ထွားကျိုင်းချင်တဲ့ လူပုလေး

တခါတုန်းက တောနက်ထဲမှာ နေနေတဲ့ လူပုလေးတယောက်ဟာ ထွားကျိုင်းချင်လို့ဆိုပြီး နည်းလမ်းလိုက်ရှာနေသတဲ့။ သူ့ပါတ်ဝင်းကျင်မှာ ပထမဆုံး တွေ့ရတဲ့ မြင်းကြီးကို “ကိုမြင်းလို သန်မာထွားကျိုင်းအောင် ဘယ်လိုလုပ်ရမလဲဗျ” လို့မေးတော့ မြင်းကြီးက”ငါ့လိုပြောင်းဖူးစေ့တွေစား၊ များများပြေးပေါ့” လို့ ပြောပါတယ်။လူပုလေးက အဲဒီလို လိုက်လုပ်တော့ ပြောင်းတွေ အများကြီး စားပြီး ဗိုက်တွေနာ၊ များများပြေးတော့ ခြေထောက်တွေနာလာတာပဲ ရှိတယ်။ လူကတော့ ထွားမလာဘူးတဲ့။ လူပုလေးလည်း စိတ်ညစ်ပြီး တခြားတယောက်ဆီက အကြံဉာဏ်ယူမှပါ ဆိုပြီး ထွက်လာပြန်သတဲ့။ကျွဲကြီး တကောင်ကိုတွေ့တော့”ကိုကျွဲကြီး၊ ခင်ဗျားလို သန်မာထွားကျိုင်းအောင် ဘယ်လိုလုပ်ရလဲဗျ” လို့မေးတော့ ကျွဲကြီးက”ငါ့လို မြက်တွေစား၊ ညွမ့်ညွမ့်နဲ့ အော်နေပေါ့ကွာ” လို့ ပြောသတဲ့။လူပုလေးက အဲဒီလိုလိုက်လုပ်တော့ သူ့မှာ မြက်စားလို့ ဗိုက်တွေနာ၊ အော်ရလွန်းလို့ လည်ချောင်းတွေနာတာပဲ ရှိတယ်တဲ့။ ဒီအတိုင်း ဒီအတိုင်းပဲတဲ့။ လူပုလေးလည်း မဟုတ်သေးပါဘူးကွာ၊ တခြားသူဆီက အကြံဉာဏ်ယူမှပါ ဆိုပြီး ထပ်ရှာပြန်သတဲ့။

ခုတခေါက်တွေ့ရတာ့ ပညာရှိဇီးကွက်ကြီးတဲ့။”ဦးဇီးကွက်ရေ၊ ကျွန်တော်က အရပ်ပုနေတာ စိတ်ညစ်တယ်ဗျာ။ ကိုမြင်းကြီးလို၊ ကိုကျွဲကြီးလို အရပ်မြင့်ပြီး ထွားချင်တယ်ဗျာ၊ သူတို့လိုလည်း လိုက်မလုပ်နိုင်ဘူး၊ ဘယ်လိုလုပ်ရမလဲ”ဇီးကွက်ကြီးကမေးသတဲ့”မင်းအရပ်မြင့်ချင်တာ တခြားသူတွေက လာလာစနေလို့လား၊ မြင်းကြီးလို အမြန်ပြေးချင်တာလား၊ ကျွဲကြီးလို ဝန်တွေသယ်ချင်တာလား”လူပုလေးက”မဟုတ်ပါဘူးဗျာ” ပြန်ပြောတော့ ဇီးကွက်ကြီးက”အဲဒါဆိုရင်ဖြင့် သူများလို အရပ်မြင့်နေစရာမလိုပါဘူး၊ တကယ်အရေးကြီးတာက ဦးနှောက် ဉာဏ်ရည်မြင့်ဖို့ပဲကွ” လို့ပြောပြီး တခြားနေရာကို ပျံသန်းသွားသတဲ့။လူပုလေးလည်း ဟုတ်ပေသားပဲလို့ စဉ်းစားမိပြီး အသိဉာဏ်ပိုမြင့်လာအောင်ပဲ စာတွေဖတ် ပညာရပ်တွေ လေ့လာတာတွေ လုပ်တော့တာပေါ့။ သူအရပ်ပုတဲ့ ကိစ္စကိုလည်း စိတ်ထဲမထားတော့ဘူးတဲ့။ ပုံပြင်လေးကတော့ ဒီလောက်ပါပဲ..။ အတွေးတစ်ခုရကြပါစေ..။

credit – phoo myat chal

[zawgyi]

တခါတုန္းက ေတာနက္ထဲမွာ ေနေနတဲ့ လူပုေလးတေယာက္ဟာ ထြားက်ိဳင္းခ်င္လို႔ဆိုၿပီး နည္းလမ္းလိုက္ရွာေနသတဲ့။ သူ႔ပါတ္ဝင္းက်င္မွာ ပထမဆုံး ေတြ႕ရတဲ့ ျမင္းႀကီးကို “ကိုျမင္းလို သန္မာထြားက်ိဳင္းေအာင္ ဘယ္လိုလုပ္ရမလဲဗ်” လို႔ေမးေတာ့ ျမင္းႀကီးက”ငါ့လိုေျပာင္းဖူးေစ့ေတြစား၊ မ်ားမ်ားေျပးေပါ့” လို႔ ေျပာပါတယ္။လူပုေလးက အဲဒီလို လိုက္လုပ္ေတာ့ ေျပာင္းေတြ အမ်ားႀကီး စားၿပီး ဗိုက္ေတြနာ၊ မ်ားမ်ားေျပးေတာ့ ေျခေထာက္ေတြနာလာတာပဲ ရွိတယ္။ လူကေတာ့ ထြားမလာဘူးတဲ့။ လူပုေလးလည္း စိတ္ညစ္ၿပီး တျခားတေယာက္ဆီက အႀကံဉာဏ္ယူမွပါ ဆိုၿပီး ထြက္လာျပန္သတဲ့။ကြၽဲႀကီး တေကာင္ကိုေတြ႕ေတာ့”ကိုကြၽဲႀကီး၊ ခင္ဗ်ားလို သန္မာထြားက်ိဳင္းေအာင္ ဘယ္လိုလုပ္ရလဲဗ်” လို႔ေမးေတာ့ ကြၽဲႀကီးက”ငါ့လို ျမက္ေတြစား၊ ၫြမ့္ၫြမ့္နဲ႔ ေအာ္ေနေပါ့ကြာ” လို႔ ေျပာသတဲ့။လူပုေလးက အဲဒီလိုလိုက္လုပ္ေတာ့ သူ႔မွာ ျမက္စားလို႔ ဗိုက္ေတြနာ၊ ေအာ္ရလြန္းလို႔ လည္ေခ်ာင္းေတြနာတာပဲ ရွိတယ္တဲ့။ ဒီအတိုင္း ဒီအတိုင္းပဲတဲ့။ လူပုေလးလည္း မဟုတ္ေသးပါဘူးကြာ၊ တျခားသူဆီက အႀကံဉာဏ္ယူမွပါ ဆိုၿပီး ထပ္ရွာျပန္သတဲ့။ခုတေခါက္ေတြ႕ရတာ့ ပညာရွိဇီးကြက္ႀကီးတဲ့။”ဦးဇီးကြက္ေရ၊ ကြၽန္ေတာ္က အရပ္ပုေနတာ စိတ္ညစ္တယ္ဗ်ာ။ ကိုျမင္းႀကီးလို၊ ကိုကြၽဲႀကီးလို အရပ္ျမင့္ၿပီး ထြားခ်င္တယ္ဗ်ာ၊ သူတို႔လိုလည္း လိုက္မလုပ္ႏိုင္ဘူး၊ ဘယ္လိုလုပ္ရမလဲ”ဇီးကြက္ႀကီးကေမးသတဲ့”မင္းအရပ္ျမင့္ခ်င္တာ တျခားသူေတြက လာလာစေနလို႔လား၊ ျမင္းႀကီးလို အျမန္ေျပးခ်င္တာလား၊ ကြၽဲႀကီးလို ဝန္ေတြသယ္ခ်င္တာလား”လူပုေလးက”မဟုတ္ပါဘူးဗ်ာ” ျပန္ေျပာေတာ့ ဇီးကြက္ႀကီးက”အဲဒါဆိုရင္ျဖင့္ သူမ်ားလို အရပ္ျမင့္ေနစရာမလိုပါဘူး၊ တကယ္အေရးႀကီးတာက ဦးေႏွာက္ ဉာဏ္ရည္ျမင့္ဖို႔ပဲကြ” လို႔ေျပာၿပီး တျခားေနရာကို ပ်ံသန္းသြားသတဲ့။လူပုေလးလည္း ဟုတ္ေပသားပဲလို႔ စဥ္းစားမိၿပီး အသိဉာဏ္ပိုျမင့္လာေအာင္ပဲ စာေတြဖတ္ ပညာရပ္ေတြ ေလ့လာတာေတြ လုပ္ေတာ့တာေပါ့။ သူအရပ္ပုတဲ့ ကိစၥကိုလည္း စိတ္ထဲမထားေတာ့ဘူးတဲ့။ ပုံျပင္ေလးကေတာ့ ဒီေလာက္ပါပဲ..။ အေတြးတစ္ခုရၾကပါေစ..။