“ထက်မြက်သူနှင့် ညံ့ဖျင်းသူ”

ထက်မြက်သူက နားထောင် ကောင်းသူတစ်ဦးဖြစ်တယ်။ ညံ့ဖျင်းသူက မပြတ် ညည်းတွားတိုင်တန်းတယ်။ ထက်မြက်သူက သင့်လျော်တဲ့အချိန်မှာတုံးအချင်ဟန်ဆောင်တယ်။ ညံ့ဖျင်းသူက ဘယ်အချိန်ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ထက်မြက်သူလုပ်ပြီး ဂုဏ်ဖော်တယ်။ ထက်မြက်သူက ဘဝရဲ့အသေးစိတ်အချက်အလက်ကို မှတ်သားတယ်။ ညံ့ဖျင်းသူက တစ်ဖက်သားရဲ့ အားနည်းချက်တိုင်းကို မှတ်သားတယ်။ ထက်မြက်သူက ကိုယ့်ကိုယ်ကို ဟာသလုပ်တယ်။ ညံ့ဖျင်းသူက တစ်ဖက်သားကို ဟာသလုပ်တယ်။ ထက်မြက်သူက ဆင်းရဲနွမ်းပါးချိန်မှာလည်း အိန္ဒြေထိန်းနိုင်တယ်။ ညံ့ဖျင်းသူက ချမ်းသာကြွယ်ဝချိန်မှာ ဝင့်ကြွားဂုဏ်မောက်တယ်။ ထက်မြက်သူက အချစ်ဆုံးရှုံးသွားလည်း ကိုယ်ကိုယ်တိုင် မဆုံးရှုံးအောင်နေတယ်။ ညံ့ဖျင်းသူက အချစ်ဆုံးရှုံး/မဆုံးရှုံးလည်း ကိုယ့်ကိုယ်ကို အမြဲဆုံးရှုံးတယ်။ ထက်မြက်သူက မကောင်းတဲ့အတိတ်ကို လက်လွတ်ပြီး ရှေ့ကိုခရီးဆက်တယ်။ ညံ့ဖျင်းသူက အတိတ်မှာတင် နစ်ပြီး အနာဂတ်ကို လျစ်လျူရှုတယ်။ ထက်မြက်သူက တခြားသူရဲ့အစွမ်းအစကို အောက်ကျို့သင်ယူတယ်။ ညံ့ဖျင်းသူက တခြားသူရဲ့ရှေ့မှာ ကိုယ့်အစွမ်းအစကို ကြွားဝါတယ်။

ထက်မြက်သူက သင်ယူဖို့ရာအားသန်တယ်။ ကိုယ့်လောက်မသိသူဆီကလည်း သင်ယူဖို့ဝန်မလေးဘူး။ညံ့ဖျင်းသူက လူတွေနဲ့အမြဲငြင်းခုန်တယ်။ ကိုယ့်လောက် မသိသူနဲ့လည်း ငြင်းခုန်ရန်ဖြစ်တယ်။ထက်မြက်သူက ပေးဆပ်ဖို့နားလည်တယ်။ ညံ့ဖျင်းသူက ရယူဖို့ပဲကြံတယ်။ထက် မြက်သူက အရှုံးထဲက အတွေ့အကြုံ၊ သင်ခန်းစာကိုယူတယ်။ ညံ့ဖျင်းသူက အရှုံးထဲကနေ ကိုယ့်ကိုယ်ကို လက်လွတ်ဆုံးရှုံးတယ်။ ထက် မြက်သူက ကိုယ့်စိတ်ကူးအိပ်မက်တွေ ကောင်အထည် မပေါ်မချင်း ကြံ့ကြံ့ခံတယ်။ ညံ့ဖျင်းသူက ဘာလုပ်လုပ် ဇွဲလုံ့လမရှိဘူး။ ထက် မြက်သူက ဘယ်အချိန်မှာစတင်မယ်၊ ဘယ်အချိန်မှာ စွန့်လွှတ်ရမယ်ဆိုတာကို သိတယ်။ ညံ့ဖျင်းသူက မရေမရာချိန်မှာစတင်ပြီး ဘယ်အ ချိန်မှာ စွန့်လွှတ်ရမယ်ဆိုတာကို နားမလည်ဘူး။ ထက်မြက်သူက မွေးရာပါ ပါရမီတစ်ဝက်ရှိလည်း ကျန်တစ်ဝက်ကို ကျင့်ယူရတယ်ဆိုတာကိုနားလည်တယ်။ ညံ့ဖျင်းသူက မွေးရာပါ ပါရမီရှိလည်း နောက်ပိုင်းမှာ တုံးအ ညံ့ဖျင်းသွားအောင်ကျင့်တယ်။ (ဒီစာကိုရေးမိမှ ကိုယ့်ကိုယ်ကို ညံ့ဖျင်းသူဖြစ်မှန်းသိတော့တယ်)

မူရင်း- Credit

[zawgyi]

ထက္ျမက္သူက နားေထာင္ ေကာင္းသူတစ္ဦးျဖစ္တယ္။ ညံ့ဖ်င္းသူက မျပတ္ ညည္းတြားတိုင္တန္းတယ္။ ထက္ျမက္သူက သင့္ေလ်ာ္တဲ့အခ်ိန္မွာတုံးအခ်င္ဟန္ေဆာင္တယ္။ ညံ့ဖ်င္းသူက ဘယ္အခ်ိန္ျဖစ္ျဖစ္ ကိုယ့္ကိုယ္ကို ထက္ျမက္သူလုပ္ၿပီး ဂုဏ္ေဖာ္တယ္။ ထက္ျမက္သူက ဘဝရဲ႕အေသးစိတ္အခ်က္အလက္ကို မွတ္သားတယ္။ ညံ့ဖ်င္းသူက တစ္ဖက္သားရဲ႕ အားနည္းခ်က္တိုင္းကို မွတ္သားတယ္။ ထက္ျမက္သူက ကိုယ့္ကိုယ္ကို ဟာသလုပ္တယ္။ ညံ့ဖ်င္းသူက တစ္ဖက္သားကို ဟာသလုပ္တယ္။ ထက္ျမက္သူက ဆင္းရဲႏြမ္းပါးခ်ိန္မွာလည္း အိေျႏၵထိန္းႏိုင္တယ္။ ညံ့ဖ်င္းသူက ခ်မ္းသာႂကြယ္ဝခ်ိန္မွာ ဝင့္ႂကြားဂုဏ္ေမာက္တယ္။ ထက္ျမက္သူက အခ်စ္ဆုံးရႈံးသြားလည္း ကိုယ္ကိုယ္တိုင္ မဆုံးရႈံးေအာင္ေနတယ္။ ညံ့ဖ်င္းသူက အခ်စ္ဆုံးရႈံး/မဆုံးရႈံးလည္း ကိုယ့္ကိုယ္ကို အၿမဲဆုံးရႈံးတယ္။ ထက္ျမက္သူက မေကာင္းတဲ့အတိတ္ကို လက္လြတ္ၿပီး ေရွ႕ကိုခရီးဆက္တယ္။ ညံ့ဖ်င္းသူက အတိတ္မွာတင္ နစ္ၿပီး အနာဂတ္ကို လ်စ္လ်ဴရႈတယ္။ ထက္ျမက္သူက တျခားသူရဲ႕အစြမ္းအစကို ေအာက္က်ိဳ႕သင္ယူတယ္။ ညံ့ဖ်င္းသူက တျခားသူရဲ႕ေရွ႕မွာ ကိုယ့္အစြမ္းအစကို ႂကြားဝါတယ္။ထက္ျမက္သူက သင္ယူဖို႔ရာအားသန္တယ္။ ကိုယ့္ေလာက္မသိသူဆီကလည္း သင္ယူဖို႔ဝန္မေလးဘူး။ညံ့ဖ်င္းသူက လူေတြနဲ႔အၿမဲျငင္းခုန္တယ္။ ကိုယ့္ေလာက္ မသိသူနဲ႔လည္း ျငင္းခုန္ရန္ျဖစ္တယ္။ထက္ျမက္သူက ေပးဆပ္ဖို႔နားလည္တယ္။ ညံ့ဖ်င္းသူက ရယူဖို႔ပဲႀကံတယ္။ထက္ ျမက္သူက အရႈံးထဲက အေတြ႕အႀကဳံ၊ သင္ခန္းစာကိုယူတယ္။ ညံ့ဖ်င္းသူက အရႈံးထဲကေန ကိုယ့္ကိုယ္ကို လက္လြတ္ဆုံးရႈံးတယ္။ ထက္ ျမက္သူက ကိုယ့္စိတ္ကူးအိပ္မက္ေတြ ေကာင္အထည္ မေပၚမခ်င္း ႀကံ့ႀကံ့ခံတယ္။ ညံ့ဖ်င္းသူက ဘာလုပ္လုပ္ ဇြဲလုံ႔လမရွိဘူး။ ထက္ ျမက္သူက ဘယ္အခ်ိန္မွာစတင္မယ္၊ ဘယ္အခ်ိန္မွာ စြန႔္လႊတ္ရမယ္ဆိုတာကို သိတယ္။ ညံ့ဖ်င္းသူက မေရမရာခ်ိန္မွာစတင္ၿပီး ဘယ္အ ခ်ိန္မွာ စြန႔္လႊတ္ရမယ္ဆိုတာကို နားမလည္ဘူး။ ထက္ျမက္သူက ေမြးရာပါ ပါရမီတစ္ဝက္ရွိလည္း က်န္တစ္ဝက္ကို က်င့္ယူရတယ္ဆိုတာကိုနားလည္တယ္။ ညံ့ဖ်င္းသူက ေမြးရာပါ ပါရမီရွိလည္း ေနာက္ပိုင္းမွာ တုံးအ ညံ့ဖ်င္းသြားေအာင္က်င့္တယ္။ (ဒီစာကိုေရးမိမွ ကိုယ့္ကိုယ္ကို ညံ့ဖ်င္းသူျဖစ္မွန္းသိေတာ့တယ္)