ပင်ကိုယ်စိတ်ရင်းကောင်းလွန်းသူတွေ အမြဲလိုလို ကျူးလွန်မိတက်တဲ့ အမှား (၅) မျိူး

လူတစ်ယောက်ဟာ ဘဝမှာအောင်မြင်ဖို့၊ ပညာတတ်ဖို့ဆိုတာတွေထက် စိတ်ရင်းကောင်းဖို့က အရေးကြီးဆုံးဖြစ်ပါတယ်။ လူတစ်ယောက်က ဘယ်လောက်ပဲတော်တော် စိတ်ထားမကောင်းဘူးဆိုရင် သုံးစားလို့မရပါဘူး။ဒါပေမယ့် လူတစ်ယောက်က စိတ်ထားကောင်းလွန်းပြန်ရင်လည်း ထင်မှတ်မထားတဲ့အမှားလေးတွေကို လုပ်မိတတ်ပါတယ်။ စိတ်ထားကောင်းလွန်းသူတွေ အမြဲလိုလိုလုပ်မိတတ်တဲ့အမှားတွေကတော့ – (၁) ခွင့်လွှတ်ဖို့မထိုက်တန်တဲ့သူကိုခွင့်လွှတ်မိတာ – ကိုယ့်အပေါ်အမှားလုပ်တဲ့သူကို ခွင့်လွှတ်လိုက်ပါ လို့ လူတွေက အကြံပေးကြပေမယ့် အဲ့ဒီလူက ကိုယ့်ရဲ့ခွင့်လွှတ်မှုနဲ့ထိုက်တန်ဖို့လည်း လိုပါသေးတယ်။ ခွင့်လွှတ်ဖို့မထိုက်တန်တဲ့သူကို ခွင့်လွှတ်လိုက်တဲ့အခါ နောက်ထပ်အမှားတွေ ထပ်ထပ်ပြီးကျူးလွန်အောင် အခွင့်အရေးပေးလိုက်သလိုပါပဲ။ဒါကြောင့် အမှားကျူးလွန်တဲ့သူကို အမှားနဲ့တန်တဲ့အပြစ်ပေးရပါမယ်။ အမြဲတမ်း စိတ် ကောင်း ထားပြီး ခွင့်လွှတ်နေလို့မရပါဘူး။(၂) သည်းခံစရာမလိုတာတွေကိုပါသည်းခံနေတာ – နေရာတကာမှာ နဂါးမှန်းသိအောင် အမောက်ထောင်ပြနေစရာမလိုပါဘူး။ ဒါပေမယ့် အမြဲတမ်းလည်း သည်းခံနေစရာမလိုပါဘူး။ ကိုယ့်ရဲ့သိက္ခာကိုထိခိုက်တာ၊ ကိုယ့်ရဲ့ မိသားစုကိုစော်ကားတာ၊ ကိုယ့်ရဲ့အလုပ်အကိုင်နဲ့ပတ်သက်လို့ တမင်တကာနှိမ့်ချတာတွေကို ပါးစပ်ပိတ်ပြီး ငြိမ်ခံမနေသင့်ပါဘူး။ နေရာတကာ စိတ်ထားကောင်းမွန်မြင့်မြတ်နေဖို့မလိုပါဘူး။

(၃) အကူအညီလာတောင်းတိုင်း မငြင်းတတ်တာ – အားနာတတ်တာကလည်း စိတ်ထားကောင်းသူတွေရဲ့ အားနည်းချက်တစ်ခုပါပဲ။ကူညီတတ်တာကောင်းပါတယ်။ ဒါပေမယ့် အားနာတတ်လွန်းပြီး အကူအညီလာတောင်းတိုင်းမငြင်းဘဲ၊ ကိုယ်အဆင်မပြေတာကို ဖွင့်မပြောဘဲ သူများအခက်အခဲကို ကိုယ့်အခက်အခဲအဖြစ်ခံပြီး ကူညီတာကတော့ ကိုယ့်ဒုက္ခကိုယ်ရှာတာပါပဲ။(၄) ကိုယ့်ကိုယ်ကိုဦးစားပေးတာကိုမှားတယ်လို့ထင်နေတာ – လူတိုင်းက ကိုယ့်ကိုယ်ကိုအချစ်ဆုံး၊ အရာအားလုံးထက် ဦးစားပေးဆုံးပါ။ ဒါပေမယ့် စိတ်ထားကောင်းတဲ့သူတွေက ကိုယ့်ကိုယ်ကိုထက် သူများကို ဦးစားပေးတတ်ကြပါတယ်။ တခြားသူတွေထက် ကိုယ့်ကိုယ်ကိုဦးစားပေးတာက မဖြစ်သင့်ဘူး၊ အပြစ်ရှိတယ်လို့ ခံစားနေရတာပါ။ ဒီလိုစိတ်မျိုးက ကိုယ့်အတွက် စိတ်ဖိစီးမှုကိုဖြစ်စေပါတယ်။(၅) ကိုယ့်ကိုယ်ကို အမြဲသံသယဝင်နေတာ – စိတ်ထားကောင်းတဲ့သူတွေအမြဲကြုံတွေ့ရတဲ့ပြဿနာတစ်ခုက ကိုယ်ကသူများအပေါ်ဘယ်လောက်ကောင်းကောင်း လုံလောက်တယ်လို့ မထင်တာပါ။ ကိုယ်က လူတစ်ဖက်သားအပေါ်တကယ်ကောင်းရဲ့လား၊ သူ့အပေါ် မကောင်းတဲ့စိတ်၊ မနာလိုစိတ် များဖြစ်နေမိပြီလား၊ စသဖြင့် ကိုယ့်ကိုယ်ကိုသံသယဝင်ပြီး စိတ်မကောင်းဖြစ်နေတတ်တာပါ။စိတ်ထားမကောင်းတဲ့သူတွေကတော့ အဲ့လိုစိတ်မျိုးဖြစ်ဖို့နေနေသာသာ ကိုယ်လုပ်သမျှ၊ ကိုယ်ဖြစ်သမျှ အားလုံးက သူများအပြစ်လို့ထင်ပြီး ကိုယ့်အမှားအတွက် တခြားသူကို အပြစ်တင်တတ်ပါသေးတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါတယ်။

[zawgyi]

လူတစ္ေယာက္ဟာ ဘဝမွာေအာင္ျမင္ဖို႔၊ ပညာတတ္ဖို႔ဆိုတာေတြထက္ စိတ္ရင္းေကာင္းဖို႔က အေရးႀကီးဆုံးျဖစ္ပါတယ္။ လူတစ္ေယာက္က ဘယ္ေလာက္ပဲေတာ္ေတာ္ စိတ္ထားမေကာင္းဘူးဆိုရင္ သုံးစားလို႔မရပါဘူး။ဒါေပမယ့္ လူတစ္ေယာက္က စိတ္ထားေကာင္းလြန္းျပန္ရင္လည္း ထင္မွတ္မထားတဲ့အမွားေလးေတြကို လုပ္မိတတ္ပါတယ္။ စိတ္ထားေကာင္းလြန္းသူေတြ အၿမဲလိုလိုလုပ္မိတတ္တဲ့အမွားေတြကေတာ့ – (၁) ခြင့္လႊတ္ဖို႔မထိုက္တန္တဲ့သူကိုခြင့္လႊတ္မိတာ – ကိုယ့္အေပၚအမွားလုပ္တဲ့သူကို ခြင့္လႊတ္လိုက္ပါ လို႔ လူေတြက အႀကံေပးၾကေပမယ့္ အဲ့ဒီလူက ကိုယ့္ရဲ႕ခြင့္လႊတ္မႈနဲ႔ထိုက္တန္ဖို႔လည္း လိုပါေသးတယ္။ ခြင့္လႊတ္ဖို႔မထိုက္တန္တဲ့သူကို ခြင့္လႊတ္လိုက္တဲ့အခါ ေနာက္ထပ္အမွားေတြ ထပ္ထပ္ၿပီးက်ဴးလြန္ေအာင္ အခြင့္အေရးေပးလိုက္သလိုပါပဲ။ဒါေၾကာင့္ အမွားက်ဴးလြန္တဲ့သူကို အမွားနဲ႔တန္တဲ့အျပစ္ေပးရပါမယ္။ အၿမဲတမ္း စိတ္ေကာင္းထားၿပီး ခြင့္လႊတ္ေနလို႔မရပါဘူး။(၂) သည္းခံစရာမလိုတာေတြကိုပါသည္းခံေနတာ – ေနရာတကာမွာ နဂါးမွန္းသိေအာင္ အေမာက္ေထာင္ျပေနစရာမလိုပါဘူး။ ဒါေပမယ့္ အၿမဲတမ္းလည္း သည္းခံေနစရာမလိုပါဘူး။ ကိုယ့္ရဲ႕သိကၡာကိုထိခိုက္တာ၊ ကိုယ့္ရဲ႕ မိသားစုကိုေစာ္ကားတာ၊ ကိုယ့္ရဲ႕အလုပ္အကိုင္နဲ႔ပတ္သက္လို႔ တမင္တကာႏွိမ့္ခ်တာေတြကို ပါးစပ္ပိတ္ၿပီး ၿငိမ္ခံမေနသင့္ပါဘူး။ ေနရာတကာ စိတ္ထားေကာင္းမြန္ျမင့္ျမတ္ေနဖို႔မလိုပါဘူး။(၃) အကူအညီလာေတာင္းတိုင္း မျငင္းတတ္တာ – အားနာတတ္တာကလည္း စိတ္ထားေကာင္းသူေတြရဲ႕ အားနည္းခ်က္တစ္ခုပါပဲ။ကူညီတတ္တာေကာင္းပါတယ္။ ဒါေပမယ့္ အားနာတတ္လြန္းၿပီး အကူအညီလာေတာင္းတိုင္းမျငင္းဘဲ၊ ကိုယ္အဆင္မေျပတာကို ဖြင့္မေျပာဘဲ သူမ်ားအခက္အခဲကို ကိုယ့္အခက္အခဲအျဖစ္ခံၿပီး ကူညီတာကေတာ့ ကိုယ့္ဒုကၡကိုယ္ရွာတာပါပဲ။(၄) ကိုယ့္ကိုယ္ကိုဦးစားေပးတာကိုမွားတယ္လို႔ထင္ေနတာ – လူတိုင္းက ကိုယ့္ကိုယ္ကိုအခ်စ္ဆုံး၊ အရာအားလုံးထက္ ဦးစားေပးဆုံးပါ။ ဒါေပမယ့္ စိတ္ထားေကာင္းတဲ့သူေတြက ကိုယ့္ကိုယ္ကိုထက္ သူမ်ားကို ဦးစားေပးတတ္ၾကပါတယ္။ တျခားသူေတြထက္ ကိုယ့္ကိုယ္ကိုဦးစားေပးတာက မျဖစ္သင့္ဘူး၊ အျပစ္ရွိတယ္လို႔ ခံစားေနရတာပါ။ ဒီလိုစိတ္မ်ိဳးက ကိုယ့္အတြက္ စိတ္ဖိစီးမႈကိုျဖစ္ေစပါတယ္။(၅) ကိုယ့္ကိုယ္ကို အၿမဲသံသယဝင္ေနတာ – စိတ္ထားေကာင္းတဲ့သူေတြအၿမဲႀကဳံေတြ႕ရတဲ့ျပႆနာတစ္ခုက ကိုယ္ကသူမ်ားအေပၚဘယ္ေလာက္ေကာင္းေကာင္း လုံေလာက္တယ္လို႔ မထင္တာပါ။ ကိုယ္က လူတစ္ဖက္သားအေပၚတကယ္ေကာင္းရဲ႕လား၊ သူ႔အေပၚ မေကာင္းတဲ့စိတ္၊ မနာလိုစိတ္ မ်ားျဖစ္ေနမိၿပီလား၊ စသျဖင့္ ကိုယ့္ကိုယ္ကိုသံသယဝင္ၿပီး စိတ္မေကာင္းျဖစ္ေနတတ္တာပါ။စိတ္ထားမေကာင္းတဲ့သူေတြကေတာ့ အဲ့လိုစိတ္မ်ိဳးျဖစ္ဖို႔ေနေနသာသာ ကိုယ္လုပ္သမွ်၊ ကိုယ္ျဖစ္သမွ် အားလုံးက သူမ်ားအျပစ္လို႔ထင္ၿပီး ကိုယ့္အမွားအတြက္ တျခားသူကို အျပစ္တင္တတ္ပါေသးတယ္။