကိဳးစားေနရင္း ဖခင္ျဖစ္သူ စဝ္ဖါ့သန႔္(သိုင့္)မွာ က်ားကိုက္ရင္း ေတာင္ယာထဲတြင္ ဆုံးရွာေလသည္။ဖခင္ႀကီး ဆုံးပါးသြားသည့္ေနာက္ပိုင္းတြင္ မုဆိုးမ နန္းေဖါ့ယာ့တို႔ သားအမိကို ဘဝဆိုးမွ လြတ္ေျမာက္ ေစလိုပါသည္၊ မိမိဘဝကို သနားက႐ုဏာ သက္လွပါ သည္။ကေလးေတြကိုလည္း ရင္ေသြး အရင္အခ်ာ မ်ားႏွယ္ စာနာညႇာတာစြာျဖင့္ ခ်စ္ခင္ပါသည္ဆို ေသာ တစ္႐ြာတည္း မုဆိုးဖိုျဖစ္သူ ေစာဖါ့ပ်ဳဂ္ႏွင့္ ေနာက္အိမ္ေထာင္ ျပဳလိုက္သည္။ထိုအခါ အျပစ္မဲ့ေသာ စံေစ့ဖိုးႏွင့္ နန္းမူးဖါန္တို႔ လူမမယ္ ေမာင္ႏွမႏွစ္ေယာက္၏ ျဖဴစင္ ေသာ ႏွလုံးသား ေလးေတြမွာ စိုးရိမ္ထိတ္လန႔္ျခင္း၊ ပူပင္ေသာက ေဝဒနာအေရာင္တို႔ လႊမ္းမိုး လာခဲ့သည္။ၿငိမ္သက္ခဲ့ေသာ အိမ္ကေလးမွာ ေန႔တိုင္းလိုလို ဆဲဆိုသံ၊ ေငါက္ငန္း မာန္မဲသံျဖင့္ ဆူညံ လာ ေတာ့သည္။ ပေထြး၏ ေဒါသႏွင့္ ယုတ္မာေသာ၊ ရင့္သီးေသာ ဆဲဆိုႀကိမ္းေမာင္းသံမ်ား ေအာက္ မွာ ေမာင္ႏွမ ႏွစ္ေယာက္ မ်က္ရည္ေပါက္ေပါက္ က်ခဲ့ရရွာသည္။ေနာက္ဆုံးတြင္ နန္းေဖါ့ယာ့ခမ်ာ ဥမမယ္ အ႐ြယ္မေရာက္ သားသမီးႏွစ္ေယာက္ကို ေတာအုံ ေခ်ာက္ၾကား ႏြားေက်ာင္းတဖုံ စပါးေထာင္းတစ္လွည့္ မခိုင္းရက္ ခိုင္းရက္ျဖင့္ ခိုင္းခဲ့ရွာရ ေလေတာ့သည္။တစ္ေန႔တြင္ ပေထြးျဖစ္သူမွ ေမာင္ႏွမႏွစ္ဦးအား ယာခင္းသို႔ေခၚကာ ယာခင္းသြားရာလမ္းတြင္ ျမင့္မားမတ္ေစာက္ ေသာ ေတာင္ကမ္းပါးႀကီးေပၚမွတြန္းခ်ကာ တစ္ဦးတည္း အိမ္ျပန္လာခဲ့ ေလသည္။ေမာင္ႏွမႏွစ္ဦးမွာ ေတာင္ေပၚမွ အက်တြင္ ဇြဲကပင္ဘုရားကို အာ႐ုံျပဳကာ ကယ္တင္ဖို႔ ဆု ေတာင္း မိလိုက္ၾကသည္။ ကမ္းပါးေအာက္ ဝါး႐ုံေပၚတင္ေနလို႔ အသက္ ခ်မ္းသာရာ ရခဲ့ၾကပါ သည္။ညဥ့္နက္သည္အထိ ဘုရားကို ၾကည္ညိဳရင္း အ႐ုဏ္က်င္းလုကာမွ မိခင္ထံျပန္လာကာ အက်ိဳး အေၾကာင္း ေျပာျပေလသည္။ ကေလးႏွစ္ေယာက္ကို က်စ္ေနေအာင္ ဖက္ထားရင္း နန္းေဖါ့ယာ့ မခ်ိတင္ကဲ ခံစားရေတာ့သည္။သို႔ေသာ္ ကေလးႏွစ္ေယာက္ကို အိမ္မွာ ျပန္လည္၍ ေခၚထားဖို႔ေတာ့ လုံးဝမျဖစ္ႏိုင္တဲ့ အခါ ရင္ေသြးႏွစ္ေယာက္ အသက္မေသ လုံၿခဳံေအာင္ မိမိႏွင့္လည္း အလွမ္းမေဝးရေအာင္ ဇြဲက ပင္ေတာင္ေပၚက ေတာအုပ္အငူလိုဏ္ဂူထဲတြင္ ထားခဲ့ေလသည္။ေမာင္ႏွမႏွစ္ေယာက္ အေမထားခဲ့ေသာ ေတာအုပ္အငူ လိုဏ္ဂူထဲကလည္း ေဝးေဝးလံလံကို မသြားဝံ့။ ၾကည့္ေလ ရာရာ ေတာအုပ္ႀကီးက ပိန္းပိတ္ညိဳေမွာင္ေနသည္။ တစ္ခါမွ မေရာက္ ဖူးသည့္ေနရာ၊ လူသူကင္းေဝး၍ သားရဲတိရစာၦန္တို႔ အသံမ်ားကိုသာ ၾကားရသည့္ ေနရာမွာ မိခင္က လာပို႔ထားခဲ့သည္။ပေထြးရန္ကို ေၾကာက္လြန္းလို႔သာ ေနခဲ့ရေပမယ့္ အေမ့ကို မခြဲခ်င္ၾက၊ လြမ္းေပမယ့္လည္း လမ္းကမသိ၊ ေတာတိရစာၦန္တို႔ ရန္ကရွိေသးသည္။ အနီးအပါးက ရသမွ် ေတာသီးႏွံေလးမ်ား ကို ခူးဆြတ္ စားေသာက္ရင္း ဥတုရာသီႏွင့္ ေတာဒဏ္ကို ႀကံ့ႀကံ့ခံေနၾကရရွာသည္။ႏွမငယ္ကေလးက ဘာမွ်မသိရွာေသးေတာ့ အစ္ကိုျဖစ္သူမွာ ဂ႐ုစိုက္ရသည္။ မ်က္စိေအာက္က အေပ်ာက္မခံရဲ၊ အေဖကိုတမ္းတ၊ အေမ့ကို လြမ္းရေသာ ေဝဒနာတို႔ကို ႀကိတ္မွတ္ခံစားရင္း ဒုကၡမုန္တိုင္းဒဏ္ကို အလူးအလဲ အံတုေနၾကရွာသည္။ရံဖန္ရံခါတြင္ ဇြဲကပင္ ေတာင္သို႔ ဘုရားဖူး လာၾကသူမ်ား ေရာက္လာၾကပါ၏။ ၎တို႔ေပးသြား ေသာ စားေရရိကၡာ မစို႔မပို႔ေလးႏွင့္ မွ်တစားရသည့္အခါလည္း ရွိသည္။ငယ္႐ြယ္သူ ႏွမေလးကို ငဲ့ညႇာရလြန္းေတာ့ အစ္ကို လုပ္သူမွာ ဝလင္သည္ဟုပင္ မရွိခဲ့ေပ။ တစ္ ေန႔ေသာ နံနက္တြင္ ခ်မ္းေအးလွေသာ ရာသီဥတုကို မီးပုံဖိုၿပီး ေမာင္ႏွမႏွစ္ေယာက္ အံတု ရင္ ဆိုင္ေနၾကစဥ္ ခံ့ညားေသာ ရေသ့အိုႀကီးတစ္ပါး သူတို႔ေမာင္ႏွမႏွစ္ေယာက္ထံ ေရာက္လာသည္။ရေသ့ႀကီးမွ ငယ္႐ြယ္လွေသာ သနားဖြယ္ ေမာင္ႏွမႏွစ္ဦးအား ေ႐ႊေရာင္ဝင္းေနသည့္ ေဆးလုံး သုံးလုံးေပးကာ မီးဖိုအတြင္းသို႔ ဆင္းခိုင္းသည္။ ခုန္ဆင္း လိုက္ေသာအခါ ငယ္႐ြယ္ႏုပ်ိဳေသာ လုလင္ပ်ိဳႏွင့္ လုံမပ်ိဳေလး ႏွစ္ဦးအျဖစ္သို႔ ေျပာင္းလဲသြားေလသည္။ေမာင္ႏွမႏွစ္ဦးမွ ရေသ့ႀကီးေပးခဲ့ေသာ သုံးမကုန္ႏိုင္တဲ့ အစြမ္းေတြ၊ ဣဒၶိပါဒ္တန္ခိုးေတြ ရၾကၿပီး ရေသ့ႀကီးအား ေပးခဲ့ေသာ ကတိစကားအတိုင္း“သာသနာေတာ္အတြက္ လုံ႔လဝီရိယ စိုက္ၾကေပေတာ့၊ သာသနာေတာ္ကို ၾကည္ညိဳ သူေတြ၊ ေဟာဒီ ဇြဲကပင္ေတာင္ကို ဘုရားဖူး လာၾကသူေတြ မွန္သမွ် စီးပြားေရး လာဘ္လာဘတိုးေအာင္၊ က်န္းမာ႐ႊင္ လန္းေအာင္ မင္းတို႔ေမာင္ႏွမ ေစာင့္ေရွာက္ ရစ္ၾကေပေတာ့”ဟူေသာ အမွာစကားအတိုင္း သစၥာျပဳကာ ဇြဲကပင္ေတာင္ေတာ္ႏွင့္ ဆံေတာ္ရွင္ျမတ္အား ေစာင့္ေရွာက္ ေနခဲ့ပါသည္။ဇြဲကပင္ေတာင္ေျခမွ လြမ္းဆြတ္ေၾကကြဲဖြယ္ရာ၊ ဂ႐ုဏာသက္ဖြယ္ ဓါတ္နန္းရွင္ေမာင္ႏွမ ဓာတ္ နန္းရွင္ စခန္းမွာ လြန္ခဲ့ေသာႏွစ္ေပါင္း(၅၀)ခန႔္က ေနာင္းအိမ္ဆိုင္ ဆရာေတာ္ ဦးေကတု ဦး ေဆာင္ တည္ေဆာက္ခဲ့ျခင္း ျဖစ္သည္။ဇြဲကပင္ ဆရာေတာ္ ဦးကဝိဓဇက ဘုရားဖူးမ်ား အပန္းအျဖစခန္းလည္းျဖစ္၊ သတိရ ေအာက္ေမ့ ရာလည္းျဖစ္ေအာင္ ထပ္မံမြမ္းမံ ခဲ့ျခင္း ျဖစ္သည္ဟု သိရွိရပါသည္။