ပညာအပေါ် မာန်မတက်နဲ့…

တစ်ခါက တိုင်းပြည်တစ်ပြည်မှာ အလွန်တော်တဲ့ ပန်းပု ဆရာတစ်ယောက်ရှိပါသတဲ့။ သူ့ရဲ့ပန်းပုပညာ ဟာ ဘယ်လောက် လက်ရာ မြောက်သလဲ ဆိုရင် အစစ်နဲ့တောင် ခွဲဖို့ ခက်ခဲလှပါတယ်။တစ်ညမှာတော့ ပန်းပုဆရာဟာ ထူးဆန်းတဲ့ အိပ်မက် တစ်ခုမက်တယ်။ အိပ်မက်ထဲမှာ သေမင်း က နောက် ၁၅ ရက်အကြာမှာ သူ့ကို လာခေါ်မယ် လို့ အသေအချာ ပြောသွားတာမို့ ပန်းပုဆရာ ဟာ အရမ်း တုန်လှုပ် သွားခဲ့တယ်။ဒါနဲ့ သူနဲ့ပုံစံတူ ပန်းပုရုပ် (၉)ရုပ်ကို နေ့မနား ညမနား ပြီးမြောက်အောင် ထုလုပ်ပါတော့တယ်။ သေမင်း လာခေါ်မယ့်နေ့မှာတော့ ပန်းပုဆရာ ဟာ သူ့ပုံစံတူ ပန်းပု(၉)ရုပ်တွေ ကြားမှာ ရောပြီး ဝင်နေ လိုက်တယ်။သေမင်း ဟာ ပန်းပုဆရာ(၁၀)ယောက်ကို မြင်လိုက် ရတဲ့ အချိန်မှာ ပန်းပုဆရာလား၊ ရုပ်ထုလား၊ ခွဲခြား မရတဲ့ အတွက် အတော် အကြပ်ရိုက်သွားတယ်။ပန်းပုဆရာ ကိုလဲ စိတ်ဆိုးဆိုးနဲ့ ထွက်လာဖို့ ပြော ပေမယ့် ပန်းပုဆရာ က မလှုပ်မယှက် ဟန်ဆောင် ထားနိုင်တဲ့အတွက် အရာ မရောက်ဘူး။

အတန်ကြာ စဉ်းစားပြီးတော့မှ သေမင်း က စကား တစ်ခွန်းပြောလိုက်တယ်။”ပန်းပုဆရာ၊ သင့်ရဲ့ဒီပန်းပုရုပ်တွေ ဟာ တကယ့်ကို အစစ်နဲ့ မခြား အသက်ဝင်လှပါတယ်။ ဒါပေမယ့် အားနည်းချက် တစ်ခုရှိနေတာကိုတော့ သင် သတိ မထားမိခဲ့ဘူး”ပန်းပုဆရာ ဟာ သူ့ပညာနဲ့ ကြံဆ ထုလုပ်မှုအပေါ် ဝေဖန်လိုက်တဲ့ အားနည်းချက် ဆိုတဲ့စကား ကို မခံမရပ်နိုင်ဖြစ်သွားတယ်။ဒါကြောင့်…ရုပ်ထုတွေကြားထဲကထွက်ပြီး မေးလိုက်တယ်။”ကျွန်တော့်အားနည်းချက် ဆိုတာ ဘယ်မှာလဲ ပြပါ”သေမင်းက သူ့ကို ဖမ်းလိုက်တယ်။ပြီးတော့ ပြောလိုက်တယ်…”ဒီမှာပဲ” တကယ်တော့ ရုပ်ထုတွေ အားလုံးဟာ အားနည်းချက် မရှိအောင် ပြည့်စုံကောင်းမွန် လှပါတယ်။ ပန်းပုဆရာ ဟာ သူ့ရဲ့ပညာ အပေါ် ထားတဲ့ မျက်မာန်ဒေါသကြာင့်ပဲ သေမင်းရဲ့ဖမ်းဆီး ခေါ်ဆောင်ခြင်းကို ခံလိုက်ရတာ ဖြစ်ပါတယ်။သင်ခန်းစာ – အတွေးအခေါ်တွေ၊ပညာတွေဟာပြည့်စုံ ကောင်းမွန် နေခဲ့ရင်တောင် ဒီပညာအပေါ် ထားရှိတဲ့ မာန်မာန၊ ဒေါသတွေကြောင့် ကျရူံး သွားနိုင်ပါတယ်။

Credit – English For All

[zawgyi]

တစ္ခါက တိုင္းျပည္တစ္ျပည္မွာ အလြန္ေတာ္တဲ့ ပန္းပု ဆရာတစ္ေယာက္ရွိပါသတဲ့။ သူ႔ရဲ႕ပန္းပုပညာ ဟာ ဘယ္ေလာက္ လက္ရာ ေျမာက္သလဲ ဆိုရင္ အစစ္နဲ႔ေတာင္ ခြဲဖို႔ ခက္ခဲလွပါတယ္။တစ္ညမွာေတာ့ ပန္းပုဆရာဟာ ထူးဆန္းတဲ့ အိပ္မက္ တစ္ခုမက္တယ္။ အိပ္မက္ထဲမွာ ေသမင္း က ေနာက္ ၁၅ ရက္အၾကာမွာ သူ႔ကို လာေခၚမယ္ လို႔ အေသအခ်ာ ေျပာသြားတာမို႔ ပန္းပုဆရာ ဟာ အရမ္း တုန္လႈပ္ သြားခဲ့တယ္။ဒါနဲ႔ သူနဲ႔ပုံစံတူ ပန္းပု႐ုပ္ (၉)႐ုပ္ကို ေန႔မနား ညမနား ၿပီးေျမာက္ေအာင္ ထုလုပ္ပါေတာ့တယ္။ ေသမင္း လာေခၚမယ့္ေန႔မွာေတာ့ ပန္းပုဆရာ ဟာ သူ႔ပုံစံတူ ပန္းပု(၉)႐ုပ္ေတြ ၾကားမွာ ေရာၿပီး ဝင္ေန လိုက္တယ္။ေသမင္း ဟာ ပန္းပုဆရာ(၁၀)ေယာက္ကို ျမင္လိုက္ ရတဲ့ အခ်ိန္မွာ ပန္းပုဆရာလား၊ ႐ုပ္ထုလား၊ ခြဲျခား မရတဲ့ အတြက္ အေတာ္ အၾကပ္႐ိုက္သြားတယ္။ပန္းပုဆရာ ကိုလဲ စိတ္ဆိုးဆိုးနဲ႔ ထြက္လာဖို႔ ေျပာ ေပမယ့္ ပန္းပုဆရာ က မလႈပ္မယွက္ ဟန္ေဆာင္ ထားႏိုင္တဲ့အတြက္ အရာ မေရာက္ဘူး။အတန္ၾကာ စဥ္းစားၿပီးေတာ့မွ ေသမင္း က စကား တစ္ခြန္းေျပာလိုက္တယ္။”ပန္းပုဆရာ၊ သင့္ရဲ႕ဒီပန္းပု႐ုပ္ေတြ ဟာ တကယ့္ကို အစစ္နဲ႔ မျခား အသက္ဝင္လွပါတယ္။ ဒါေပမယ့္ အားနည္းခ်က္ တစ္ခုရွိေနတာကိုေတာ့ သင္ သတိ မထားမိခဲ့ဘူး”ပန္းပုဆရာ ဟာ သူ႔ပညာနဲ႔ ႀကံဆ ထုလုပ္မႈအေပၚ ေဝဖန္လိုက္တဲ့ အားနည္းခ်က္ ဆိုတဲ့စကား ကို မခံမရပ္ႏိုင္ျဖစ္သြားတယ္။ဒါေၾကာင့္…႐ုပ္ထုေတြၾကားထဲကထြက္ၿပီး ေမးလိုက္တယ္။”ကြၽန္ေတာ့္အားနည္းခ်က္ ဆိုတာ ဘယ္မွာလဲ ျပပါ”ေသမင္းက သူ႔ကို ဖမ္းလိုက္တယ္။ၿပီးေတာ့ ေျပာလိုက္တယ္…”ဒီမွာပဲ” တကယ္ေတာ့ ႐ုပ္ထုေတြ အားလုံးဟာ အားနည္းခ်က္ မရွိေအာင္ ျပည့္စုံေကာင္းမြန္ လွပါတယ္။ ပန္းပုဆရာ ဟာ သူ႔ရဲ႕ပညာ အေပၚ ထားတဲ့ မ်က္မာန္ေဒါသၾကာင့္ပဲ ေသမင္းရဲ႕ဖမ္းဆီး ေခၚေဆာင္ျခင္းကို ခံလိုက္ရတာ ျဖစ္ပါတယ္။သင္ခန္းစာ – အေတြးအေခၚေတြ၊ပညာေတြဟာျပည့္စုံ ေကာင္းမြန္ ေနခဲ့ရင္ေတာင္ ဒီပညာအေပၚ ထားရွိတဲ့ မာန္မာန၊ ေဒါသေတြေၾကာင့္ က်႐ူံး သြားႏိုင္ပါတယ္။