ပုဂံရာဇဝင်တွေထဲက စောင်းအိုလုလင် နဲ့ ဘုရင့်သမီးတော်

စောင်းအိုလုလင်နဲ့ ဘုရင့်သမီးတော်လေး ချစ်ကြိုက်မိလို့ဘုရင်ကြီးအမျက်ရှကာ ဂူထဲပိတ်သတ်ခဲ့တဲ့ တ၀ဂူ လို့ အစချီလိုက်တာနဲ့ ပုဂံကိုရောက်ဖူးသူတိုင်း စိတ်၀င်တစား ရှာခဲ့ကြဖူးမယ်လို့ ထင်ပါတယ် ။ပုဂံ ချစ်သူ လည်းရှာခဲ့ဖူးပါတယ်” လသာညမှာ စောင်းသံသာယာ လွင့်မျောလာချစ်သူနှစ်ဦးရဲ့ ကိုယ်ပိုင် ကမ္ဘာ….’ ဆိုတဲ့ ချင်းသံလေးရဲ့ အဆုံးမှာလွမ်းမောဖွယ် ပုဂံ ဒဏ္ဍာရီတွေထဲက ရင်နှင့်ဖွယ်ရာဇာတ်လမ်းလေးကို မြင်တွေ့ရမှာပါ။ စောင်းအိုလုလင်လေး ရဲ့ဘ၀အစဟာ မြို့စားလေးတစ်ယောက်ပေါ့ အဲ့ဒီမြို့စားလေးမှာအလွန်လှပပြီး ချစ်ဖို့ကောင်း တဲ့ စောကလျာ ဆိုတဲ့ နှမငယ်လေးတစ်ယောက်ရှိတယ်။အဲ့နှမငယ်ဟာ နယ်ပိုင်စော်ဘွားကြီး နဲ့ ချစ်ကြိုက်နေခဲ့ပါတယ်။စော်ဘွားကြီးဟာ သူ့နှမငယ်ကို မချစ်ကြိုက်ဘဲ တွဲနေတာကို တစ်နေ့မှာ မြို့စားလေး သိသွားပြီး နှမငယ်ကို တားမြစ်ခဲ့ပေမယ့် တားမရပါဘူး။ စော် ဘွားကြီးကလည်း ရာထူးပိုကြီးတာကြောင့် ဘယ်လိုမှ မပြောရဲဘဲ ရှိနေပါတော့တယ်။တစ်နေ့မှာတော့ မြို့စားလေးဟာ သူ့နှမငယ် နဲ့ စော် ဘွားကြီးတို့ကို အပြီးတိုင်ခွဲဖို့ နှမငယ်ကို ခေါ်ကာ မြင်းနဲ့ အတင်းထွက်ပြေးခဲ့ပါတယ်။ သူ့လက်စွဲတော်စောင်း ကိုပါစွဲလို့ပေါ့။စောကလျာလေးကတော့ တစ်လမ်းလုံးငိုယိုလို့လိုက်ပါခဲ့ပါတယ်။ပင်းတယတောင် ရွှေဥမင်လှိုဏ်ခေါင်း ထိပ်ရောက်တော့ နှမဖြစ်သူဟာ မြင်းပေါ်ကခုန်ချခဲ့ပါတယ်။ခုန်ချလို့ရခဲ့တဲ့ ဒဏ်ရာတွေနဲ့ အသက်ငွေ့ငွေ့သာကျန်တဲ့ အချိန်မှာ သူတို့ချစ်ခြင်းကိုခွဲတဲ့သူဟာ သူမတို့လိုပဲ ချစ်ရသူနဲ့ခွဲကာ အ ခိုင်အမာအုတ်ဂူထဲမှာ သွတ်သွင်းခြင်းခံရပါစေ လို့ ကျိန်စာတိုက်ခဲ့ပြီး စောကလျာလေးဟာ သေဆုံးသွားပါတယ်။နှမငယ်လည်းမရှိတော့ မြို့စားလေးဟာလည်း ပုဂံမြို့ကိုရောက်ကာ စောင်းအိုလုလင်အသွင်ပြောင်းလို့ နေထိုင်ခဲ့ပါတယ်။အားလပ်တဲ့အခါ တီးခတ်လေ့ရှိတဲ့ စောင်းအိုလုလင်ရဲ့ စောင်းသံကို တနေ့မှာ ဘုရင့်သမီးတော်လေးဟာနားဆင်မိပြီး စောင်းအိုလုလင်နဲ့တွေ့ကာ သူတို့နှစ်ဦး ချစ်ကြိုက်သွားပါတော့တယ်။ဒီအကြောင်းကို ဘုရင်ကြီးကြားသိတဲ့အခါ အမျက်တော်ရှပြီးနှစ်ယောက်လုံးကိုဖမ်းစီးစေကာ တဝဂူထဲမှာ ဂူသွင်းလှောင်ပိတ်သတ်စေပါတော့တယ်။

ထိုအခါ ပန်းရံဆရာကြီးက ချစ်သူနှစ်ဦးကို သနားပြီး ရှင်လို့ရှင်ညား ကယ်တင်မယ့်သူတွေ့အောင် ဂူပေါက်ဝကိုပိတ်တဲ့အခါ အုတ်တချပ်လှပ် ပေးခဲ့ပါတယ်။သို့သော်လည်း ချစ်သူနှစ်ဦးဟာ တ၀ဂူထဲမှာ ပိတ်မိပြီးသေဆုံးသွားခဲ့ရပါတယ်။ထိုနေရာမှာဘဲ ဘုရင်ကြီးက တဝဂူ ဘုရားကိုတည်ခဲ့ပါတယ်။လွမ်းမောဖွယ်ဇာတ်လမ်းလေးအဆုံးမှာတော့လပြည့်ညတိုင်းမှာ တ၀ဂူဘုရားဆီကနေ ကြေကွဲဖွယ်စောင်းသံကို ရံဖန်ရံခါ ကြားရလေ့ရှိတယ်လို့ ယခုတိုင်ပြောစမှတ်ရှိနေပါတော့တယ်။တကယ်တော့ ဒီဇာတ်လမ်းလေးဟာ တကယ်မရှိခဲ့ပါဘူး၊အိန္ဒိယရုပ်ရှင် ဇာတ်လမ်းကျောရိုးကိုယူပြီး နန်းတွင်းအရှုပ်တွေနဲ့ ရော စပ်လိုက်တဲ့အခါ ခေတ်အဆက်ဆက်နာမည်ကြီးဇာတ်လမ်းကြီးဖြစ်လာတယ်လို့ဆိုကြပါတယ်။၁၉၆၀ လောက်မှာ ပဲခူး မြရွှေဆိုသူက ဒီဇာတ်လမ်းကိုအ ခြေခံပြီး စာအုပ်ထုတ်ဝေခဲ့တယ် စာရေးဆရာကြီး ကြေးမုံဦးသောင်းက တဝဂူမှစောင်းသံ ဆိုပြီး ဝတ္တု တိုတစ်ပုဒ်ရေးတော့ လူပိုသိသွားတယ်။တဖန်ဂီတစာဆို ဦးကြော့မှူးက ပုဂံမြို့ဟောင်းတနေရာ ဆိုတဲ့သီချင်းကို အဆိုတော် တင်တင်မြနဲ့ သီချင်းအဖြစ်သီဆိုခဲ့ပြီး ဇာတ်ပွဲများတွင်လည်း ကပြကြရာ ကြားဖန်များတော့ တကယ့်အဖြစ် အပျက်သဖွယ်ဖြစ်လာပါတယ်လို့ နှောင်းလူတို့ကဆိုကြပါတယ်။ (တ၀ဂူဘုရား ၁၄၉၅ )သို့သော်လည်း ပုဂံချစ်သူ ရောက်ဖူးခဲ့သော တဝဂူဘုရား မှ အုတ်ချပ်များဖြင့် ပိတ်ထားသောဂူပေါက်သည် တချိန်က ဒဏ္ဍာရီ ဆန်ဆန် တကယ့်အဖြစ်အပျက်များ ရှိခဲ့လေသည်ကို ထင်ဟပ်စေသည့် ပြယုဂ်များလားဟုတွေးတောရင်း

Credit – ပုဂံ ချစ်သူ

[zawgyi]

ေစာင္းအိုလုလင္နဲ႔ ဘုရင့္သမီးေတာ္ေလး ခ်စ္ႀကိဳက္မိလို႔ဘုရင္ႀကီးအမ်က္ရွကာ ဂူထဲပိတ္သတ္ခဲ့တဲ့ တ၀ဂူ လို႔ အစခ်ီလိုက္တာနဲ႔ ပုဂံကိုေရာက္ဖူးသူတိုင္း စိတ္၀င္တစား ရွာခဲ့ၾကဖူးမယ္လို႔ ထင္ပါတယ္ ။ပုဂံ ခ်စ္သူ လည္းရွာခဲ့ဖူးပါတယ္” လသာညမွာ ေစာင္းသံသာယာ လြင့္ေမ်ာလာခ်စ္သူႏွစ္ဦးရဲ႕ ကိုယ္ပိုင္ ကမာၻ….’ ဆိုတဲ့ ခ်င္းသံေလးရဲ႕ အဆုံးမွာလြမ္းေမာဖြယ္ ပုဂံ ဒ႑ာရီေတြထဲက ရင္ႏွင့္ဖြယ္ရာဇာတ္လမ္းေလးကို ျမင္ေတြ႕ရမွာပါ။ ေစာင္းအိုလုလင္ေလး ရဲ႕ဘ၀အစဟာ ၿမိဳ႕စားေလးတစ္ေယာက္ေပါ့ အဲ့ဒီၿမိဳ႕စားေလးမွာအလြန္လွပၿပီး ခ်စ္ဖို႔ေကာင္း တဲ့ ေစာကလ်ာ ဆိုတဲ့ ႏွမငယ္ေလးတစ္ေယာက္ရွိတယ္။အဲ့ႏွမငယ္ဟာ နယ္ပိုင္ေစာ္ဘြားႀကီး နဲ႔ ခ်စ္ႀကိဳက္ေနခဲ့ပါတယ္။ေစာ္ဘြားႀကီးဟာ သူ႔ႏွမငယ္ကို မခ်စ္ႀကိဳက္ဘဲ တြဲေနတာကို တစ္ေန႔မွာ ၿမိဳ႕စားေလး သိသြားၿပီး ႏွမငယ္ကို တားျမစ္ခဲ့ေပမယ့္ တားမရပါဘူး။ ေစာ္ ဘြားႀကီးကလည္း ရာထူးပိုႀကီးတာေၾကာင့္ ဘယ္လိုမွ မေျပာရဲဘဲ ရွိေနပါေတာ့တယ္။တစ္ေန႔မွာေတာ့ ၿမိဳ႕စားေလးဟာ သူ႔ႏွမငယ္ နဲ႔ ေစာ္ ဘြားႀကီးတို႔ကို အၿပီးတိုင္ခြဲဖို႔ ႏွမငယ္ကို ေခၚကာ ျမင္းနဲ႔ အတင္းထြက္ေျပးခဲ့ပါတယ္။ သူ႔လက္စြဲေတာ္ေစာင္း ကိုပါစြဲလို႔ေပါ့။ေစာကလ်ာေလးကေတာ့ တစ္လမ္းလုံးငိုယိုလို႔လိုက္ပါခဲ့ပါတယ္။ပင္းတယေတာင္ ေ႐ႊဥမင္လႈိဏ္ေခါင္း ထိပ္ေရာက္ေတာ့ ႏွမျဖစ္သူဟာ ျမင္းေပၚကခုန္ခ်ခဲ့ပါတယ္။ခုန္ခ်လို႔ရခဲ့တဲ့ ဒဏ္ရာေတြနဲ႔ အသက္ေငြ႕ေငြ႕သာက်န္တဲ့ အခ်ိန္မွာ သူတို႔ခ်စ္ျခင္းကိုခြဲတဲ့သူဟာ သူမတို႔လိုပဲ ခ်စ္ရသူနဲ႔ခြဲကာ အ ခိုင္အမာအုတ္ဂူထဲမွာ သြတ္သြင္းျခင္းခံရပါေစ လို႔ က်ိန္စာတိုက္ခဲ့ၿပီး ေစာကလ်ာေလးဟာ ေသဆုံးသြားပါတယ္။ႏွမငယ္လည္းမရွိေတာ့ ၿမိဳ႕စားေလးဟာလည္း ပုဂံၿမိဳ႕ကိုေရာက္ကာ ေစာင္းအိုလုလင္အသြင္ေျပာင္းလို႔ ေနထိုင္ခဲ့ပါတယ္။အားလပ္တဲ့အခါ တီးခတ္ေလ့ရွိတဲ့ ေစာင္းအိုလုလင္ရဲ႕ ေစာင္းသံကို တေန႔မွာ ဘုရင့္သမီးေတာ္ေလးဟာနားဆင္မိၿပီး ေစာင္းအိုလုလင္နဲ႔ေတြ႕ကာ သူတို႔ႏွစ္ဦး ခ်စ္ႀကိဳက္သြားပါေတာ့တယ္။ဒီအေၾကာင္းကို ဘုရင္ႀကီးၾကားသိတဲ့အခါ အမ်က္ေတာ္ရွၿပီးႏွစ္ေယာက္လုံးကိုဖမ္းစီးေစကာ တဝဂူထဲမွာ ဂူသြင္းေလွာင္ပိတ္သတ္ေစပါေတာ့တယ္။ထိုအခါ ပန္းရံဆရာႀကီးက ခ်စ္သူႏွစ္ဦးကို သနားၿပီး ရွင္လို႔ရွင္ညား ကယ္တင္မယ့္သူေတြ႕ေအာင္ ဂူေပါက္ဝကိုပိတ္တဲ့အခါ အုတ္တခ်ပ္လွပ္ ေပးခဲ့ပါတယ္။သို႔ေသာ္လည္း ခ်စ္သူႏွစ္ဦးဟာ တ၀ဂူထဲမွာ ပိတ္မိၿပီးေသဆုံးသြားခဲ့ရပါတယ္။ထိုေနရာမွာဘဲ ဘုရင္ႀကီးက တဝဂူ ဘုရားကိုတည္ခဲ့ပါတယ္။လြမ္းေမာဖြယ္ဇာတ္လမ္းေလးအဆုံးမွာေတာ့လျပည့္ညတိုင္းမွာ တ၀ဂူဘုရားဆီကေန ေၾကကြဲဖြယ္ေစာင္းသံကို ရံဖန္ရံခါ ၾကားရေလ့ရွိတယ္လို႔ ယခုတိုင္ေျပာစမွတ္ရွိေနပါေတာ့တယ္။တကယ္ေတာ့ ဒီဇာတ္လမ္းေလးဟာ တကယ္မရွိခဲ့ပါဘူး၊အိႏၵိယ႐ုပ္ရွင္ ဇာတ္လမ္းေက်ာ႐ိုးကိုယူၿပီး နန္းတြင္းအရႈပ္ေတြနဲ႔ ေရာ စပ္လိုက္တဲ့အခါ ေခတ္အဆက္ဆက္နာမည္ႀကီးဇာတ္လမ္းႀကီးျဖစ္လာတယ္လို႔ဆိုၾကပါတယ္။၁၉၆၀ ေလာက္မွာ ပဲခူး ျမေ႐ႊဆိုသူက ဒီဇာတ္လမ္းကိုအ ေျခခံၿပီး စာအုပ္ထုတ္ေဝခဲ့တယ္ စာေရးဆရာႀကီး ေၾကးမုံဦးေသာင္းက တဝဂူမွေစာင္းသံ ဆိုၿပီး ဝတၱဳ တိုတစ္ပုဒ္ေရးေတာ့ လူပိုသိသြားတယ္။တဖန္ဂီတစာဆို ဦးေၾကာ့မႉးက ပုဂံၿမိဳ႕ေဟာင္းတေနရာ ဆိုတဲ့သီခ်င္းကို အဆိုေတာ္ တင္တင္ျမနဲ႔ သီခ်င္းအျဖစ္သီဆိုခဲ့ၿပီး ဇာတ္ပြဲမ်ားတြင္လည္း ကျပၾကရာ ၾကားဖန္မ်ားေတာ့ တကယ့္အျဖစ္ အပ်က္သဖြယ္ျဖစ္လာပါတယ္လို႔ ေႏွာင္းလူတို႔ကဆိုၾကပါတယ္။ (တ၀ဂူဘုရား ၁၄၉၅ )သို႔ေသာ္လည္း ပုဂံခ်စ္သူ ေရာက္ဖူးခဲ့ေသာ တဝဂူဘုရား မွ အုတ္ခ်ပ္မ်ားျဖင့္ ပိတ္ထားေသာဂူေပါက္သည္ တခ်ိန္က ဒ႑ာရီ ဆန္ဆန္ တကယ့္အျဖစ္အပ်က္မ်ား ရွိခဲ့ေလသည္ကို ထင္ဟပ္ေစသည့္ ျပယုဂ္မ်ားလားဟုေတြးေတာရင္း