ပိုက်ဆံသုံးသင့်တဲ့ နေရာ(၅) မျိူး နဲ့ မသုံးသင့်တဲ့ နေရာ (၅) မျိူး

ပိုက်ဆံဟာ ကျွန်တော်တို့နေ့စဉ်ဘဝအတွက် မရှိမဖြစ်အရာပါ။ အမြဲတမ်းသုံးစွဲနေရတဲ့ ဒီပိုက်ဆံကို မှန်မှန်ကန်ကန် အသုံးချတတ်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ပေါ်သမျှအသစ် အ သစ်သော အရာတွေကို ဝယ်ယူရင်း သင်ဟာ ငွေကြေးဆိုင်ရာ သောက တွေများလာရမှာ ဧကန်ပါပဲ။ ဒီတော့ ကျွန်တော်တို့ရဲ့ ပိုက်ဆံတွေကို ဘယ်နေရာမှာ သုံးသင့်ပြီး ဘယ်နေရာမှာ မသုံးသင့်ဘူးလဲ။ပိုက်ဆံကို အရမ်းမသုံးသင့်တဲ့နေရာ(၅)မျိုးကတော့ – ၁။ အီလက်ထရောနစ် ပစ္စည်းများ – ယနေ့အခါ အီလက်ထရောနစ်ပစ္စည်းတွေဟာ ကျွန်တော်တို့ဘဝတွေအတွက် မရှိမဖြစ်အရာတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပစ္စည်းတွေကို လိုအပ်တာထက် ပိုပြီး မဝယ်ယူသင့်ပါဘူး။ နေ့တိုင်းနေ့တိုင်း အသစ်အသစ်တွေ ထွက်ရှိလာတာကြောင့်ပဲဖြစ်ပါတယ်။ ဒီတော့ အသစ်တွေထွက်တိုင်း မဝယ်ယူပဲ သင့်တော်တဲ့ပစ္စည်းတွေကို ဝယ်ယူရင်း အချိန်တစ်ခုထိသုံးသင့်ပါတယ်။၂။ အိမ်အလှဆင် ပစ္စည်းများ – လူတိုင်းကတော့ကိုယ်အိမ်လေးကိုလှချင်ကြတာပါပဲ။ ဒါပေမယ့်အခြားသူတွေရဲ့အပြင်အဆင်တွေကိုတွေ့တိုင်း၊ စာအုပ်တွေထဲမှာမြင်ရတိုင်း လိုက်လံပြောင်းလဲဖို့တော့ မကြိုးစားသင့်ပါဘူး။ တော်ရုံပဲ အသုံးပြုသင့်ပါတယ်။၃။ Fancy လက်ဝတ်ရတနာများ – လက် ပတ်နာရီနဲ့အခြား Fancy လက်ဝတ်ရတနာတွေဟာ လည်းနေ့စဉ်ဘဝအတွက် လိုအပ်ပါတယ်။ ဒါပေမယ့် ဒီအရာတွေကိုလည်း ချင့်ချိန်ပြီးမှ ဝယ်ယူသင့်ပါတယ်။၄။ အသစ်အသစ်သော fashion ပစ္စည်းများ – အရာအရာတိုင်းအသစ်အသစ်တွေထွက်နေသလိုဒီ fashion အသုံး အဆောင်တွေဟာလည်းပိုလို့တောင်ထွက်ရှိနေပါသေးတယ်။သဘောကျတိုင်း၊အသစ်ထွက်တိုင်း အလွန်အမင်း ဝယ်ယူဖို့ မသင့်ပါဘူး။၅။ ကားများ – ကားတွေဟာလည်းအလွန်အမင်းဝယ်ယူသင့်တဲ့အရာထဲမှာမပါပါဘူး။ဒီနေ့ဝယ်လိုက်တဲ့ကားဟာမနက်ဖြန်မှာမော်ဒယ်အောက်သွားပါပြီ။ ကိုယ်ဝယ်စဉ်ကဈေးကြီးကြီးပေးဝယ်ခဲ့တဲ့ဒီအရာတွေဟာမစီးချင်လို့ပြန်ရောင်းတဲ့အခါမှာအလွန်အမင်းဈေးကျသွားတာ အားလုံးသိတဲ့အတိုင်းပါပဲ။ ဒါကြောင့် ဒီအရာတွေအတွက်လည်း ငွေအရမ်းကြီး မသုံးသင့်ပါဘူး။

ပိုက်ဆံသုံးသင့်တဲ့အရာ(၅)မျိုးကတော့ – ၁။ ပညာရေး – ကျွန်တော်တို့ဘဝတွေ တစ်ဆင့်ကနေ တစ်ဆင့်တိုးတက်ဖို့ အတွက် ကိုယ်နဲ့သက်ဆိုင်တဲ့ပညာ အသီးသီးကို ကျွန်တော်တို့လိုအပ်ကြပါတယ်။ တစ်ချို့သင်တန်းတွေဟာ ဈေးကြီးတယ်လို့ ထင်ရပေမယ့် ကိုယ့်အတွက်လိုအပ်တယ်ဆိုရင်တက်သင့်ပါတယ်။ ဒီနေရာမှာတော့ ပိုက်ဆံကိုချွေတာနေဖို့မလိုအပ်ပါဘူး။၂။ ခရီးသွားခြင်း – ခရီးတစ်ခုသွားရင် ပိုက်ဆံတော်တော်ကုန်တတ်ပါတယ်။ ဒါပေမယ့် ဒီလိုခရီးထွက်ခြင်းက စိတ်ကိုအပန်းပြေစေတဲ့အပြင် ကုန်သွားတဲ့ပိုက်ဆံထက်ပိုပြီး တန်ဖိုးရှိတဲ့ လွတ်လပ်လန်းဆန်းခြင်းနဲ့ ဒေသန္တရ ဗဟုသုတတွေ၊အတွေးအခေါ်သစ်တွေကိုပါ ရရှိစေနိုင်တဲ့အတွက်ဒီနေရာမှာလည်း ပိုက်ဆံကိုသုံးဖို့လိုအပ်ပါတယ်။၃။ ဂီတ – ဂီတဆိုင်ရာတူရိယာ တစ်ခုခုတီးဖို့ သင်ကြားဖို့ပဲဖြစ် ဖြစ်၊သီချင်းခွေနဲ့အခြားဂီတဆိုင်ရာ ပစ္စည်းတွေ ဝယ်တဲ့နေရာမှာတော့ ပိုက်ဆံကိုသုံးသင့်ပါတယ်။ ကျွန်တော်တို့တတွေ အမြဲတမ်းအလုပ်ချည်းပဲ လုပ်နေလို့ မဖြစ်နိုင်ပါဘူး။ တစ်ခါတစ်ရံမှာတော့ စိတ်အပန်းပြေစေဖို့အတွက် ဂီတဟာ မရှိမဖြစ်လိုအပ်တဲ့အတွက်ကြောင့် ဒီနေရာမှာလည်း သင့်ပိုက်ဆံကို သုံးလိုက်ပါ။၄။ စာအုပ်များ – စာအုပ်တွေဟာ ရတနာတွေထက် ပိုပြီးတန်ဖိုးရှိပါတယ်။ဒီစာအုပ်တွေထဲကနေ ကျွန်တော်တို့အတွက် အဖိုးမဖြတ်နိုင်တဲ့ သုတ ရသ တွေကိုရရှိနိုင်တဲ့အတွက်ကြောင့်ပါ။ ဒါ့ကြောင့် တန်ဖိုးရှိတဲ့ စာအုပ်တွေဝယ်ဖို့အတွက်သင့်ရဲ့ငွေကိုသုံးလိုက်ပါ။၅။ ကျန်းမာရေး – ကျန်းမာရေးဟာ ကျွန်တော်တို့ဘဝအတွက် အရေးကြီးဆုံးအရာပဲဖြစ်ပါတယ်။ အဲ့ဒီတော့ ကျန်းမာရေးနဲ့ပါတ်သတ်တဲ့ သင်တန်းတစ်ခုခုတက်တာပဲဖြစ် ဖြစ်၊ဆေးဝါးနဲ့အခြားကျန်းမာစေမယ့် အစားအစာတွေစားတာပဲဖြစ်ဖြစ် ဝယ်ယူတဲ့နေရာမှာလည်း ပိုက်ဆံကိုအသုံးချသင့်ပါတယ်။

Credit: Aye say

[zawgyi]

ပိုက္ဆံဟာ ကြၽန္ေတာ္တို႔ေန႔စဥ္ဘဝအတြက္ မရွိမျဖစ္အရာပါ။ အၿမဲတမ္းသုံးစြဲေနရတဲ့ ဒီပိုက္ဆံကို မွန္မွန္ကန္ကန္ အသုံးခ်တတ္ဖို႔ လိုအပ္ပါတယ္။ ဒီလိုမွ မဟုတ္ရင္ေတာ့ ေပၚသမွ်အသစ္အသစ္ေသာ အရာေတြကို ဝယ္ယူရင္း သင္ဟာ ေငြေၾကးဆိုင္ရာ ေသာက ေတြမ်ားလာရမွာ ဧကန္ပါပဲ။ ဒီေတာ့ ကြၽန္ေတာ္တို႔ရဲ႕ ပိုက္ဆံေတြကို ဘယ္ေနရာမွာ သုံးသင့္ၿပီး ဘယ္ေနရာမွာ မသုံးသင့္ဘူးလဲ။ပိုက္ဆံကို အရမ္းမသုံးသင့္တဲ့ေနရာ(၅)မ်ိဳးကေတာ့ – ၁။ အီလက္ထေရာနစ္ ပစၥည္းမ်ား – ယေန႔အခါ အီလက္ထေရာနစ္ပစၥည္းေတြဟာ ကြၽန္ေတာ္တို႔ဘဝေတြအတြက္ မရွိမျဖစ္အရာေတြပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီပစၥည္းေတြကို လိုအပ္တာထက္ ပိုၿပီး မဝယ္ယူသင့္ပါဘူး။ ေန႔တိုင္းေန႔တိုင္း အသစ္အသစ္ေတြ ထြက္ရွိလာတာေၾကာင့္ပဲျဖစ္ပါတယ္။ ဒီေတာ့ အသစ္ေတြထြက္တိုင္း မဝယ္ယူပဲ သင့္ေတာ္တဲ့ပစၥည္းေတြကို ဝယ္ယူရင္း အခ်ိန္တစ္ခုထိသုံးသင့္ပါတယ္။၂။ အိမ္အလွဆင္ ပစၥည္းမ်ား – လူတိုင္းကေတာ့ကိုယ္အိမ္ေလးကိုလွခ်င္ၾကတာပါပဲ။ ဒါေပမယ့္အျခားသူေတြရဲ႕အျပင္အဆင္ေတြကိုေတြ႕တိုင္း၊ စာအုပ္ေတြထဲမွာျမင္ရတိုင္း လိုက္လံေျပာင္းလဲဖို႔ေတာ့ မႀကိဳးစားသင့္ပါဘူး။ ေတာ္႐ုံပဲ အသုံးျပဳသင့္ပါတယ္။၃။ Fancy လက္ဝတ္ရတနာမ်ား – လက္ပတ္နာရီနဲ႔အျခား Fancy လက္ဝတ္ရတနာေတြဟာ လည္းေန႔စဥ္ဘဝအတြက္ လိုအပ္ပါတယ္။ ဒါေပမယ့္ ဒီအရာေတြကိုလည္း ခ်င့္ခ်ိန္ၿပီးမွ ဝယ္ယူသင့္ပါတယ္။၄။ အသစ္အသစ္ေသာ fashion ပစၥည္းမ်ား – အရာအရာတိုင္းအသစ္အသစ္ေတြထြက္ေနသလိုဒီ fashion အသုံးအေဆာင္ေတြဟာလည္းပိုလို႔ေတာင္ထြက္ရွိေနပါေသးတယ္။သေဘာက်တိုင္း၊အသစ္ထြက္တိုင္း အလြန္အမင္း ဝယ္ယူဖို႔ မသင့္ပါဘူး။၅။ ကားမ်ား – ကားေတြဟာလည္းအလြန္အမင္းဝယ္ယူသင့္တဲ့အရာထဲမွာမပါပါဘူး။ဒီေန႔ဝယ္လိုက္တဲ့ကားဟာမနက္ျဖန္မွာေမာ္ဒယ္ေအာက္သြားပါၿပီ။ ကိုယ္ဝယ္စဥ္ကေဈးႀကီးႀကီးေပးဝယ္ခဲ့တဲ့ဒီအရာေတြဟာမစီးခ်င္လို႔ျပန္ေရာင္းတဲ့အခါမွာအလြန္အမင္းေဈးက်သြားတာ အားလုံးသိတဲ့အတိုင္းပါပဲ။ ဒါေၾကာင့္ ဒီအရာေတြအတြက္လည္း ေငြအရမ္းႀကီး မသုံးသင့္ပါဘူး။ပိုက္ဆံသုံးသင့္တဲ့အရာ(၅)မ်ိဳးကေတာ့ – ၁။ ပညာေရး – ကြၽန္ေတာ္တို႔ဘဝေတြ တစ္ဆင့္ကေန တစ္ဆင့္တိုးတက္ဖို႔ အတြက္ ကိုယ္နဲ႔သက္ဆိုင္တဲ့ပညာ အသီးသီးကို ကြၽန္ေတာ္တို႔လိုအပ္ၾကပါတယ္။ တစ္ခ်ိဳ႕သင္တန္းေတြဟာ ေဈးႀကီးတယ္လို႔ ထင္ရေပမယ့္ ကိုယ့္အတြက္လိုအပ္တယ္ဆိုရင္တက္သင့္ပါတယ္။ ဒီေနရာမွာေတာ့ ပိုက္ဆံကိုေခြၽတာေနဖို႔မလိုအပ္ပါဘူး။၂။ ခရီးသြားျခင္း – ခရီးတစ္ခုသြားရင္ ပိုက္ဆံေတာ္ေတာ္ကုန္တတ္ပါတယ္။ ဒါေပမယ့္ ဒီလိုခရီးထြက္ျခင္းက စိတ္ကိုအပန္းေျပေစတဲ့အျပင္ ကုန္သြားတဲ့ပိုက္ဆံထက္ပိုၿပီး တန္ဖိုးရွိတဲ့ လြတ္လပ္လန္းဆန္းျခင္းနဲ႔ ေဒသႏၲရ ဗဟုသုတေတြ၊အေတြးအေခၚသစ္ေတြကိုပါ ရရွိေစႏိုင္တဲ့အတြက္ဒီေနရာမွာလည္း ပိုက္ဆံကိုသုံးဖို႔လိုအပ္ပါတယ္။၃။ ဂီတ – ဂီတဆိုင္ရာတူရိယာ တစ္ခုခုတီးဖို႔ သင္ၾကားဖို႔ပဲျဖစ္ျဖစ္၊သီခ်င္းေခြနဲ႔အျခားဂီတဆိုင္ရာ ပစၥည္းေတြ ဝယ္တဲ့ေနရာမွာေတာ့ ပိုက္ဆံကိုသုံးသင့္ပါတယ္။ ကြၽန္ေတာ္တို႔တေတြ အၿမဲတမ္းအလုပ္ခ်ည္းပဲ လုပ္ေနလို႔ မျဖစ္ႏိုင္ပါဘူး။ တစ္ခါတစ္ရံမွာေတာ့ စိတ္အပန္းေျပေစဖို႔အတြက္ ဂီတဟာ မရွိမျဖစ္လိုအပ္တဲ့အတြက္ေၾကာင့္ ဒီေနရာမွာလည္း သင့္ပိုက္ဆံကို သုံးလိုက္ပါ။၄။ စာအုပ္မ်ား – စာအုပ္ေတြဟာ ရတနာေတြထက္ ပိုၿပီးတန္ဖိုးရွိပါတယ္။ဒီစာအုပ္ေတြထဲကေန ကြၽန္ေတာ္တို႔အတြက္ အဖိုးမျဖတ္ႏိုင္တဲ့ သုတ ရသ ေတြကိုရရွိႏိုင္တဲ့အတြက္ေၾကာင့္ပါ။ ဒါ့ေၾကာင့္ တန္ဖိုးရွိတဲ့ စာအုပ္ေတြဝယ္ဖို႔အတြက္သင့္ရဲ႕ေငြကိုသုံးလိုက္ပါ။၅။ က်န္းမာေရး – က်န္းမာေရးဟာ ကြၽန္ေတာ္တို႔ဘဝအတြက္ အေရးႀကီးဆုံးအရာပဲျဖစ္ပါတယ္။ အဲ့ဒီေတာ့ က်န္းမာေရးနဲ႔ပါတ္သတ္တဲ့ သင္တန္းတစ္ခုခုတက္တာပဲျဖစ္ျဖစ္၊ေဆးဝါးနဲ႔အျခားက်န္းမာေစမယ့္ အစားအစာေတြစားတာပဲျဖစ္ျဖစ္ ဝယ္ယူတဲ့ေနရာမွာလည္း ပိုက္ဆံကိုအသုံးခ်သင့္ပါတယ္။