ပါတော်မမူခင် သီပေါမင်း ထွက်မပြေးခဲ့တဲ့ အကြောင်းအရင်း

သီပေါမင်း ကုန်းဘောင်မင်းဆက်ရဲ့နောက်ဆုံးဘုရင်၊ ဗြိတိသျှတွေအလွယ်တကူသိမ်းပိုက်သွား ခဲ့တဲ့ မြန်မာနိုင်ငံရဲ့နောက်ဆုံးမင်း၊တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲ ဒီကိစ္စဟာအားလုံးသိပြီးသား ဖြစ်သလို ဘုံဘေဘားမားကုမ္ပဏီသစ်ခိုးထုတ်တဲ့ကိစ္စကနေစတင်ရမယ်လို့ဆိုရမှာပါ။ ဘုံဘေဘားမားကို မြန်မာအစိုးရက ဒဏ်ငွေရိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မကျေနပ်တာကြောင့် တိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုရပေမဲ့ တကယ်တမ်းမှာတော့ အဲ့ဒိအချိန်က မြန်မာနိုင်ငံဟာ အင်္ဂလိပ်နဲ့ပြင်သစ်နိုင်ငံနှစ်ခုရဲ့အရိပ်အာဝါသအောက်ကိုရောက်နေပြီလို့ဆိုရမှာပါ။ဘာလို့လဲဆို တော့ နန်း တော်မှာအာဏာကြီးတဲ့ လက်နက်ဝန်ကြီး ကင်းဝန်မင်းကြီးဟာ အနောက်နိုင်ငံတွေကို သံတမန်ခရီးရောက်ဖူးတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ဗြိတိသျှတို့ရဲ့တိုးတက်ပုံအင်အားကြီးပုံကို အားကျရတဲ့သူဖြစ်ပြီး သူနဲ့အပြိုင် စစ်ဘက်ဆိုင်ရာအရာရှိတွေရဲ့လေးစားမှု့ကိုခံရတဲ့ တိုင်းတား မင်းကြီးက တော့ ပြင်သစ်တွေနဲ့မဟာမိတ်ဖွဲ့ဖို့ကြိုးစားနေသူတစ်ဦးပါ။ဒီနှစ်ဦးနဲ့အပြိုင် နောက်တစ်ဦးရှိပါသေးတယ် အဲ့ဒါကတော့ မြန်မာဘုရင့်ရေတပ်ရဲ့ ဦးစီးချုပ် လှေသင်းအတွင်းဝန် မင်းကြီးပါ။မြန်မာ့နန်းတွင်းမှာ ကင်းဝန်ဂိုဏ်း၊ တိုင်းတားဂိုဏ်း၊ လှေသင်းအတွင်းဝန်ဂိုဏ်း ရယ်လို့ မညီမညွတ်ဖြစ်နေတဲ့အချိန်မှာ ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခဲ့သူတွေကတော့ ဗြိတိသျှတွေပါပဲ။ဆင်ပေါင်ဝဲခံတပ်၊ ထူးပေါက်ခံတပ်၊ ကွေ့ချောင်းခံတပ်၊ မင်းလှခံတပ် ခံတပ်ကြီးတွေအဆင့်ဆင့် ကျဆုံးကုန်ပြီမင်းလှခံတပ်မှာ အောက်မြစ်စဉ်စစ်ကြောင်းဗိုလ်ချုပ် လှေသင်းအတွင်းဝန် ကိုယ်တိုင်ကျဆုံးပြီး ဆင်ကျုံးခံတပ်၊ သပြေတန်းခံတပ်နဲ့ အစေခံ ခံတပ်တို့လက်နက်ချလိုက်ရပြီ မြန်မာ-အင်္ဂလိပ်စစ်မျက်နှာသုံးခုမှာ တောင်ငူစစ်ကြောင်းက ဗိုလ်ချုပ်ရွှေလှံဗိုလ်ရဲ့တပ်တွေက လွဲရင်ကျန်တဲ့တပ်တွေအားလုံးရှုံးနိမ့်သွားပြီး ဗြိတိသျှတွေ ဂေါဝိန်ဆိပ်ကနေတဆင့် မန္တလေးမြို့ထဲအထိရောက်လာပြီ၊ ဒါပေမဲ့နန်းတော်စောင့်တပ်ကလဲထွက်မတိုက်ဘူး ဘုရင့်ကိုယ်ရံတော်တပ်ဖွဲ့လဲထွက်မတိုက်ဘူးမဟာမိတ်ဖြစ်တဲ့ ရှမ်းစော်ဘွားတွေရဲ့ မြောက်ပိုင်းတပ်မဟာလဲစစ်ကူမလာဘူး။နန်းမြို့ရိုးတံခါးတွေဖွင့်ထားတယ် သီပေါဘုရင် ကိုယ်တိုင် ဗြိတိသျှခေါင်းဆောင် ကာနယ်စလေဒင်ကို ဧည့်ခံလိုက်သေးတယ်။ ဟောမကြာပါဘူး သီပေါဘုရင်တို့မိသားစု ဗြိတိသျှသင်္ဘောပေါ်ပါသွားတယ်။၁၈၈၆ ခု ဇန်နဝါရီလ ၁ ရက်နေ့ကစတင်ပြီး မြန်မာနိုင်ငံကို ဗြိတိသျှအင်ပါယာထဲသွတ်သွင်းလိုက်ကြောင်း ကြေငြာတယ် ဘယ်လောက်လွယ်လိုက်သလဲနေရာမှာ သပြေတန်းခံတပ်တို့ဘာကြောင့်လက်နက်ချလိုက်သလဲဆိုတာတော့အားလုံးသိပြီး သားဖြစ်မှာပါ။ဒါပေမဲ့မေးစရာရှိတာက စစ်ရှုံးနေတာတောင်သီပေါဘုရင်ဟာ ဘာကြောင့် တခြားနေရာကိုထွက်မပြေးဘဲ မခုခံဘဲအရှုံးပေးလိုက်ရတာလဲ။ဘာလို့လဲဆိုတော့ ကိစ္စအားလုံးက ကင်းဝန်မင်းကြီးရဲ့နိုင်ငံချစ်စိတ်အပေါ်ကိုအသုံးချခဲ့တဲ့ အင်္ဂလိပ်တွေကြောင့်လို့ပဲဆိုရမှာပါ။ စစ်ပွဲကြီးစတင်တော့မယ်ဆိုကတည်းက ကင်းဝန်မင်းကြီးဟာ စစ်တိုက်ဖို့လိုလားတဲ့သူမဟုတ်ပါ။ ကင်းဝန်မင်းကြီးရဲ့အမြင်အရ မြန်မာတပ်တွေနဲ့ အင်္ဂလိပ်တပ်တွေရဲ့အင်အားအား မိုးနဲ့မြေလောက် ကွာခြားနေပြီး တိုက်လဲမြန်မာတွေဘက်က နိုင်မှာမဟုတ်ဘူးဆိုတာကို ရိပ်မိ တာကြောင့် အင်္ဂလိပ်တွေတောင်းဆိုတဲ့အချက်ကိုသာ စာချုပ်ချုပ်ပြီး ပြဿနာကိုမြန်မြန် ပြီးဆုံးလိုက်ချင်သူပါ။

ဒါပေမဲ့ စိတ်ဓာတ်ပြင်းထန်တဲ့တိုင်းတာမင်းကြီးတို့ကြောင့် တတိယအင်္ဂလိပ်မြန်မာစစ်ပွဲစတင်ခဲ့တယ်လိုဆိုရမှာပါ။ ခံတပ်တွေအဆင့်ဆင့်ကျဆုံးပြီးတဲ့ နောက်မှာတော့ မြန်မာနန်းတွေကနေ ပို့လိုက်တဲ့ကြေးနန်းတစ်စောင် ရှေ့တန်းတပ်တွေဆီ ရောက်ရှိလာပါတယ်> အဲ့ဒါကတော့ ကင်းဝန်မင်းကြီးရေးတဲ့ မခုခံရ၊ ခုခံလျှင်သူပုန် ဆိုတဲ့ ကြေးနန်းစာပဲဖြစ်ပါတယ်။ဟုတ်ပါတယ် လှေသင်းအတွင်းဝန်ကိုယ်တိုင်ကျဆုံးသွားခဲ့ပေမဲ့ ကင်းဝန်မင်းကြီးရဲ့အမြင်မှာ အင်္ဂလိပ်တွေလိုရာလိုလိုက်လျှောလိုက်ရင် အသက်သေဆုံးမှု့တွေလျော့ပါးပြီး အားလုံးအဆင်ပြေ သွားမယ်ထင်ခဲ့တာပါ။ဒါကဗြိတိသျှတွေကင်းဝန်မင်းကြီးကိုကျွေးခဲ့တဲ့ ဂျင်းပါ၊နောက်ဂျင်းတစ်ခု က အသက်ငယ်ရွယ်ပြီး နန်းတော်မှာမိဖုရားအုပ်စိုးနေတာကိုမလိုလားတဲ့ မြန်မာပြည်သူတွေကို ဗြိတိသျှတွေကျွေးခဲ့တဲ့ဂျင်းပါ၊အဲ့ဒါကတော့ သီပေါမင်းကိုနန်းချပြီး ညောင်းရမ်းမင်းသားကြီးကို နန်းတင်ပေးမယ်ဆိုတဲ့ကိစ္စပါ။မန္တလေးကိုရောက်တဲ့အချိန်မှာ ဗြိတိသျှတွေရဲ့စစ်သင်္ဘောဦးမှာ မင်းသားတစ်ပါးကိုထိုင်လျှက်သားပါလာပါတယ်၊ဒါပေမဲ့ မြန်မာတွေထင်သလို ညောင်ရမ်းမင်းသားကြီးတော့မဟုတ်ပါဘူး၊ ညောင်ရမ်းမင်းသားကြီးနဲ့ရုပ်ချင်းဆင်တူတဲ့ အင်္ဂလိပ်အမှုထမ်း ဦးဘသန်းဆိုတဲ့သူပဲဖြစ်ပြီး ညောင်ရမ်းမင်းသားကြီးက အိန္ဒိယမှာကွယ်လွန် သွားခဲ့ပါပြီ။ဒီနှစ်ချက်ကြောင့် သီပေါဘုရင်ကိုစိတ်ကုန်နေတဲ့ ရှမ်းစော်ဘွားတွေနဲ့ အခြားလက် အောက်ခံမြို့စား နယ်စားတွေက သီပေါမင်းကိုစစ်ကူပေးခဲ့ခြင်းမရှိတာကြောင့် သီပေါဘုရင်ဟာ ဗြိတိသျှတွေကို အင်အား ၃ သောင်းခန့်သာရှိတဲ့ ဘုရင့်အမြဲတမ်းတပ်ဖွဲ့တစ်ခုတည်းနဲ့ပဲရင်ဆိုင် ခဲ့ရပြီး ဒီအင်အားဟာ ကုန်းဘောင်မင်းဆက်အစအဆုံးမှာ အင်အားအနည်းဆုံးဖြစ်ပါတယ်။ခံတပ်တွေကျဆုံးပြီတဲ့အချိန်မှာ သီပေါဘုရင်ဟာ ပစ္စည်းတွေသိမ်းဆည်း မိဖုရားတွေ ကိုယ်ရံတော်တပ်ဖွဲ့တွေနဲ့အတူ ရွှေဘိုကို တိတ်တဆိတ်ထွက်ခွာဖို့ပြင်ဆင်ခဲ့ပြီး အဲ့ဒိကနေတဆင့် မဟာမိတ်ရှမ်းစော်ဘွားတွေနဲ့ပူးပေါင်းဖို့ပြင်ဆင်ခဲ့ပါသေးတယ်။ဒါပေမဲ့ ဗြိတိသျှတွေနဲ့ စာချုပ်ချုပ်ဆိုလိုက်ရင်အဆင်ပြေသွားလိမ့်မယ်လို ထင်နေသေးတဲ့ ကင်းဝန်မင်းကြီးဦးကောင်းနဲ့ ဆင်ဖြူမရှင်မိဖုရားခေါင်ကြီးတို့က တားမြစ်တဲ့အတွက်ကြောင့် သီပေါဘုရင်ရဲ့ ရွှေဘိုခရီးစဉ် ပျက်ခဲ့ရပြီး ဗြိတိသျှတွေနဲ့ စာချုပ်ဆိုပြီးရင်အဆင်ပြေသွားမှာပဲလို့ ယုံကြည်ခဲ့တဲ့အတွက်ကြောင့် ကာနယ်စလေဒင်ကိုတောင် ဧည့်သည်တော်တစ်ဦးလို ဧည့်ခံခဲ့ပြီး ဗြိတိသျှတွေလိုချင်တာက မြန်မာနိုင်ငံတစ်ခုလုံးဆိုတာကို သိလိုက်ရတဲ့အချိန်မှာတော့ မြန်မာနန်းတွင်းကို ဗြိတိသျှတပ်တွေ ကဝိုင်းထားပြီးဖြစ်နေပါပြီ၊ဒီလိုနဲ့ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့မှာတော့ သီပေါဘုရင်နဲ့ မိသားတစ်စုကို သူရိယစစ်သင်္ဘောပေါ်ကိုဖမ်းခေါ်သွားပြီး မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ မြန်မာတွေ တန်ပြန်တိုက်ခိုက်မှာစိုးတာကြောင့် ဗြိတိသျှတွေဟာ မြန်မာနိုင်ငံအုပ်ချုပ်ရေးအဖွဲ့ကို ကင်းဝန်မင်းကြီးဦးဆောင်တဲ့ ရွှေမြို့တော်ဝန်(၄)ပါးကိုတာဝန်ပေးခဲ့ပါတယ်။ဒီအထဲမှာ ရွှေမြို့တော်ဝန်တစ်ပါးဖြစ်တဲ့ ဗိုလ်ချုပ်ရွှေလှံဗိုလ်တစ်ဦးသာလက်နက်မချတာကြောင့် ရခိုင်ကို ဖမ်းဆီးပို့ဆောင်ခြင်းခံခဲ့ရပြီး အခြားရွှေမြို့တော်ဝန်တွေကတော့ ယာယီ အုပ်ချုပ်ရေးအဖွဲ့မှာ တာဝန်ယူပေးကြပါတယ်။ဒီလိုနဲ့ ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်ကြောင်းကြေငြာလိုက်ပြီး အရာအားလုံးချုပ်ငြိမ်းသွားပါတော့တယ်။

Credit – ဦးနတ်ရဲ

[zawgyi]

သီေပါမင္း ကုန္းေဘာင္မင္းဆက္ရဲ႕ေနာက္ဆုံးဘုရင္၊ ၿဗိတိသွ်ေတြအလြယ္တကူသိမ္းပိုက္သြား ခဲ့တဲ့ ျမန္မာႏိုင္ငံရဲ႕ေနာက္ဆုံးမင္း၊တတိယအဂၤလိပ္-ျမန္မာစစ္ပြဲ ဒီကိစၥဟာအားလုံးသိၿပီးသား ျဖစ္သလို ဘုံေဘဘားမားကုမၸဏီသစ္ခိုးထုတ္တဲ့ကိစၥကေနစတင္ရမယ္လို႔ဆိုရမွာပါ။ ဘုံေဘဘားမားကို ျမန္မာအစိုးရက ဒဏ္ေငြ႐ိုက္တဲ့ကိစၥနဲ႔ပတ္သက္ၿပီး မေက်နပ္တာေၾကာင့္ တိုက္ခိုက္သိမ္းပိုက္လိုက္တယ္ဆိုရေပမဲ့ တကယ္တမ္းမွာေတာ့ အဲ့ဒိအခ်ိန္က ျမန္မာႏိုင္ငံဟာ အဂၤလိပ္နဲ႔ျပင္သစ္ႏိုင္ငံႏွစ္ခုရဲ႕အရိပ္အာဝါသေအာက္ကိုေရာက္ေနၿပီလို႔ဆိုရမွာပါ။ဘာလို႔လဲဆို ေတာ့ နန္းေတာ္မွာအာဏာႀကီးတဲ့ လက္နက္ဝန္ႀကီး ကင္းဝန္မင္းႀကီးဟာ အေနာက္ႏိုင္ငံေတြကို သံတမန္ခရီးေရာက္ဖူးတဲ့ပုဂၢိဳလ္တစ္ဦးျဖစ္ၿပီး ၿဗိတိသွ်တို႔ရဲ႕တိုးတက္ပုံအင္အားႀကီးပုံကို အားက်ရတဲ့သူျဖစ္ၿပီး သူနဲ႔အၿပိဳင္ စစ္ဘက္ဆိုင္ရာအရာရွိေတြရဲ႕ေလးစားမႈ႕ကိုခံရတဲ့ တိုင္းတား မင္းႀကီးကေတာ့ ျပင္သစ္ေတြနဲ႔မဟာမိတ္ဖြဲ႕ဖို႔ႀကိဳးစားေနသူတစ္ဦးပါ။ဒီႏွစ္ဦးနဲ႔အၿပိဳင္ ေနာက္တစ္ဦးရွိပါေသးတယ္ အဲ့ဒါကေတာ့ ျမန္မာဘုရင့္ေရတပ္ရဲ႕ ဦးစီးခ်ဳပ္ ေလွသင္းအတြင္းဝန္ မင္းႀကီးပါ။ျမန္မာ့နန္းတြင္းမွာ ကင္းဝန္ဂိုဏ္း၊ တိုင္းတားဂိုဏ္း၊ ေလွသင္းအတြင္းဝန္ဂိုဏ္း ရယ္လို႔ မညီမၫြတ္ျဖစ္ေနတဲ့အခ်ိန္မွာ ႐ုတ္တရက္ဝင္ေရာက္တိုက္ခိုက္ခဲ့သူေတြကေတာ့ ၿဗိတိသွ်ေတြပါပဲ။ဆင္ေပါင္ဝဲခံတပ္၊ ထူးေပါက္ခံတပ္၊ ေကြ႕ေခ်ာင္းခံတပ္၊ မင္းလွခံတပ္ ခံတပ္ႀကီးေတြအဆင့္ဆင့္ က်ဆုံးကုန္ၿပီမင္းလွခံတပ္မွာ ေအာက္ျမစ္စဥ္စစ္ေၾကာင္းဗိုလ္ခ်ဳပ္ ေလွသင္းအတြင္းဝန္ ကိုယ္တိုင္က်ဆုံးၿပီး ဆင္က်ဳံးခံတပ္၊ သေျပတန္းခံတပ္နဲ႔ အေစခံ ခံတပ္တို႔လက္နက္ခ်လိုက္ရၿပီ ျမန္မာ-အဂၤလိပ္စစ္မ်က္ႏွာသုံးခုမွာ ေတာင္ငူစစ္ေၾကာင္းက ဗိုလ္ခ်ဳပ္ေ႐ႊလွံဗိုလ္ရဲ႕တပ္ေတြက လြဲရင္က်န္တဲ့တပ္ေတြအားလုံးရႈံးနိမ့္သြားၿပီး ၿဗိတိသွ်ေတြ ေဂါဝိန္ဆိပ္ကေနတဆင့္ မႏၲေလးၿမိဳ႕ထဲအထိေရာက္လာၿပီ၊ ဒါေပမဲ့နန္းေတာ္ေစာင့္တပ္ကလဲထြက္မတိုက္ဘူး ဘုရင့္ကိုယ္ရံေတာ္တပ္ဖြဲ႕လဲထြက္မတိုက္ဘူးမဟာမိတ္ျဖစ္တဲ့ ရွမ္းေစာ္ဘြားေတြရဲ႕ ေျမာက္ပိုင္းတပ္မဟာလဲစစ္ကူမလာဘူး။နန္းၿမိဳ႕႐ိုးတံခါးေတြဖြင့္ထားတယ္ သီေပါဘုရင္ ကိုယ္တိုင္ ၿဗိတိသွ်ေခါင္းေဆာင္ ကာနယ္စေလဒင္ကို ဧည့္ခံလိုက္ေသးတယ္။ ေဟာမၾကာပါဘူး သီေပါဘုရင္တို႔မိသားစု ၿဗိတိသွ်သေဘၤာေပၚပါသြားတယ္။၁၈၈၆ ခု ဇန္နဝါရီလ ၁ ရက္ေန႔ကစတင္ၿပီး ျမန္မာႏိုင္ငံကို ၿဗိတိသွ်အင္ပါယာထဲသြတ္သြင္းလိုက္ေၾကာင္း ေၾကျငာတယ္ ဘယ္ေလာက္လြယ္လိုက္သလဲေနရာမွာ သေျပတန္းခံတပ္တို႔ဘာေၾကာင့္လက္နက္ခ်လိုက္သလဲဆိုတာေတာ့အားလုံးသိၿပီး သားျဖစ္မွာပါ။ဒါေပမဲ့ေမးစရာရွိတာက စစ္ရႈံးေနတာေတာင္သီေပါဘုရင္ဟာ ဘာေၾကာင့္ တျခားေနရာကိုထြက္မေျပးဘဲ မခုခံဘဲအရႈံးေပးလိုက္ရတာလဲ။ဘာလို႔လဲဆိုေတာ့ ကိစၥအားလုံးက ကင္းဝန္မင္းႀကီးရဲ႕ႏိုင္ငံခ်စ္စိတ္အေပၚကိုအသုံးခ်ခဲ့တဲ့ အဂၤလိပ္ေတြေၾကာင့္လို႔ပဲဆိုရမွာပါ။ စစ္ပြဲႀကီးစတင္ေတာ့မယ္ဆိုကတည္းက ကင္းဝန္မင္းႀကီးဟာ စစ္တိုက္ဖို႔လိုလားတဲ့သူမဟုတ္ပါ။ ကင္းဝန္မင္းႀကီးရဲ႕အျမင္အရ ျမန္မာတပ္ေတြနဲ႔ အဂၤလိပ္တပ္ေတြရဲ႕အင္အားအား မိုးနဲ႔ေျမေလာက္ ကြာျခားေနၿပီး တိုက္လဲျမန္မာေတြဘက္က ႏိုင္မွာမဟုတ္ဘူးဆိုတာကို ရိပ္မိ တာေၾကာင့္ အဂၤလိပ္ေတြေတာင္းဆိုတဲ့အခ်က္ကိုသာ စာခ်ဳပ္ခ်ဳပ္ၿပီး ျပႆနာကိုျမန္ျမန္ ၿပီးဆုံးလိုက္ခ်င္သူပါ။ဒါေပမဲ့ စိတ္ဓာတ္ျပင္းထန္တဲ့တိုင္းတာမင္းႀကီးတို႔ေၾကာင့္ တတိယအဂၤလိပ္ျမန္မာစစ္ပြဲစတင္ခဲ့တယ္လိုဆိုရမွာပါ။ ခံတပ္ေတြအဆင့္ဆင့္က်ဆုံးၿပီးတဲ့ ေနာက္မွာေတာ့ ျမန္မာနန္းေတြကေန ပို႔လိုက္တဲ့ေၾကးနန္းတစ္ေစာင္ ေရွ႕တန္းတပ္ေတြဆီ ေရာက္ရွိလာပါတယ္> အဲ့ဒါကေတာ့ ကင္းဝန္မင္းႀကီးေရးတဲ့ မခုခံရ၊ ခုခံလွ်င္သူပုန္ ဆိုတဲ့ ေၾကးနန္းစာပဲျဖစ္ပါတယ္။ဟုတ္ပါတယ္ ေလွသင္းအတြင္းဝန္ကိုယ္တိုင္က်ဆုံးသြားခဲ့ေပမဲ့ ကင္းဝန္မင္းႀကီးရဲ႕အျမင္မွာ အဂၤလိပ္ေတြလိုရာလိုလိုက္ေလွ်ာလိုက္ရင္ အသက္ေသဆုံးမႈ႕ေတြေလ်ာ့ပါးၿပီး အားလုံးအဆင္ေျပ သြားမယ္ထင္ခဲ့တာပါ။ဒါကၿဗိတိသွ်ေတြကင္းဝန္မင္းႀကီးကိုေကြၽးခဲ့တဲ့ ဂ်င္းပါ၊ေနာက္ဂ်င္းတစ္ခု က အသက္ငယ္႐ြယ္ၿပီး နန္းေတာ္မွာမိဖုရားအုပ္စိုးေနတာကိုမလိုလားတဲ့ ျမန္မာျပည္သူေတြကို ၿဗိတိသွ်ေတြေကြၽးခဲ့တဲ့ဂ်င္းပါ၊အဲ့ဒါကေတာ့ သီေပါမင္းကိုနန္းခ်ၿပီး ေညာင္းရမ္းမင္းသားႀကီးကို နန္းတင္ေပးမယ္ဆိုတဲ့ကိစၥပါ။မႏၲေလးကိုေရာက္တဲ့အခ်ိန္မွာ ၿဗိတိသွ်ေတြရဲ႕စစ္သေဘၤာဦးမွာ မင္းသားတစ္ပါးကိုထိုင္လွ်က္သားပါလာပါတယ္၊ဒါေပမဲ့ ျမန္မာေတြထင္သလို ေညာင္ရမ္းမင္းသားႀကီးေတာ့မဟုတ္ပါဘူး၊ ေညာင္ရမ္းမင္းသားႀကီးနဲ႔႐ုပ္ခ်င္းဆင္တူတဲ့ အဂၤလိပ္အမႈထမ္း ဦးဘသန္းဆိုတဲ့သူပဲျဖစ္ၿပီး ေညာင္ရမ္းမင္းသားႀကီးက အိႏၵိယမွာကြယ္လြန္ သြားခဲ့ပါၿပီ။ဒီႏွစ္ခ်က္ေၾကာင့္ သီေပါဘုရင္ကိုစိတ္ကုန္ေနတဲ့ ရွမ္းေစာ္ဘြားေတြနဲ႔ အျခားလက္ ေအာက္ခံၿမိဳ႕စား နယ္စားေတြက သီေပါမင္းကိုစစ္ကူေပးခဲ့ျခင္းမရွိတာေၾကာင့္ သီေပါဘုရင္ဟာ ၿဗိတိသွ်ေတြကို အင္အား ၃ ေသာင္းခန႔္သာရွိတဲ့ ဘုရင့္အၿမဲတမ္းတပ္ဖြဲ႕တစ္ခုတည္းနဲ႔ပဲရင္ဆိုင္ ခဲ့ရၿပီး ဒီအင္အားဟာ ကုန္းေဘာင္မင္းဆက္အစအဆုံးမွာ အင္အားအနည္းဆုံးျဖစ္ပါတယ္။ခံတပ္ေတြက်ဆုံးၿပီတဲ့အခ်ိန္မွာ သီေပါဘုရင္ဟာ ပစၥည္းေတြသိမ္းဆည္း မိဖုရားေတြ ကိုယ္ရံေတာ္တပ္ဖြဲ႕ေတြနဲ႔အတူ ေ႐ႊဘိုကို တိတ္တဆိတ္ထြက္ခြာဖို႔ျပင္ဆင္ခဲ့ၿပီး အဲ့ဒိကေနတဆင့္ မဟာမိတ္ရွမ္းေစာ္ဘြားေတြနဲ႔ပူးေပါင္းဖို႔ျပင္ဆင္ခဲ့ပါေသးတယ္။ဒါေပမဲ့ ၿဗိတိသွ်ေတြနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ရင္အဆင္ေျပသြားလိမ့္မယ္လို ထင္ေနေသးတဲ့ ကင္းဝန္မင္းႀကီးဦးေကာင္းနဲ႔ ဆင္ျဖဴမရွင္မိဖုရားေခါင္ႀကီးတို႔က တားျမစ္တဲ့အတြက္ေၾကာင့္ သီေပါဘုရင္ရဲ႕ ေ႐ႊဘိုခရီးစဥ္ ပ်က္ခဲ့ရၿပီး ၿဗိတိသွ်ေတြနဲ႔ စာခ်ဳပ္ဆိုၿပီးရင္အဆင္ေျပသြားမွာပဲလို႔ ယုံၾကည္ခဲ့တဲ့အတြက္ေၾကာင့္ ကာနယ္စေလဒင္ကိုေတာင္ ဧည့္သည္ေတာ္တစ္ဦးလို ဧည့္ခံခဲ့ၿပီး ၿဗိတိသွ်ေတြလိုခ်င္တာက ျမန္မာႏိုင္ငံတစ္ခုလုံးဆိုတာကို သိလိုက္ရတဲ့အခ်ိန္မွာေတာ့ ျမန္မာနန္းတြင္းကို ၿဗိတိသွ်တပ္ေတြ ကဝိုင္းထားၿပီးျဖစ္ေနပါၿပီ၊ဒီလိုနဲ႔ ၁၈၈၅ ခုႏွစ္ ႏိုဝင္ဘာလ ၂၉ ရက္ေန႔မွာေတာ့ သီေပါဘုရင္နဲ႔ မိသားတစ္စုကို သူရိယစစ္သေဘၤာေပၚကိုဖမ္းေခၚသြားၿပီး မွန္းခ်က္နဲ႔ ႏွမ္းထြက္မကိုက္တဲ့ ျမန္မာေတြ တန္ျပန္တိုက္ခိုက္မွာစိုးတာေၾကာင့္ ၿဗိတိသွ်ေတြဟာ ျမန္မာႏိုင္ငံအုပ္ခ်ဳပ္ေရးအဖြဲ႕ကို ကင္းဝန္မင္းႀကီးဦးေဆာင္တဲ့ ေ႐ႊၿမိဳ႕ေတာ္ဝန္(၄)ပါးကိုတာဝန္ေပးခဲ့ပါတယ္။ဒီအထဲမွာ ေ႐ႊၿမိဳ႕ေတာ္ဝန္တစ္ပါးျဖစ္တဲ့ ဗိုလ္ခ်ဳပ္ေ႐ႊလွံဗိုလ္တစ္ဦးသာလက္နက္မခ်တာေၾကာင့္ ရခိုင္ကို ဖမ္းဆီးပို႔ေဆာင္ျခင္းခံခဲ့ရၿပီး အျခားေ႐ႊၿမိဳ႕ေတာ္ဝန္ေတြကေတာ့ ယာယီ အုပ္ခ်ဳပ္ေရးအဖြဲ႕မွာ တာဝန္ယူေပးၾကပါတယ္။ဒီလိုနဲ႔ ၁၈၈၆ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္ေန႔မွာ ျမန္မာႏိုင္ငံကို သိမ္းပိုက္လိုက္ေၾကာင္းေၾကျငာလိုက္ၿပီး အရာအားလုံးခ်ဳပ္ၿငိမ္းသြားပါေတာ့တယ္။