ဒေါသထွက်ရင်…

ဒေါသထွက်ရင် စားပွဲခုံကို ထုရိုက်တတ်တဲ့ အကျင့် ရှိတယ်။ ဒါပေမဲ့ ကွဲရှနိုင်တဲ့ ဖန်စားပွဲတော့မထုရိုက်ကြပါဘူး။ဒေါသထွက်ရင် လက်ထဲကိုင်ထားတဲ့အရာ လွတ်ပစ်တတ်တဲ့ အကျင့်ရှိတယ်။ဒါပေမဲ့ ဒေါ်လာ၁၅၀၀ တန် ဖုန်းအသစ်ကို လက်ထဲမှာ ကိုင်ထားရင်တော့ လွတ်ပစ်မှာ မဟုတ်ပါဘူး။ဒေါသထွက်ရင် ကိုယ့်ရှေ့မှာ ရှိတဲ့ အရာကို ကန်ကြောက်ကြတယ်။ ဒါပေမဲ့ သူ့ရှေ့မှာ ဆူးပင်ရှိရင်တော့ ထိုအပင်ကို ပိတ်ကန်မှာ မဟုတ်ဘူး။သတိထားစရာက အကြိမ်များများပါပဲ။လူဟာ သူ့မသိစိတ်မှာကို သူမနာကျင်ရပဲ သူ့ဒေါသကိုဘယ်လို ထုတ်ဖော်ပြရမလဲဆိုတာ သိနေတယ်။ဒါကို ထပ်ချဲ့ပြီး နားလည်ကြည့်ရင် လူဟာ သူ့ထက်မသန်မာဘူး ယူဆရတဲ့သူအပေါ်၊ သူ့ကို ပြန်ပြီး နာကျင်အောင် မလုပ်နိုင်တဲ့ သူအပေါ်မှာသာ သူ့ဒေါသကို ပြတတ်တာပါ။စားပွဲထိုး တစ်ယောက်ကြောင့် သူ့အင်္ကျီအပေါ် ရေဖိတ်သွားရင် ထိုစားပွဲထိုးကို အော် ငေါက်မာန်မဲတာ ပြု နိုင်တယ်။

သူဋ္ဌေးကြောင့် ကိုယ့်အင်္ကျီကော်ဖီစွန်းပေသွားရင်တော့ မအော်သည့်အပြင် ပြုံးလျှက် အဆင်ပြေပါတယ်၊ ပြသနာမဟုတ်ပါဘူးဟုပင် ဆိုကြမယ်။ကိုယ့်ထက် အစွမ်းအစကြီးနေသူအပေါ် ဒေါသထွက်မယ်ဆို နှစ်ကြိမ်လောက်…ပြန်တွေးကြမယ့်သဘောပဲ။ ဆရာမင်းသိင်္ခဝတ္ထု တစ်ပုဒ်မှာလည်း ဖတ်ရဖူးတယ်။လူတွေက ဗွက်ကို မနင်းဘူး။ မြေမာကိုသာ နင်းကြတာ။ဗွက်ကို နင်းရင် သူ့ခြေထောက် ရွံ့ပေသွားမှာ စိုးလို့။ မြေမာနင်းတာ သူ့အတွက် အရှုံးမရှိဘူး။ ဒီတော့ လူဟာ သူ့အတွက် အရှုံးမရှိဘူး၊ မနစ်နာဘူး၊ သေချာပေါက် သူအသာရတယ်ဆို နင်းတယ်။ နင်းရင် သူ့အတွက် သေချာပေါက် နစ်နာမယ်ဆို မနင်းဘူး။ ဒီလိုဆိုတော့လည်း ဒေါသကြီးတယ်ဆိုတာ အခြားမှ မဟုတ်ပဲ။ သူ့ထက် နိမ့်သူ၊ သူ့ကို ပြန်နာကျင်အောင် မလုပ်နိုင်တဲ့ အရာအပေါ် ပြု မူတဲ့ အပြု အမူပုံစံတစ်ရပ်ပဲ။

credit – original

[zawgyi]

ေဒါသထြက္ရင္ စားပြဲခုံကို ထု႐ိုက္တတ္တဲ့ အက်င့္ ရွိတယ္။ ဒါေပမဲ့ ကြဲရွႏိုင္တဲ့ ဖန္စားပြဲေတာ့မထု႐ိုက္ၾကပါဘူး။ေဒါသထြက္ရင္ လက္ထဲကိုင္ထားတဲ့အရာ လြတ္ပစ္တတ္တဲ့ အက်င့္ရွိတယ္။ဒါေပမဲ့ ေဒၚလာ၁၅၀၀ တန္ ဖုန္းအသစ္ကို လက္ထဲမွာ ကိုင္ထားရင္ေတာ့ လြတ္ပစ္မွာ မဟုတ္ပါဘူး။ေဒါသထြက္ရင္ ကိုယ့္ေရွ႕မွာ ရွိတဲ့ အရာကို ကန္ေၾကာက္ၾကတယ္။ ဒါေပမဲ့ သူ႔ေရွ႕မွာ ဆူးပင္ရွိရင္ေတာ့ ထိုအပင္ကို ပိတ္ကန္မွာ မဟုတ္ဘူး။သတိထားစရာက အႀကိမ္မ်ားမ်ားပါပဲ။လူဟာ သူ႔မသိစိတ္မွာကို သူမနာက်င္ရပဲ သူ႔ေဒါသကိုဘယ္လို ထုတ္ေဖာ္ျပရမလဲဆိုတာ သိေနတယ္။ဒါကို ထပ္ခ်ဲ႕ၿပီး နားလည္ၾကည့္ရင္ လူဟာ သူ႔ထက္မသန္မာဘူး ယူဆရတဲ့သူအေပၚ၊ သူ႔ကို ျပန္ၿပီး နာက်င္ေအာင္ မလုပ္ႏိုင္တဲ့ သူအေပၚမွာသာ သူ႔ေဒါသကို ျပတတ္တာပါ။စားပြဲထိုး တစ္ေယာက္ေၾကာင့္ သူ႔အက်ႌအေပၚ ေရဖိတ္သြားရင္ ထိုစားပြဲထိုးကို ေအာ္ ေငါက္မာန္မဲတာ ျပဳ ႏိုင္တယ္။သူေ႒းေၾကာင့္ ကိုယ့္အက်ႌေကာ္ဖီစြန္းေပသြားရင္ေတာ့ မေအာ္သည့္အျပင္ ၿပဳံးလွ်က္ အဆင္ေျပပါတယ္၊ ျပသနာမဟုတ္ပါဘူးဟုပင္ ဆိုၾကမယ္။ကိုယ့္ထက္ အစြမ္းအစႀကီးေနသူအေပၚ ေဒါသထြက္မယ္ဆို ႏွစ္ႀကိမ္ေလာက္…ျပန္ေတြးၾကမယ့္သေဘာပဲ။ ဆရာမင္းသိခၤဝတၳဳ တစ္ပုဒ္မွာလည္း ဖတ္ရဖူးတယ္။လူေတြက ဗြက္ကို မနင္းဘူး။ ေျမမာကိုသာ နင္းၾကတာ။ဗြက္ကို နင္းရင္ သူ႔ေျခေထာက္ ႐ြံ႕ေပသြားမွာ စိုးလို႔။ ေျမမာနင္းတာ သူ႔အတြက္ အရႈံးမရွိဘူး။ ဒီေတာ့ လူဟာ သူ႔အတြက္ အရႈံးမရွိဘူး၊ မနစ္နာဘူး၊ ေသခ်ာေပါက္ သူအသာရတယ္ဆို နင္းတယ္။ နင္းရင္ သူ႔အတြက္ ေသခ်ာေပါက္ နစ္နာမယ္ဆို မနင္းဘူး။ ဒီလိုဆိုေတာ့လည္း ေဒါသႀကီးတယ္ဆိုတာ အျခားမွ မဟုတ္ပဲ။ သူ႔ထက္ နိမ့္သူ၊ သူ႔ကို ျပန္နာက်င္ေအာင္ မလုပ္ႏိုင္တဲ့ အရာအေပၚ ျပဳ မူတဲ့ အျပဳ အမူပုံစံတစ္ရပ္ပဲ။