တောင်သူတွေအတွက် ပိုးသတ်ဆေး ဈေးကြီးပေးဝယ်စရာမလိုပဲ ကိုယ်တိုင်လုပ်လို့ရတဲ့နည်းလမ်း

ဘဝတူ တောင်သူလယ်သမားအတွက် စပါးဈေး သီးနှံဈေး ကျနေတဲ့အတွက် သွင်းအားစုတစ်ခုဖြစ်တဲ့ ပိုးသတ်ဆေးများကိုဈေးကြီးပေးဝယ်သုံးနေရတာတွေကိုလျော့ချနိူင်အောင် ဓာတုအန္တရယ်လဲကင်းလွတ်ဖို့အတွက် ကျွန်တော်စမ်းသပ်သုံးစွဲနေတာ ၂နှစ် စပါးရာသီ ၄ ရာသီ ရှိပြီးဖြစ်တဲ့အစွမ်းထက်တဲ့ ဆေးရွက်ကြီးပိုသတ်ဆေးကို ယုံကြည်စိတ်ချစွာ ကိုယ်တိုင်ပြုလုပ်သုံးစွဲချင်းဖြင့် သွင်းအားစုသက်သာပြီးအကျိုးအများကြီးဖြစ်ထွန်းပါတယ်။ဆေးရွက်ကြီးဖော်စပ်ပုံကို နားလည်လွယ်အောင် ဖော်ပြရေးပေးပါမယ် လိုအပ်တဲ့ပစ္စည်းများ – (၁) မိုးဗြဲ ဒယ် ၁ လုံး ရေ ၅ ဂါလံ ဆန့် ဒယ်ဖြစ်ရပါမည် ။(၂) ထင်း နဲ့မီးဖို..။(၃) ဆေးရွက်ကြီး ၁ ပိသာ (ကုန်ကျငွေ ၄၀၀၀ကျပ်ခန့်) ဆေးရွက်ကြီးကိုနေလှန်းပြီးကျိုလျှင်အရည်ပျော် မြန်အောင် နုတ်နုတ်စင်းထားပါ ။(၄) ရွှေဝါဆပ်ပြာ ၆ ပိုင်း( ကုန်ကျငွေ ၁၂၀၀ကျပ်ခန့်)ကျိုလျှင်အရည်ပျော်မြန်အောင် ဓါးနှင့်ပါးပါးလှီးထားပါ အားလုံးပြည့်စုံရင် ရေ ၅ ဂါလံကို မိုးဗြဲထဲထဲ့ပြီးရေဆူအောင်ကျိုပါ။ ဆေးရွက်ကြီး ၁ ပိသာထည့်ကျိုပါ။ ပြီးလျှင် ရေပြန်ဆူလျှင်ရွှေဝါဆပ်ပြာ ပါးပါးလှီးထားတာထည့်ပြီး ဆပ်ပြာပျော်ပြီဆိုလျှင် မီးဖိုပေါ်မှချပြီး အအေးနည်းနည်းခံပါ။ အပူနည်းနည်းချန်ပြီးမိုးဗြဲဒယ်ထဲမှ ကော်ပုံး သို့မဟုတ်အစဉ်ပြေတဲ့ထည့်စရာထဲ ဇာဖြင့်အရည်စစ်ယူပါ။ နည်းနည်းတော့ ပူပါမည်သတိထားပါ။ အေးလျှင် အရည်ညှစ်လို့မကောင်းလို့ပါ ရရှိအရည် ၃ ဂါလံခန့်ရပါမည်။

အဖက်များကိုလဲနေလှန်းပြီး အခြားအပင်တွေအခြေမှာထားပြီးပိုးသတ်ဆေးလုပ်လို့ရပါသည်။ ကော်ပုံထဲထည့်ငိမ်းထားလျှင် လယ်ဟာနယ်ထားပါ။ အဖုံးကို မကြာခဏဖွင့်ပေးပါ။ ရက်အတန်ကြာလျှင် အဖုံးပိတ်ထားလို့ရပါပြီ။ ရရှိဆေးအရည်ကို ဆေးဖျန်းပုံး ၄ဂါလံ ပုံးဆိုရင် ရေသန်းဗူးခွံ ၁ လီတာ ဗူးနဲ့ ၁ ဗူးထည့်သုံးပြီး ပိုးကျနေတဲ့စပါးခင်းတွေ မှာ ဖျန်းပေးပါ။ပိုးမထွက်သေးလျှင် ၂ ရက်လောက်နေရင် ထပ်ဖျန်းပါ သေချာပေါက်ပိုးထွက်ပါမည်။ မကျေနပ်သေးရင် ၃ ကြိမ်ဖျန်းပေါ့ ကြိုတင်ကာကွယ်ချင်လျှင် မြေဆီကျွေးပြီး ၂ ရက်၃ ရက်နေရင်ကြိုဖျန်းလျှင်ပိုးလုံးဝ မကျပါဘူး လက်တွေ စမ်းသပ်သုံးစွဲပြီးပါပြီ ခရုကျလျှင်လဲ ရေလျော့ပြီး ဆေးပြင်းပြင်းသုံးပြီးဖျန်းပေးပါ ခရုပါသေပါသည်။ ဘဝတူ တောင်သူလယ်သမားများအကျိုးမျော်ကိုး၍ ကုန်ကျငွေနည်းနည်းနဲ့ပိုးသတ်ဆေး ကိုယ်တိုင်ထုတ်လုပ်သုံးစွဲစေချင်ပါသည်။ ကုန်ကျငွေ စုစုပေါင်း၆၀၀၀ ခန့်ဖြင့်ဆေးရည် ၃ ဂါလံရပါမည် ပေါပေါများများသုံးစွဲလို့ရပါသည်။ ဆေးရွက်ကြီး ဆပ်ပြာ ဆေးရည်စားမိတဲ့ပိုး တစ်ခါထဲ မျိုးပြုတ်သွားမယ် ပိုးတွေအားလုံးရှောသွားစေရမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ ပြန်လည်မျှဝေချင်းဖြင့်တောင်သူများကိုကူညီပေးပါ။

credit – မူရင်း

[zawgyi]

ဘဝတူ ေတာင္သူလယ္သမားအတြက္ စပါးေဈး သီးႏွံေဈး က်ေနတဲ့အတြက္ သြင္းအားစုတစ္ခုျဖစ္တဲ့ ပိုးသတ္ေဆးမ်ားကိုေဈးႀကီးေပးဝယ္သုံးေနရတာေတြကိုေလ်ာ့ခ်ႏိူင္ေအာင္ ဓာတုအႏၲရယ္လဲကင္းလြတ္ဖို႔အတြက္ ကြၽန္ေတာ္စမ္းသပ္သုံးစြဲေနတာ ၂ႏွစ္ စပါးရာသီ ၄ ရာသီ ရွိၿပီးျဖစ္တဲ့အစြမ္းထက္တဲ့ ေဆး႐ြက္ႀကီးပိုသတ္ေဆးကို ယုံၾကည္စိတ္ခ်စြာ ကိုယ္တိုင္ျပဳလုပ္သုံးစြဲခ်င္းျဖင့္ သြင္းအားစုသက္သာၿပီးအက်ိဳးအမ်ားႀကီးျဖစ္ထြန္းပါတယ္။ေဆး႐ြက္ႀကီးေဖာ္စပ္ပုံကို နားလည္လြယ္ေအာင္ ေဖာ္ျပေရးေပးပါမယ္ လိုအပ္တဲ့ပစၥည္းမ်ား – (၁) မိုးၿဗဲ ဒယ္ ၁ လုံး ေရ ၅ ဂါလံ ဆန္႔ ဒယ္ျဖစ္ရပါမည္ ။(၂) ထင္း နဲ႔မီးဖို..။(၃) ေဆး႐ြက္ႀကီး ၁ ပိသာ (ကုန္က်ေငြ ၄၀၀၀က်ပ္ခန္႔) ေဆး႐ြက္ႀကီးကိုေနလွန္းၿပီးက်ိဳလွ်င္အရည္ေပ်ာ္ ျမန္ေအာင္ ႏုတ္ႏုတ္စင္းထားပါ ။(၄) ေ႐ႊဝါဆပ္ျပာ ၆ ပိုင္း( ကုန္က်ေငြ ၁၂၀၀က်ပ္ခန္႔)က်ိဳလွ်င္အရည္ေပ်ာ္ျမန္ေအာင္ ဓါးႏွင့္ပါးပါးလွီးထားပါ အားလုံးျပည့္စုံရင္ ေရ ၅ ဂါလံကို မိုးၿဗဲထဲထဲ့ၿပီးေရဆူေအာင္က်ိဳပါ။ ေဆး႐ြက္ႀကီး ၁ ပိသာထည့္က်ိဳပါ။ ၿပီးလွ်င္ ေရျပန္ဆူလွ်င္ေ႐ႊဝါဆပ္ျပာ ပါးပါးလွီးထားတာထည့္ၿပီး ဆပ္ျပာေပ်ာ္ၿပီဆိုလွ်င္ မီးဖိုေပၚမွခ်ၿပီး အေအးနည္းနည္းခံပါ။ အပူနည္းနည္းခ်န္ၿပီးမိုးၿဗဲဒယ္ထဲမွ ေကာ္ပုံး သို႔မဟုတ္အစဥ္ေျပတဲ့ထည့္စရာထဲ ဇာျဖင့္အရည္စစ္ယူပါ။ နည္းနည္းေတာ့ ပူပါမည္သတိထားပါ။ ေအးလွ်င္ အရည္ညႇစ္လို႔မေကာင္းလို႔ပါ ရရွိအရည္ ၃ ဂါလံခန္႔ရပါမည္။အဖက္မ်ားကိုလဲေနလွန္းၿပီး အျခားအပင္ေတြအေျခမွာထားၿပီးပိုးသတ္ေဆးလုပ္လို႔ရပါသည္။ ေကာ္ပုံထဲထည့္ငိမ္းထားလွ်င္ လယ္ဟာနယ္ထားပါ။ အဖုံးကို မၾကာခဏဖြင့္ေပးပါ။ ရက္အတန္ၾကာလွ်င္ အဖုံးပိတ္ထားလို႔ရပါၿပီ။ ရရွိေဆးအရည္ကို ေဆးဖ်န္းပုံး ၄ဂါလံ ပုံးဆိုရင္ ေရသန္းဗူးခြံ ၁ လီတာ ဗူးနဲ႔ ၁ ဗူးထည့္သုံးၿပီး ပိုးက်ေနတဲ့စပါးခင္းေတြ မွာ ဖ်န္းေပးပါ။ပိုးမထြက္ေသးလွ်င္ ၂ ရက္ေလာက္ေနရင္ ထပ္ဖ်န္းပါ ေသခ်ာေပါက္ပိုးထြက္ပါမည္။ မေက်နပ္ေသးရင္ ၃ ႀကိမ္ဖ်န္းေပါ့ ႀကိဳတင္ကာကြယ္ခ်င္လွ်င္ ေျမဆီေကြၽးၿပီး ၂ ရက္၃ ရက္ေနရင္ႀကိဳဖ်န္းလွ်င္ပိုးလုံးဝ မက်ပါဘူး လက္ေတြ စမ္းသပ္သုံးစြဲၿပီးပါၿပီ ခ႐ုက်လွ်င္လဲ ေရေလ်ာ့ၿပီး ေဆးျပင္းျပင္းသုံးၿပီးဖ်န္းေပးပါ ခ႐ုပါေသပါသည္။ ဘဝတူ ေတာင္သူလယ္သမားမ်ားအက်ိဳးေမ်ာ္ကိုး၍ ကုန္က်ေငြနည္းနည္းနဲ႔ပိုးသတ္ေဆး ကိုယ္တိုင္ထုတ္လုပ္သုံးစြဲေစခ်င္ပါသည္။ ကုန္က်ေငြ စုစုေပါင္း၆၀၀၀ ခန္႔ျဖင့္ေဆးရည္ ၃ ဂါလံရပါမည္ ေပါေပါမ်ားမ်ားသုံးစြဲလို႔ရပါသည္။ ေဆး႐ြက္ႀကီး ဆပ္ျပာ ေဆးရည္စားမိတဲ့ပိုး တစ္ခါထဲ မ်ိဳးျပဳတ္သြားမယ္ ပိုးေတြအားလုံးေရွာသြားေစရမယ္။အားလုံးကိုေက်းဇူးတင္ပါတယ္။ ျပန္လည္မွ်ေဝခ်င္းျဖင့္ေတာင္သူမ်ားကိုကူညီေပးပါ။