ဒီဂျစ်တယ် မီးဖို အသုံးပြုသူများ အန္တရာယ်ကင်းကင်းနဲ့ ကြာရှည်ခံအောင်အသုံးပြုနိုင်ဖို့ သိထားသင့်တဲ့ အချက်(၅) ချက်

အိမ်ရှင်မ အိမ်ရှင်ထီးတို့အတွက် အသုံးတည့်မယ်လို့ ယုံကြည်လို့ ဒီဂျစ်တယ်မီးဖို အသုံးပြုရာမှာ အန္တရာယ်ကင်းကင်းနဲ့ ကြာရှည်ခံအောင်အသုံးပြုနိုင်ဖို့ ဗဟုသုတအနေနဲ့ မျှဝေဖော်ပြပေးလိုက်ပါတယ်။ (၁) ဒီဂျစ်တယ်မီးဖို တော်တော်များများ က 2000 W, 2200 W ရှိလို့ (လုံးဝ) Extension ကြိုးခွေများနဲ့ မသုံးသင့်ပါဘူး။ (၂) တော်တော်များများက “on/off” နှိပ်ပြီးရင် တန်းပြီး လာပေမယ့် တစ်ချို့ အလုံးတွေက “ON” နှိပ်ပြီးတဲ့အပြင် “stand by” သို့မဟုတ် “Function” ခလုတ် တစ်ခုခုကိုပါ နှိပ်ဖို့လိုပါတယ်။ ထွေထွေထူးထူး မဟုတ်ပေမယ့် ဆိုင်က သေချာ ရှင်းပြလိုက်ရင်တောင် အိမ်ရောက်မှ ပြန်လာတာမျိုး ဖုန်းဆက်မေးတာမျိုး ဖြစ်ဖူးလို့ပါ။ (၃) ဒီဂျစ်တယ်မီးဖို တိုင်းမှာ “Function” တွေအစုံ ပြထား ရေးထားပေမယ့် တကယ်သုံးသင့်တာက ကိုယ်ချက်တဲ့ ဟင်းအပေါ် ဆီပူအပေါ် မူတည်ပြီး ‘(+ , -)’ အတိုးအလျှော့ လုပ်ပေးရင်း ချက်တာက ကျွန်တော်တို့ အိမ်ရှင်ထီး အိမ်ရှင်မတွေ အတွက် ပိုအဆင်ပြေ သင့်တော်ပါတယ်။ (၄) “တရုတ်မိတ်တွေက ခဏ ခဏ အပျက်မြန်တယ်” “အကောင်းဝယ်လည်း မထူးပါဘူး” ဆိုတဲ့ အသံတွေအတွက်တော့ အရေးကြီးဆုံး ဒီနည်းလေးကို မမေ့စေချင်ပါဘူး။ ဒီဂျစ်တယ်မီးဖို တော်တော်များများက “Auto-Off” အလိုလျောက် ပိတ်ပေးတဲ့ စနစ်ပါဝင်ပါတယ်။ ဈေးကွက်ထဲက ဈေးအပေါဆုံး ဒီဂျစ်တယ်ဖိုကတော့ မပါဝင်ပါဘူး။ သို့သော် အခုပြောမယ့် အချက်လေးကိုတော့ အလိုအလျောက် ပိတ်တဲ့ စနစ် ပါပါ မပါပါ အသုံးပြုပေးဖို့ တိုက်တွန်းပေးချင်ပါတယ်။

ချက်ပြီးပြီ ဆိုတာနဲ့ ပလပ် ကို ချက်ချင်း မဖြုတ်ပါနဲ့။ “on/off” ခလုတ်နှိပ်ပြီးသာ ပိတ်ပါ။ ပန် ကာက ဆက်လည်နေပါလိမ့်မယ်။ အလိုလျောက် ပိတ်တဲ့ စနစ်ပါဝင်တဲ့ မီးဖိုတွေက အချိန်ကြာလို့ လေပူပြန်ထုတ်တာ ‘ဝ’ သွားရင် အလိုလို ပိတ်သွားပါလိမ့်မယ်။ ပန်ကာလည်တဲ့ ကြာချိန် (အပူထုတ်တဲ့ကြာချိန်)က မိမိ ချက်ခဲ့တဲ့ အချိန်ပေါ် မူတည်ပြီး ကွာဟနိုင်ပါတယ်။ ပန်ကာရပ်ပြီး အသံမကြားတော့တဲ့အချိန်မှာ ပလပ်ကိုဖြုတ်ပါ။ အကယ်၍ အလိုလျောက်ပိတ်တဲ့ စနစ်မပါရင်လည်း တော်တော် ကြာကြာထားပြီးမှ ပလပ်ကိုဖြုတ်ပါ။ ဒီနည်းက တကယ်ရေရှည်သုံးမယ့် အိမ်ရှင်ထီး အိမ်ရှင်မတွေ အတွက် အကောင်းဆုံးနည်းလမ်းလေးလို့ ညွှန်ပေးချင်ပါတယ်။ (၅) ချက်ပြီးပြီးချင်း တော့ အလယ် မီးပူနေရာကို သွားမကိုင်ဖို့ကတော့ အထူးပြောနေစရာ မလိုဘူးထင်ပေမယ့် အေးသွားလို့ သန့်ရှင်းရေးလုပ်ချင်တယ်ဆိုရင်တော့ ရေစိုဝတ် အခြောက် (သို့မ ဟုတ်) ဖေါ့ဖတ်လေးကို အသုံးပြုစေချင်ပါတယ်။ ဒီလောက်ဆိုရင်တော့ အိမ်ရှင်မ.. အိမ်ရှင်ထီးများ.. ဒီဂျစ်တယ်မီးဖိုကို ဘယ်လို ရေရှည်ခံအောင် သုံးမလဲဆိုတဲ့ အသုံးပြုပုံလေးတွေကို သိသွား တတ်သွားပြီလို့ အထူး ယုံကြည်ပါတယ်…။ခုရေးသားထားတဲ့ အကြောင်းရာတွေက မိတ် ဆွေ သူငယ်ချင်းများအတွက် အကျိုးကျေးဇူးတစ်ခုရတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ..။ကျေးဇူးတင်ပါတယ်။

Credit _ ShweMin Thar

[zawgyi]

အိမ္ရွင္မ အိမ္ရွင္ထီးတို႔အတြက္ အသုံးတည့္မယ္လို႔ ယုံၾကည္လို႔ ဒီဂ်စ္တယ္မီးဖို အသုံးျပဳရာမွာ အႏၲရာယ္ကင္းကင္းနဲ႔ ၾကာရွည္ခံေအာင္အသုံးျပဳႏိုင္ဖို႔ ဗဟုသုတအေနနဲ႔ မွ်ေဝေဖာ္ျပေပးလိုက္ပါတယ္။ (၁) ဒီဂ်စ္တယ္မီးဖို ေတာ္ေတာ္မ်ားမ်ား က 2000 W, 2200 W ရွိလို႔ (လုံးဝ) Extension ႀကိဳးေခြမ်ားနဲ႔ မသုံးသင့္ပါဘူး။ (၂) ေတာ္ေတာ္မ်ားမ်ားက “on/off” ႏွိပ္ၿပီးရင္ တန္းၿပီး လာေပမယ့္ တစ္ခ်ိဳ႕ အလုံးေတြက “ON” ႏွိပ္ၿပီးတဲ့အျပင္ “stand by” သို႔မဟုတ္ “Function” ခလုတ္ တစ္ခုခုကိုပါ ႏွိပ္ဖို႔လိုပါတယ္။ ေထြေထြထူးထူး မဟုတ္ေပမယ့္ ဆိုင္က ေသခ်ာ ရွင္းျပလိုက္ရင္ေတာင္ အိမ္ေရာက္မွ ျပန္လာတာမ်ိဳး ဖုန္းဆက္ေမးတာမ်ိဳး ျဖစ္ဖူးလို႔ပါ။ (၃) ဒီဂ်စ္တယ္မီးဖို တိုင္းမွာ “Function” ေတြအစုံ ျပထား ေရးထားေပမယ့္ တကယ္သုံးသင့္တာက ကိုယ္ခ်က္တဲ့ ဟင္းအေပၚ ဆီပူအေပၚ မူတည္ၿပီး ‘(+ , -)’ အတိုးအေလွ်ာ့ လုပ္ေပးရင္း ခ်က္တာက ကြၽန္ေတာ္တို႔ အိမ္ရွင္ထီး အိမ္ရွင္မေတြ အတြက္ ပိုအဆင္ေျပ သင့္ေတာ္ပါတယ္။ (၄) “တ႐ုတ္မိတ္ေတြက ခဏ ခဏ အပ်က္ျမန္တယ္” “အေကာင္းဝယ္လည္း မထူးပါဘူး” ဆိုတဲ့ အသံေတြအတြက္ေတာ့ အေရးႀကီးဆုံး ဒီနည္းေလးကို မေမ့ေစခ်င္ပါဘူး။ ဒီဂ်စ္တယ္မီးဖို ေတာ္ေတာ္မ်ားမ်ားက “Auto-Off” အလိုေလ်ာက္ ပိတ္ေပးတဲ့ စနစ္ပါဝင္ပါတယ္။ ေဈးကြက္ထဲက ေဈးအေပါဆုံး ဒီဂ်စ္တယ္ဖိုကေတာ့ မပါဝင္ပါဘူး။ သို႔ေသာ္ အခုေျပာမယ့္ အခ်က္ေလးကိုေတာ့ အလိုအေလ်ာက္ ပိတ္တဲ့ စနစ္ ပါပါ မပါပါ အသုံးျပဳေပးဖို႔ တိုက္တြန္းေပးခ်င္ပါတယ္။ခ်က္ၿပီးၿပီ ဆိုတာနဲ႔ ပလပ္ ကို ခ်က္ခ်င္း မျဖဳတ္ပါနဲ႔။ “on/off” ခလုတ္ႏွိပ္ၿပီးသာ ပိတ္ပါ။ ပန္ ကာက ဆက္လည္ေနပါလိမ့္မယ္။ အလိုေလ်ာက္ ပိတ္တဲ့ စနစ္ပါဝင္တဲ့ မီးဖိုေတြက အခ်ိန္ၾကာလို႔ ေလပူျပန္ထုတ္တာ ‘ဝ’ သြားရင္ အလိုလို ပိတ္သြားပါလိမ့္မယ္။ ပန္ကာလည္တဲ့ ၾကာခ်ိန္ (အပူထုတ္တဲ့ၾကာခ်ိန္)က မိမိ ခ်က္ခဲ့တဲ့ အခ်ိန္ေပၚ မူတည္ၿပီး ကြာဟႏိုင္ပါတယ္။ ပန္ကာရပ္ၿပီး အသံမၾကားေတာ့တဲ့အခ်ိန္မွာ ပလပ္ကိုျဖဳတ္ပါ။ အကယ္၍ အလိုေလ်ာက္ပိတ္တဲ့ စနစ္မပါရင္လည္း ေတာ္ေတာ္ ၾကာၾကာထားၿပီးမွ ပလပ္ကိုျဖဳတ္ပါ။ ဒီနည္းက တကယ္ေရရွည္သုံးမယ့္ အိမ္ရွင္ထီး အိမ္ရွင္မေတြ အတြက္ အေကာင္းဆုံးနည္းလမ္းေလးလို႔ ၫႊန္ေပးခ်င္ပါတယ္။ (၅) ခ်က္ၿပီးၿပီးခ်င္း ေတာ့ အလယ္ မီးပူေနရာကို သြားမကိုင္ဖို႔ကေတာ့ အထူးေျပာေနစရာ မလိုဘူးထင္ေပမယ့္ ေအးသြားလို႔ သန႔္ရွင္းေရးလုပ္ခ်င္တယ္ဆိုရင္ေတာ့ ေရစိုဝတ္ အေျခာက္ (သို႔မ ဟုတ္) ေဖါ့ဖတ္ေလးကို အသုံးျပဳေစခ်င္ပါတယ္။ ဒီေလာက္ဆိုရင္ေတာ့ အိမ္ရွင္မ.. အိမ္ရွင္ထီးမ်ား.. ဒီဂ်စ္တယ္မီးဖိုကို ဘယ္လို ေရရွည္ခံေအာင္ သုံးမလဲဆိုတဲ့ အသုံးျပဳပုံေလးေတြကို သိသြား တတ္သြားၿပီလို႔ အထူး ယုံၾကည္ပါတယ္…။ခုေရးသားထားတဲ့ အေၾကာင္းရာေတြက မိတ္ ေဆြ သူငယ္ခ်င္းမ်ားအတြက္ အက်ိဳးေက်းဇူးတစ္ခုရတယ္ဆိုရင္ပဲ ေက်နပ္ပါၿပီ..။ေက်းဇူးတင္ပါတယ္။