တန်ဖိုး နားမလည်သူတွေရှိတယ်

အဘိုးအိုတစ်ယောက်ဟာ တောင်ခြေမှာနေတယ်။ ခရီးသွားတွေက တောင်ပေါ်ကိုလာတက်ကြတယ်။ တောင်ပေါ်မှာရှိတဲ့ဘုရားကို သူတို့သွားဖူးကြတယ်။တောင်ခြေမှာ နေတဲ့ အဘိုးအိုဟာ တောင်ကြောပေါ်တက်တဲ့ လမ်းခရီး အလယ်လောက်မှာ ရေချမ်းစင်တစ်စင် သွားဆောက်ထားတယ်။ တောင်ကြောပေါ်တက်တဲ့လမ်းမှာ ရေမရှိဘူး။ အဘိုးအို လာလှူထားတဲ့ ရေချမ်းစင်မှာ လူတွေက ရေအေးအေးလေးတစ်ခွက်လောက်သောက်ပြီး အပန်းဖြေကာ တောင်ပေါ်ဆက်တက်ကြရတယ်။လူတွေက ရေကို လိုသလောက်ခပ်သောက်တာ မဟုတ်ပါဘူး။ တစ်ခွက်ခပ်ပြီး ထက်ဝက်သွန်လိုက်တာ များပါတယ်။အဘိုးအိုက တောင်အလယ်မှာရှိတဲ့ ရေချမ်းစင်ကို မနက်တစ်ခေါက်၊ နေ့လယ်တစ်ခေါက် ဆိုင်းထမ်းလေးနဲ့ ရေအေးအေးလေးတွေ ထမ်းပြီး လာဖြည့်ပေးနေတာ နှစ်အတော်ကြာနေပါပြီ။တောင်ပေါ်ကို တက်တဲ့သူတွေက အဘိုးအို ရေထမ်းလာတာကိုကြည့်ပြီး “မြန်မြန် ရေသွားဖြည့်ပါ ရေကုန်နေရင် ဘယ်လို လုပ်မလဲ”“ဘယ့်နှယ်… အဘိုး… ခင်ဗျားရေက သန့်ရဲ့လား”“သောက်ရေထည့်ရင် ရေစစ်နဲ့ စစ်ထည့်နော်”“သောက်ရေ မဖြည့်ခင် အိုးတွေကို ပြောင်အောင် ဆေးရဲ့လား”“ရေအိုးစင်က နည်းနည်းမြင့်နေတယ်။ ကျုပ်တို့လို အရပ်ပုတဲ့သူတွေနဲ့ အဆင်မပြေဘူး”“တကယ်ဆိုရင် တောင်ခြေကနေ ရေပိုက်နဲ့ အမြဲရေရအောင် ပိုက်လိုင်းသွယ်ထားရင်ပြီးတဲ့ဟာ”အဘိုးအိုက တစ်ခွန်းမှ မပြောပါဘူး။ ထမ်းပိုးနဲ့ မြေအိုးနှစ်လုံးကို ဆိုင်းထမ်းနဲ့ ထမ်းလာပြီး ရေအပြည့် နှစ်လုံးကို တင်ပြီးတိုင်း၊ အလွတ်နှစ်လုံးကို ပြန်ပြီး တောင်ခြေကို ပြန်ထမ်းသွားတတ်တယ်။

အဘိုးအိုက သူလုပ်နေကျအလုပ်ကို တာဝန်တစ်ခုလို ကုသိုလ်ပြုနေတာပဲ။ တစ်နေ့ကို မနက်စောစော တစ်ခေါက်၊ နေ့လယ်တစ်ခေါက် ရေပို့ပေးပါတယ်။နှစ်တွေကြာလာတော့ အားအင်တွေ ကုန်ခမ်းလာတဲ့ အဘိုးအိုဟာ ရေတွေကို အိုးအပြည့် မသယ်နိုင်တော့ ပါဘူး။ ဒါပေမဲ့ တစ် မနက်ကို တစ်ခေါက်တက်တဲ့နေရာမှာ နှစ်ခေါက်တက်တယ်။ ထက်ဝက်စီ နှစ်ကြိမ်သယ် လာတဲ့သဘောပေါ့။ အသက်တွေကြီးလာပြီလေ။“အဘိုးကြီး မြန်မြန်လုပ်ပါ။ ရေဆာလှပြီ”“ရေအိုးစင်ကလည်း ဆေးလေးဘာလေး သုတ်ပါဦး။ ကျက်သရေကို မရှိဘူး”“ရေပြတ်နေပြီဗျို့ … မြန်မြန်လေးလာပါ”“ရေအိုးစင်မှာ သဲလေးခင်း… စပါးပင်ပေါက်လေးတွေစိုက်… စိမ်းစိမ်းစိုစိုနဲ့ဆိုရင် ပိုကောင်းတာပေါ့”အဘိုးအိုက နောက်ပိုင်း တစ်နေ့ကို တစ်ခေါက်၊ တစ်ခေါက်ကို အိုးနှစ်လုံးမှာ ထက်ဝက်မနက်တစ်အိုးနေ့လယ်တစ်အိုးသူဒါပဲပို့နိုင်တော့တယ်။တစ်နေ့တော့ အဘိုးအို အိပ်ရာက မထနိုင်တော့ဘူး။ တောင်လယ်က ရေအိုးစင်မှာ လူတွေ စုနေကြပြီ“ရေ… ရေ… ရေဘယ်မှာလဲ”“ရေကို ဘာကြောင့် ပုံမှန်မထည့်ထားရတာလဲ”“အလကား… အသုံးကို မကျဘူး”လူတွေက စိတ်ဆိုးပြီး ရေအိုးစင်ကို ခြေနဲ့ကန်ကြတယ်။ အမိုးကို ဆွဲဖျက်ကြတယ်။ ရေမရှိတော့တဲ့ သောက်ရေအိုးကို ရိုက်ခွဲလိုက်ကြတယ်။“အလကား… ရေဖြည့်ပေးနေတဲ့ အဘိုးကြီး… အသုံးကိုမကျဘူး” လောကကြီးမှာ သည်လိုလူမျိူးတွေလည်း အများသားမို့ သတိထားနိုင်ကြပါစေ..။

Credit – ဆရာဦးတင်ညွန့်

[zawgyi]

အဘိုးအိုတစ္ေယာက္ဟာ ေတာင္ေျခမွာေနတယ္။ ခရီးသြားေတြက ေတာင္ေပၚကိုလာတက္ၾကတယ္။ ေတာင္ေပၚမွာရွိတဲ့ဘုရားကို သူတို႔သြားဖူးၾကတယ္။ေတာင္ေျခမွာ ေနတဲ့ အဘိုးအိုဟာ ေတာင္ေၾကာေပၚတက္တဲ့ လမ္းခရီး အလယ္ေလာက္မွာ ေရခ်မ္းစင္တစ္စင္ သြားေဆာက္ထားတယ္။ ေတာင္ေၾကာေပၚတက္တဲ့လမ္းမွာ ေရမရွိဘူး။ အဘိုးအို လာလႉထားတဲ့ ေရခ်မ္းစင္မွာ လူေတြက ေရေအးေအးေလးတစ္ခြက္ေလာက္ေသာက္ၿပီး အပန္းေျဖကာ ေတာင္ေပၚဆက္တက္ၾကရတယ္။လူေတြက ေရကို လိုသေလာက္ခပ္ေသာက္တာ မဟုတ္ပါဘူး။ တစ္ခြက္ခပ္ၿပီး ထက္ဝက္သြန္လိုက္တာ မ်ားပါတယ္။အဘိုးအိုက ေတာင္အလယ္မွာရွိတဲ့ ေရခ်မ္းစင္ကို မနက္တစ္ေခါက္၊ ေန႔လယ္တစ္ေခါက္ ဆိုင္းထမ္းေလးနဲ႔ ေရေအးေအးေလးေတြ ထမ္းၿပီး လာျဖည့္ေပးေနတာ ႏွစ္အေတာ္ၾကာေနပါၿပီ။ေတာင္ေပၚကို တက္တဲ့သူေတြက အဘိုးအို ေရထမ္းလာတာကိုၾကည့္ၿပီး “ျမန္ျမန္ ေရသြားျဖည့္ပါ ေရကုန္ေနရင္ ဘယ္လို လုပ္မလဲ”“ဘယ့္ႏွယ္… အဘိုး… ခင္ဗ်ားေရက သန႔္ရဲ႕လား”“ေသာက္ေရထည့္ရင္ ေရစစ္နဲ႔ စစ္ထည့္ေနာ္”“ေသာက္ေရ မျဖည့္ခင္ အိုးေတြကို ေျပာင္ေအာင္ ေဆးရဲ႕လား”“ေရအိုးစင္က နည္းနည္းျမင့္ေနတယ္။ က်ဳပ္တို႔လို အရပ္ပုတဲ့သူေတြနဲ႔ အဆင္မေျပဘူး”“တကယ္ဆိုရင္ ေတာင္ေျခကေန ေရပိုက္နဲ႔ အၿမဲေရရေအာင္ ပိုက္လိုင္းသြယ္ထားရင္ၿပီးတဲ့ဟာ”အဘိုးအိုက တစ္ခြန္းမွ မေျပာပါဘူး။ ထမ္းပိုးနဲ႔ ေျမအိုးႏွစ္လုံးကို ဆိုင္းထမ္းနဲ႔ ထမ္းလာၿပီး ေရအျပည့္ ႏွစ္လုံးကို တင္ၿပီးတိုင္း၊ အလြတ္ႏွစ္လုံးကို ျပန္ၿပီး ေတာင္ေျခကို ျပန္ထမ္းသြားတတ္တယ္။အဘိုးအိုက သူလုပ္ေနက်အလုပ္ကို တာဝန္တစ္ခုလို ကုသိုလ္ျပဳေနတာပဲ။ တစ္ေန႔ကို မနက္ေစာေစာ တစ္ေခါက္၊ ေန႔လယ္တစ္ေခါက္ ေရပို႔ေပးပါတယ္။ႏွစ္ေတြၾကာလာေတာ့ အားအင္ေတြ ကုန္ခမ္းလာတဲ့ အဘိုးအိုဟာ ေရေတြကို အိုးအျပည့္ မသယ္ႏိုင္ေတာ့ ပါဘူး။ ဒါေပမဲ့ တစ္ မနက္ကို တစ္ေခါက္တက္တဲ့ေနရာမွာ ႏွစ္ေခါက္တက္တယ္။ ထက္ဝက္စီ ႏွစ္ႀကိမ္သယ္ လာတဲ့သေဘာေပါ့။ အသက္ေတြႀကီးလာၿပီေလ။“အဘိုးႀကီး ျမန္ျမန္လုပ္ပါ။ ေရဆာလွၿပီ”“ေရအိုးစင္ကလည္း ေဆးေလးဘာေလး သုတ္ပါဦး။ က်က္သေရကို မရွိဘူး”“ေရျပတ္ေနၿပီဗ်ိဳ႕ … ျမန္ျမန္ေလးလာပါ”“ေရအိုးစင္မွာ သဲေလးခင္း… စပါးပင္ေပါက္ေလးေတြစိုက္… စိမ္းစိမ္းစိုစိုနဲ႔ဆိုရင္ ပိုေကာင္းတာေပါ့”အဘိုးအိုက ေနာက္ပိုင္း တစ္ေန႔ကို တစ္ေခါက္၊ တစ္ေခါက္ကို အိုးႏွစ္လုံးမွာ ထက္ဝက္မနက္တစ္အိုးေန႔လယ္တစ္အိုးသူဒါပဲပို႔ႏိုင္ေတာ့တယ္။တစ္ေန႔ေတာ့ အဘိုးအို အိပ္ရာက မထႏိုင္ေတာ့ဘူး။ ေတာင္လယ္က ေရအိုးစင္မွာ လူေတြ စုေနၾကၿပီ“ေရ… ေရ… ေရဘယ္မွာလဲ”“ေရကို ဘာေၾကာင့္ ပုံမွန္မထည့္ထားရတာလဲ”“အလကား… အသုံးကို မက်ဘူး”လူေတြက စိတ္ဆိုးၿပီး ေရအိုးစင္ကို ေျခနဲ႔ကန္ၾကတယ္။ အမိုးကို ဆြဲဖ်က္ၾကတယ္။ ေရမရွိေတာ့တဲ့ ေသာက္ေရအိုးကို ႐ိုက္ခြဲလိုက္ၾကတယ္။“အလကား… ေရျဖည့္ေပးေနတဲ့ အဘိုးႀကီး… အသုံးကိုမက်ဘူး” ေလာကႀကီးမွာ သည္လိုလူမ်ိဴးေတြလည္း အမ်ားသားမို႔ သတိထားႏိုင္ၾကပါေစ..။