နွားရောင်းမည် ၂၀၀၀ကျပ်..ကြက်ရောင်းမည် ၂သိန်းကျပ်.. မှတ်ချက်။ ။ ခွဲမရောင်းပါ

တခါက ရွာလေးတရွာမှာ ကပ်စေးနဲတဲ့ အဖိုးကြီး အဖွားကြီး ၂ယောက် ရှိကြသတဲ့။ သားသမီးလည်းမရှိပဲ၂ယောက်တည်း နေကြရတယ်။ တနေ့တော့ အဖိုးကြီးက အသည်းအသန်ဖြစ်ပြီး သေခါနီး ကယောင်ကတမ်းနဲ့ အဖွားကြီးကို မှာသတဲ့။ ” ငါ အရင်ကဘာကုသိုလ်ကောင်းမှုမှလည်း မလုပ်ခဲ့ဘူး မိန်းမရေ။ ငါသေရင် ဘဝကူးကောင်းအောင် အိမ်ကနွားလေးကို ရောင်းပြီး တဝက်ကို ငါ့အတွက် ရည်စူးပြီးလှူ။ တဝက်ကို နင်လုပ်ကိုင်စားသောက်ဖို့ ယူ” တဲ့ ။ အဖွားကြီးကလည်းမျက်ရည်စက်လက်နဲ့ ကတိပေးလိုက်မိတယ်။ အဖိုးကြီးသေပြီး၂ရက်လောက်နေတော့ အဖွားကြီး ကပ်စေးနဲစိတ်ပြန်ဝင်လာတယ်။ “ဒီနွားလေးပဲငှားစားနေရတာ၊ရောင်းပြီး တဝက်လှူလိုက်ရင် ငါ့နှယ်ဒုက္ခ။” ဆိုပြီး အကြံထုတ်နေရှာတယ်။ ကတိကိုလည်း မဖျက်ချင်ဘူး။ ဒါနဲ့ နောက်နေ့ အိမ်ရှေ့မှာ ကြက်နဲ့ နွား ပူးချည်ထားပြီး ဆိုင်းဘုတ်ရေးတယ်။ ” နွားရောင်းမည်။ ၂၀၀၀ ကျပ်။ ကြက်ရောင်းမည်။ ၂သိန်းကျပ်။ မှတ်ချက်။ ။ ခွဲမရောင်းပါ” တဲ့(ဈေးပြောင်းပြန်ကြီးမို့) လူတွေကလည်းအ ထူးအဆန်းဆိုပြီး လာကြည့်ကြတယ်။ အဲ့ဒီထဲကကြိုက်တဲ့သူတယောက် ဝယ်သွားတယ်လေ။ ရက်လည်ကျတော့ နွားရောင်းလို့ရငွေ ၂၀၀၀ ထဲက တဝက်ခွဲ ၁၀၀၀ ကိုဆန်ပြုတ်ချက်ပြီး ဘုန်းကြီးလှူလိုက်တယ်။ ကြက်ရောင်းတဲ့ ပိုက်ဆံ၂သိန်းနဲ့ နွားပေါက်တကောင်ပြန်ဝယ်လိုက်တယ်။ ကတိမပျက်ဘူး..ငယ်ငယ်ကတော့ ကာတွန်းထဲ ဖတ်မိလို့ ရယ်စရာအဖြစ်သာ ပေါ့ပေါ့ပါးပါး မှတ်ယူထားမိလိုက်ပါတယ်။ စီးပွားရေးလုပ်လာတော့ ဒါက တကယ့်ကို မဟာဗျူဟာကျတဲ့ အခင်းအကျင်းကြီးတစ်ခုလို့ ကွက်ကွက်ကွင်းကွင်း မြင်လာမိပါပြီ။

လူတွေကို ဈေးရောင်းတဲ့အခါ လူ့စိတ် လူ့မနောကို အခြေခံကျကျ သိထားမှ အရောင်းသွက်တာ။ အဘွားကြီးလုပ်ပုံကိုကြည့် -၁။ ကတိမပျက်ဘူး။ ၂။ အများစိတ်ဝင်စားတယ်။ ၃။ ဝယ်သူလည်း မနစ်နာ ဒီ ၃ချက် ကိုက်ညီတယ်။နွားတကောင် ၂သိန်းဆိုလည်း ပေါက်ဈေးနဲ့ တန်တယ်ထင်ရင် ဝယ်မှာပါပဲ။ ဒါပေမယ့် ၁သိန်းပြန်လှူရမယ့်ကတိ မဖျက်ချင်။ ဒီတော့ ကြက်ကို ဂျမ်းတုံးခုလိုက်တာ။ဆိုပါတော့ – လမ်းဘေးမှာ ခေါက်ဆွဲကြော်တပွဲ ၁၅၀၀ဆို အတော်လက်ရာကောင်းကောင်းရယ်။အဲကွန်းခန်းတွေ သပ်သပ်ရပ်ရပ် စားပွဲထိုးတွေ အခန်းအပြင်အဆင် ကြီးကြီးကျယ်ကျယ်တွေ ၃၅၀၀ဖိုး ထပ်ပေါင်းပြီး ၅၀၀၀ကျပ်နဲ့ ရောင်းတော့လည်း လမ်းဘေးဆိုင်ထက်တောင် ပိုစည်သေး။ခေါက်ဆွဲကြော် ၄၀၀၀ Service Chg ၁၀၀၀ ခွဲမရောင်းပါ ဆိုတဲ့သဘော။ ဒါပေမယ့် တန်ဖိုးသတ်မှတ်ချက် ပြောင်းပြန်ဆိုတာ မသိရှာကြ။ ကောင်းကောင်းစားရတာ တန်ပါတယ်လေ။ ဆိုပါတော့ – ဖုန်းတစ်လုံး ၁သိန်းခွဲ ဂိုထောင်ထဲက ရောင်းမကုန်တဲ့ Power Bank, Stand, ကာဗာ, မှန်မကွဲ, နား ကြပ်, ဆောင်းဘောက် ၁၅၀၀၀ဖိုးလောက် ထပ်ပေါင်းထည့်။ ၁၆၅၀၀၀နဲ့ရောင်း။ ဒါလည်း အဘွားကြီးနည်းပဲ။ ထပ်ကွန့်လိုက်သေး။ ယခင်ဈေး ၂သိန်း။ ယခု ..% အထူးပရိုမိုးရှင်း ဒစ်စကောင့် ၁၆၅၀၀၀။ ပိုကြိုက်ပေါ့။အဘွားကြီးနည်းက အိုင်တီခေတ်ထိ သက်ဝင်နေတုန်းပါပဲ။

Credit – မူရင်း

[zawgyi]

တခါက ႐ြာေလးတ႐ြာမွာ ကပ္ေစးနဲတဲ့ အဖိုးႀကီး အဖြားႀကီး ၂ေယာက္ ရွိၾကသတဲ့။ သားသမီးလည္းမရွိပဲ၂ေယာက္တည္း ေနၾကရတယ္။ တေန႔ေတာ့ အဖိုးႀကီးက အသည္းအသန္ျဖစ္ၿပီး ေသခါနီး ကေယာင္ကတမ္းနဲ႔ အဖြားႀကီးကို မွာသတဲ့။ ” ငါ အရင္ကဘာကုသိုလ္ေကာင္းမႈမွလည္း မလုပ္ခဲ့ဘူး မိန္းမေရ။ ငါေသရင္ ဘဝကူးေကာင္းေအာင္ အိမ္ကႏြားေလးကို ေရာင္းၿပီး တဝက္ကို ငါ့အတြက္ ရည္စူးၿပီးလႉ။ တဝက္ကို နင္လုပ္ကိုင္စားေသာက္ဖို႔ ယူ” တဲ့ ။ အဖြားႀကီးကလည္းမ်က္ရည္စက္လက္နဲ႔ ကတိေပးလိုက္မိတယ္။ အဖိုးႀကီးေသၿပီး၂ရက္ေလာက္ေနေတာ့ အဖြားႀကီး ကပ္ေစးနဲစိတ္ျပန္ဝင္လာတယ္။ “ဒီႏြားေလးပဲငွားစားေနရတာ၊ေရာင္းၿပီး တဝက္လႉလိုက္ရင္ ငါ့ႏွယ္ဒုကၡ။” ဆိုၿပီး အႀကံထုတ္ေနရွာတယ္။ ကတိကိုလည္း မဖ်က္ခ်င္ဘူး။ ဒါနဲ႔ ေနာက္ေန႔ အိမ္ေရွ႕မွာ ၾကက္နဲ႔ ႏြား ပူးခ်ည္ထားၿပီး ဆိုင္းဘုတ္ေရးတယ္။ ” ႏြားေရာင္းမည္။ ၂၀၀၀ က်ပ္။ ၾကက္ေရာင္းမည္။ ၂သိန္းက်ပ္။ မွတ္ခ်က္။ ။ ခြဲမေရာင္းပါ” တဲ့(ေဈးေျပာင္းျပန္ႀကီးမို႔) လူေတြကလည္းအ ထူးအဆန္းဆိုၿပီး လာၾကည့္ၾကတယ္။ အဲ့ဒီထဲကႀကိဳက္တဲ့သူတေယာက္ ဝယ္သြားတယ္ေလ။ ရက္လည္က်ေတာ့ ႏြားေရာင္းလို႔ရေငြ ၂၀၀၀ ထဲက တဝက္ခြဲ ၁၀၀၀ ကိုဆန္ျပဳတ္ခ်က္ၿပီး ဘုန္းႀကီးလႉလိုက္တယ္။ ၾကက္ေရာင္းတဲ့ ပိုက္ဆံ၂သိန္းနဲ႔ ႏြားေပါက္တေကာင္ျပန္ဝယ္လိုက္တယ္။ ကတိမပ်က္ဘူး..ငယ္ငယ္ကေတာ့ ကာတြန္းထဲ ဖတ္မိလို႔ ရယ္စရာအျဖစ္သာ ေပါ့ေပါ့ပါးပါး မွတ္ယူထားမိလိုက္ပါတယ္။ စီးပြားေရးလုပ္လာေတာ့ ဒါက တကယ့္ကို မဟာဗ်ဴဟာက်တဲ့ အခင္းအက်င္းႀကီးတစ္ခုလို႔ ကြက္ကြက္ကြင္းကြင္း ျမင္လာမိပါၿပီ။လူေတြကို ေဈးေရာင္းတဲ့အခါ လူ႔စိတ္ လူ႔မေနာကို အေျခခံက်က် သိထားမွ အေရာင္းသြက္တာ။ အဘြားႀကီးလုပ္ပုံကိုၾကည့္ -၁။ ကတိမပ်က္ဘူး။ ၂။ အမ်ားစိတ္ဝင္စားတယ္။ ၃။ ဝယ္သူလည္း မနစ္နာ ဒီ ၃ခ်က္ ကိုက္ညီတယ္။ႏြားတေကာင္ ၂သိန္းဆိုလည္း ေပါက္ေဈးနဲ႔ တန္တယ္ထင္ရင္ ဝယ္မွာပါပဲ။ ဒါေပမယ့္ ၁သိန္းျပန္လႉရမယ့္ကတိ မဖ်က္ခ်င္။ ဒီေတာ့ ၾကက္ကို ဂ်မ္းတုံးခုလိုက္တာ။ဆိုပါေတာ့ – လမ္းေဘးမွာ ေခါက္ဆြဲေၾကာ္တပြဲ ၁၅၀၀ဆို အေတာ္လက္ရာေကာင္းေကာင္းရယ္။အဲကြန္းခန္းေတြ သပ္သပ္ရပ္ရပ္ စားပြဲထိုးေတြ အခန္းအျပင္အဆင္ ႀကီးႀကီးက်ယ္က်ယ္ေတြ ၃၅၀၀ဖိုး ထပ္ေပါင္းၿပီး ၅၀၀၀က်ပ္နဲ႔ ေရာင္းေတာ့လည္း လမ္းေဘးဆိုင္ထက္ေတာင္ ပိုစည္ေသး။ေခါက္ဆြဲေၾကာ္ ၄၀၀၀ Service Chg ၁၀၀၀ ခြဲမေရာင္းပါ ဆိုတဲ့သေဘာ။ ဒါေပမယ့္ တန္ဖိုးသတ္မွတ္ခ်က္ ေျပာင္းျပန္ဆိုတာ မသိရွာၾက။ ေကာင္းေကာင္းစားရတာ တန္ပါတယ္ေလ။ ဆိုပါေတာ့ – ဖုန္းတစ္လုံး ၁သိန္းခြဲ ဂိုေထာင္ထဲက ေရာင္းမကုန္တဲ့ Power Bank, Stand, ကာဗာ, မွန္မကြဲ, နား ၾကပ္, ေဆာင္းေဘာက္ ၁၅၀၀၀ဖိုးေလာက္ ထပ္ေပါင္းထည့္။ ၁၆၅၀၀၀နဲ႔ေရာင္း။ ဒါလည္း အဘြားႀကီးနည္းပဲ။ ထပ္ကြန႔္လိုက္ေသး။ ယခင္ေဈး ၂သိန္း။ ယခု ..% အထူးပ႐ိုမိုးရွင္း ဒစ္စေကာင့္ ၁၆၅၀၀၀။ ပိုႀကိဳက္ေပါ့။အဘြားႀကီးနည္းက အိုင္တီေခတ္ထိ သက္ဝင္ေနတုန္းပါပဲ။