ညဉ့်နက်တဲ့အထိ အိပ်ယာထဲ ဖုန်းသုံးခြင်းရဲ့ ဆိုးကျိုးများ

ကျန်းမာရေးပါရဂူကြီးများရဲ့ လေ့လာတွေ့ရှိချက်အရ လူသားတွေအတွက် အကောင်းဆုံး အိပ်စက်အနားယူချိန်ဟာ ည ၁၁ နာရီမှ မနက် ၃ နာရီအတွင်းဖြစ်တယ်လို့ သိရပါတယ်။ဒီအဆိုကို ဆေးပညာရှင်များအားလုံးနီးကလည်း လက်ခံထားကြပါတယ်။ ၁၁-၃ အတွင်း အနားမယူပဲ အလုပ်တစ်ခုခု လုပ်နေမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်စေလိမ့်မယ်။ ချက်ချင်းမဟုတ်ပေမယ့် ရေရှည်မှာ ဆိုးဝါးလာစေနိုင်ပါတယ်။အကြောင်းကတော့ လူ့ခန္ဓာကိုယ်ထဲမှာ အဓိကအရေးကြီးဆုံး အလုပ်လုပ်ပေးနေတဲ့ အသည်းဟာ ၁၁-၃ အချိန်မှာ လူတို့စားသုံးထားတဲ့ အစားအစာများထဲမှ အဆိပ်အတောက်နဲ့ မလိုအပ်တဲ့အရာများကို စစ်ထုတ်ပေးနေရလို့ပါပဲ။ အသည်းရဲ့ အလုပ်လုပ်ချိန်လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။အဲဒီအချိန်အတွင်း ခန္ဓာကိုယ်ကို အနားပေးထားရပါတယ်။ အိပ်စက်အနားယူရပါတယ်။ အနားမပေးရင် အသည်းရဲ့ လုပ်ဆောင်မှုများကို ထိခိုက်လျှော့နည်းစေပြီး အသည်းကို တဖြေးဖြေး ပျက်စီးသွားစေပါတယ်။

အသည်းမကောင်းတော့ရင် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်များ ပုံမှန်မလည်ပတ်နိုင်တော့ပဲ စက်ပစ္စည်းတစ်ခုခုမှာ မူလီတစ်ခု ချွတ်ယွင်းရင် ကျန်တဲ့အစိတ်အပိုင်းများလည်း အဆင်မပြေနိုင်တော့သလို လူ့ခန္ဓာကိုယ်မှာလည်း အသည်းက အလုပ်မလုပ်နိုင်တော့ရင် အသည်းရောင်အသားဝါ B ပိုး၊ C ပိုး၊ စတဲ့ အသည်းရောဂါများအပြင် အခြားရောဂါများလည်း တစ်ခုပြီးတစ်ခု ဖြစ်စေပါတယ်။ဒါ့ကြောင့် ကျန်းမာရေးစောက်ရှောက်မှု မြင့်မားတဲ့ အချို့နိုင်ငံတွေမှာ ညဖက်အလုပ်လုပ်ရတဲ့ ဝန်ထမ်းများကို ရေရှည်မလုပ်စေပဲ အလှည့်ကျ လှဲလယ်ပေးတတ်ကြပါတယ်။အခုခေတ်မှာ ဖေ့စ်ဘုတ်ဟာ အိပ်ချိန်ကို အဓိက ဖဲ့ယူနေတဲ့အရာဖြစ်နေတာကြောင့် အသက်ကိုဉာဏ်စောင့်ဆိုတဲ့ စကားအတိုင်း ကိုယ့်အသက်ကို အသိဉာဏ်ဖြင့် ဂရုပြုနိုင်ကြစေရန် ကျန်းမာရေးဗဟုသုတအဖြစ် အသိပေးလိုက်ပါတယ်။ဖေ့စ်ဘုတ်တစ်ခုတည်းမဟုတ်ပဲ အခြား ဘာပဲလုပ်လုပ် အဲဒီအချိန်မှာ မအိပ်ရင် အသည်းရဲ့ လုပ်ဆောင်ချက်များကို ထိခိုက်စေပါတယ်။လူသားအားလုံး ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

Credit : xyznews

[zawgyi]

က်န္းမာေရးပါရဂူႀကီးမ်ားရဲ႕ ေလ့လာေတြ႕ရွိခ်က္အရ လူသားေတြအတြက္ အေကာင္းဆုံး အိပ္စက္အနားယူခ်ိန္ဟာ ည ၁၁ နာရီမွ မနက္ ၃ နာရီအတြင္းျဖစ္တယ္လို႔ သိရပါတယ္။ဒီအဆိုကို ေဆးပညာရွင္မ်ားအားလုံးနီးကလည္း လက္ခံထားၾကပါတယ္။ ၁၁-၃ အတြင္း အနားမယူပဲ အလုပ္တစ္ခုခု လုပ္ေနမယ္ဆိုရင္ က်န္းမာေရးကို ထိခိုက္ေစလိမ့္မယ္။ ခ်က္ခ်င္းမဟုတ္ေပမယ့္ ေရရွည္မွာ ဆိုးဝါးလာေစႏိုင္ပါတယ္။အေၾကာင္းကေတာ့ လူ႔ခႏၶာကိုယ္ထဲမွာ အဓိကအေရးႀကီးဆုံး အလုပ္လုပ္ေပးေနတဲ့ အသည္းဟာ ၁၁-၃ အခ်ိန္မွာ လူတို႔စားသုံးထားတဲ့ အစားအစာမ်ားထဲမွ အဆိပ္အေတာက္နဲ႔ မလိုအပ္တဲ့အရာမ်ားကို စစ္ထုတ္ေပးေနရလို႔ပါပဲ။ အသည္းရဲ႕ အလုပ္လုပ္ခ်ိန္လို႔ ဆိုရင္ ပိုမွန္ပါလိမ့္မယ္။အဲဒီအခ်ိန္အတြင္း ခႏၶာကိုယ္ကို အနားေပးထားရပါတယ္။ အိပ္စက္အနားယူရပါတယ္။ အနားမေပးရင္ အသည္းရဲ႕ လုပ္ေဆာင္မႈမ်ားကို ထိခိုက္ေလွ်ာ့နည္းေစၿပီး အသည္းကို တေျဖးေျဖး ပ်က္စီးသြားေစပါတယ္။အသည္းမေကာင္းေတာ့ရင္ ခႏၶာကိုယ္ဇီဝကမၼျဖစ္စဥ္မ်ား ပုံမွန္မလည္ပတ္ႏိုင္ေတာ့ပဲ စက္ပစၥည္းတစ္ခုခုမွာ မူလီတစ္ခု ခြၽတ္ယြင္းရင္ က်န္တဲ့အစိတ္အပိုင္းမ်ားလည္း အဆင္မေျပႏိုင္ေတာ့သလို လူ႔ခႏၶာကိုယ္မွာလည္း အသည္းက အလုပ္မလုပ္ႏိုင္ေတာ့ရင္ အသည္းေရာင္အသားဝါ B ပိုး၊ C ပိုး၊ စတဲ့ အသည္းေရာဂါမ်ားအျပင္ အျခားေရာဂါမ်ားလည္း တစ္ခုၿပီးတစ္ခု ျဖစ္ေစပါတယ္။ဒါ့ေၾကာင့္ က်န္းမာေရးေစာက္ေရွာက္မႈ ျမင့္မားတဲ့ အခ်ိဳ႕ႏိုင္ငံေတြမွာ ညဖက္အလုပ္လုပ္ရတဲ့ ဝန္ထမ္းမ်ားကို ေရရွည္မလုပ္ေစပဲ အလွည့္က် လွဲလယ္ေပးတတ္ၾကပါတယ္။အခုေခတ္မွာ ေဖ့စ္ဘုတ္ဟာ အိပ္ခ်ိန္ကို အဓိက ဖဲ့ယူေနတဲ့အရာျဖစ္ေနတာေၾကာင့္ အသက္ကိုဉာဏ္ေစာင့္ဆိုတဲ့ စကားအတိုင္း ကိုယ့္အသက္ကို အသိဉာဏ္ျဖင့္ ဂ႐ုျပဳႏိုင္ၾကေစရန္ က်န္းမာေရးဗဟုသုတအျဖစ္ အသိေပးလိုက္ပါတယ္။ေဖ့စ္ဘုတ္တစ္ခုတည္းမဟုတ္ပဲ အျခား ဘာပဲလုပ္လုပ္ အဲဒီအခ်ိန္မွာ မအိပ္ရင္ အသည္းရဲ႕ လုပ္ေဆာင္ခ်က္မ်ားကို ထိခိုက္ေစပါတယ္။လူသားအားလုံး က်န္းမာစြာ အသက္ရွည္ႏိုင္ၾကပါေစ။