ဖုန်းအဟောင်းတစ်လုံး ပြန်ဝယ်တော့မယ်ဆိုရင် ဘယ်အချက်တွေကို အဓိကထားစစ်ဆေးသင့်လဲ

တစ်နေ့ထက်တစ်နေ့ ဖုန်းအမျိုးအစားအသစ်တွေ တစ်မျိုးပြီးတစ်မျိုး ထွက်လာသလိုပဲ တစ် ပတ်ရစ် ဖုန်းဈေးကွက်ကလည်း တဖြည်းဖြည်း ကျယ်ပြန့်လျက်ရှိပါတယ်။ အသစ်စက်စက်ဖုန်းတစ်လုံး မဝယ်နိုင်လို့ တစ်ပတ်ရစ်ဖုန်းတစ်လုံး ဝယ်တော့မယ်ဆိုရင် အခုဖော်ပြမယ့် အချက်လေးတွေကို အဓိကစစ်ဆေးဖို့ လိုအပ်လို့ ဗဟုသုတအနေနဲ့ ဖော်ပြပေးသွားပါ့မယ်။ ရောင်းသူအချို့က သူတို့ရဲ့ ဖုန်းချို့ယွင်းချက်တွေကို လျို့ဝှက်ထားပြီး ရောင်းချလေ့ရှိပါတယ်။ ဘာချို့ယွင်းချက်တွေ၊ ဘာအနာအဆာတွေပါသလဲဆိုတာ သေသေချာချာမေးမြန်းပါ။ အားနာပြီး အလျင် အမြန် ဆုံးဖြတ်ချက်မချလိုက်ပါနဲ့။ တစ်ပတ်ရစ် ဖြစ်တဲ့အတွက် ဖုန်းအသစ်ဝယ်ယူတာထက် ပိုပြီး စစ်ဆေးဖို့ လိုအပ်ပါတယ်။ဖုန်းပြောတဲ့အခါ ဖုန်းမျက်နှာပြင် ပိတ်၊ မပိတ် စစ်ဆေးပါ။ လက်ဗွေစနစ်တွေ မြန်ဆန်မှုရှိ၊ မရှိကို စစ်ဆေးပါ။ Touch ကောင်း၊ မကောင်း စာအနည်းငယ် ရိုက်ကြည့်ပြီး စစ်ဆေးပါ။ ဖုန်းမျက်နှာပြင်မှာ အလင်းပေါက် ရှိ၊ မရှိကို wallpaper ပြောင်းလဲပြီး သေသေ ချာချာ စစ်ဆေးကြည့်ရှုပါ။ဖုန်းနားထောင်တဲ့ စပီကာနဲ့ မိုက် ကို စစ်ဆေးဖို့ ဖုန်းတစ်လုံးလုံးကို ဆက်ပြီး စမ်းသပ်ပါ။ ကျောဘက် ဒါမှမဟုတ် အောက်ဘက်မှာပါဝင်တဲ့ စပီကာကို စစ်ဆေးဖို့အတွက်ကတော့ သီချင်းတစ်ပုဒ်ကို စမ်းသပ်ဖွင့်ကြည့်ပါ။ကင်မရာကို စစ်ဆေးဖို့တော့ အထူးပြောနေစရာ မလိုလောက်ပါဘူးနော်။ အနဲဆုံး ဓာတ်ပုံတစ်ပုံ ရိုက်ကူးပြီး ကင်မရာရဲ့ အရည် အသွေးကို စမ်းသပ်စစ်ဆေးပါ။ဖုန်းဆင်းကတ်တွေ၊ မန်မိုရီကတ်တွေ အလုပ်လုပ်တယ်ပြောပေမဲ့လည်း လက်တွေ့ထည့်သွင်းပြီး အလုပ် လုပ်၊ လုပ်မလုပ်ကို စစ်ဆေးပါ။ အင်တာနက်လိုင်းကို စစ်ဆေးဖို့လည်း မမေ့ပါနဲ့။ဖုန်းဘက်ထရီကို စစ်ဆေးဖို့လည်းမမေ့နဲ့ပါနဲ့။ ဝယ်လိုက်ပြီးမှ ဘက် ထရီအသုံးမခံဘူးဆိုရင် စိတ်ညစ်စရာတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ဒါကလည်း အရေးကြီးပါတယ်။

ဖြုတ်လို့ရတဲ့ ဘက်ထရီဆိုရင် ဖြုတ်ကြည့်ပြီး ဘက်ထရီဖောင်းနေလားဆိုတာ စစ်ဆေးပါ။ ဖြုတ်မရတဲ့ ဘက်ထရီအသေဆိုရင်တော့ ဖုန်းကို စစ်ဆေးနေတုန်း ဖုန်းအားဘယ်လောက်ကျသွားသလဲ ဆိုတာကို သတိထားပြီး ကြည့်ရှုပါ။ မသင်္ကာဘူးဆိုရင်တော့ ဖုန်းကို Restart ချကြည့်လိုက်ပါ။ နဂိုမူလရှိတဲ့ ဘက်ထရီပမာဏထက် ၅ရာခိုင်နှုန်း ပိုပြီးကျဆင်းနေတယ်ဆိုရင်တော့ ဘက်ထရီအသုံးမခံတော့တာ သေချာပါတယ်။ဘက်ထရီပိုင်း စစ်ဆေးပြီးရင်တော့ အားသွင်းပေါက်နဲ့ အားဝင်၊ မဝင်ကို စစ်ဆေးလိုက်ပါအုံး။ တစ်ပတ်ရစ်ဖုန်း သွားဝယ်တော့မယ်ဆိုရင်တာ့ ပါဝါဘန့်ခ်(power bank) တစ်လုံးယူဆောင်သွားပြီး စမ်းသပ်စစ်ဆေးပါ။တစ်ပတ်ရစ် ဖုန်းဝယ်တော့မယ်ဆိုရင် အွန်လိုင်းပေါ်ကရောင်းချသူတွေဆီကနေ ဝယ်ယူတာထက် သီးသန့်တစ်ပတ်ရစ်ဖုန်း ရောင်းချတဲ့ဆိုင်တွေက ပိုပြီးစိတ်ချရတဲ့အတွက် အဓိကထားပြီး ရွေးချယ်ဝယ်ယူသင့်ပါတယ်။ဖုန်းရဲ့ အသုံးပြုမှုသက်တမ်း ( ဘယ်အချိန်က ဝယ်ယူအသုံးပြုခဲ့သလဲ ) ဆိုတာ စစ်ဆေးပါ။ အာမခံကျန်၊ မကျန် ရောင်းချသူကို မေးမြန်းပါ။ တကယ်လို့ အာမခံကျန်ရှိနေသးတယ်ဆိုရင်တော့ အာမခံကတ်ပြားကို တောင်းယူဖို့ မမေ့ပါနဲ့။ အချိန်အတော်အကြာထိ အသုံးပြုပြီးသား ဖုန်းဆိုရင်တော့ ဘယ်လောက်ပဲ ဈေးတန်တန် မဝယ်ယူသင့်တော့ပါဘူး။ သင်ဝယ်ယူမယ့် ဖုန်းရဲ့ အသစ်ဈေးဘယ်လောက်၊ တစ်ပတ်ရစ်ဈေး ဘယ်လောက်ရှိသလဲ ဆိုတာကို မဝယ်ခင် ကြိုတင်စုံစမ်းပါ။ပါကင်ပိတ် ဖုန်းအသစ်စက်စက်တစ်လုံး ဝယ်ယူအသုံးပြုခြင်းက တစ်ပတ်ရစ်ဖုန်းတစ်လုံး ဝယ်ယူတာထက် ပိုပြီးစိတ်ချရပါတယ်။ တကယ်လို့ မဖြစ်မနေ တစ် ပတ်ရစ်ဖုန်းတစ်လုံး ဝယ်ယူတော့မယ်ဆိုရင် အခုဖော်ပြထားတဲ့ အချက်လေးတွေကို အချိန်ယူပြီး အဓိကထား စစ်ဆေးသင့်ကြောင်း တင်ပြလိုက်ရပါတယ်။

Credit – Paradise (ရိုးရာလေး)

[zawgyi]

တစ္ေန႔ထက္တစ္ေန႔ ဖုန္းအမ်ိဳးအစားအသစ္ေတြ တစ္မ်ိဳးၿပီးတစ္မ်ိဳး ထြက္လာသလိုပဲ တစ္ပတ္ရစ္ ဖုန္းေဈးကြက္ကလည္း တျဖည္းျဖည္း က်ယ္ျပန႔္လ်က္ရွိပါတယ္။ အသစ္စက္စက္ဖုန္းတစ္လုံး မဝယ္ႏိုင္လို႔ တစ္ပတ္ရစ္ဖုန္းတစ္လုံး ဝယ္ေတာ့မယ္ဆိုရင္ အခုေဖာ္ျပမယ့္ အခ်က္ေလးေတြကို အဓိကစစ္ေဆးဖို႔ လိုအပ္လို႔ ဗဟုသုတအေနနဲ႔ ေဖာ္ျပေပးသြားပါ့မယ္။ ေရာင္းသူအခ်ိဳ႕က သူတို႔ရဲ႕ ဖုန္းခ်ိဳ႕ယြင္းခ်က္ေတြကို လ်ိဳ႕ဝွက္ထားၿပီး ေရာင္းခ်ေလ့ရွိပါတယ္။ ဘာခ်ိဳ႕ယြင္းခ်က္ေတြ၊ ဘာအနာအဆာေတြပါသလဲဆိုတာ ေသေသခ်ာခ်ာေမးျမန္းပါ။ အားနာၿပီး အလ်င္အျမန္ ဆုံးျဖတ္ခ်က္မခ်လိုက္ပါနဲ႔။ တစ္ပတ္ရစ္ ျဖစ္တဲ့အတြက္ ဖုန္းအသစ္ဝယ္ယူတာထက္ ပိုၿပီး စစ္ေဆးဖို႔ လိုအပ္ပါတယ္။ဖုန္းေျပာတဲ့အခါ ဖုန္းမ်က္ႏွာျပင္ ပိတ္၊ မပိတ္ စစ္ေဆးပါ။ လက္ေဗြစနစ္ေတြ ျမန္ဆန္မႈရွိ၊ မရွိကို စစ္ေဆးပါ။ Touch ေကာင္း၊ မေကာင္း စာအနည္းငယ္ ႐ိုက္ၾကည့္ၿပီး စစ္ေဆးပါ။ ဖုန္းမ်က္ႏွာျပင္မွာ အလင္းေပါက္ ရွိ၊ မရွိကို wallpaper ေျပာင္းလဲၿပီး ေသေသခ်ာခ်ာ စစ္ေဆးၾကည့္ရႈပါ။ဖုန္းနားေထာင္တဲ့ စပီကာနဲ႔ မိုက္ ကို စစ္ေဆးဖို႔ ဖုန္းတစ္လုံးလုံးကို ဆက္ၿပီး စမ္းသပ္ပါ။ ေက်ာဘက္ ဒါမွမဟုတ္ ေအာက္ဘက္မွာပါဝင္တဲ့ စပီကာကို စစ္ေဆးဖို႔အတြက္ကေတာ့ သီခ်င္းတစ္ပုဒ္ကို စမ္းသပ္ဖြင့္ၾကည့္ပါ။ကင္မရာကို စစ္ေဆးဖို႔ေတာ့ အထူးေျပာေနစရာ မလိုေလာက္ပါဘူးေနာ္။ အနဲဆုံး ဓာတ္ပုံတစ္ပုံ ႐ိုက္ကူးၿပီး ကင္မရာရဲ႕ အရည္အေသြးကို စမ္းသပ္စစ္ေဆးပါ။ဖုန္းဆင္းကတ္ေတြ၊ မန္မိုရီကတ္ေတြ အလုပ္လုပ္တယ္ေျပာေပမဲ့လည္း လက္ေတြ႕ထည့္သြင္းၿပီး အလုပ္ လုပ္၊ လုပ္မလုပ္ကို စစ္ေဆးပါ။ အင္တာနက္လိုင္းကို စစ္ေဆးဖို႔လည္း မေမ့ပါနဲ႔။ဖုန္းဘက္ထရီကို စစ္ေဆးဖို႔လည္းမေမ့နဲ႔ပါနဲ႔။ ဝယ္လိုက္ၿပီးမွ ဘက္ထရီအသုံးမခံဘူးဆိုရင္ စိတ္ညစ္စရာေတြ ျဖစ္ေပၚလာႏိုင္တဲ့အတြက္ ဒါကလည္း အေရးႀကီးပါတယ္။ျဖဳတ္လို႔ရတဲ့ ဘက္ထရီဆိုရင္ ျဖဳတ္ၾကည့္ၿပီး ဘက္ထရီေဖာင္းေနလားဆိုတာ စစ္ေဆးပါ။ ျဖဳတ္မရတဲ့ ဘက္ထရီအေသဆိုရင္ေတာ့ ဖုန္းကို စစ္ေဆးေနတုန္း ဖုန္းအားဘယ္ေလာက္က်သြားသလဲ ဆိုတာကို သတိထားၿပီး ၾကည့္ရႈပါ။ မသကၤာဘူးဆိုရင္ေတာ့ ဖုန္းကို Restart ခ်ၾကည့္လိုက္ပါ။ နဂိုမူလရွိတဲ့ ဘက္ထရီပမာဏထက္ ၅ရာခိုင္ႏႈန္း ပိုၿပီးက်ဆင္းေနတယ္ဆိုရင္ေတာ့ ဘက္ထရီအသုံးမခံေတာ့တာ ေသခ်ာပါတယ္။ဘက္ထရီပိုင္း စစ္ေဆးၿပီးရင္ေတာ့ အားသြင္းေပါက္နဲ႔ အားဝင္၊ မဝင္ကို စစ္ေဆးလိုက္ပါအုံး။ တစ္ပတ္ရစ္ဖုန္း သြားဝယ္ေတာ့မယ္ဆိုရင္တာ့ ပါဝါဘန႔္ခ္(power bank) တစ္လုံးယူေဆာင္သြားၿပီး စမ္းသပ္စစ္ေဆးပါ။တစ္ပတ္ရစ္ ဖုန္းဝယ္ေတာ့မယ္ဆိုရင္ အြန္လိုင္းေပၚကေရာင္းခ်သူေတြဆီကေန ဝယ္ယူတာထက္ သီးသန႔္တစ္ပတ္ရစ္ဖုန္း ေရာင္းခ်တဲ့ဆိုင္ေတြက ပိုၿပီးစိတ္ခ်ရတဲ့အတြက္ အဓိကထားၿပီး ေ႐ြးခ်ယ္ဝယ္ယူသင့္ပါတယ္။ဖုန္းရဲ႕ အသုံးျပဳမႈသက္တမ္း ( ဘယ္အခ်ိန္က ဝယ္ယူအသုံးျပဳခဲ့သလဲ ) ဆိုတာ စစ္ေဆးပါ။ အာမခံက်န္၊ မက်န္ ေရာင္းခ်သူကို ေမးျမန္းပါ။ တကယ္လို႔ အာမခံက်န္ရွိေနသးတယ္ဆိုရင္ေတာ့ အာမခံကတ္ျပားကို ေတာင္းယူဖို႔ မေမ့ပါနဲ႔။ အခ်ိန္အေတာ္အၾကာထိ အသုံးျပဳၿပီးသား ဖုန္းဆိုရင္ေတာ့ ဘယ္ေလာက္ပဲ ေဈးတန္တန္ မဝယ္ယူသင့္ေတာ့ပါဘူး။ သင္ဝယ္ယူမယ့္ ဖုန္းရဲ႕ အသစ္ေဈးဘယ္ေလာက္၊ တစ္ပတ္ရစ္ေဈး ဘယ္ေလာက္ရွိသလဲ ဆိုတာကို မဝယ္ခင္ ႀကိဳတင္စုံစမ္းပါ။ပါကင္ပိတ္ ဖုန္းအသစ္စက္စက္တစ္လုံး ဝယ္ယူအသုံးျပဳျခင္းက တစ္ပတ္ရစ္ဖုန္းတစ္လုံး ဝယ္ယူတာထက္ ပိုၿပီးစိတ္ခ်ရပါတယ္။ တကယ္လို႔ မျဖစ္မေန တစ္ပတ္ရစ္ဖုန္းတစ္လုံး ဝယ္ယူေတာ့မယ္ဆိုရင္ အခုေဖာ္ျပထားတဲ့ အခ်က္ေလးေတြကို အခ်ိန္ယူၿပီး အဓိကထား စစ္ေဆးသင့္ေၾကာင္း တင္ျပလိုက္ရပါတယ္။