တချိန်သမီးလေးကို ပြောပြရမယ်

တချိန် သမီးလေး သိဖို့ – “ကိစ္စမရှိဘူး ငါတို့က အချိန်တန်ယောက်ျားယူမှာ ယောက်ျားက ရှာကျွေးလိမ့်မယ်”တဲ့ဘာရယ်မဟုတ် ပြုံးတော့ပြုံးမိသား..၁၆နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့အတွေးကသိပ်ရိုးရှင်းတယ်လို့ တွေးရင်တွေးလို့ရသလိုအန္တရာယ်များလိုက်တာလို့တွေးရင်လည်းတွေးလို့ရနိုင်တာကိုး..သမီးတို့အနေနဲ့ယောက်ျားနောက်လိုက်သွားရုံနဲ့အရာရာ အဆင်ပြေသွားမယ်လို့ ထင်နေကြတာတွေထမင်း စားဖို့အတွက် ယောက်ျားယူလိုက်မယ်လို့ခပ်လွယ်လွယ်တွေးလိုက်တာတွေသိပ်များနေပြီလားလို့လည်းတွေးမိပါ့..ခုခေတ် ယောက်ျားတွေ (အများစု)ကအတွေးအမြင်တွေ ပြောင်းကုန်ကြတာသမီးတို့မသိသေးတာလား?ယောက်ျားတွေကအလုပ်ရှိတဲ့မိန်းကလေးကိုယ်က သိပ်ရုန်းပေးစရာမလိုတဲ့ မိန်းကလေးကိုပိုသဘောကျကြတယ်ဆိုတာ..ငွေရှိရင်ရှိ မရှိရင်ပညာတတ်ရာထူးရှိမှပိုသဘောကျကြတယ်ဆိုတာ..အလုပ်လုပ်တတ် စီးပွားရှာတတ် အမြင်ကျယ်တဲ့ မိန်းကလေးကိုမှပိုတွဲချင်ကြတယ်ဆိုတာ..သူတို့ကိုအစစအရာရာ သိပ်မမြီခိုတဲ့အရည်အချင်းရှိတဲ့ မိန်းကလေးကိုမှတန်ဖိုးပိုထားကြတယ်ဆိုတာ..ငါ့သမီးတို့သိအောင်ပြောပြချင်ပါဘိ..။ယောက်ျားလုပ်စာလက်ဖြန့်တောင်းပြီးအိမ်မှာပဲ ထ မင်း ချက် ကလေးထိုင်မွေးမယ့်မိန်းကလေးမျိုးကိုသိပ်မရွေးချင်ကြတော့ဘူးဆိုတာလည်းပြောပြချင်သေးတယ်(တချို့တွေကိုဆိုလိုတာနော်အားလုံးလို့မပြောဘူး)ခုခေတ်ယောက္ခမတွေကရော..အိမ်ပေါ်တက်လာတဲ့ချွေးမကို ဘယ်လိုကြိုဆိုကြသလဲ ဘာပညာမှမတတ် ဘာအလုပ်မှမလုပ်တတ်ဘယ်နေရာမှ ဝင်မဆန့်တဲ့ မိန်းကလေးမျိုးကိုဝမ်းသာအားရ ကြိုဆိုမယ့် ယောက္ခမမျိုး သိပ်ကိုရှားသွားပြီဆိုတာ ငါ့သမီးတို့သိပါလေစ..

အိမ်ထောင်မပြုခင်လူ့လောကအတွက် အခက်အခဲတွေတွေ့ရင်ရင်ဆိုင်နိုင်အောင်မိဘတွေက လက်နက်မျိုးစုံ တပ်ဆင်ပေးနေတာကို ငါ့သမီးတို့သိပါလေစ..ရော့ ပညာလက်နက်ငါ့ပညာနဲ့ငါလုပ်စားလို့ရတယ်။လင်မျက်နှာ ယောက္ခမမျက်နှာကြည့်စရာမလိုဘူး။ ရော့ အတွေး အခေါ်လက်နက်ဘယ်ဟာအကောင်း ဘယ်ဟာအဆိုးငါခွဲခြားနိုင်တယ်။ ရော့ အလုပ်အကိုင်လက်နက်ငါ့မှာ အလုပ်အကိုင်ရှိတယ်။ အ သိုင်းအဝိုင်းရှိတယ်..ငါ့တစ်ဝမ်းတစ်ခါး ငါရှာစားနိုင်တယ်။အဲဒီလိုလက်နက်တွေပါသွားတော့ ပိုမကောင်းဘူးလား..။မွေးရာပါလက်နက်ဟာ တစ်ဘဝလုံးအတွက်အာမခံချက်မရှိဘူးဆိုတာငါ့သမီးတို့ကို ပြောပြမယ့်သူမရှိဘူးလား..ပညာကမစုံ အတွေ့အကြုံကမရင့်ကျက်အလုပ်အကိုင်ကမရှိနဲ့ လင်ယူလိုက်ရုံနဲ့ဒုက္ခတွေငြိမ်းသွားတာမဟုတ်ဘူး ငါ့သမီးတို့..လင်ယူလိုက်မှဒုက္ခတွေစတာဆိုတာ ပြောပြချင်လိုက်တာ..တကယ်လို့များ သမီးလေးတို့ ရွေးချယ်လိုက်တဲ့ ယောက်ျားဟာကုတင်ပေါ်မှာပဲ ချစ်တတ်ပြီး ကျန်တဲ့အချိန်မှာဘဝရဲ့ဒုက္ခတွေအခက်အခဲတွေကို မျှဝေခံစားဖော်မရတဲ့ ယောက်ျားမျိုးဆိုရင်..လင်ယူပြီးမှ ကိုယ့်ဝမ်းကိုယ်ရှာစားနေရပြီးသူ့ကိုပါ ရှာကျွေးနေရရင်ငါ့သမီးတို့ အလကားနေအလ ကားလင်တစ်ယောက် အဖက်တင်နေမှာပေါ့..ကဲ.. ဘဝက ထင်သလောက်လွယ်သေးလား?လိုအပ်တဲ့လက်နက်မျိုးစုံ အစုံအလင်ပါမှလော ကကြီးထဲ ထွက်လိုက်စမ်းပါ..ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ မိန်းကလေးဟာကမ္ဘာပေါ်မှာ အလှဆုံးပဲ။ကိုယ်ရပ်တည်ဖို့အတွက်ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုတဲ့ မိန်းကလေးဟာကမ္ဘာပေါ်မှာ အလှဆုံးပဲ ထမင်းစားဖို့ လင်ယူစရာမလိုတဲ့ မိန်းကလေးဟာကမ္ဘာပေါ်မှာ အချေနိုင်ဆုံးပဲ..။ငါ့သမီးတွေကမ္ဘာ့အလှဆုံးမိန်းကလေးတွေဖြစ်ကြစမ်းပါ..။

မူရင်း Credit

[zawgyi]

တခ်ိန္ သမီးေလး သိဖို႔ – “ကိစၥမရွိဘူး ငါတို႔က အခ်ိန္တန္ေယာက္်ားယူမွာ ေယာက္်ားက ရွာေကြၽးလိမ့္မယ္”တဲ့ဘာရယ္မဟုတ္ ၿပဳံးေတာ့ၿပဳံးမိသား..၁၆ႏွစ္အ႐ြယ္ မိန္းကေလးတစ္ေယာက္ရဲ႕အေတြးကသိပ္႐ိုးရွင္းတယ္လို႔ ေတြးရင္ေတြးလို႔ရသလိုအႏၲရာယ္မ်ားလိုက္တာလို႔ေတြးရင္လည္းေတြးလို႔ရႏိုင္တာကိုး..သမီးတို႔အေနနဲ႔ေယာက္်ားေနာက္လိုက္သြား႐ုံနဲ႔အရာရာ အဆင္ေျပသြားမယ္လို႔ ထင္ေနၾကတာေတြထမင္း စားဖို႔အတြက္ ေယာက္်ားယူလိုက္မယ္လို႔ခပ္လြယ္လြယ္ေတြးလိုက္တာေတြသိပ္မ်ားေနၿပီလားလို႔လည္းေတြးမိပါ့..ခုေခတ္ ေယာက္်ားေတြ (အမ်ားစု)ကအေတြးအျမင္ေတြ ေျပာင္းကုန္ၾကတာသမီးတို႔မသိေသးတာလား?ေယာက္်ားေတြကအလုပ္ရွိတဲ့မိန္းကေလးကိုယ္က သိပ္႐ုန္းေပးစရာမလိုတဲ့ မိန္းကေလးကိုပိုသေဘာက်ၾကတယ္ဆိုတာ..ေငြရွိရင္ရွိ မရွိရင္ပညာတတ္ရာထူးရွိမွပိုသေဘာက်ၾကတယ္ဆိုတာ..အလုပ္လုပ္တတ္ စီးပြားရွာတတ္ အျမင္က်ယ္တဲ့ မိန္းကေလးကိုမွပိုတြဲခ်င္ၾကတယ္ဆိုတာ..သူတို႔ကိုအစစအရာရာ သိပ္မၿမီခိုတဲ့အရည္အခ်င္းရွိတဲ့ မိန္းကေလးကိုမွတန္ဖိုးပိုထားၾကတယ္ဆိုတာ..ငါ့သမီးတို႔သိေအာင္ေျပာျပခ်င္ပါဘိ..။ေယာက္်ားလုပ္စာလက္ျဖန႔္ေတာင္းၿပီးအိမ္မွာပဲ ထ မင္း ခ်က္ ကေလးထိုင္ေမြးမယ့္မိန္းကေလးမ်ိဳးကိုသိပ္မေ႐ြးခ်င္ၾကေတာ့ဘူးဆိုတာလည္းေျပာျပခ်င္ေသးတယ္(တခ်ိဳ႕ေတြကိုဆိုလိုတာေနာ္အားလုံးလို႔မေျပာဘူး)ခုေခတ္ေယာကၡမေတြကေရာ..အိမ္ေပၚတက္လာတဲ့ေခြၽးမကို ဘယ္လိုႀကိဳဆိုၾကသလဲ ဘာပညာမွမတတ္ ဘာအလုပ္မွမလုပ္တတ္ဘယ္ေနရာမွ ဝင္မဆန႔္တဲ့ မိန္းကေလးမ်ိဳးကိုဝမ္းသာအားရ ႀကိဳဆိုမယ့္ ေယာကၡမမ်ိဳး သိပ္ကိုရွားသြားၿပီဆိုတာ ငါ့သမီးတို႔သိပါေလစ..အိမ္ေထာင္မျပဳခင္လူ႔ေလာကအတြက္ အခက္အခဲေတြေတြ႕ရင္ရင္ဆိုင္ႏိုင္ေအာင္မိဘေတြက လက္နက္မ်ိဳးစုံ တပ္ဆင္ေပးေနတာကို ငါ့သမီးတို႔သိပါေလစ..ေရာ့ ပညာလက္နက္ငါ့ပညာနဲ႔ငါလုပ္စားလို႔ရတယ္။လင္မ်က္ႏွာ ေယာကၡမမ်က္ႏွာၾကည့္စရာမလိုဘူး။ ေရာ့ အေတြး အေခၚလက္နက္ဘယ္ဟာအေကာင္း ဘယ္ဟာအဆိုးငါခြဲျခားႏိုင္တယ္။ ေရာ့ အလုပ္အကိုင္လက္နက္ငါ့မွာ အလုပ္အကိုင္ရွိတယ္။ အ သိုင္းအဝိုင္းရွိတယ္..ငါ့တစ္ဝမ္းတစ္ခါး ငါရွာစားႏိုင္တယ္။အဲဒီလိုလက္နက္ေတြပါသြားေတာ့ ပိုမေကာင္းဘူးလား..။ေမြးရာပါလက္နက္ဟာ တစ္ဘဝလုံးအတြက္အာမခံခ်က္မရွိဘူးဆိုတာငါ့သမီးတို႔ကို ေျပာျပမယ့္သူမရွိဘူးလား..ပညာကမစုံ အေတြ႕အႀကဳံကမရင့္က်က္အလုပ္အကိုင္ကမရွိနဲ႔ လင္ယူလိုက္႐ုံနဲ႔ဒုကၡေတြၿငိမ္းသြားတာမဟုတ္ဘူး ငါ့သမီးတို႔..လင္ယူလိုက္မွဒုကၡေတြစတာဆိုတာ ေျပာျပခ်င္လိုက္တာ..တကယ္လို႔မ်ား သမီးေလးတို႔ ေ႐ြးခ်ယ္လိုက္တဲ့ ေယာက္်ားဟာကုတင္ေပၚမွာပဲ ခ်စ္တတ္ၿပီး က်န္တဲ့အခ်ိန္မွာဘဝရဲ႕ဒုကၡေတြအခက္အခဲေတြကို မွ်ေဝခံစားေဖာ္မရတဲ့ ေယာက္်ားမ်ိဳးဆိုရင္..လင္ယူၿပီးမွ ကိုယ့္ဝမ္းကိုယ္ရွာစားေနရၿပီးသူ႔ကိုပါ ရွာေကြၽးေနရရင္ငါ့သမီးတို႔ အလကားေနအလ ကားလင္တစ္ေယာက္ အဖက္တင္ေနမွာေပါ့..ကဲ.. ဘဝက ထင္သေလာက္လြယ္ေသးလား?လိုအပ္တဲ့လက္နက္မ်ိဳးစုံ အစုံအလင္ပါမွေလာ ကႀကီးထဲ ထြက္လိုက္စမ္းပါ..ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ႏိုင္တဲ့ မိန္းကေလးဟာကမာၻေပၚမွာ အလွဆုံးပဲ။ကိုယ္ရပ္တည္ဖို႔အတြက္ဘယ္သူ႔ကိုမွ ဂ႐ုစိုက္စရာမလိုတဲ့ မိန္းကေလးဟာကမာၻေပၚမွာ အလွဆုံးပဲ ထမင္းစားဖို႔ လင္ယူစရာမလိုတဲ့ မိန္းကေလးဟာကမာၻေပၚမွာ အေခ်ႏိုင္ဆုံးပဲ..။ငါ့သမီးေတြကမာၻ႔အလွဆုံးမိန္းကေလးေတြျဖစ္ၾကစမ္းပါ..။