ဉာဏ်ကောင်းတဲ့ ယုန်ကလေးနဲ့ ကျွဲအိုကြီး

တခါတုန်းက လယ်လုပ်ငန်း တွေကို လုပ်ကိုင်တဲ့ လယ်သမားကြီး တယောက်မှာ ကျွဲကြီးတကောင် ရှိသတဲ့။ အဲဒီ ကျွဲကြီးဟာ ငယ်ရွယ်စဉ် အခါက လယ်သမားကြီးရဲ့ လယ်လုပ်ငန်းကို စွမ်းစွမ်းတမံ လုပ်ကိုင်ပေး ပေမယ့် အသက်အရွယ် ကြီးရင့်လာတဲ့ အခါမှာ အလုပ်ကို အင်နဲ အားနဲ့ မလုပ်နိုင် တော့ဘူးတဲ့။ဒါကြောင့် လယ်သမားကြီးဟာ ကျွဲကြီးကို သားသတ်သမား တွေဆီ ရောင်းဖို့ ဆုံးဖြတ်လိုက် ပါတယ်။ အဲဒီ သတင်းကို ကြားတဲ့အခါမှာတော့ သနားစရာ ကောင်းတဲ့ ကျွဲကြီးဟာ ညှိုးငယ်စွာနဲ့ တောထဲကို ထွက်လာခဲ့ ပါတယ်။ တောထဲကို ရောက်တော့ ပညာရှိ ယုန်တကောင်နဲ့ တွေ့သတဲ့။ယုန်က ကျွဲကြီးရဲ့ စိတ်ပျက်နေတဲ့ အမူအယာကို မြင်တဲ့အခါမှာ “မိတ်ဆွေ ကျွဲကြီး၊ ဘာဖြစ်လို့ ညှိုးငယ်စွာနဲ့ ခြေဦးတည့်ရာ လျှောက်သွားနေတာလဲ” လို့ မေးမြန်းလိုက်သတဲ့။ ကျွဲကြီးက ယုန်ပညာရှိ စကားကို ကြားတော့ “အို၊ ယုန်ပညာရှိ၊ ကျွန်ုပ်ဟာ သခင်ရဲ့ အကျိုးစီးပွားကို နှစ်ပေါင်းများစွာ ခွန်အား စိုက်ထုတ်ပြီး ထမ်းဆောင်ခဲ့ ပါတယ်။အခု အိုမင်းမစွမ်းတဲ့ အချိန်မှာ သခင်က ကျွန်ုပ်အား သားသတ်သမားများ ဆီကို ရောင်းစားဖို့ ကြံစည်နေ ပါတယ်။ ဒါကြောင့် ကျွန်ုပ်ဟာ မကြာခင်မှာပဲ သေရတော့မှာ ဖြစ်သောကြောင့် စိတ်ညစ်ပြီး တောထဲ ထွက်လာရတာ ဖြစ်ပါတယ်” လို့ ပြန်ပြောလိုက်သတဲ့။ အဲဒီအခါ ယုန်ပညာရှိက”မိတ်ဆွေ ကျွဲကြီး၊ ဒီအတွက် လုံးဝ စိတ်မပူပါနဲ့။ သင့်တွင် ခွန်အားများစွာ ကျန်ရှိကြောင်း သင့်သခင် သိအောင် ကျွန်ုပ် ကူညီပါမယ်။ သင်က ကျွန်ုပ်ပြောတဲ့ အတိုင်း ခဏ သေချင်ယောင် ဆောင်နေပါ” လို့ ဆိုပြီး သူရဲ့ အကြံအစည်ကို ပြောပြလိုက် ပါတယ်။ကျွဲကြီးလည်း ယုန်ပညာရှိ ပြောတဲ့ အကြံအစည်ကို ကြားတဲ့အခါ မှာတော့ အလွန် သဘောကျသွားပြီး မြေပြင်ပေါ်မှာ လှဲကာ သေချင်ယောင် ဆောင်နေလိုက် ပါတယ်။

အဲဒီအခါမှာ ယုန်ပညာရှိက တောထဲမှာ သတ္တဝါငယ်တွေကို အနိုင်ကျင့် သတ်ဖြတ်စားသောက်နေတဲ့ ကျားငစဉ်းလဲဆီ သွားပြီး”အရှင်ကျား မင်း၊ တောရဲ့ အလယ်မှာ ကျွဲသေ တကောင်ကို တွေ့ခဲ့ရ ပါတယ်။ ကျွဲသားဟာ အရှင်ကျားမင်း အတွက် အလွန်ရှားပါးပြီး ကောင်းမွန်တဲ့ အသားဖြစ်မှန်း သိရသဖြင့် လာရောက် သတင်း ပို့ရခြင်း ဖြစ်ပါတယ်။ ကျွဲသေရှိတဲ့ နေရာကို ကျွန်ုပ် လိုက်လံ ပြသပါမယ်။ ကျွန်ုပ်နောက် လိုက်ခဲ့ပါ” လို့ ပြောဆိုပြီး ခေါ်လာခဲ့သတဲ့။ အစာငမ်းတဲ့ ကျားငစဉ်းလဲဟာ ယုန်ပညာရှိရဲ့ စကားကို ယုံကြည်ပြီး ဝမ်းမြောက်ဝမ်း သာနဲ့ လိုက်လာခဲ့ ပါတယ်။ ဒီလိုနဲ့ သေချင်ယောင် ဆောင်နေတဲ့ ကျွဲကြီးဆီကို ရောက်တဲ့ အခါမှာတော့ ယုန်ပညာရှိက”အရှင်ကျားမင်း၊ ဒီနေရာမှာ ကျွဲသားကို စားရန်မသင့်ပါ။ ခြင်္သေ့များ ရောက်လာလျှင် အရှင်ကျားမင်း အခက်ကြုံရ ပါလိမ့်မယ်။ ဒါကြောင့် အရှင်ကျားမင်းရဲ့ နေရာကို ယူဆောင်ပြီးမှ အေအေးဆေးဆေး စားသုံးသင့် ပါတယ်” လို့ အကြံပေး လိုက်ပါတယ်။အဲဒီအခါ ကျားမင်းက “ယုန်ရဲ့ အကြံဟာ အလွန်ပဲ သင့်မြတ် ကောင်းမွန် ပါတယ်။ ငါ့အတွက်လည်း အန္တရာယ် ကင်းပါတယ်။ ဒါပေမယ့် ကျွဲသေကို ငါနေတဲ့ဆီ ဘယ်လို ယူဆောင်ရမလဲ” လို့ ပြန်မေးသတဲ့။ယုန်က “အရှင်ကျားမင်း အဲဒီအတွက် မပူပါနဲ့။ ကျွန်ုပ် အကြံပေးရရင် အရှင်ကျားမင်း အမြီးနဲ့ ကျွဲအမြီးကို ချည်နှောင်ပြီး နေထိုင်ရာ အရပ်ကို အလွယ်တကူ တရွတ်တိုက် ဆွဲယူသွားနိုင်ပါတယ်” ဆိုပြီး ပြောလိုက်တယ်။ဒါကြောင့် ကျားမင်းဟာ ယုန်ပညာရှိ အ ကြံပေးချက် အတိုင်း အမြီးချင်း ချည်နှောင်လို့ ရအောင် မြေပြင်ပေါ်ကို လဲချပေးလိုက်သတဲ့။ ယုန်က ကျွဲကြီးနဲ့ ကျားရဲ့ အမြီးကို ချည် နှောင်လို့ ပေးပြီးချိန်မှာ သေချင်ယောင် ဆောင်နေတဲ့ ကျွဲကြီးရဲ့ တင်ပါးကို ခပ်ဆတ်ဆတ်ကလေး ရိုက်လိုက်ပါတယ်။ဒါကြောင့် ကျွဲအိုကြီးဟာ ရုတ်တရက် နေရာကနေ ထကာ ကျားစဉ်းလဲကို တရွတ်တိုက် ဆွဲပြီး အိမ်ဘက်ဆီကို ပြန်ပြေးသတဲ့။ အစာမက်တဲ့ ကျားကြီးဟာ ရုတ် တ ရက် ဖြစ်ပေါ်လာတဲ့ အဖြစ်အပျက်ကြောင့် ဘာမှ မတတ်နိုင်တော့ဘဲ တရွတ်တိုက် ပါသွားတယ်။ဒီလိုနဲ့ အချိန်အတော် ကြာတော့ ကျွဲ ကြီးဟာ အိမ်ကို ရောက်ရှိလာ ခဲ့ပါတယ်။ အဲဒီအခါ လယ်သမားကြီးဟာ ကျားကို တရွတ်တိုက် ဆွဲလာတဲ့ ကျွဲအိုကြီးကို ကြည့်ပြီး အံ့ဩနေသတဲ့။ကျားကြီးကလည်း တရွတ်တိုက် ဆွဲလာတဲ့ ဒဏ်ကြောင့် သေလုမျောပါး ဖြစ်နေတယ်။ ဒါကြောင့် လယ်သမားကြီးဟာ သူ့မှာရှိတဲ့ လှံနဲ့ ကျားကို ထိုးသတ်လိုက်ပါတယ်။ အဲဒီအချိန်က စပြီး လယ်သမားကြီးဟာ ကျွဲကြီးကို သားသတ်သမားတို့ဆီ မရောင်းတော့ဘဲ ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက် ထားသတဲ့။

Credit – Phoo Myat Chal

[zawgyi]

တခါတုန္းက လယ္လုပ္ငန္း ေတြကို လုပ္ကိုင္တဲ့ လယ္သမားႀကီး တေယာက္မွာ ကြၽဲႀကီးတေကာင္ ရွိသတဲ့။ အဲဒီ ကြၽဲႀကီးဟာ ငယ္႐ြယ္စဥ္ အခါက လယ္သမားႀကီးရဲ႕ လယ္လုပ္ငန္းကို စြမ္းစြမ္းတမံ လုပ္ကိုင္ေပး ေပမယ့္ အသက္အ႐ြယ္ ႀကီးရင့္လာတဲ့ အခါမွာ အလုပ္ကို အင္နဲ အားနဲ႔ မလုပ္ႏိုင္ ေတာ့ဘူးတဲ့။ဒါေၾကာင့္ လယ္သမားႀကီးဟာ ကြၽဲႀကီးကို သားသတ္သမား ေတြဆီ ေရာင္းဖို႔ ဆုံးျဖတ္လိုက္ ပါတယ္။ အဲဒီ သတင္းကို ၾကားတဲ့အခါမွာေတာ့ သနားစရာ ေကာင္းတဲ့ ကြၽဲႀကီးဟာ ညႇိဳးငယ္စြာနဲ႔ ေတာထဲကို ထြက္လာခဲ့ ပါတယ္။ ေတာထဲကို ေရာက္ေတာ့ ပညာရွိ ယုန္တေကာင္နဲ႔ ေတြ႕သတဲ့။ယုန္က ကြၽဲႀကီးရဲ႕ စိတ္ပ်က္ေနတဲ့ အမူအယာကို ျမင္တဲ့အခါမွာ “မိတ္ေဆြ ကြၽဲႀကီး၊ ဘာျဖစ္လို႔ ညႇိဳးငယ္စြာနဲ႔ ေျခဦးတည့္ရာ ေလွ်ာက္သြားေနတာလဲ” လို႔ ေမးျမန္းလိုက္သတဲ့။ ကြၽဲႀကီးက ယုန္ပညာရွိ စကားကို ၾကားေတာ့ “အို၊ ယုန္ပညာရွိ၊ ကြၽႏ္ုပ္ဟာ သခင္ရဲ႕ အက်ိဳးစီးပြားကို ႏွစ္ေပါင္းမ်ားစြာ ခြန္အား စိုက္ထုတ္ၿပီး ထမ္းေဆာင္ခဲ့ ပါတယ္။အခု အိုမင္းမစြမ္းတဲ့ အခ်ိန္မွာ သခင္က ကြၽႏ္ုပ္အား သားသတ္သမားမ်ား ဆီကို ေရာင္းစားဖို႔ ႀကံစည္ေန ပါတယ္။ ဒါေၾကာင့္ ကြၽႏ္ုပ္ဟာ မၾကာခင္မွာပဲ ေသရေတာ့မွာ ျဖစ္ေသာေၾကာင့္ စိတ္ညစ္ၿပီး ေတာထဲ ထြက္လာရတာ ျဖစ္ပါတယ္” လို႔ ျပန္ေျပာလိုက္သတဲ့။ အဲဒီအခါ ယုန္ပညာရွိက”မိတ္ေဆြ ကြၽဲႀကီး၊ ဒီအတြက္ လုံးဝ စိတ္မပူပါနဲ႔။ သင့္တြင္ ခြန္အားမ်ားစြာ က်န္ရွိေၾကာင္း သင့္သခင္ သိေအာင္ ကြၽႏ္ုပ္ ကူညီပါမယ္။ သင္က ကြၽႏ္ုပ္ေျပာတဲ့ အတိုင္း ခဏ ေသခ်င္ေယာင္ ေဆာင္ေနပါ” လို႔ ဆိုၿပီး သူရဲ႕ အႀကံအစည္ကို ေျပာျပလိုက္ ပါတယ္။ကြၽဲႀကီးလည္း ယုန္ပညာရွိ ေျပာတဲ့ အႀကံအစည္ကို ၾကားတဲ့အခါ မွာေတာ့ အလြန္ သေဘာက်သြားၿပီး ေျမျပင္ေပၚမွာ လွဲကာ ေသခ်င္ေယာင္ ေဆာင္ေနလိုက္ ပါတယ္။အဲဒီအခါမွာ ယုန္ပညာရွိက ေတာထဲမွာ သတၱဝါငယ္ေတြကို အႏိုင္က်င့္ သတ္ျဖတ္စားေသာက္ေနတဲ့ က်ားငစဥ္းလဲဆီ သြားၿပီး”အရွင္က်ား မင္း၊ ေတာရဲ႕ အလယ္မွာ ကြၽဲေသ တေကာင္ကို ေတြ႕ခဲ့ရ ပါတယ္။ ကြၽဲသားဟာ အရွင္က်ားမင္း အတြက္ အလြန္ရွားပါးၿပီး ေကာင္းမြန္တဲ့ အသားျဖစ္မွန္း သိရသျဖင့္ လာေရာက္ သတင္း ပို႔ရျခင္း ျဖစ္ပါတယ္။ ကြၽဲေသရွိတဲ့ ေနရာကို ကြၽႏ္ုပ္ လိုက္လံ ျပသပါမယ္။ ကြၽႏ္ုပ္ေနာက္ လိုက္ခဲ့ပါ” လို႔ ေျပာဆိုၿပီး ေခၚလာခဲ့သတဲ့။ အစာငမ္းတဲ့ က်ားငစဥ္းလဲဟာ ယုန္ပညာရွိရဲ႕ စကားကို ယုံၾကည္ၿပီး ဝမ္းေျမာက္ဝမ္း သာနဲ႔ လိုက္လာခဲ့ ပါတယ္။ ဒီလိုနဲ႔ ေသခ်င္ေယာင္ ေဆာင္ေနတဲ့ ကြၽဲႀကီးဆီကို ေရာက္တဲ့ အခါမွာေတာ့ ယုန္ပညာရွိက”အရွင္က်ားမင္း၊ ဒီေနရာမွာ ကြၽဲသားကို စားရန္မသင့္ပါ။ ျခေသၤ့မ်ား ေရာက္လာလွ်င္ အရွင္က်ားမင္း အခက္ႀကဳံရ ပါလိမ့္မယ္။ ဒါေၾကာင့္ အရွင္က်ားမင္းရဲ႕ ေနရာကို ယူေဆာင္ၿပီးမွ ေအေအးေဆးေဆး စားသုံးသင့္ ပါတယ္” လို႔ အႀကံေပး လိုက္ပါတယ္။အဲဒီအခါ က်ားမင္းက “ယုန္ရဲ႕ အႀကံဟာ အလြန္ပဲ သင့္ျမတ္ ေကာင္းမြန္ ပါတယ္။ ငါ့အတြက္လည္း အႏၲရာယ္ ကင္းပါတယ္။ ဒါေပမယ့္ ကြၽဲေသကို ငါေနတဲ့ဆီ ဘယ္လို ယူေဆာင္ရမလဲ” လို႔ ျပန္ေမးသတဲ့။ယုန္က “အရွင္က်ားမင္း အဲဒီအတြက္ မပူပါနဲ႔။ ကြၽႏ္ုပ္ အႀကံေပးရရင္ အရွင္က်ားမင္း အၿမီးနဲ႔ ကြၽဲအၿမီးကို ခ်ည္ေႏွာင္ၿပီး ေနထိုင္ရာ အရပ္ကို အလြယ္တကူ တ႐ြတ္တိုက္ ဆြဲယူသြားႏိုင္ပါတယ္” ဆိုၿပီး ေျပာလိုက္တယ္။ဒါေၾကာင့္ က်ားမင္းဟာ ယုန္ပညာရွိ အ ႀကံေပးခ်က္ အတိုင္း အၿမီးခ်င္း ခ်ည္ေႏွာင္လို႔ ရေအာင္ ေျမျပင္ေပၚကို လဲခ်ေပးလိုက္သတဲ့။ ယုန္က ကြၽဲႀကီးနဲ႔ က်ားရဲ႕ အၿမီးကို ခ်ည္ ေႏွာင္လို႔ ေပးၿပီးခ်ိန္မွာ ေသခ်င္ေယာင္ ေဆာင္ေနတဲ့ ကြၽဲႀကီးရဲ႕ တင္ပါးကို ခပ္ဆတ္ဆတ္ကေလး ႐ိုက္လိုက္ပါတယ္။ဒါေၾကာင့္ ကြၽဲအိုႀကီးဟာ ႐ုတ္တရက္ ေနရာကေန ထကာ က်ားစဥ္းလဲကို တ႐ြတ္တိုက္ ဆြဲၿပီး အိမ္ဘက္ဆီကို ျပန္ေျပးသတဲ့။ အစာမက္တဲ့ က်ားႀကီးဟာ ႐ုတ္ တ ရက္ ျဖစ္ေပၚလာတဲ့ အျဖစ္အပ်က္ေၾကာင့္ ဘာမွ မတတ္ႏိုင္ေတာ့ဘဲ တ႐ြတ္တိုက္ ပါသြားတယ္။ဒီလိုနဲ႔ အခ်ိန္အေတာ္ ၾကာေတာ့ ကြၽဲ ႀကီးဟာ အိမ္ကို ေရာက္ရွိလာ ခဲ့ပါတယ္။ အဲဒီအခါ လယ္သမားႀကီးဟာ က်ားကို တ႐ြတ္တိုက္ ဆြဲလာတဲ့ ကြၽဲအိုႀကီးကို ၾကည့္ၿပီး အံ့ဩေနသတဲ့။က်ားႀကီးကလည္း တ႐ြတ္တိုက္ ဆြဲလာတဲ့ ဒဏ္ေၾကာင့္ ေသလုေမ်ာပါး ျဖစ္ေနတယ္။ ဒါေၾကာင့္ လယ္သမားႀကီးဟာ သူ႔မွာရွိတဲ့ လွံနဲ႔ က်ားကို ထိုးသတ္လိုက္ပါတယ္။ အဲဒီအခ်ိန္က စၿပီး လယ္သမားႀကီးဟာ ကြၽဲႀကီးကို သားသတ္သမားတို႔ဆီ မေရာင္းေတာ့ဘဲ ေကာင္းမြန္စြာ ေကြၽးေမြးေစာင့္ေရွာက္ ထားသတဲ့။