ဖြည်ရအခက်ဆုံး ကြိုးထုံး

တစ်ခါတုန်းက ရှေ့ ဖြစ်ဟော ပရောဟိတ်ဆရာ တစ်ယောက်ဟာ မြို့ကြီးတစ်မြို့မှာ ထူးခြားဆန်းကျယ်တဲ့ ကြိုးထုံးကြီး တစ်ခု ကို ချည် နှောင်ချိတ် ဆွဲထားလေတယ်။ ပြီးတော့ ဒီလို နမိတ်ဖတ်လိုက်တယ်။” ဒီကြိုးထုံးကို ဖြည်နိုင်တဲ့သူဟာ မင်းဧကရာဇ် စင်စစ်ဖြစ်လာပေလိမ့်မယ် “..တဲ့ ။လူတော်တော် များများက ဇွဲကောင်းကောင်းနဲ့ ကာလရှည်ကြာစွာ လာရောက် ကြိုးထုံးကို ဖြည်ကြတယ်။ ဒါပေမယ့် ကြိုးထုံးကို ဖြည်နိုင်မယ့် သူဟာ မပေါ်လာခဲ့ပါဘူး။အဲ့ဒီကာလမှာ စစ်တိုက်ရာမှာ နာမည်ကျော်ကြားပြီး အောင်ပွဲတွေကို အမြဲရယူခဲ့တဲ့ စစ်သူကြီးတစ်ဦးဟာ ကြိုးထုံးရဲ့ နမိတ်ဖတ် စကားကို ကြားထား ပြီး သူဆိုတော့ သူ့ရဲ့ တပ်ကိုဦးဆောင်ပြီး အဲ့ဒီမြို့မှာ စခန်းချနေချိန် အကြိမ်ကြိမ် ကြိုးထုံးကို သွား ဖြည်ဖို့ ကြိုးစားလေတယ်။သူဟာ ၄..၅လကြာအောင် နည်းပေါင်းစုံသုံးပြီး ကြိုးထုံးကို ပြေဖို့ မရေမတွက်နိုင်အောင် ကြိုး စားတယ်။ ဒါပေမယ့် သူလက်တွေ သာ ပွန်းရှ စုတ် ပြတ် ကုန်တယ်။ အောင်မြင်မှု မရခဲ့ရှာပါဘူး။

ဒီလိုနဲ့ တစ်နေ့မှာတော့ ကြိုးထုံးသွားဖြည်လို့ မအောင်မြင်တာနဲ့ ခံပြင်းလာပြီး ဒေါသ ကလည်း ထွက်၊ ကြိုးထုံးကြီးကို မုန်းမုန်းနဲ့ ကြည့်ပြီး” ဒီကြိုးထုံးကို ငါ ဘယ်တော့မှ မမြင်ချင်တော့ဘူး “..လို့ပြောပြီး လှည့်အထွက်မှာ လင်းကနဲ ဦးနှောက်ထဲမှာ အတွေးတစ်ချက် ပေါ်လာတယ်။ ဒါနဲ့ ခါးမှာ အမြဲချိတ်ထားတဲ့ ဆောင်ဓါးကို ဆွဲထုတ်လိုက်ပြီး ကြိုးထုံးကို တစ်ချက်ထဲ ခုတ်ချထည့်လိုက်တယ်။ ကြိုးထုံးကြီးလည်း ထက် ပိုင်း ကွဲသွားပြီး ပြေထွက်သွားတော့တယ်။ကျွန်မတို့ကိုယ်တိုင်လည်း ဘဝကို သချာၤလို သတ်မှတ်ပြီး တစ်ခါတစ်ရံမှာ အဖြေမထွက်တဲ့ ပုဒ်စာကိုဘဲ အဖန်တလဲလဲ တွက်နေ မိတတ်တယ်။ လောကကြီးမှာ တစ်ခါတစ်ခါ အကျပ်အတည်းတွေ၊ အဖုအထစ်တွေ၊ အခက်အခဲတွေ ရင်ဆိုင် ကြုံတွေ့လာချိန်မှာ လမ်းရိုးအတိုင်း မလိုက်ကြဘဲ သတ်မှတ် ထားတဲ့ စည်းကမ်းတွေရဲ့ အပြင်ဘက်ကနေ ဆုံးဖြတ်ချက် ရဲရဲဝံ့ဝံံချပြီး ကြိုးစားကြည့် လိုက်တဲ့ အခါမျိုးကြမှ အထုံးပြေ အောင်မြင်သွား တတ်တာမျိုး ကြုံရတတ် တယ်ဆိုတာ ဒီအကြောင်းအရာလေးက သာဓက ပြထားတာပါ..။

Credit – မြသွေးနီ

[zawgyi]

တစ္ခါတုန္းက ေရွ႕ ျဖစ္ေဟာ ပေရာဟိတ္ဆရာ တစ္ေယာက္ဟာ ၿမိဳ႕ႀကီးတစ္ၿမိဳ႕မွာ ထူးျခားဆန္းက်ယ္တဲ့ ႀကိဳးထုံးႀကီး တစ္ခု ကို ခ်ည္ ေႏွာင္ခ်ိတ္ ဆြဲထားေလတယ္။ ၿပီးေတာ့ ဒီလို နမိတ္ဖတ္လိုက္တယ္။” ဒီႀကိဳးထုံးကို ျဖည္ႏိုင္တဲ့သူဟာ မင္းဧကရာဇ္ စင္စစ္ျဖစ္လာေပလိမ့္မယ္ “..တဲ့ ။လူေတာ္ေတာ္ မ်ားမ်ားက ဇြဲေကာင္းေကာင္းနဲ႔ ကာလရွည္ၾကာစြာ လာေရာက္ ႀကိဳးထုံးကို ျဖည္ၾကတယ္။ ဒါေပမယ့္ ႀကိဳးထုံးကို ျဖည္ႏိုင္မယ့္ သူဟာ မေပၚလာခဲ့ပါဘူး။အဲ့ဒီကာလမွာ စစ္တိုက္ရာမွာ နာမည္ေက်ာ္ၾကားၿပီး ေအာင္ပြဲေတြကို အၿမဲရယူခဲ့တဲ့ စစ္သူႀကီးတစ္ဦးဟာ ႀကိဳးထုံးရဲ႕ နမိတ္ဖတ္ စကားကို ၾကားထား ၿပီး သူဆိုေတာ့ သူ႔ရဲ႕ တပ္ကိုဦးေဆာင္ၿပီး အဲ့ဒီၿမိဳ႕မွာ စခန္းခ်ေနခ်ိန္ အႀကိမ္ႀကိမ္ ႀကိဳးထုံးကို သြား ျဖည္ဖို႔ ႀကိဳးစားေလတယ္။သူဟာ ၄..၅လၾကာေအာင္ နည္းေပါင္းစုံသုံးၿပီး ႀကိဳးထုံးကို ေျပဖို႔ မေရမတြက္ႏိုင္ေအာင္ ႀကိဳး စားတယ္။ ဒါေပမယ့္ သူလက္ေတြ သာ ပြန္းရွ စုတ္ ျပတ္ ကုန္တယ္။ ေအာင္ျမင္မႈ မရခဲ့ရွာပါဘူး။ဒီလိုနဲ႔ တစ္ေန႔မွာေတာ့ ႀကိဳးထုံးသြားျဖည္လို႔ မေအာင္ျမင္တာနဲ႔ ခံျပင္းလာၿပီး ေဒါသ ကလည္း ထြက္၊ ႀကိဳးထုံးႀကီးကို မုန္းမုန္းနဲ႔ ၾကည့္ၿပီး” ဒီႀကိဳးထုံးကို ငါ ဘယ္ေတာ့မွ မျမင္ခ်င္ေတာ့ဘူး “..လို႔ေျပာၿပီး လွည့္အထြက္မွာ လင္းကနဲ ဦးေႏွာက္ထဲမွာ အေတြးတစ္ခ်က္ ေပၚလာတယ္။ ဒါနဲ႔ ခါးမွာ အၿမဲခ်ိတ္ထားတဲ့ ေဆာင္ဓါးကို ဆြဲထုတ္လိုက္ၿပီး ႀကိဳးထုံးကို တစ္ခ်က္ထဲ ခုတ္ခ်ထည့္လိုက္တယ္။ ႀကိဳးထုံးႀကီးလည္း ထက္ ပိုင္း ကြဲသြားၿပီး ေျပထြက္သြားေတာ့တယ္။ကြၽန္မတို႔ကိုယ္တိုင္လည္း ဘဝကို သခ်ာလႋု သတ္မွတ္ၿပီး တစ္ခါတစ္ရံမွာ အေျဖမထြက္တဲ့ ပုဒ္စာကိုဘဲ အဖန္တလဲလဲ တြက္ေန မိတတ္တယ္။ ေလာကႀကီးမွာ တစ္ခါတစ္ခါ အက်ပ္အတည္းေတြ၊ အဖုအထစ္ေတြ၊ အခက္အခဲေတြ ရင္ဆိုင္ ႀကဳံေတြ႕လာခ်ိန္မွာ လမ္း႐ိုးအတိုင္း မလိုက္ၾကဘဲ သတ္မွတ္ ထားတဲ့ စည္းကမ္းေတြရဲ႕ အျပင္ဘက္ကေန ဆုံးျဖတ္ခ်က္ ရဲရဲဝံ့ဝံံခ်ၿပီး ႀကိဳးစားၾကည့္ လိုက္တဲ့ အခါမ်ိဳးၾကမွ အထုံးေျပ ေအာင္ျမင္သြား တတ္တာမ်ိဳး ႀကဳံရတတ္ တယ္ဆိုတာ ဒီအေၾကာင္းအရာေလးက သာဓက ျပထားတာပါ..။