တောင်သူဦးကြီးများအတွက် ပျောက်ကွယ်လုနီးပါးရှိပြီဖြစ်တဲ့ နွားရွေးနည်း ပညာ

၁။ နွားနီကွမ်းသွေး ရိုက်နိင်မှပြေး ။၂။ နွားပြာနီတုတ်မွှေး ရိုက်နိင်မှပြေး ။၃။ နွားပြာချို တုတ် ထမ်းပိုးထမ်းနှုတ် ။၄။နွားပြာနီ ရှဉ့်မွှေး ရိုက်နိင်မှပြေး ။၅။ ဇော်နီကွမ်းသွေး သေအောင်ပြေး ။၆။ နွားဝါဖွဲနု သေအောင်ထု ဂရုမထားတတ်။၇။နွားဝါမျက်ကွင်း သေအောင်ဖျင်း စင်းစင်းခံနေတတ် ။၈။ နွားဝါမျက်ကွင်းဖြူ ကြိမ်မကူ ကမူမတက်ဘူး။၉။ နွားဝါဖင်ဖြူ ကြိမ်မကူ ကမူမတက်ဘူး။၁၀။ နွားညို သံရောင် တုတ်မဆောင်ရ ။၁၁။ မြီးစွပ်ရှေ့တက် ထိပ်ကွက်နောက်ဆုတ် စုံမှဟုတ်။၁၂။ မွှေးတိုမွှေးကြမ်း ထမ်းပိုးထမ်း အစွမ်းကောင်းလှ၏ ။၁၃။ ဗွေဆင့်မျက်ခြား အဝယ်မှား အိမ်ကမယား သေလတ္တံ့ ။ဗွေများ – ( ၁ ) ဗွေဆင့်ဗွေ – ချို နှစ်ချောင်းစပ်ကြား၌ နှစ်ခုဆင့်လျှက်ရှိသော ဗွေ။(မယားသေ)( ၂ ) မျက် ခြားဗွေ – မျက်လုံးနှစ်ခုကြား၌ တစ်လုံးတည်းရှိသော ဗွေ ။ (မယားသေ)( ၃ ) ဗွေထီးဆောင်း – ချို နှစ်ချောင်း စပ်ကြား၌ ရှိသည်။ ထိုဗွေသည်နွား၏ထိပ်၌ ထီးကဲ့သို့ မိုးဆောင်းထား၍ ဗွေထီးဆောင်းဟုခေါ်သည်။ပထမတန်းစား ဗွေဖြစ်သည်။( ၄ ) မြခနောက်ဗွေ – နွားခေါင်း၏ ရှေ့နဖူးပြင်ထိပ် အလယ်ကျသောနေရာ၌ ဗွေသုံးလုံး ဖိုခနောက်ဆိုင်တည်ရှိ၍ ခေါ်ဝေါ်ခြင်းဖြစ်သည်။ဗွေကောင်းဖြစ်သည်။( ၅ ) သံလျက်ဗွေ – နွားလည်ပင်းတစ်ဖက် (သို့မဟုတ်) နှစ်ဖက်စလုံး ပါတတ်သည်။ လည်ပင်းမှ ခရုပတ်ရစ်၍ ဗွေ၏အဖျားသည် နွားဦးခေါင်းဖက်သို့ အညွန့်ဖြာလျှက်တက်ခဲ့သော် သံလျက်ဗွေဟုခေါ်သည်။အကျိုး ပေးမထက်သန် ဆုတ်ယုတ်ပျက်စီးခြင်းလည်းမရှိ။( ခြောက်ကွက်လှနွား ) – ၁။ မြီးစွပ်ခြင်း အကွက်ကောင်းတစ်ကွက်။၂။ ထိပ်ကွက်ခြင်း အကွက်ကောင်းတစ်ကွက်။

၃။ ခြေလေးဖက်စလုံး ဒူးဆစ်ထိ ဆွတ်ဆွတ်ဖြူ ခြင်း အကွက်ကောင်း လေးကွက်။( ထိုနွားမျိုးရှိလျှင် ခိုက်တတ်သောနွားဝယ်မိပါကလည်း အန္တရာယ် မဖြစ်ပါ )မြောက်သုံးသွယ် ကျယ်သုံးလီနီသုံးချက် တစ်နေ့တစ်ခြား စီးပွားတက် ။ မြောက်သုံးသွယ် – ဦးခေါင်းမောက်မောက်ထောင်ထောင်ရှိခြင်း (သို့မဟုတ်) ခေါင်းတမော့မော့ရှိခြင်း။ကျယ်သုံးလီ -ချို နှစ်ခုစပ်ကြား ထိပ်အင်းကျယ်ခြင်း ရင်အုပ်ကျယ်ခြင်း နှင့် တင်ပါးဆုံကျယ်ခြင်း ။နီသုံးချက် – လျှာနီခြင်း နှာနီခြင်း ခွာလေးဖက်နီခြင်း(ထိုအချက်တို့နှင့်ပြည့်စုံသောနွားကို လာဘ်နွားဟုခေါ်သည်။စီး ပွားဥစ္စာ တစ်နေ့တစ်ခြား တိုးတက်လာသည်။နွားပြာနီ ကြောင်စွယ် မှောင်ကွယ်ရာဝယ် မမှားနိင် – နွားပြာ နွားနီ နွားပြာနီ နှင့် နွားကြောင်စွယ် တို့သည် မွေးထိုက်သောနွားဖြစ်၍ မှောင်ကွယ်ရာဝယ်ဦးတော့ မမှားနိင်ဟုဆိုလိုသည်။နွားကြောင်စွယ် …..နှာရောင်မှောင်မှောင် လက်မဲမဲ ဒူးမဲမဲ ရှိသောနွား ။ နွား၏ချို – ဘယ်လဲ ညာထောင် ဥစ္စာပြောင်ဘယ်ထောင်ညာလဲ တက်တက်မွဲ ။တစ်ဖက်ထောင် တစ်ဖက်လဲနွားသည် ဥစ္စာဆုတ်ယုတ်တတ်၏ ။တယ်လူးချို …..နုတ်သောချို နဲ့သောချို ။ (အကျိုးမပေး) ကြက်တူရွေးချို …..ကြက်တူရွေးနှုတ်သီးပမာ ရှေ့သို့ကွေးညွတ်သော ချို ကွေး ။(အကျိုးမပေး)မှတ်ချက် -ပျောက်ကွယ်လုနီးပါးဖြစ်နေသော ရှေးပညာရှင်တို့၏ နွားရွေးနည်းပညာများကိုလွန် ခဲ့သော ( ၃၀ )နှစ်ခန့်က မှတ်စုစာအုပ်ထဲမှတ်ထားမိသမျှ ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

Credit – မူရင်း

[zawgyi]

၁။ ႏြားနီကြမ္းေသြး ႐ိုက္နိင္မွေျပး ။၂။ ႏြားျပာနီတုတ္ေမႊး ႐ိုက္နိင္မွေျပး ။၃။ ႏြားျပာခ်ိဳ တုတ္ ထမ္းပိုးထမ္းႏႈတ္ ။၄။ႏြားျပာနီ ရွဥ့္ေမႊး ႐ိုက္နိင္မွေျပး ။၅။ ေဇာ္နီကြမ္းေသြး ေသေအာင္ေျပး ။၆။ ႏြားဝါဖြဲႏု ေသေအာင္ထု ဂ႐ုမထားတတ္။၇။ႏြားဝါမ်က္ကြင္း ေသေအာင္ဖ်င္း စင္းစင္းခံေနတတ္ ။၈။ ႏြားဝါမ်က္ကြင္းျဖဴ ႀကိမ္မကူ ကမူမတက္ဘူး။၉။ ႏြားဝါဖင္ျဖဴ ႀကိမ္မကူ ကမူမတက္ဘူး။၁၀။ ႏြားညိဳ သံေရာင္ တုတ္မေဆာင္ရ ။၁၁။ ၿမီးစြပ္ေရွ႕တက္ ထိပ္ကြက္ေနာက္ဆုတ္ စုံမွဟုတ္။၁၂။ ေမႊးတိုေမႊးၾကမ္း ထမ္းပိုးထမ္း အစြမ္းေကာင္းလွ၏ ။၁၃။ ေဗြဆင့္မ်က္ျခား အဝယ္မွား အိမ္ကမယား ေသလတၱံ့ ။ေဗြမ်ား – ( ၁ ) ေဗြဆင့္ေဗြ – ခ်ိဳ ႏွစ္ေခ်ာင္းစပ္ၾကား၌ ႏွစ္ခုဆင့္လွ်က္ရွိေသာ ေဗြ။(မယားေသ)( ၂ ) မ်က္ျခားေဗြ – မ်က္လုံးႏွစ္ခုၾကား၌ တစ္လုံးတည္းရွိေသာ ေဗြ ။ (မယားေသ)( ၃ ) ေဗြထီးေဆာင္း – ခ်ိဳ ႏွစ္ေခ်ာင္း စပ္ၾကား၌ ရွိသည္။ ထိုေဗြသည္ႏြား၏ထိပ္၌ ထီးကဲ့သို႔ မိုးေဆာင္းထား၍ ေဗြထီးေဆာင္းဟုေခၚသည္။ပထမတန္းစား ေဗြျဖစ္သည္။( ၄ ) ျမခေနာက္ေဗြ – ႏြားေခါင္း၏ ေရွ႕နဖူးျပင္ထိပ္ အလယ္က်ေသာေနရာ၌ ေဗြသုံးလုံး ဖိုခေနာက္ဆိုင္တည္ရွိ၍ ေခၚေဝၚျခင္းျဖစ္သည္။ေဗြေကာင္းျဖစ္သည္။( ၅ ) သံလ်က္ေဗြ – ႏြားလည္ပင္းတစ္ဖက္ (သို႔မဟုတ္) ႏွစ္ဖက္စလုံး ပါတတ္သည္။ လည္ပင္းမွ ခ႐ုပတ္ရစ္၍ ေဗြ၏အဖ်ားသည္ ႏြားဦးေခါင္းဖက္သို႔ အၫြန္႔ျဖာလွ်က္တက္ခဲ့ေသာ္ သံလ်က္ေဗြဟုေခၚသည္။အက်ိဳး ေပးမထက္သန္ ဆုတ္ယုတ္ပ်က္စီးျခင္းလည္းမရွိ။( ေျခာက္ကြက္လွႏြား ) – ၁။ ၿမီးစြပ္ျခင္း အကြက္ေကာင္းတစ္ကြက္။၂။ ထိပ္ကြက္ျခင္း အကြက္ေကာင္းတစ္ကြက္။၃။ ေျခေလးဖက္စလုံး ဒူးဆစ္ထိ ဆြတ္ဆြတ္ျဖဴ ျခင္း အကြက္ေကာင္း ေလးကြက္။( ထိုႏြားမ်ိဳးရွိလွ်င္ ခိုက္တတ္ေသာႏြားဝယ္မိပါကလည္း အႏၲရာယ္ မျဖစ္ပါ )ေျမာက္သုံးသြယ္ က်ယ္သုံးလီနီသုံးခ်က္ တစ္ေန႔တစ္ျခား စီးပြားတက္ ။ ေျမာက္သုံးသြယ္ – ဦးေခါင္းေမာက္ေမာက္ေထာင္ေထာင္ရွိျခင္း (သို႔မဟုတ္) ေခါင္းတေမာ့ေမာ့ရွိျခင္း။က်ယ္သုံးလီ -ခ်ိဳ ႏွစ္ခုစပ္ၾကား ထိပ္အင္းက်ယ္ျခင္း ရင္အုပ္က်ယ္ျခင္း ႏွင့္ တင္ပါးဆုံက်ယ္ျခင္း ။နီသုံးခ်က္ – လွ်ာနီျခင္း ႏွာနီျခင္း ခြာေလးဖက္နီျခင္း(ထိုအခ်က္တို႔ႏွင့္ျပည့္စုံေသာႏြားကို လာဘ္ႏြားဟုေခၚသည္။စီးပြားဥစၥာ တစ္ေန႔တစ္ျခား တိုးတက္လာသည္။ႏြားျပာနီ ေၾကာင္စြယ္ ေမွာင္ကြယ္ရာဝယ္ မမွားနိင္ – ႏြားျပာ ႏြားနီ ႏြားျပာနီ ႏွင့္ ႏြားေၾကာင္စြယ္ တို႔သည္ ေမြးထိုက္ေသာႏြားျဖစ္၍ ေမွာင္ကြယ္ရာဝယ္ဦးေတာ့ မမွားနိင္ဟုဆိုလိုသည္။ႏြားေၾကာင္စြယ္ …..ႏွာေရာင္ေမွာင္ေမွာင္ လက္မဲမဲ ဒူးမဲမဲ ရွိေသာႏြား ။ ႏြား၏ခ်ိဳ – ဘယ္လဲ ညာေထာင္ ဥစၥာေျပာင္ဘယ္ေထာင္ညာလဲ တက္တက္မြဲ ။တစ္ဖက္ေထာင္ တစ္ဖက္လဲႏြားသည္ ဥစၥာဆုတ္ယုတ္တတ္၏ ။တယ္လူးခ်ိဳ …..ႏုတ္ေသာခ်ိဳ နဲ႔ေသာခ်ိဳ ။ (အက်ိဳးမေပး) ၾကက္တူေ႐ြးခ်ိဳ …..ၾကက္တူေ႐ြးႏႈတ္သီးပမာ ေရွ႕သို႔ေကြးၫြတ္ေသာ ခ်ိဳ ေကြး ။(အက်ိဳးမေပး)မွတ္ခ်က္ -ေပ်ာက္ကြယ္လုနီးပါးျဖစ္ေနေသာ ေရွးပညာရွင္တို႔၏ ႏြားေ႐ြးနည္းပညာမ်ားကိုလြန္ခဲ့ေသာ ( ၃၀ )ႏွစ္ခန္႔က မွတ္စုစာအုပ္ထဲမွတ္ထားမိသမွ် ျပန္လည္ကူးယူေဖာ္ျပျခင္းျဖစ္ပါသည္။