တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး

ဟိုးရှေးရှေးတုန်းက လက်ပံပင်ကြီး တပင်ကို အမှီသဟဲ ပြုပြီး နေထိုင်ကြတဲ့ ကျေးညီနောင် ၂ ကောင် ရှိပါတယ်။ ကျေးညီနောင် တို့သည် အစာရှာရင်း၊ နားခိုရင်းနဲ့ပဲ အေးချမ်းသာယာ ပျော်ရွှင်စွာဖြင့် နေထိုင်လျှက် ရှိကြပါတယ်။တရက်မှာတော့ လေပြင်းမုန်တိုင်း ကျရောက်တာကြောင့် လက်ပံပင်ကြီးပေါ်က ကျေးညီနောင် ၂ ကောင်ဟာ လေပြင်းမုန်တိုင်းထဲ ပါသွားကာ တကွဲတပြားစီ ကွဲသွားခဲ့ရ ပါတော့တယ်။လေ ပြင်းမုန်တိုင်းကြောင့် ညီဖြစ်သူ ကျေးသားက သူခိုးများနေတဲ့ အရပ်ဆီ ရောက်သွားခဲ့ ပါတယ်။ သူခိုးများက ကျေးသားငှက်ငယ်လေးကို ကောက်ယူပြီး ကျွေးမွေး ပြုစုထားကြ ပါတယ်။အကိုဖြစ်သူ ကျေးသားကတော့ ရသေ့ကြီးတပါး နေထိုင်သီတင်းသုံးရာ ကျောင်းသင်္ကန်းအတွင်းကို ရောက်ရှိ သွားသောကြောင့် ရသေ့ကြီးက ကောက်ယူပြီး မွေးစားလိုက်ပါတယ်။တရက်မှာတော့ ဘုရင်ကြီးတပါးက တောကစား ထွက်လာရာ နေကပူ ချွေးက ထွက်သောကြောင့် သူခိုးများ နေထိုင်ရာ ရွာအနီးက သစ်ပင်အရိပ်မှာ အနားယူနေ ပါတော့တယ်။ ထိုအခါ သူခိုးတို့ ကျွေးမွေးထားတဲ့ ကျေးသားက ဘုရင်ကြီးကို သတ်ကြ သူဝတ်ထားတဲ့ အဝတ်တွေကို ချွတ်ယူကြ လို့ အော်ဟစ် ပြောဆိုလိုက်ပါတယ်။အခြေအနေကို ချက်ချင်း သဘောပေါက်သော ဘုရင်ကြီးက ဤအရပ်တွင် ဆက်နေရန် မသင့်တော့ ဟု ဆိုကာ ချက်ချင်း ထွက်ခွာသွားပါတော့တယ်။

ထို့နောက်မှာတော့ ဘုရင်ကြီးက ရသေ့ကြီး နေထိုင် သီတင်းသုံးရာ ကျောင်းသင်္ကန်းဆီ ရောက်သွားခဲ့ပါတယ်။ထိုအခါ ရသေ့ကြီး ကျွေးမွေး စောင့်ရှောက်ထားတဲ့ ကျေးသားငှက်ငယ်လေးက အရှင်မင်းကြီး ကြွပါ၊ အမော အပန်းဖြေပါ၊ အေးမြတဲ့ ရေကို သောက်ပါ၊ ဤသစ်သီးကို စားပါ လို့ ဆိုကာ ခရီးဦး ကြိုဆိုလိုက်ပါတယ်။ယဉ်ကျေး လိမ္မာလှတဲ့ ကျေးကလေးရဲ့ ခရီးဦးကြိုပုံကို တွေ့ရတော့ ဘုရင်ကြီးက အသင် ကျေးကလေး သင်နဲ့ မတွေ့ခင် ကျေးလေးတကောင် တွေ့ခဲ့ရတယ်။ သင်နဲ့မတူပါ။ သင်ကတော့ အလွန်ယဉ်ကျေးတယ် လို့ မိန့်ကြားလိုက်ပါတယ်။ထိုအခါမှာ လိမ္မာယဉ်ကျေးသော ကျေးသားက အရှင်မင်းကြီး လမ်းမှာ တွေ့ခဲ့တဲ့ ကျေးဟာ အကျွန်ုပ်ရဲ့ ညီတော်ဖြစ်ကြောင်း၊ လေမုန်တိုင်းကြောင့် ညီနောင် ၂ ကောင် တကွဲစီ တနေရာစီ ရောက်သွားကြောင်းကို ပြောပြလိုက်ပါတယ်။ညီလေးက သူခိုးတွေ နေထိုင်ရာ အရပ်ဆီ ရောက်သွားသောကြောင့် ရိုင်းစိုင်းသွားပါတယ်။ ဆရာရသေ့ထံ ရောက်ရှိလာသော ကျွန်ုပ်ကတော့ ဆရာရသေ့နဲ့ အတူနေရတာကြောင့် ယဉ်ကျေး လိမ္မာပါတယ် လို့ ရှင်းပြလိုက် ပါတော့တယ်။တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဆိုသော စကားပုံ ဆိုရိုးရှိတာကြောင့် လူဆိုးနှင့် ပေါင်းမိလျှင် လူဆိုး ဖြစ်နိုင်ကြောင်း၊ လူတော်လူကောင်းနှင့် အပေါင်းအသင်း လုပ်လျှင် လူကောင်း ဖြစ်နိုင်သောကြောင့် အ ပေါင်းအသင်း မမှားဖို့ လိုအပ်ပါတယ်။

Credit – မူရင်း

[zawgyi]

ဟိုးေရွးေရွးတုန္းက လက္ပံပင္ႀကီး တပင္ကို အမွီသဟဲ ျပဳၿပီး ေနထိုင္ၾကတဲ့ ေက်းညီေနာင္ ၂ ေကာင္ ရွိပါတယ္။ ေက်းညီေနာင္ တို႔သည္ အစာရွာရင္း၊ နားခိုရင္းနဲ႔ပဲ ေအးခ်မ္းသာယာ ေပ်ာ္႐ႊင္စြာျဖင့္ ေနထိုင္လွ်က္ ရွိၾကပါတယ္။တရက္မွာေတာ့ ေလျပင္းမုန္တိုင္း က်ေရာက္တာေၾကာင့္ လက္ပံပင္ႀကီးေပၚက ေက်းညီေနာင္ ၂ ေကာင္ဟာ ေလျပင္းမုန္တိုင္းထဲ ပါသြားကာ တကြဲတျပားစီ ကြဲသြားခဲ့ရ ပါေတာ့တယ္။ေလ ျပင္းမုန္တိုင္းေၾကာင့္ ညီျဖစ္သူ ေက်းသားက သူခိုးမ်ားေနတဲ့ အရပ္ဆီ ေရာက္သြားခဲ့ ပါတယ္။ သူခိုးမ်ားက ေက်းသားငွက္ငယ္ေလးကို ေကာက္ယူၿပီး ေကြၽးေမြး ျပဳစုထားၾက ပါတယ္။အကိုျဖစ္သူ ေက်းသားကေတာ့ ရေသ့ႀကီးတပါး ေနထိုင္သီတင္းသုံးရာ ေက်ာင္းသကၤန္းအတြင္းကို ေရာက္ရွိ သြားေသာေၾကာင့္ ရေသ့ႀကီးက ေကာက္ယူၿပီး ေမြးစားလိုက္ပါတယ္။တရက္မွာေတာ့ ဘုရင္ႀကီးတပါးက ေတာကစား ထြက္လာရာ ေနကပူ ေခြၽးက ထြက္ေသာေၾကာင့္ သူခိုးမ်ား ေနထိုင္ရာ ႐ြာအနီးက သစ္ပင္အရိပ္မွာ အနားယူေန ပါေတာ့တယ္။ ထိုအခါ သူခိုးတို႔ ေကြၽးေမြးထားတဲ့ ေက်းသားက ဘုရင္ႀကီးကို သတ္ၾက သူဝတ္ထားတဲ့ အဝတ္ေတြကို ခြၽတ္ယူၾက လို႔ ေအာ္ဟစ္ ေျပာဆိုလိုက္ပါတယ္။အေျခအေနကို ခ်က္ခ်င္း သေဘာေပါက္ေသာ ဘုရင္ႀကီးက ဤအရပ္တြင္ ဆက္ေနရန္ မသင့္ေတာ့ ဟု ဆိုကာ ခ်က္ခ်င္း ထြက္ခြာသြားပါေတာ့တယ္။ထို႔ေနာက္မွာေတာ့ ဘုရင္ႀကီးက ရေသ့ႀကီး ေနထိုင္ သီတင္းသုံးရာ ေက်ာင္းသကၤန္းဆီ ေရာက္သြားခဲ့ပါတယ္။ထိုအခါ ရေသ့ႀကီး ေကြၽးေမြး ေစာင့္ေရွာက္ထားတဲ့ ေက်းသားငွက္ငယ္ေလးက အရွင္မင္းႀကီး ႂကြပါ၊ အေမာ အပန္းေျဖပါ၊ ေအးျမတဲ့ ေရကို ေသာက္ပါ၊ ဤသစ္သီးကို စားပါ လို႔ ဆိုကာ ခရီးဦး ႀကိဳဆိုလိုက္ပါတယ္။ယဥ္ေက်း လိမၼာလွတဲ့ ေက်းကေလးရဲ႕ ခရီးဦးႀကိဳပုံကို ေတြ႕ရေတာ့ ဘုရင္ႀကီးက အသင္ ေက်းကေလး သင္နဲ႔ မေတြ႕ခင္ ေက်းေလးတေကာင္ ေတြ႕ခဲ့ရတယ္။ သင္နဲ႔မတူပါ။ သင္ကေတာ့ အလြန္ယဥ္ေက်းတယ္ လို႔ မိန႔္ၾကားလိုက္ပါတယ္။ထိုအခါမွာ လိမၼာယဥ္ေက်းေသာ ေက်းသားက အရွင္မင္းႀကီး လမ္းမွာ ေတြ႕ခဲ့တဲ့ ေက်းဟာ အကြၽႏ္ုပ္ရဲ႕ ညီေတာ္ျဖစ္ေၾကာင္း၊ ေလမုန္တိုင္းေၾကာင့္ ညီေနာင္ ၂ ေကာင္ တကြဲစီ တေနရာစီ ေရာက္သြားေၾကာင္းကို ေျပာျပလိုက္ပါတယ္။ညီေလးက သူခိုးေတြ ေနထိုင္ရာ အရပ္ဆီ ေရာက္သြားေသာေၾကာင့္ ႐ိုင္းစိုင္းသြားပါတယ္။ ဆရာရေသ့ထံ ေရာက္ရွိလာေသာ ကြၽႏ္ုပ္ကေတာ့ ဆရာရေသ့နဲ႔ အတူေနရတာေၾကာင့္ ယဥ္ေက်း လိမၼာပါတယ္ လို႔ ရွင္းျပလိုက္ ပါေတာ့တယ္။တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဆိုေသာ စကားပုံ ဆို႐ိုးရွိတာေၾကာင့္ လူဆိုးႏွင့္ ေပါင္းမိလွ်င္ လူဆိုး ျဖစ္ႏိုင္ေၾကာင္း၊ လူေတာ္လူေကာင္းႏွင့္ အေပါင္းအသင္း လုပ္လွ်င္ လူေကာင္း ျဖစ္ႏိုင္ေသာေၾကာင့္ အ ေပါင္းအသင္း မမွားဖို႔ လိုအပ္ပါတယ္။