ပျက်စီးသွားတဲ့ ဖားတိုင်းပြည်

တခါတုန်းက ဖားကလေးတွေ နေထိုင်ကြတဲ့ တိုင်းပြည် တပြည် ရှိသတဲ့။ တနေ့တော့ ဖားဘုရင်ကြီးဟာ တိုက်ပွဲ တပွဲမှာ ကျဆုံးသွား တာကြောင့် ဖားတိုင်းပြည်ကြီးဟာ မင်းမဲ့တိုင်းပြည် ကြီးလို ဖြစ်သွား ပါတယ်။ဒါကြောင့် ပညာရှိ ဖားအမတ်များဟာ မိုးနတ်သားကြီး ဆီကို တမန်တော် စေလွှတ်ပြီး သူတို့ ဖားတိုင်းပြည်ကို အုပ်ချုပ်မယ့် ဘုရင်တပါး စေလွှတ်ရန် အကူအညီ တောင်းလိုက်ပါတယ်။အဲဒီအခါမှာ မိုးနတ်သားကြီးတာ သစ်တုံးကြီး တတုံးကို ပစ်ချပေး လိုက်ပါတယ်။ ပထမတော့ ဖားများဟာ သစ်တုံးကြီးကို မြင်ပြီး အလွန် ကြောက်လန့်ကြတယ်။သစ်တုံးကြီး မမြင်အောင် ဆိုပြီး ရေအောက်မှာ ငုတ်လျှိုး နေကြတယ်။ အတော်ကြာမှ မလှုပ်မယှက် နေတဲ့ သစ်တုံးကြီးကိုကြည့်ပြီး အကြောက်ပြေ လာကြတယ်။

တဖြည်းဖြည်းနဲ့ သစ်တုံးကြီးနား ကပ်လာကြတယ်။ နောက်ဆုံး တော့ သစ်တုံးကြီးပေါ် တက်ကစားတဲ့ အထိ အတင့်ရဲ လာကြပါတယ်။ဒီလိုနဲ့ ကြာလာတဲ့ အခါမှာတော့ ဖားများဟာ သစ်တုံးကြီးကို ငြီးငွေ့လာ ကြသတဲ့။ မလှုပ်မယှက် သစ်တုံးကြီးနဲ့ ဆော့ရတာ ပျင်းစရာ ကောင်းလာတယ်။ဒါကြောင့် မိုးနတ်သားဆီမှာ ဘုရင်အသစ် လဲပေးဖို. ထပ်မံ တောင်းဆိုလိုက် ပါတယ်။ အဲဒီအခါ မိုးနတ်သားတာ သစ်တုံးကြီးအစား ငရှည့်တကောင်ကို ပို့ပေးလိုက် ပါတယ်။ငရှည့်ဟာ ဖားတိုင်းပြည်ကို ရောက်ထဲက တွင်းထဲမှာပဲ ခွေနေတာကြောင့် ဖားတွေဟာ စိတ်ပျက် ကြသတဲ့။ ဒါကြောင့် အခြားဘုရင်တဦးနဲ့ လဲပေးဖို့ ထပ်မံ တောင်းဆိုလိုက် ပြန်တယ်။အဲဒီလို ခဏခဏ တောင်းဆိုတဲ့ ဖားတွေရဲ့ တောင်းဆိုသံကို ကြားတဲ့အခါ မှာတော့ မိုးနတ်သားကြီးဟာ အတော်လေး ဒေါသထွက် သွားပါတယ်။ ဒါကြောင့် မြွေတကောင်ကို ဖားတို့ရဲ့ ဘုရင်အဖြစ် ပို့ပေးလိုက် ပါတယ်။ အဲဒီအချိန် ထဲက မြွေဟာ ဖားတွေကို တကောင်ပြီး တကောင် မျိုချလိုက်တာကြောင့် ဖားတိုင်းပြည်ကြီးဟာ ပျက်စီးသွား ပါတော့တယ်ကွယ်။

Credit – Phoo Myat Chal

[zawgyi]

တခါတုန္းက ဖားကေလးေတြ ေနထိုင္ၾကတဲ့ တိုင္းျပည္ တျပည္ ရွိသတဲ့။ တေန႔ေတာ့ ဖားဘုရင္ႀကီးဟာ တိုက္ပြဲ တပြဲမွာ က်ဆုံးသြား တာေၾကာင့္ ဖားတိုင္းျပည္ႀကီးဟာ မင္းမဲ့တိုင္းျပည္ ႀကီးလို ျဖစ္သြား ပါတယ္။ဒါေၾကာင့္ ပညာရွိ ဖားအမတ္မ်ားဟာ မိုးနတ္သားႀကီး ဆီကို တမန္ေတာ္ ေစလႊတ္ၿပီး သူတို႔ ဖားတိုင္းျပည္ကို အုပ္ခ်ဳပ္မယ့္ ဘုရင္တပါး ေစလႊတ္ရန္ အကူအညီ ေတာင္းလိုက္ပါတယ္။အဲဒီအခါမွာ မိုးနတ္သားႀကီးတာ သစ္တုံးႀကီး တတုံးကို ပစ္ခ်ေပး လိုက္ပါတယ္။ ပထမေတာ့ ဖားမ်ားဟာ သစ္တုံးႀကီးကို ျမင္ၿပီး အလြန္ ေၾကာက္လန႔္ၾကတယ္။သစ္တုံးႀကီး မျမင္ေအာင္ ဆိုၿပီး ေရေအာက္မွာ ငုတ္လွ်ိဳး ေနၾကတယ္။ အေတာ္ၾကာမွ မလႈပ္မယွက္ ေနတဲ့ သစ္တုံးႀကီးကိုၾကည့္ၿပီး အေၾကာက္ေျပ လာၾကတယ္။တျဖည္းျဖည္းနဲ႔ သစ္တုံးႀကီးနား ကပ္လာၾကတယ္။ ေနာက္ဆုံး ေတာ့ သစ္တုံးႀကီးေပၚ တက္ကစားတဲ့ အထိ အတင့္ရဲ လာၾကပါတယ္။ဒီလိုနဲ႔ ၾကာလာတဲ့ အခါမွာေတာ့ ဖားမ်ားဟာ သစ္တုံးႀကီးကို ၿငီးေငြ႕လာ ၾကသတဲ့။ မလႈပ္မယွက္ သစ္တုံးႀကီးနဲ႔ ေဆာ့ရတာ ပ်င္းစရာ ေကာင္းလာတယ္။ဒါေၾကာင့္ မိုးနတ္သားဆီမွာ ဘုရင္အသစ္ လဲေပးဖို. ထပ္မံ ေတာင္းဆိုလိုက္ ပါတယ္။ အဲဒီအခါ မိုးနတ္သားတာ သစ္တုံးႀကီးအစား ငရွည့္တေကာင္ကို ပို႔ေပးလိုက္ ပါတယ္။ငရွည့္ဟာ ဖားတိုင္းျပည္ကို ေရာက္ထဲက တြင္းထဲမွာပဲ ေခြေနတာေၾကာင့္ ဖားေတြဟာ စိတ္ပ်က္ ၾကသတဲ့။ ဒါေၾကာင့္ အျခားဘုရင္တဦးနဲ႔ လဲေပးဖို႔ ထပ္မံ ေတာင္းဆိုလိုက္ ျပန္တယ္။အဲဒီလို ခဏခဏ ေတာင္းဆိုတဲ့ ဖားေတြရဲ႕ ေတာင္းဆိုသံကို ၾကားတဲ့အခါ မွာေတာ့ မိုးနတ္သားႀကီးဟာ အေတာ္ေလး ေဒါသထြက္ သြားပါတယ္။ ဒါေၾကာင့္ ေႁမြတေကာင္ကို ဖားတို႔ရဲ႕ ဘုရင္အျဖစ္ ပို႔ေပးလိုက္ ပါတယ္။ အဲဒီအခ်ိန္ ထဲက ေႁမြဟာ ဖားေတြကို တေကာင္ၿပီး တေကာင္ မ်ိဳခ်လိုက္တာေၾကာင့္ ဖားတိုင္းျပည္ႀကီးဟာ ပ်က္စီးသြား ပါေတာ့တယ္ကြယ္။