တမလွန်သို့ အလည်သွားခြင်း

အမတ်ချုပ်ကြီးဘာဘယ်သည် သူ၏ဥာဏ်ပညာနှင့် ဟာသတို့ကြောင့် ဘုရင်ကြီးအာကဘာ၏ ချစ်မြတ်နိုးမှုကိုသာ ရရှိခြင်း မဟုတ်ပဲ သာ မန်ပြည်သူအများစု၏ ချစ်မြတ်နိုးမှုကိုလည်း ရရှိပြီး ပြည်သူတွေဟာ ကိုယ်ရေးကိုယ်တာ ကိစ္စတွေအတွက် အကြံဥာဏ်ရရှိဖို့ အဝေးကြီးကနေ သူ့ဆီကိုလာလေ့ရှိတယ်။ သို့သော်လည်းသူ၏ ကျော်ကြားမှုကိုမနာလိုဖြစ်ပြီး သူ့ကိုအသဲအသန် မုန်းတီးနေသည့် ၀န်ကြီးအဖွဲ့တစ်ဖွဲ့လည်းရှိခဲ့သည်။ သူတို့သည်အပြင်ပန်းအားဖြင့် ဘာဘယ်အား ချီးမွမ်းခြင်းနှင့်ချီးကျူးစကားပြောကြားခြင်းများ ပြုလုပ်ခဲ့ကြသော်လည်း အတွင်းစိတ်ထဲ၌ သူတို့ကဘာဘယ့်ကိုသတ်ရန်ပင် ကြံစည်ခဲ့သည်။ တစ်နေ့မှာသူတို့ဟာ အစီအစဉ်တစ်ခုချမှတ်ပြီး ဘုရင်ရဲ့ဆံသဆရာထံချဉ်းကပ်လာခဲ့တယ်။ ဆံသဆရာသည် ဘုရင့်လူယုံဖြစ်ပြီး ဘုရင်နှင့်အလွန်နီးကပ်သောကြောင့် ဘာဘယ်ကို အပြီးအပြတ် ရှင်းလင်းဖယ် ရှားပေးရန်အကူအညီတောင်းခဲ့သည်။ အောင်မြင်ခဲ့ရင် ငွေအမြောက်အများပေးမယ်လို့လည်း ကတိပေးထားတယ်။ စိတ်ထားမကောင်းတဲ့ ဆံသဆရာကလည်း သဘောတူလိုက်သည်။ နောက်တစ်ကြိမ်ဘုရင်ကြီး ဆံပင်ညှပ်လိုတဲ့အခါ ဆံသဆရာသည် ဆံပင်ညှပ်ပေးနေရင်း ဘုရင်ကြီး၏ နူးညံ့ချောမွေ့တဲ့ဆံကေသာကိုချီးမွမ်းခဲ့ပြီးနောက် သူအမှုထမ်းခဲ့ဖူးသော ဘုရင်ကြီးရဲ့ဖခင်၏ ဆံပင်အကြောင်း စကားစတင်ပြောခဲ့ပြီး ဘုရင်ဟောင်းကြီး၏ ကျေးဇူးတရားများကိုပြောကြားခဲ့သည်။ ထို့စကားများကြောင့် ဘုရင်ကြီး ကြွေနေစဉ် ဆက်ပြောသည်မှာ “ဘုရင်ကြီးအား ဧကရာဇ်အဖြစ် ဤမျှကြီးကျယ်သော ချမ်းသာသုခကိုခံစားရအောင် ဆောင်ရွက်ပေးခဲ့သော နတ်ရွာစံပြီးသည့် ဘိုးဘေးများကောင်းကျိုးအတွက် တစ်ခုခုလုပ်ပေးဖို့ကြိုးစားခဲ့ဘူးလား”ဟု ဘုရင်အားမေးခဲ့သည်။ မင်းကြီးမှ ဤမေးခွန်းကို အလွန်ဒေါသထွက်ခဲ့ပြီး “သေပြီးသူများအတွက် ဘယ်သူမှ ဘာမှမလုပ်ပေးနိုင်”ဟု ဆံသဆရာကို ဒေါသတကြီး ပြောခဲ့သည်။ ဆံပင်ညှပ်ဆရာက အလွန်အမင်းတောင်းပန်ခဲ့ပြီးနောက် “တမလွန်(ကောင်းကင်)မှ ပုဂ္ဂိုလ်များနှင့် ဆက်သွယ်ရန် အကူအညီရနိုင်မည့် မှော်ဆရာတစ်ဦးကို ကျွန်တော်သိပါတယ်။ ထိုမှော်ဆရာသည် ဘိုးဘေးတို့၏ သက်သာချောင်ချိမှုကို မေးမြန်းရန် လူတစ်ဦးအား တမလွန်(ကောင်းကင်)သို့ စေလွှတ်နိုင်ပါတယ်။ ဒါပေမယ့် စေလွှတ်မယ့်သူကို သေချာရွေးချယ်ဖို့လိုအပ်ပါတယ်။ ထိုသူသည် မှော်ဆရာ၏ညွှန်ကြားချက်များကိုသေချာလိုက်နာရန်နှင့် တထိုင်တည်း ဆုံးဖြတ်ချက်များချနိုင်ရန် လုံလောက်သောအသိဥာဏ်ရှိရမည်ဖြစ်ပါတယ်။ သူသည်အသိဥာဏ်ပညာနှင့် တာဝန်ယူမှုရှိရမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့ပြီးနောက် ဆံသဆရာသည် ထိုအလုပ်အတွက် အသင့်တော်ဆုံး၊ အကောင်းဆုံးပုဂ္ဂိုလ်ကိုအကြံပေးခဲ့သည်မှာ ဘာဘယ် သည်သာ ဝန်ကြီးများအားလုံးအနက်ပညာအရှိဆုံးဖြစ်သည်။မင်းကြီးသည် နတ်ရှာစံသွားသောဖခင်နှင့် ဆက်သွယ်နိုင်သည်ဟူ၍ ကြားရသောအခါအလွန်စိတ်လှုပ်ရှားသွားပြီး မှန်မမှန်၊ အဓိပ္ပာယ်ရှိမရှိပင် မစဉ်းစားနိုင်တောပဲ “ဘာလိုလုပ်ရမှာလဲ” ဟုမေးလိုက်တယ်။ ဆံပင်ညှပ်ဆရာက “ဘာဘယ့်ကို သင်္ချိုင်းမြေဆီခေါ်သွားပြီး သင်္ချိုင်းမှာ မှော်ဆရာက မီးနဲ့ယဇ်ပူ‌ဇော် ပေးလိမ့်မယ်၊ ဘာဘယ့်ကိုမီးလောင်သွားတယ်လို့မြင်ရပြီး မီးခိုးများနှင့်အတူ ကောင်းကင်သို့တက်သွားမယ် မှော်ဆရာက စကတည်းက မန္တန်များကိုရွတ်ဆိုပေးနေလို့ ဘာဘယ့်ကိုမီးမလောင်ပဲ ကောင်ကင်ကိုရောက်သွားမယ်” ဟုပြောလိုက်တယ်။

ဘုရင်က ဘာဘယ်အား ဤအစီအစဉ်ကိုပျော်ရွှင်စွာအသိပေးခဲ့တယ်။ ဘာဘယ်က သူသဘောမတူရင် မင်းကြီးစိတ်ခုပြီး ဒုက္ခရောက်နိုင်တာသိတာနဲ့ မင်းကြီးကို “အခုအကြံသည် အလွန်သင့်တော်ကောင်းမွန်လှပါသည်။ ဒီလိုအကြံကောင်းကို ဘယ်သူစိတ်ကူးခဲ့တာပါလဲဘုရား” ဟုမေးလိုက်သည်။ ဆံသဆရာရဲ့အကြံအစည်မှန်းသိတဲ့အခါ သူကခရီးရှည်အတွက် ငွေအများကြီးအပြင် သူ့မိသားစုကိစ္စကိုဖြေရှင်းဖို့ အ ချိန်တစ်လတောင်းခဲ့တယ်။ ဘုရင်သည် နှစ်ချက်လုံးကိုသဘောတူခဲ့တယ်။ မင်းကြီးထံက ငွေရပြီးတာနဲ့ ဒီတစ်လအတွင်းမှာ ယဇ်ပူဇော်တဲ့နေရာကနေ သူ့အိမ်ကိုမြေအောက်လိုဏ်ခေါင်းဖောက်ဖို့ ယုံကြည်စိတ်ချရတဲ့ လူအနည်းငယ်နဲ့ ကိုယ်တိုင် ဆောင်ရွက်ခဲ့တယ်။ ယဇ်ပူဇော်တဲ့နေ့မှာ ဘာဘယ်ဟာ ယဇ်ပူဇော်တဲ့နေရာကို ကိုယ်တိုင်ပျော်ရွှင်စွာတက်ရောက်သွားပြီး မီးရှို့လိုက်သည်နှင့် ဘာဘယ်ဟာ ဖုံးကွယ်ထားသောတံခါးမှတဆင့် မြေအောက်လှိုင်ခေါင်းထဲမှ အိမ်သို့ထွက်ပြေးခဲ့သည်။ သူသည်ဆံပင်များနှင့်မုတ်ဆိတ်ရှည်လာသည်အထိ လအ နည်းငယ် သူ၏အိမ်၌လျို့ဝှက်စွာ ပုန်းအောင်းနေခဲ့သည်။ ထိုအတောအတွင်းသူ၏ရန်သူများသည် ဘာဘယ်သေဆုံးသွားပြီဟု ထင်သောကြောင့် ၀မ်းမြောက်ဝမ်းသာဖြစ်ကြသည်။ ဒီလိုနဲ့ လအတော်ကြာပြီးတဲ့ တစ်ရက်မှာ ဘာဘယ်ဟာ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေး ဆံပင်များ ရှည်လျားစွာဖြင့် မင်းကြီးအဖေရဲ့သတင်းကို ယူဆောင်ပြီး နန်းတော်ကိုပြန်ရောက်လာတယ်။ ဘုရင်ကသူ့ကိုတွေ့တာနဲ့ မေးခွန်းတွေတစ်ခုပြီး တစ်ခုထုတ်ပြီးအလွန်သဘောကျနေတယ်။ ဘာဘယ်နဲ့ ဆံသဆရာကိုလည်း အလွန်ယုံကြည်လာခဲ့တယ်။ ဘာဘယ်က ဧကရာဇ်ဟောင်းကြီးဟာ စိတ်ဓါတ်ခွန်အား အလွန်ပြည့်၀ပြီး ကောင်းကင်ကနန်းတော်ကြီးထဲမှာ စည်းစိမ်ချမ်းသာအပြည့်နဲ့ သက်တောင့်သက်သာရှိတယ်လို့ ဘုရင်ကိုပြောခဲ့တယ်။ မင်းကြီးသည် ပစ္စည်းများနှင့် လူများကိုကောင်းကင်သို့စေလွှတ်ရန် နည်းလမ်းရှိနေပြီဟု ထင်သောကြောင့် နတ်ရွာစံဘုရင်ကြီး ဘာလိုအပ်နေသည်ကိုသိလိုလှသည်။ ဘာဘယ်က “ကောင်းကင်၌ အကုန်ပြည့်စုံသော်လည်း ဆံသဆရာမရှိ ပါဘုရား၊ ထို့ကြောင့်ကျွန်တော်မျိုးပင် မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေး ဆံပင်များ ရှည်လျားစွာဖြင့် နေခဲ့ရပါတယ်၊ ဧကရာဇ်ကြီးက သူညှပ်နေကြ ဆံသဆရာကို တတ်နိုင်ရင် ပို့ပေးဖို့ မှာကြားလိုက်ပါတယ် ဘုရား”ဟု လျောက်တင်လိုက်ပါတယ်။ ဒါကြောင့်ဘုရင်က ကောင်းကင်ကသူ့အဖေထံမှာ အမှုထမ်းဆောင်ဖို့ သူ့ဆံသဆရာကို စေလွှတ်ရန် ဆုံးဖြတ်လိုက်တယ်။ ကောင်းကင်သို့သွားဖို့ ပြင်ဆင်ရန် ဆံသဆရာနှင့်မှော်ဆရာနှစ်ယောက်လုံးကိုခေါ်ပြောခဲ့တယ်။ ဆံပင်ညှပ်သူသည် မိမိထောင်ချောက်ထဲ မိမိကျသွားသောကြောင့် သူ့မိသားစုကိုကာကွယ်ရန်အတွက် ဘာမျှမပြောနိုင်ပေ။ ယဇ် ပူ ဇော်ပြီးသည်နှင့် သူသည်ပွဲချင်းပြီးသေဆုံးခဲ့သည်။ ဘာဘယ့်ကို ဘယ်သူကမှထပ်ပြီးပူးပေါင်းကြံစည်ဝံ့မှာမဟုတ်ဘူး။ သင်ခန်းစာ – သူများမကောင်းကြံ ကိုယ်ဘေးဒဏ်ထိ။ ပညာနှင့် အကြံဉာဏ်သည်သာ အားကိုရာ။

မူရင်း Credit

[zawgyi]

အမတ္ခ်ဳပ္ႀကီးဘာဘယ္သည္ သူ၏ဥာဏ္ပညာႏွင့္ ဟာသတို႔ေၾကာင့္ ဘုရင္ႀကီးအာကဘာ၏ ခ်စ္ျမတ္ႏိုးမႈကိုသာ ရရွိျခင္း မဟုတ္ပဲ သာ မန္ျပည္သူအမ်ားစု၏ ခ်စ္ျမတ္ႏိုးမႈကိုလည္း ရရွိၿပီး ျပည္သူေတြဟာ ကိုယ္ေရးကိုယ္တာ ကိစၥေတြအတြက္ အႀကံဥာဏ္ရရွိဖို႔ အေဝးႀကီးကေန သူ႔ဆီကိုလာေလ့ရွိတယ္။ သို႔ေသာ္လည္းသူ၏ ေက်ာ္ၾကားမႈကိုမနာလိုျဖစ္ၿပီး သူ႔ကိုအသဲအသန္ မုန္းတီးေနသည့္ ၀န္ႀကီးအဖြဲ႕တစ္ဖြဲ႕လည္းရွိခဲ့သည္။ သူတို႔သည္အျပင္ပန္းအားျဖင့္ ဘာဘယ္အား ခ်ီးမြမ္းျခင္းႏွင့္ခ်ီးက်ဴးစကားေျပာၾကားျခင္းမ်ား ျပဳလုပ္ခဲ့ၾကေသာ္လည္း အတြင္းစိတ္ထဲ၌ သူတို႔ကဘာဘယ့္ကိုသတ္ရန္ပင္ ႀကံစည္ခဲ့သည္။ တစ္ေန႔မွာသူတို႔ဟာ အစီအစဥ္တစ္ခုခ်မွတ္ၿပီး ဘုရင္ရဲ႕ဆံသဆရာထံခ်ဥ္းကပ္လာခဲ့တယ္။ ဆံသဆရာသည္ ဘုရင့္လူယုံျဖစ္ၿပီး ဘုရင္ႏွင့္အလြန္နီးကပ္ေသာေၾကာင့္ ဘာဘယ္ကို အၿပီးအျပတ္ ရွင္းလင္းဖယ္ ရွားေပးရန္အကူအညီေတာင္းခဲ့သည္။ ေအာင္ျမင္ခဲ့ရင္ ေငြအေျမာက္အမ်ားေပးမယ္လို႔လည္း ကတိေပးထားတယ္။ စိတ္ထားမေကာင္းတဲ့ ဆံသဆရာကလည္း သေဘာတူလိုက္သည္။ ေနာက္တစ္ႀကိမ္ဘုရင္ႀကီး ဆံပင္ညႇပ္လိုတဲ့အခါ ဆံသဆရာသည္ ဆံပင္ညႇပ္ေပးေနရင္း ဘုရင္ႀကီး၏ ႏူးညံ့ေခ်ာေမြ႕တဲ့ဆံေကသာကိုခ်ီးမြမ္းခဲ့ၿပီးေနာက္ သူအမႈထမ္းခဲ့ဖူးေသာ ဘုရင္ႀကီးရဲ႕ဖခင္၏ ဆံပင္အေၾကာင္း စကားစတင္ေျပာခဲ့ၿပီး ဘုရင္ေဟာင္းႀကီး၏ ေက်းဇူးတရားမ်ားကိုေျပာၾကားခဲ့သည္။ ထို႔စကားမ်ားေၾကာင့္ ဘုရင္ႀကီး ေႂကြေနစဥ္ ဆက္ေျပာသည္မွာ “ဘုရင္ႀကီးအား ဧကရာဇ္အျဖစ္ ဤမွ်ႀကီးက်ယ္ေသာ ခ်မ္းသာသုခကိုခံစားရေအာင္ ေဆာင္႐ြက္ေပးခဲ့ေသာ နတ္႐ြာစံၿပီးသည့္ ဘိုးေဘးမ်ားေကာင္းက်ိဳးအတြက္ တစ္ခုခုလုပ္ေပးဖို႔ႀကိဳးစားခဲ့ဘူးလား”ဟု ဘုရင္အားေမးခဲ့သည္။ မင္းႀကီးမွ ဤေမးခြန္းကို အလြန္ေဒါသထြက္ခဲ့ၿပီး “ေသၿပီးသူမ်ားအတြက္ ဘယ္သူမွ ဘာမွမလုပ္ေပးႏိုင္”ဟု ဆံသဆရာကို ေဒါသတႀကီး ေျပာခဲ့သည္။ ဆံပင္ညႇပ္ဆရာက အလြန္အမင္းေတာင္းပန္ခဲ့ၿပီးေနာက္ “တမလြန္(ေကာင္းကင္)မွ ပုဂၢိဳလ္မ်ားႏွင့္ ဆက္သြယ္ရန္ အကူအညီရႏိုင္မည့္ ေမွာ္ဆရာတစ္ဦးကို ကြၽန္ေတာ္သိပါတယ္။ ထိုေမွာ္ဆရာသည္ ဘိုးေဘးတို႔၏ သက္သာေခ်ာင္ခ်ိမႈကို ေမးျမန္းရန္ လူတစ္ဦးအား တမလြန္(ေကာင္းကင္)သို႔ ေစလႊတ္ႏိုင္ပါတယ္။ ဒါေပမယ့္ ေစလႊတ္မယ့္သူကို ေသခ်ာေ႐ြးခ်ယ္ဖို႔လိုအပ္ပါတယ္။ ထိုသူသည္ ေမွာ္ဆရာ၏ၫႊန္ၾကားခ်က္မ်ားကိုေသခ်ာလိုက္နာရန္ႏွင့္ တထိုင္တည္း ဆုံးျဖတ္ခ်က္မ်ားခ်ႏိုင္ရန္ လုံေလာက္ေသာအသိဥာဏ္ရွိရမည္ျဖစ္ပါတယ္။ သူသည္အသိဥာဏ္ပညာႏွင့္ တာဝန္ယူမႈရွိရမွာ ျဖစ္ပါတယ္”ဟု ေျပာၾကားခဲ့ၿပီးေနာက္ ဆံသဆရာသည္ ထိုအလုပ္အတြက္ အသင့္ေတာ္ဆုံး၊ အေကာင္းဆုံးပုဂၢိဳလ္ကိုအႀကံေပးခဲ့သည္မွာ ဘာဘယ္ သည္သာ ဝန္ႀကီးမ်ားအားလုံးအနက္ပညာအရွိဆုံးျဖစ္သည္။မင္းႀကီးသည္ နတ္ရွာစံသြားေသာဖခင္ႏွင့္ ဆက္သြယ္ႏိုင္သည္ဟူ၍ ၾကားရေသာအခါအလြန္စိတ္လႈပ္ရွားသြားၿပီး မွန္မမွန္၊ အဓိပၸာယ္ရွိမရွိပင္ မစဥ္းစားႏိုင္ေတာပဲ “ဘာလိုလုပ္ရမွာလဲ” ဟုေမးလိုက္တယ္။ ဆံပင္ညႇပ္ဆရာက “ဘာဘယ့္ကို သခ်ႋဳင္းေျမဆီေခၚသြားၿပီး သခ်ႋဳင္းမွာ ေမွာ္ဆရာက မီးနဲ႔ယဇ္ပူ‌ေဇာ္ ေပးလိမ့္မယ္၊ ဘာဘယ့္ကိုမီးေလာင္သြားတယ္လို႔ျမင္ရၿပီး မီးခိုးမ်ားႏွင့္အတူ ေကာင္းကင္သို႔တက္သြားမယ္ ေမွာ္ဆရာက စကတည္းက မႏၲန္မ်ားကို႐ြတ္ဆိုေပးေနလို႔ ဘာဘယ့္ကိုမီးမေလာင္ပဲ ေကာင္ကင္ကိုေရာက္သြားမယ္” ဟုေျပာလိုက္တယ္။ဘုရင္က ဘာဘယ္အား ဤအစီအစဥ္ကိုေပ်ာ္႐ႊင္စြာအသိေပးခဲ့တယ္။ ဘာဘယ္က သူသေဘာမတူရင္ မင္းႀကီးစိတ္ခုၿပီး ဒုကၡေရာက္ႏိုင္တာသိတာနဲ႔ မင္းႀကီးကို “အခုအႀကံသည္ အလြန္သင့္ေတာ္ေကာင္းမြန္လွပါသည္။ ဒီလိုအႀကံေကာင္းကို ဘယ္သူစိတ္ကူးခဲ့တာပါလဲဘုရား” ဟုေမးလိုက္သည္။ ဆံသဆရာရဲ႕အႀကံအစည္မွန္းသိတဲ့အခါ သူကခရီးရွည္အတြက္ ေငြအမ်ားႀကီးအျပင္ သူ႔မိသားစုကိစၥကိုေျဖရွင္းဖို႔ အ ခ်ိန္တစ္လေတာင္းခဲ့တယ္။ ဘုရင္သည္ ႏွစ္ခ်က္လုံးကိုသေဘာတူခဲ့တယ္။ မင္းႀကီးထံက ေငြရၿပီးတာနဲ႔ ဒီတစ္လအတြင္းမွာ ယဇ္ပူေဇာ္တဲ့ေနရာကေန သူ႔အိမ္ကိုေျမေအာက္လိုဏ္ေခါင္းေဖာက္ဖို႔ ယုံၾကည္စိတ္ခ်ရတဲ့ လူအနည္းငယ္နဲ႔ ကိုယ္တိုင္ ေဆာင္႐ြက္ခဲ့တယ္။ ယဇ္ပူေဇာ္တဲ့ေန႔မွာ ဘာဘယ္ဟာ ယဇ္ပူေဇာ္တဲ့ေနရာကို ကိုယ္တိုင္ေပ်ာ္႐ႊင္စြာတက္ေရာက္သြားၿပီး မီးရႈိ႕လိုက္သည္ႏွင့္ ဘာဘယ္ဟာ ဖုံးကြယ္ထားေသာတံခါးမွတဆင့္ ေျမေအာက္လႈိင္ေခါင္းထဲမွ အိမ္သို႔ထြက္ေျပးခဲ့သည္။ သူသည္ဆံပင္မ်ားႏွင့္မုတ္ဆိတ္ရွည္လာသည္အထိ လအ နည္းငယ္ သူ၏အိမ္၌လ်ိဳ႕ဝွက္စြာ ပုန္းေအာင္းေနခဲ့သည္။ ထိုအေတာအတြင္းသူ၏ရန္သူမ်ားသည္ ဘာဘယ္ေသဆုံးသြားၿပီဟု ထင္ေသာေၾကာင့္ ၀မ္းေျမာက္ဝမ္းသာျဖစ္ၾကသည္။ ဒီလိုနဲ႔ လအေတာ္ၾကာၿပီးတဲ့ တစ္ရက္မွာ ဘာဘယ္ဟာ မုတ္ဆိတ္ေမႊး ႏႈတ္ခမ္းေမႊး ဆံပင္မ်ား ရွည္လ်ားစြာျဖင့္ မင္းႀကီးအေဖရဲ႕သတင္းကို ယူေဆာင္ၿပီး နန္းေတာ္ကိုျပန္ေရာက္လာတယ္။ ဘုရင္ကသူ႔ကိုေတြ႕တာနဲ႔ ေမးခြန္းေတြတစ္ခုၿပီး တစ္ခုထုတ္ၿပီးအလြန္သေဘာက်ေနတယ္။ ဘာဘယ္နဲ႔ ဆံသဆရာကိုလည္း အလြန္ယုံၾကည္လာခဲ့တယ္။ ဘာဘယ္က ဧကရာဇ္ေဟာင္းႀကီးဟာ စိတ္ဓါတ္ခြန္အား အလြန္ျပည့္၀ၿပီး ေကာင္းကင္ကနန္းေတာ္ႀကီးထဲမွာ စည္းစိမ္ခ်မ္းသာအျပည့္နဲ႔ သက္ေတာင့္သက္သာရွိတယ္လို႔ ဘုရင္ကိုေျပာခဲ့တယ္။ မင္းႀကီးသည္ ပစၥည္းမ်ားႏွင့္ လူမ်ားကိုေကာင္းကင္သို႔ေစလႊတ္ရန္ နည္းလမ္းရွိေနၿပီဟု ထင္ေသာေၾကာင့္ နတ္႐ြာစံဘုရင္ႀကီး ဘာလိုအပ္ေနသည္ကိုသိလိုလွသည္။ ဘာဘယ္က “ေကာင္းကင္၌ အကုန္ျပည့္စုံေသာ္လည္း ဆံသဆရာမရွိ ပါဘုရား၊ ထို႔ေၾကာင့္ကြၽန္ေတာ္မ်ိဳးပင္ မုတ္ဆိတ္ေမႊး ႏႈတ္ခမ္းေမႊး ဆံပင္မ်ား ရွည္လ်ားစြာျဖင့္ ေနခဲ့ရပါတယ္၊ ဧကရာဇ္ႀကီးက သူညႇပ္ေနၾက ဆံသဆရာကို တတ္ႏိုင္ရင္ ပို႔ေပးဖို႔ မွာၾကားလိုက္ပါတယ္ ဘုရား”ဟု ေလ်ာက္တင္လိုက္ပါတယ္။ ဒါေၾကာင့္ဘုရင္က ေကာင္းကင္ကသူ႔အေဖထံမွာ အမႈထမ္းေဆာင္ဖို႔ သူ႔ဆံသဆရာကို ေစလႊတ္ရန္ ဆုံးျဖတ္လိုက္တယ္။ ေကာင္းကင္သို႔သြားဖို႔ ျပင္ဆင္ရန္ ဆံသဆရာႏွင့္ေမွာ္ဆရာႏွစ္ေယာက္လုံးကိုေခၚေျပာခဲ့တယ္။ ဆံပင္ညႇပ္သူသည္ မိမိေထာင္ေခ်ာက္ထဲ မိမိက်သြားေသာေၾကာင့္ သူ႔မိသားစုကိုကာကြယ္ရန္အတြက္ ဘာမွ်မေျပာႏိုင္ေပ။ ယဇ္ ပူ ေဇာ္ၿပီးသည္ႏွင့္ သူသည္ပြဲခ်င္းၿပီးေသဆုံးခဲ့သည္။ ဘာဘယ့္ကို ဘယ္သူကမွထပ္ၿပီးပူးေပါင္းႀကံစည္ဝံ့မွာမဟုတ္ဘူး။ သင္ခန္းစာ – သူမ်ားမေကာင္းႀကံ ကိုယ္ေဘးဒဏ္ထိ။ ပညာႏွင့္ အႀကံဉာဏ္သည္သာ အားကိုရာ။