“ဖေါင်ဖျက်ကြသူများ”

တောရွာလေးတစ်ရွာက လူငယ်လေးတစ်ယောက်ဟာ အောင်မြင်ကြီးပွားချင်လို့ မြို့ကြီးပေါ်တက်လာတယ်။ နှစ်ပေါင်း အတန်ကြာမှာ သူဟာ အကြီး အကျယ် အောင်မြင်ကြီးပွားသွားတယ်။ဒီအဖြစ်အပျက်မျိုးဟာ ကမ္ဘာပေါ်မှာ အရင်ကလည်း ဖြစ်ခဲ့တယ်။အခုလည်း ဖြစ်နေဆဲနဲ့ နောင်လည်း ဆက်ဖြစ်နေအုံးမှာပါ။ဒီအဖြစ်အပျက်ကို လူတွေ ကြားကြ၊ ဖတ်မိကြတဲ့အခါ လူတွေက သူတို့ဟာ ကံကောင်းလိုက်ကြတာ။ဒါမှမဟုတ် ကြိုးစားလွန်းလို့ အောင်မြင်သွားကြတယ်လို့ စိတ်ထဲမှာ ဖြစ်ပေါ်ခံစားကြရတယ်။ကံ၊ ဉာဏ်၊ ဝီရိယကြောင့် အောင်မြင်သွားတယ်ဆိုတာ မှန်ပါတယ်။ဒါပေမဲ့ သူတို့ရဲ့ အောင်မြင်မှုရခြင်းမှာ လူတွေ သတိမမူတဲ့ အကြောင်းတွေလည်း ရှိနေပါသေးတယ်။အဲဒါက burning desire ပြင်းပျတဲ့ လိုအင်ဆန္ဒ။ အဲဒီဆန္ဒကြောင့် သူတို့ဟာ သူတို့ဖြစ်ချင်တာတစ်ခုထဲကိုပဲ သိနေတယ်။ မဖြစ်ဖြစ်အောင် လုပ်တယ်။နောက်အကြောင်းတစ်ခုက သူတို့ဟာ မြို့ပေါ်မတက်ခင်မှာ ဖေါင်ဖျက်ထားကြသူတွေပါ။

ဘုရင့်နောင် ဖေါင်ဖျက်ဆိုသလို ရန်သူနဲ့ တိုက်ခိုက်လို့ ရှုံးရင် ကျွန်းပေါ်က ထွက်ပြေးစရာ ဖေါင်တွေ မရှိတော့လို့ အသက်အသေမခံနိုင်တာကြောင့် အတင်းပြန်တိုက်ခိုက်လို့ ရန်သူတွေကို အောင်နိုင်ခဲ့ကြတယ်။ ဒီလိုပါပဲ၊ ရောမခေတ်စစ်ပွဲတစ်ပွဲမှာ စစ်သူကြီးက သူ့စစ်သားတွေကို ပြန်ဆုတ်ထွက်မပြေးနိုင်အောင် ဆုတ်လမ်းက တံတားတွေကို မီးရှို့ဖျက်ဆီးလိုက်တယ်။စစ်သားတွေမှာ အသက်ရှင်ဖို့ ရန်သူတွေကို နိုင်မှ ဖြစ်တော့မယ်ဆို့တဲ့ အသိကြောင့် အင်အားအဆမတန်များတဲ့ ရန်သူတွေကို နိုင်နင်းလိုက်တယ်။ထို့နည်းတူပဲ သူတို့ဟာ သူတို့ရွာက မထွက်လာခင်မှာ မိဘ၊ ဆွေမျိုး၊ ရည်းစာတွေကို မအောင်မြင်မချင်း ရွာကို တသက်ပြန်မလာတော့ဘူး။ ဒါကလည်း သူတို့ကို အရှက်မရစေဖို့ မအောင်မြင်မချင်း ဆက်လက်ကြိုးစားနေဖို့ တွန်းအားပေးနေပါတယ်။အချုပ်ပြောရရင် သင် လုပ်နေတဲ့ အလုပ်ကို အောင်မြင်စေချင်ရင် ဖေါင်ဖျက်ထားဖို့ အရေးကြီးပါတယ်။ဝန်ထမ်းတစ်ချို့ဟာ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းလုပ်ကြည့်တယ်။ဒါပေမဲ့ သူတို့ဟာ ကိုယ်ပိုင်လုပ်ငန်း လုပ်လို့ မအောင်မြင်ခဲ့ရင် ဝန်ထမ်းလောကို ပြန်သွားမယ်လို့ စိတ်ကူးထားကြတယ်။သူတို့ဟာ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းနဲ့ အောင်မြင်ဖို့ အလားအလာ အလွန်နည်းပါတယ်။ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ဖေါင်ဖျက်ထားသူများ မဟုတ်ကြလို့ပါ။

Credit – ဆရာ ဗန်းမော်သိန်းဖေ

[zawgyi]

ေတာ႐ြာေလးတစ္႐ြာက လူငယ္ေလးတစ္ေယာက္ဟာ ေအာင္ျမင္ႀကီးပြားခ်င္လို႔ ၿမိဳ႕ႀကီးေပၚတက္လာတယ္။ ႏွစ္ေပါင္း အတန္ၾကာမွာ သူဟာ အႀကီး အက်ယ္ ေအာင္ျမင္ႀကီးပြားသြားတယ္။ဒီအျဖစ္အပ်က္မ်ိဳးဟာ ကမာၻေပၚမွာ အရင္ကလည္း ျဖစ္ခဲ့တယ္။အခုလည္း ျဖစ္ေနဆဲနဲ႔ ေနာင္လည္း ဆက္ျဖစ္ေနအုံးမွာပါ။ဒီအျဖစ္အပ်က္ကို လူေတြ ၾကားၾက၊ ဖတ္မိၾကတဲ့အခါ လူေတြက သူတို႔ဟာ ကံေကာင္းလိုက္ၾကတာ။ဒါမွမဟုတ္ ႀကိဳးစားလြန္းလို႔ ေအာင္ျမင္သြားၾကတယ္လို႔ စိတ္ထဲမွာ ျဖစ္ေပၚခံစားၾကရတယ္။ကံ၊ ဉာဏ္၊ ဝီရိယေၾကာင့္ ေအာင္ျမင္သြားတယ္ဆိုတာ မွန္ပါတယ္။ဒါေပမဲ့ သူတို႔ရဲ႕ ေအာင္ျမင္မႈရျခင္းမွာ လူေတြ သတိမမူတဲ့ အေၾကာင္းေတြလည္း ရွိေနပါေသးတယ္။အဲဒါက burning desire ျပင္းပ်တဲ့ လိုအင္ဆႏၵ။ အဲဒီဆႏၵေၾကာင့္ သူတို႔ဟာ သူတို႔ျဖစ္ခ်င္တာတစ္ခုထဲကိုပဲ သိေနတယ္။ မျဖစ္ျဖစ္ေအာင္ လုပ္တယ္။ေနာက္အေၾကာင္းတစ္ခုက သူတို႔ဟာ ၿမိဳ႕ေပၚမတက္ခင္မွာ ေဖါင္ဖ်က္ထားၾကသူေတြပါ။ဘုရင့္ေနာင္ ေဖါင္ဖ်က္ဆိုသလို ရန္သူနဲ႔ တိုက္ခိုက္လို႔ ရႈံးရင္ ကြၽန္းေပၚက ထြက္ေျပးစရာ ေဖါင္ေတြ မရွိေတာ့လို႔ အသက္အေသမခံႏိုင္တာေၾကာင့္ အတင္းျပန္တိုက္ခိုက္လို႔ ရန္သူေတြကို ေအာင္ႏိုင္ခဲ့ၾကတယ္။ ဒီလိုပါပဲ၊ ေရာမေခတ္စစ္ပြဲတစ္ပြဲမွာ စစ္သူႀကီးက သူ႔စစ္သားေတြကို ျပန္ဆုတ္ထြက္မေျပးႏိုင္ေအာင္ ဆုတ္လမ္းက တံတားေတြကို မီးရႈိ႕ဖ်က္ဆီးလိုက္တယ္။စစ္သားေတြမွာ အသက္ရွင္ဖို႔ ရန္သူေတြကို ႏိုင္မွ ျဖစ္ေတာ့မယ္ဆို႔တဲ့ အသိေၾကာင့္ အင္အားအဆမတန္မ်ားတဲ့ ရန္သူေတြကို ႏိုင္နင္းလိုက္တယ္။ထို႔နည္းတူပဲ သူတို႔ဟာ သူတို႔႐ြာက မထြက္လာခင္မွာ မိဘ၊ ေဆြမ်ိဳး၊ ရည္းစာေတြကို မေအာင္ျမင္မခ်င္း ႐ြာကို တသက္ျပန္မလာေတာ့ဘူး။ ဒါကလည္း သူတို႔ကို အရွက္မရေစဖို႔ မေအာင္ျမင္မခ်င္း ဆက္လက္ႀကိဳးစားေနဖို႔ တြန္းအားေပးေနပါတယ္။အခ်ဳပ္ေျပာရရင္ သင္ လုပ္ေနတဲ့ အလုပ္ကို ေအာင္ျမင္ေစခ်င္ရင္ ေဖါင္ဖ်က္ထားဖို႔ အေရးႀကီးပါတယ္။ဝန္ထမ္းတစ္ခ်ိဳ႕ဟာ ကိုယ္ပိုင္စီးပြားေရး လုပ္ငန္းလုပ္ၾကည့္တယ္။ဒါေပမဲ့ သူတို႔ဟာ ကိုယ္ပိုင္လုပ္ငန္း လုပ္လို႔ မေအာင္ျမင္ခဲ့ရင္ ဝန္ထမ္းေလာကို ျပန္သြားမယ္လို႔ စိတ္ကူးထားၾကတယ္။သူတို႔ဟာ ကိုယ္ပိုင္စီးပြားေရး လုပ္ငန္းနဲ႔ ေအာင္ျမင္ဖို႔ အလားအလာ အလြန္နည္းပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ဟာ ေဖါင္ဖ်က္ထားသူမ်ား မဟုတ္ၾကလို႔ပါ။