တလွဲ မာနမထားနဲ့..

တစ်ခါတုန်းက ဆိတ် နှစ်ကောင်ဟာ ကျဉ်းမြောင်းရှည်လျားသော တံတားကိုဖြတ်ကူးစဉ် တံတားအလည်မှာ မျက်နှာချင်းဆိုင်တွေ့ကြတယ်။ သူတို့ထဲကတစ်ကောင်က “ငါ့ကို လမ်းဖယ်ပေး” လို့ပြောတယ်။ အခြားဆိတ်က “ဘယ်တော့မှ မဖယ်ဘူး၊ မင်းသာနောက်ပြန်လှည်သွား” ဟုဆိုသည်။ တစ်ဦးနှင့်တစ်ဦး စကားများ ရန်ဖြစ်ကြပြီး၊ နှစ်ဦးသားဟန်ချက်ပျက် ရေထဲပြုတ်ကျကာ သေသွားကြသည်။

ရက်အနည်းငယ်အကြာ၌ အဆိုပါတံတားတွင် နောက်ထပ်ဆိတ်နှစ်ကောင် ဖြတ်ကူးစဉ်မျက်နှာချင်းဆိုင်တွေ့ကြပြန်သည်။ ထိုဆိတ်နှစ်ကောင်စလုံးသည်ပညာရှိပြီးစိတ်ရှည်သည်။ တစ်ဦးနှင့်တစ်ဦး ကျဉ်းမြောင်းသောတံတားကို ဖြတ်ကူးနိုင်ရန် ရှောင်ဖယ်ပေးခဲ့ကြသည်။ သူတို့နှစ်ယောက်စလုံး အိမ်ကိုလုံခြုံစွာပြန်ရောက်ကြတယ်။ သင်ခန်းစာ -မောက်မာ ရန်လိုခြင်းထက် ပညာရှိစွာစိတ်ရှည်ခြင်းက လိုရာရောက်သည်။

မူရင်း Credit

[zawgyi]
