ပုဂံသမိုင်းထဲက သူရဲကောင်း ငထွေရူး

ပုဂံသမိုင်းမှာ စစ်သည်တော်လေးသိန်းနဲ့ညီမျှတဲ့သူရဲကောင်းလေးယောက်အကြောင်းနဲ့ ပတ်သက်လို့ အနည်းငယ် ဖော်ပြပေးချင်ပါတယ်။ ကျန်စစ်သား (အရိန္ဒမာလှံကိုပိုင်ဆိုင်ခွင့်ရပြီးဘုန်းတန်ခိုးကြီးသောမင်းကောင်းမင်းမြတ်)ငထွေးရူး(ထန်းပင်တစ်ပင်မှတစ်ပင်ခုန်ကူးကာထန်းလှီးထန်းတက်အလုပ်လုပ်နိုင်သူ) ငလုံးလက်ဖယ်( နွားအရှဉ်းတစ်ရာကို တစ်ယာက်တည်းထိန်းကျောင်း ထွန်ယက်နိုင်သူ)နဲ့ညောင်ဦးဖီး (အ တော်အတန်ကျယ်တဲ့မြစ်ကိုတစ်ကြိမ်တည်းနဲ့ အသွားအပြန်…ကူးခတ်နိုင်တဲ့သူ)တို့ပဲဖြစ်ပါတယ်…။ကျန်စစ်သားမင်းကြီးအကြောင်းက တော့ လူတော်တော်များများသိပြီးသူ့အကြောင်းအရာ နဲ့စွမ်းရည်သတ္တိတွေဟာသမိုင်းမှာထင်ရှားသိမြင်နေတာမို့လို့ကျန်သောသူရဲကောင်း ( ၃ )ယောက်အကြောင်းကိုပဲ(မသိသေးသောသူများအတွက်သာ)ရှာဖွေလေ့လာထားမိသလောက်ရေးသားပြောပြချင်ပါတယ်…။ သမိုင်းထဲကဖြစ်ရပ်တွေမို့လို့ လည်းလိုအပ်ချက်များရှိခဲ့ရင် ဖြည့်စွက် အကြံပေးနိုင်သလို အမှာစာရှည်သွားမိတဲ့အတွက်လည်း စာဖတ်သူ မိတ်ဆွေတို့ကို တောင်းပန်အပ်ပါတယ်…။ပုဂံထီးနန်းကိုကျန်စစ်သားမင်းကြီး ဆက်ဆံခွင့်ရတဲ့နေ့ပြီးတော့နောက်တစ်နေ့မှာပဲ ငထွေးရူး ငလုံးလက်ဖယ် နဲ့ညောင်ဦးဖီးတို့ဟာပုဂံပြည်ကနေ စွန့်ခွာထွက်ပြေးခဲ့ရကြတယ်။ ဘာကြောင့်လဲဆိုရင်မဏိစန္ဒာနဲ့ကျန်စစ်သားမင်းကြီးတို့ အချစ်ကိစ္စ (ချစ် ခင် နှစ်သက်နေမှ )ကိုသူတို့က လူပိုသိအောင်လုပ်ခဲ့ကြလို့ပဲ ဆိုလိုတာက အခုခေတ်စကားအရပြောရင် “ဖော် ကောင်” လုပ်တာပေါ့။ အနော်ရထာမင်းကြီးသိအောင် ပြောခဲ့ကြလို့ပေါ့။ (ဟုတ်သည် ။ မဟုတ်သည်တော့ တပ်အပ်မပြောနိုင်ပါ ပုဂံသမိုင်းတွင်အနီးစပ်ဆုံးခန့်မှန်းရေး သားထားမှုများကို ဖော်ပြရခြင်းဖြစ်သည်)ပထမဆုံး” ငထွေးရူး ” အကြောင်းကို ရေးသားဖော်ပြချင်ပါတယ်…။ငထွေးရူးဟာ မြင်းမူ ဇာတိ အရပ်မှာ မွေးဖွားခဲ့ပြီး အနော်ရထာမင်းလက်ထက်သူရဲကောင်းစစ်သည်အဖြစ်…ချီးမြှောက်ခံစားခြင်းခံရသူလည်းဖြစ်ပါတယ်…။

အပေါ်မှာရေးသားထားခဲ့သလို ကျန်စစ်သားမင်းကြီးနန်းတက်တဲ့အချိန်မိမိကို ပြစ်ဒဏ်သင့်မည်စိုးတာကြောင့်”တညင် “လို့ခေါ်ကြတဲ့”သန်လျင်” ကိုထွက်ပြေးခဲ့တယ်။တညင်မှာမွန်အမျိုးသမီးတစ်ဦးနဲ့ ဆုံကာအိမ်ထောင်ကျတယ်ထန်းတောတွေကိုအောက်ဈေးနဲ့လိုက်ဝယ်ပြီး ထန်း ရည်တဲလေးတွေစဖွင့်ခဲ့တယ်။ (ထန်းလျက်လည်းချက်ကြတယ် ) ထူးခြားတာက ထန်းရည်ကိုအပင်ပေါ်ကမချခင်မှာ လက်ပံပွင့်ကိုထန်းရည်အိုးထဲစိမ်ပြီးအရသာကောင်းအောင်လုပ်ခဲ့တဲ့အတွက်ငထွေးရူးရဲ့ထန်းရည်ဆိုင်ကတညင်မှာအတော်လည်း လူသိများရေပန်းစားခဲ့တယ်။ အဓိကပိုပြီးလူသိစေတဲ့အကြောင်းကတော့ အမျိုးသားယောကျ်ားတွေသာမကအမျိုးသမီးတွေပါ တစ်ကယ်ကောင်းတဲ့ အားဆေး (အချစ်ဆေး)လို့တောင်ပြောပြီး သုံးစွဲရလောက်တဲ့အထိနာမည်ကြီးလို့နေပါတယ်။ ထန်းရည်ဆိုင်ကြောင့်ပဲ တညင်မှာ နောက်ထပ်ရွာသစ် (၂)ရွာထပ်ပြီးတိုးလာပါတော့တယ်။(အခုခေတ်မှာတော့မြို့ဖြစ်နေပါပြီ)နာမည်တွေကတော့ ခါးရမ်း(အခု … ခရမ်း)နဲ့ ကြုံးဟ( အခု သုံးခွ ) မြို့တို့ဖြစ်ပါတယ်…။(ထန်းရည်ဘယ်လောက်ကောင်းပြီး အစွမ်းထက်သလဲဆိုတာရွာတွေနာမည်သာ ကိုယ့်ဘာသာကိုယ်တွေးကြည့်ပါတော့နော်)”ငထွေးရူး “ဟာ ထန်းရည်ရောင်းပြီးတော့ သူ့ဘဝကိုတညင်မှာပဲ အချိန်ကုန်စေခဲ့တယ်လို့ခန့်မှန်းတွေးတောရှာဖွေ မှီငြမ်းပြီး ရေးသားဖော်ပြလိုက်ပါတယ်…။ကျန်သောသူရဲကောင်းနှစ်ယောက်အကြောင်းကို မကြာခင်မှာရှာဖွေလေ့လာရေးသားပါဦးမည် ။အားလုံးကိုကျေးဇူး တင်ပါတယ်…။ ကိုးကားချက်များ – ပုဂံသူရဲကောင်းများ(သော်တာဆွေ)

မူရင်း – Credit

[zawgyi]

ပုဂံသမိုင္းမွာ စစ္သည္ေတာ္ေလးသိန္းနဲ႔ညီမွ်တဲ့သူရဲေကာင္းေလးေယာက္အေၾကာင္းနဲ႔ ပတ္သက္လို႔ အနည္းငယ္ ေဖာ္ျပေပးခ်င္ပါတယ္။ က်န္စစ္သား (အရိႏၵမာလွံကိုပိုင္ဆိုင္ခြင့္ရၿပီးဘုန္းတန္ခိုးႀကီးေသာမင္းေကာင္းမင္းျမတ္)ငေထြး႐ူး(ထန္းပင္တစ္ပင္မွတစ္ပင္ခုန္ကူးကာထန္းလွီးထန္းတက္အလုပ္လုပ္ႏိုင္သူ) ငလုံးလက္ဖယ္( ႏြားအရွဥ္းတစ္ရာကို တစ္ယာက္တည္းထိန္းေက်ာင္း ထြန္ယက္ႏိုင္သူ)နဲ႔ေညာင္ဦးဖီး(အေတာ္အတန္က်ယ္တဲ့ျမစ္ကိုတစ္ႀကိမ္တည္းနဲ႔ အသြားအျပန္…ကူးခတ္ႏိုင္တဲ့သူ)တို႔ပဲျဖစ္ပါတယ္…။က်န္စစ္သားမင္းႀကီးအေၾကာင္းကေတာ့ လူေတာ္ေတာ္မ်ားမ်ားသိၿပီးသူ႔အေၾကာင္းအရာ နဲ႔စြမ္းရည္သတၱိေတြဟာသမိုင္းမွာထင္ရွားသိျမင္ေနတာမို႔လို႔က်န္ေသာသူရဲေကာင္း ( ၃ )ေယာက္အေၾကာင္းကိုပဲ(မသိေသးေသာသူမ်ားအတြက္သာ)ရွာေဖြေလ့လာထားမိသေလာက္ေရးသားေျပာျပခ်င္ပါတယ္…။ သမိုင္းထဲကျဖစ္ရပ္ေတြမို႔လို႔ လည္းလိုအပ္ခ်က္မ်ားရွိခဲ့ရင္ ျဖည့္စြက္ အႀကံေပးႏိုင္သလို အမွာစာရွည္သြားမိတဲ့အတြက္လည္း စာဖတ္သူ မိတ္ေဆြတို႔ကို ေတာင္းပန္အပ္ပါတယ္…။ပုဂံထီးနန္းကိုက်န္စစ္သားမင္းႀကီး ဆက္ဆံခြင့္ရတဲ့ေန႔ၿပီးေတာ့ေနာက္တစ္ေန႔မွာပဲ ငေထြး႐ူး ငလုံးလက္ဖယ္ နဲ႔ေညာင္ဦးဖီးတို႔ဟာပုဂံျပည္ကေန စြန္႔ခြာထြက္ေျပးခဲ့ရၾကတယ္။ ဘာေၾကာင့္လဲဆိုရင္မဏိစႏၵာနဲ႔က်န္စစ္သားမင္းႀကီးတို႔ အခ်စ္ကိစၥ (ခ်စ္ခင္ ႏွစ္သက္ေနမွ )ကိုသူတို႔က လူပိုသိေအာင္လုပ္ခဲ့ၾကလို႔ပဲ ဆိုလိုတာက အခုေခတ္စကားအရေျပာရင္ “ေဖာ္ ေကာင္” လုပ္တာေပါ့။ အေနာ္ရထာမင္းႀကီးသိေအာင္ ေျပာခဲ့ၾကလို႔ေပါ့။ (ဟုတ္သည္ ။ မဟုတ္သည္ေတာ့ တပ္အပ္မေျပာႏိုင္ပါ ပုဂံသမိုင္းတြင္အနီးစပ္ဆုံးခန္႔မွန္းေရးသားထားမႈမ်ားကို ေဖာ္ျပရျခင္းျဖစ္သည္)ပထမဆုံး” ငေထြး႐ူး ” အေၾကာင္းကို ေရးသားေဖာ္ျပခ်င္ပါတယ္…။ငေထြး႐ူးဟာ ျမင္းမူ ဇာတိ အရပ္မွာ ေမြးဖြားခဲ့ၿပီး အေနာ္ရထာမင္းလက္ထက္သူရဲေကာင္းစစ္သည္အျဖစ္…ခ်ီးေျမႇာက္ခံစားျခင္းခံရသူလည္းျဖစ္ပါတယ္…။အေပၚမွာေရးသားထားခဲ့သလို က်န္စစ္သားမင္းႀကီးနန္းတက္တဲ့အခ်ိန္မိမိကို ျပစ္ဒဏ္သင့္မည္စိုးတာေၾကာင့္”တညင္ “လို႔ေခၚၾကတဲ့”သန္လ်င္” ကိုထြက္ေျပးခဲ့တယ္။တညင္မွာမြန္အမ်ိဳးသမီးတစ္ဦးနဲ႔ ဆုံကာအိမ္ေထာင္က်တယ္ထန္းေတာေတြကိုေအာက္ေဈးနဲ႔လိုက္ဝယ္ၿပီး ထန္းရည္တဲေလးေတြစဖြင့္ခဲ့တယ္။ (ထန္းလ်က္လည္းခ်က္ၾကတယ္ ) ထူးျခားတာက ထန္းရည္ကိုအပင္ေပၚကမခ်ခင္မွာ လက္ပံပြင့္ကိုထန္းရည္အိုးထဲစိမ္ၿပီးအရသာေကာင္းေအာင္လုပ္ခဲ့တဲ့အတြက္ငေထြး႐ူးရဲ႕ထန္းရည္ဆိုင္ကတညင္မွာအေတာ္လည္း လူသိမ်ားေရပန္းစားခဲ့တယ္။ အဓိကပိုၿပီးလူသိေစတဲ့အေၾကာင္းကေတာ့ အမ်ိဳးသားေယာက်္ားေတြသာမကအမ်ိဳးသမီးေတြပါ တစ္ကယ္ေကာင္းတဲ့ အားေဆး(အခ်စ္ေဆး)လို႔ေတာင္ေျပာၿပီး သုံးစြဲရေလာက္တဲ့အထိနာမည္ႀကီးလို႔ေနပါတယ္။ ထန္းရည္ဆိုင္ေၾကာင့္ပဲ တညင္မွာ ေနာက္ထပ္႐ြာသစ္ (၂)႐ြာထပ္ၿပီးတိုးလာပါေတာ့တယ္။(အခုေခတ္မွာေတာ့ၿမိဳ႕ျဖစ္ေနပါၿပီ)နာမည္ေတြကေတာ့ ခါးရမ္း(အခု … ခရမ္း)နဲ႔ ႀကဳံးဟ( အခု သုံးခြ )ၿမိဳ႕တို႔ျဖစ္ပါတယ္…။(ထန္းရည္ဘယ္ေလာက္ေကာင္းၿပီး အစြမ္းထက္သလဲဆိုတာ႐ြာေတြနာမည္သာ ကိုယ့္ဘာသာကိုယ္ေတြးၾကည့္ပါေတာ့ေနာ္)”ငေထြး႐ူး “ဟာ ထန္းရည္ေရာင္းၿပီးေတာ့ သူ႔ဘဝကိုတညင္မွာပဲ အခ်ိန္ကုန္ေစခဲ့တယ္လို႔ခန္႔မွန္းေတြးေတာရွာေဖြ မွီျငမ္းၿပီး ေရးသားေဖာ္ျပလိုက္ပါတယ္…။က်န္ေသာသူရဲေကာင္းႏွစ္ေယာက္အေၾကာင္းကို မၾကာခင္မွာရွာေဖြေလ့လာေရးသားပါဦးမည္ ။အားလုံးကိုေက်းဇူးတင္ပါတယ္…။ ကိုးကားခ်က္မ်ား – ပုဂံသူရဲေကာင္းမ်ား(ေသာ္တာေဆြ)