နေအိမ်အောက်တွင် တောင်ပို့ ပေါက်ခြင်းနှင့် ပတ်သက်၍ ရှေးလူကြီးများ၏ အယူအဆများ

နေအိမ်အောက်တွင်တောင်ပို့ပေါက်သည့်အခါတချို့လူများကအိမ်ကိုဖျက်ဆီးမည်ဟုသဘောထားကာတောင်ပို့ကိုတူးဆွဖယ်ထုတ်ပစ်လိုက်ကြသည်တချို့လူများကတော့ကောင်းကျိုးပေးမည့်အရာဟုသဘောထားပြီးရာဇမတ်လေးဖက်လေးတန်ကာ၍တံခွန်၊ကုက္ကား၊မုလေးပွားများ စိုက်၊အမွှေးနံ့သာများပက်ဖျန်းကြသည်ဖယောင်းတိုင်၊အမွှေးတိုင်များကိုအဆက်မပြတ်ထွန်းညှိပူဇော်ထားကြသည်တောင်ပို့ကတစ်စထက်တစ်စမြင့်တက်လာရာအိမ်ကဆင့်တန်းဖြုတ်၊ခင်းထားသောပျဉ်ချပ်များကို ခွာပစ်ရသည်အထိယုံကြည်ကိုးစားစွာဖြင့်ရိုသေစွာထားကြသည်ကိုလည်းတွေ့ဖူးသည်။ညီငယ်လေးပမာခင်မင်ရသောသက်ကိုကသူ၏အိမ်အောက်တွင်တောင်ပို့ပေါက်လာသည့်အခါအဆိုပါတောင်ပို့ကိုသည်အတိုင်းပဲထားရမည်လား၊တောင်ပို့ကို ဖြိုချပစ်ရမည်လားဟုမေးခဲ့ဖူးပါသည်များစွာသောလူတို့သည်အိမ်ထဲသို့မဟုတ်ခြံဝင်းထဲ၌တောင်ပို့ပေါက်လာလျှင်ကောင်းသည်ဟုသာထင်မှတ်ကြလေသည်။ ရှေးလူကြီးသူမတို့ကမူကောင်း ကျိုး၏ရှေ့ပြေးဖြစ်သောတောင်ပို့ပေါက်မှုနှင့်မကောင်းကျိုး၏ရှေ့ပြေးဖြစ်သောတောင်ပို့ပေါက်မှုဟူ၍နှစ်မျိုးရှိကြောင်းဆိုခဲ့ကြပေသည်။ရှေးလူကြီးသူမတို့သည်အကြားအမြင်၊ ဗဟုသုတရင့်ကျက်ကြသူများပီပီနောင်လာနောက်သားတို့တောင်ပို့ပေါက်ခြင်းနှင့်ပတ်သက်၍ကောင်းခြင်းဆိုးခြင်းကိုသိမြင်မှတ်သားလိုက်နာဆောင်ရွက်နိုင်စေရန်ကဗျာလင်္ကာများစပ်ဆို ထားခဲ့ပေသည်။ ၎င်းလင်္ကာမှာ – (၁)အရှေ့တောင်ခွင်၊တောင်ပို့ထင်၊မီးလျှင်လောင်တတ်စွ။ (၂) အနောက်ပေါက်ငြား၊အောက်လူများနာ။ ဖျားဘေးဒဏ်ရ။ (၃) အနောက်တောင်တွင်၊တောင်ပို့မြင်၊သူလျှင် ခိုးတတ်လှ၊

(၄) ကြင်းငါးရပ်မှာ၊ပေါက် ရောက်လာ၊မှန်စွာချမ်းကြည်မြ၊ (၅) မကောင်းရပ်နေ၊ပေါက်လာပေ၊ရွှေရည်လောင်းလေကြ၊ (၆) ဤသို့ယတြာ၊ပြုသောခါ၊ရောဂါရန်ကွယ်ဟူ၍ ဖြစ်သည်။ အဋ္ဌလဂ်ခွင်အရအရပ်ရှစ်ပါးရှိရာ(၁)အရှေ့မြောက်အရပ်၊(၂)အရှေ့အရပ်၊(၃)အရှေ့တောင်အရပ်၊(၄)တောင်အရပ်၊ (၅) အနောက်တောင်အရပ်၊(၆) အနောက်အရပ်၊(၇) အနောက်မြောက်အရပ်၊ (၈) မြောက်အရပ်ဟူ၍ဖြစ်လေသည်။ အိမ်အတွင်း၊ခြံဝင်းအတွင်းတောင်ပို့ပေါက်သောအရပ်သည်မည်သည့်အရပ်၌ဖြစ်သည်ကိုတိကျစွာသတ်မှတ်ရပါမည်။ ရှေးလူကြီးသူမတို့မိန့်ဆိုခဲ့သောကဗျာလင်္ကာအရတောင်ပို့ပေါက်သောအရပ်သည်အရှေ့တောင်ထောင့်အရပ်ဖြစ်ပါကအိမ်ကိုမီးလောင်တတ်သည်အနောက်အရပ်တွင်ဖြစ်ပါကလူငယ်လူရွယ်များနာဖျားတတ်သည်။ဘေးရန်သင့်တတ်သည်အနောက်တောင်အရပ်တွင်ဖြစ်ပါကနေအိမ်တွင်သူခိုးခိုးခံရ တတ်သည်။ကျန်သည့်အရပ်ငါးမျိုးတွင်တောင်ပို့ပေါက်ပါကစည်းစိမ်ဥစ္စာကြီးပွားတိုးတက်ချမ်းသာမည်ဟုဆိုလိုပေသည်မကောင်းသောအရပ်တွင်တောင်ပို့ပေါက်လျှင်မည်သို့ပြုလုပ်ရမည်ကိုရှေးဗေဒကဝိတို့ကယတြာထားခဲ့ကြသည်။၎င်းယတြာမှာမိမိအိမ်သောက်ရေအိုးထဲမှရေကိုခပ်၍မကောင်းသောဘေးအန္တရာယ်များပပျောက်ပါဟေုဆုတောင်းကာပေါက်လာသည့်တောင်ပို့ပေါ်သို့နောက်ပြန်လောင်းရပေမည်။နေအိမ်(သို့မဟုတ်)ခြံဝင်းထဲ၌တောင်ပို့ပေါက်ပါကအမှုမဲ့အမှတ်မဲ့မနေဘဲကောင်းကျိုးလား၊မကောင်းကျိုးလားဆိုသည်ကိုအထက်ပါလင်္ကာအရဆန်းစစ်ကာမကောင်းကျိုးဖြစ်ပါကယတြာချေရုံသာရှိပါတော့သတည်း..။ ဝင်းဇော်သုံးဆယ်ရွှေပေါက်ဆိန်ဂျာနယ်အတွဲ(၃)၊အမှတ် ၆၀ တွင်ဖေါ်ပြပြီးဖြစ်ပါသည်။

Credit မူရင်း

[zawgyi

ေနအိမ္ေအာက္တြင္ေတာင္ပို႔ေပါက္သည့္အခါတခ်ိဳ႕လူမ်ားကအိမ္ကိုဖ်က္ဆီးမည္ဟုသေဘာထားကာေတာင္ပို႔ကိုတူးဆြဖယ္ထုတ္ပစ္လိုက္ၾကသည္တခ်ိဳ႕လူမ်ားကေတာ့ေကာင္းက်ိဳးေပးမည့္အရာဟုသေဘာထားၿပီးရာဇမတ္ေလးဖက္ေလးတန္ကာ၍တံခြန္၊ကုကၠား၊မုေလးပြားမ်ားစိုက္၊အေမႊးနံ႔သာမ်ားပက္ဖ်န္းၾကသည္ဖေယာင္းတိုင္၊အေမႊးတိုင္မ်ားကိုအဆက္မျပတ္ထြန္းညႇိပူေဇာ္ထားၾကသည္ေတာင္ပို႔ကတစ္စထက္တစ္စျမင့္တက္လာရာအိမ္ကဆင့္တန္းျဖဳတ္၊ခင္းထားေသာပ်ဥ္ခ်ပ္မ်ားကို ခြာပစ္ရသည္အထိယုံၾကည္ကိုးစားစြာျဖင့္႐ိုေသစြာထားၾကသည္ကိုလည္းေတြ႕ဖူးသည္။ညီငယ္ေလးပမာခင္မင္ရေသာသက္ကိုကသူ၏အိမ္ေအာက္တြင္ေတာင္ပို႔ေပါက္လာသည့္အခါအဆိုပါေတာင္ပို႔ကိုသည္အတိုင္းပဲထားရမည္လား၊ေတာင္ပို႔ကို ၿဖိဳခ်ပစ္ရမည္လားဟုေမးခဲ့ဖူးပါသည္မ်ားစြာေသာလူတို႔သည္အိမ္ထဲသို႔မဟုတ္ၿခံဝင္းထဲ၌ေတာင္ပို႔ေပါက္လာလွ်င္ေကာင္းသည္ဟုသာထင္မွတ္ၾကေလသည္။ ေရွးလူႀကီးသူမတို႔ကမူေကာင္း က်ိဳး၏ေရွ႕ေျပးျဖစ္ေသာေတာင္ပို႔ေပါက္မႈႏွင့္မေကာင္းက်ိဳး၏ေရွ႕ေျပးျဖစ္ေသာေတာင္ပို႔ေပါက္မႈဟူ၍ႏွစ္မ်ိဳးရွိေၾကာင္းဆိုခဲ့ၾကေပသည္။ေရွးလူႀကီးသူမတို႔သည္အၾကားအျမင္၊ ဗဟုသုတရင့္က်က္ၾကသူမ်ားပီပီေနာင္လာေနာက္သားတို႔ေတာင္ပို႔ေပါက္ျခင္းႏွင့္ပတ္သက္၍ေကာင္းျခင္းဆိုးျခင္းကိုသိျမင္မွတ္သားလိုက္နာေဆာင္႐ြက္ႏိုင္ေစရန္ကဗ်ာလကၤာမ်ားစပ္ဆို ထားခဲ့ေပသည္။ ၎လကၤာမွာ – (၁)အေရွ႕ေတာင္ခြင္၊ေတာင္ပို႔ထင္၊မီးလွ်င္ေလာင္တတ္စြ။ (၂) အေနာက္ေပါက္ျငား၊ေအာက္လူမ်ားနာ။ ဖ်ားေဘးဒဏ္ရ။ (၃) အေနာက္ေတာင္တြင္၊ေတာင္ပို႔ျမင္၊သူလွ်င္ ခိုးတတ္လွ၊(၄) ၾကင္းငါးရပ္မွာ၊ေပါက္ ေရာက္လာ၊မွန္စြာခ်မ္းၾကည္ျမ၊ (၅) မေကာင္းရပ္ေန၊ေပါက္လာေပ၊ေ႐ႊရည္ေလာင္းေလၾက၊ (၆) ဤသို႔ယၾတာ၊ျပဳေသာခါ၊ေရာဂါရန္ကြယ္ဟူ၍ ျဖစ္သည္။ အ႒လဂ္ခြင္အရအရပ္ရွစ္ပါးရွိရာ(၁)အေရွ႕ေျမာက္အရပ္၊(၂)အေရွ႕အရပ္၊(၃)အေရွ႕ေတာင္အရပ္၊(၄)ေတာင္အရပ္၊ (၅) အေနာက္ေတာင္အရပ္၊(၆) အေနာက္အရပ္၊(၇) အေနာက္ေျမာက္အရပ္၊ (၈) ေျမာက္အရပ္ဟူ၍ျဖစ္ေလသည္။ အိမ္အတြင္း၊ၿခံဝင္းအတြင္းေတာင္ပို႔ေပါက္ေသာအရပ္သည္မည္သည့္အရပ္၌ျဖစ္သည္ကိုတိက်စြာသတ္မွတ္ရပါမည္။ ေရွးလူႀကီးသူမတို႔မိန႔္ဆိုခဲ့ေသာကဗ်ာလကၤာအရေတာင္ပို႔ေပါက္ေသာအရပ္သည္အေရွ႕ေတာင္ေထာင့္အရပ္ျဖစ္ပါကအိမ္ကိုမီးေလာင္တတ္သည္အေနာက္အရပ္တြင္ျဖစ္ပါကလူငယ္လူ႐ြယ္မ်ားနာဖ်ားတတ္သည္။ေဘးရန္သင့္တတ္သည္အေနာက္ေတာင္အရပ္တြင္ျဖစ္ပါကေနအိမ္တြင္သူခိုးခိုးခံရတတ္သည္။က်န္သည့္အရပ္ငါးမ်ိဳးတြင္ေတာင္ပို႔ေပါက္ပါကစည္းစိမ္ဥစၥာႀကီးပြားတိုးတက္ခ်မ္းသာမည္ဟုဆိုလိုေပသည္မေကာင္းေသာအရပ္တြင္ေတာင္ပို႔ေပါက္လွ်င္မည္သို႔ျပဳလုပ္ရမည္ကိုေရွးေဗဒကဝိတို႔ကယၾတာထားခဲ့ၾကသည္။၎ယၾတာမွာမိမိအိမ္ေသာက္ေရအိုးထဲမွေရကိုခပ္၍မေကာင္းေသာေဘးအႏၲရာယ္မ်ားပေပ်ာက္ပါေဟုဆုေတာင္းကာေပါက္လာသည့္ေတာင္ပို႔ေပၚသို႔ေနာက္ျပန္ေလာင္းရေပမည္။ေနအိမ္(သို႔မဟုတ္)ၿခံဝင္းထဲ၌ေတာင္ပို႔ေပါက္ပါကအမႈမဲ့အမွတ္မဲ့မေနဘဲေကာင္းက်ိဳးလား၊မေကာင္းက်ိဳးလားဆိုသည္ကိုအထက္ပါလကၤာအရဆန္းစစ္ကာမေကာင္းက်ိဳးျဖစ္ပါကယၾတာေခ်႐ုံသာရွိပါေတာ့သတည္း..။ ဝင္းေဇာ္သုံးဆယ္ေ႐ႊေပါက္ဆိန္ဂ်ာနယ္အတြဲ(၃)၊အမွတ္၆၀တြင္ေဖၚျပၿပီးျဖစ္ပါသည္။