ဗိဿနိုးမင်းဆက်များနှင့် ဗိဿနိုးမြို့ဟုခေါ်တွင်ရသော သမိုင်းရာဇဝင်

သုတေသန အထောက်အထားများအရ ဗိဿနိုးမြို့ဟူသည် မြန်မာနိူင်ငံ၏ အစောဆုံးမြို့ပြနိူင်ငံတစ်ခုပင်ဖြစ်သည်။ဗိဿနိူးယဉ်ကျေးမှုထွန်းကားသည့်ကာလကို သက္ကရာဇ်အတိအကျ ညွှန်ပြသည့် ကမ္ဗည်းကျောက်စာနှင့် အရေးအသားများမတွေ့ရသော်လည်း မည့်သည့်ရာစုနှစ် အတွင်း ကျရောက်ခဲ့သည်ဆိုသည့် ကိုးကားခန့်မှန်းချက် အထောက်အထားများတော့ ရှိပေသည်။ထိုအထောက်အထားများအရ ဗိဿနိူးမြို့သည် အေဒီ ၁ ရာစုခန့်မှ စတင်ပြီး အေဒီ ၄ရာစုမှ ၅ရာစုအတွင်း ကုန်ဆုံးခဲ့ကာ အိမ်ထောင်စု တစ်သိန်းကျော်ခန့်ရှိခဲ့သည်ဟူ၏ ဗိဿနိူးမြို့၏ ပထမမင်းဆက်မှာ နန်းခမ်းဖြစ်သည်။ဒုတိယ မင်းဆက်မှာ စန္ဒာဓိကာရာမ၊တတိယမင်းဆက်မှာ စောဒေဝရာဇာ၊စတုတ္ထမင်းဆက်မှာ စောထိပ်တင်နှင့် ပဉ္စမမင်းဆက်မှာ ပန်ထွာဘုရင်မတို့ပင်ဖြစ်သည်။ထိုဗိဿနိူးမြို့ဖြစ်ပုံလာပုံကို လေ့လာမိသောအခါ ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် သာသနာသက္ကရာဇ် ၅၉ ခုနှစ်အရောက်တွင်ဖြစ်ချေသည်။သင်းတွဲပြည်ကြီးမှ မဟာသမ္ဘဝနှင့် စူဠသမ္ဘဝ မည်သော မင်းသားနှစ်ပါးအား မျတ်စိမမြင်သောကြောင့် ဖောင်ပေါ်တွင်စားဖွယ်အပြည့်အစုံတင်၍ ရေမျှောလိုက်ကြသည်။ထိုအခါ ဧရာဝတီမြစ်ကြီးအတွင်းမှ စစ်ကိုင်းအရပ်ရှိ ရွှေနံကိုင်အမည်ရသော ဘီလူးမသည် ညီနောင်နှစ်ပါး ပွဲတော်တည်နေစဉ် ဝင်ရောက်ခိုးစားရန်အားထုတ်သည်ဟူ၏။သို့သော် ထိုဘီးလူးမအား မင်းသားနှစ်ပါးမှ လက်ရဖမ်းဆီးမိလေသည်။ထိုနောက် မင်းသားတို့သည် ဘီးလူးမပေါ်တွင် သာယာစိတ်ဖြစ်ပေါ်ကာ ကျူးလွန်မိကြကုန်၏။

ထိုမှတစ်ဆင့် ဘီးလူးမတွင် ပဋိသန္ဓေတည်လေရာ ဘီးလူးမသည် ကြင်နာသောအားဖြင့် မင်းသားနှစ်ပါးအားမျတ်စိအလင်းရအောင် ကုသပေးခဲ့သည်။ ဘီးလူးမသည် တောင်တွင်းကြီးမြို့ အနောက်ဘက် ၅မိုင်ခန့် အကွာရှိ တောအရပ်သို့ ရောက်လျှင် ကမ္ဗဇလ လှုပ်ပြီး သမီးငယ်တစ်ပါးဖွားမြင်ခဲ့သည်။ထိုတောအရပ်မှာပင် တစ်ဦးတည်းတောမှီ၍ ကမ္မဋ္ဌာန်းတရားစီးဖြန်းကာ သီတင်းသုံးနေသော ရသေ့တစ်ပါးလည်းရှိနေလေသည်။ထိုရသေ့သည် နေ့စွမ်းအလိုဌာ သစ်သီးများရှာဖွေရန် ကြွတော်မူလေရာ ဘီးလူးမသားအမိကိုမြင်လျှင်ထိုဘီလူးမသည် သူ များသားသမီးအား ခိုးယူစားသောက်သည် ထင်မှတ်ပြီး မန္တန်ရွတ်ဖတ်ခြောက်လှန့်လွှတ်လေသည်။ထိုနောက် ထိုရသေ့သည် ထိုသမီးငယ်အားကျွေးမွေးစောင့်ရှောက်ခဲ့၏။သမီးငယ်လေးသည် အရွယ်ရောက်ကာ မိန်းမပျိုလေးဖြစ်လာပါသည်။ထိုကြောင့် ရသေ့သည် မာတုကာမနှင့် အတူနေထိုင်ခြင်းဌာမသင့်လျော်လေသောကြောင့် မိန်းမပျိုလေးကို စွန့်ပစ်ခဲ့သည်။မိန်းမပျိုလေသည် ဝမ်းနည်းလွန်းသောကြောင့် တောစောင့်နတ်၊တောင်စောင့်နတ်များကို တိုင်တည်ငိုကြွေးလေသည်။ထိုအခါ ယခင်ဘဝမှ မိန်းမပျိုလေးနှင့် မောင်နှမအရင်းတော်စပ်ခဲ့ဖူးသော ဗိဿနိူးနတ်မင်းကြီး ရောက်လာခဲ့သည်။ထိုဗိဿနိူးနတ်မင်းကြီးသည် ထိုအရပ်တွင် စတုရန်းတာ ၄ထောင်ပမာဏ ကျယ်ဝန်းသော မြို့ထီး နန်း၊ပြဿဒ်၊မြို့ရိုး၊ကျူံးမြောင်းများဖြင့် တည်ဆောက်ထားသော ဗိဿနိုးမြို့ကို ဖန်ဆင်းပေးကာ မိန်းမပျိုလေးကိုအုပ်ချုပ်စေခဲ့သည်။ထို ဗိဿနိူးနတ်မင်းကြီးမှ ဖန်ဆင်းပေးသောကြောင့် ထိုမြို့အား ဗိဿနိုးမြို့ဟု ခေါ်ထွင်စေခဲ့သည်။

Credit မူရင်း

[zawgyi]

သုေတသန အေထာက္အထားမ်ားအရ ဗိႆႏိုးၿမိဳ႕ဟူသည္ ျမန္မာႏိူင္ငံ၏ အေစာဆုံးၿမိဳ႕ျပႏိူင္ငံတစ္ခုပင္ျဖစ္သည္။ဗိႆႏိူးယဥ္ေက်းမႈထြန္းကားသည့္ကာလကို သကၠရာဇ္အတိအက် ၫႊန္ျပသည့္ ကမၺည္းေက်ာက္စာႏွင့္ အေရးအသားမ်ားမေတြ႕ရေသာ္လည္း မည့္သည့္ရာစုႏွစ္ အတြင္း က်ေရာက္ခဲ့သည္ဆိုသည့္ ကိုးကားခန႔္မွန္းခ်က္ အေထာက္အထားမ်ားေတာ့ ရွိေပသည္။ထိုအေထာက္အထားမ်ားအရ ဗိႆႏိူးၿမိဳ႕သည္ ေအဒီ ၁ ရာစုခန႔္မွ စတင္ၿပီး ေအဒီ ၄ရာစုမွ ၅ရာစုအတြင္း ကုန္ဆုံးခဲ့ကာ အိမ္ေထာင္စု တစ္သိန္းေက်ာ္ခန႔္ရွိခဲ့သည္ဟူ၏ ဗိႆႏိူးၿမိဳ႕၏ ပထမမင္းဆက္မွာ နန္းခမ္းျဖစ္သည္။ဒုတိယ မင္းဆက္မွာ စႏၵာဓိကာရာမ၊တတိယမင္းဆက္မွာ ေစာေဒဝရာဇာ၊စတုတၳမင္းဆက္မွာ ေစာထိပ္တင္ႏွင့္ ပၪၥမမင္းဆက္မွာ ပန္ထြာဘုရင္မတို႔ပင္ျဖစ္သည္။ထိုဗိႆႏိူးၿမိဳ႕ျဖစ္ပုံလာပုံကို ေလ့လာမိေသာအခါ ေဂါတမ ျမတ္စြာဘုရား ပရိနိဗၺာန္စံလြန္ေတာ္မူၿပီးေနာက္ သာသနာသကၠရာဇ္ ၅၉ ခုႏွစ္အေရာက္တြင္ျဖစ္ေခ်သည္။သင္းတြဲျပည္ႀကီးမွ မဟာသမၻဝႏွင့္ စူဠသမၻဝ မည္ေသာ မင္းသားႏွစ္ပါးအား မ်တ္စိမျမင္ေသာေၾကာင့္ ေဖာင္ေပၚတြင္စားဖြယ္အျပည့္အစုံတင္၍ ေရေမွ်ာလိုက္ၾကသည္။ထိုအခါ ဧရာဝတီျမစ္ႀကီးအတြင္းမွ စစ္ကိုင္းအရပ္ရွိ ေ႐ႊနံကိုင္အမည္ရေသာ ဘီလူးမသည္ ညီေနာင္ႏွစ္ပါး ပြဲေတာ္တည္ေနစဥ္ ဝင္ေရာက္ခိုးစားရန္အားထုတ္သည္ဟူ၏။သို႔ေသာ္ ထိုဘီးလူးမအား မင္းသားႏွစ္ပါးမွ လက္ရဖမ္းဆီးမိေလသည္။ထိုေနာက္ မင္းသားတို႔သည္ ဘီးလူးမေပၚတြင္ သာယာစိတ္ျဖစ္ေပၚကာ က်ဴးလြန္မိၾကကုန္၏။ထိုမွတစ္ဆင့္ ဘီးလူးမတြင္ ပဋိသေႏၶတည္ေလရာ ဘီးလူးမသည္ ၾကင္နာေသာအားျဖင့္ မင္းသားႏွစ္ပါးအားမ်တ္စိအလင္းရေအာင္ ကုသေပးခဲ့သည္။ ဘီးလူးမသည္ ေတာင္တြင္းႀကီးၿမိဳ႕ အေနာက္ဘက္ ၅မိုင္ခန႔္ အကြာရွိ ေတာအရပ္သို႔ ေရာက္လွ်င္ ကမၺဇလ လႈပ္ၿပီး သမီးငယ္တစ္ပါးဖြားျမင္ခဲ့သည္။ထိုေတာအရပ္မွာပင္ တစ္ဦးတည္းေတာမွီ၍ ကမၼ႒ာန္းတရားစီးျဖန္းကာ သီတင္းသုံးေနေသာ ရေသ့တစ္ပါးလည္းရွိေနေလသည္။ထိုရေသ့သည္ ေန႔စြမ္းအလိုဌာ သစ္သီးမ်ားရွာေဖြရန္ ႂကြေတာ္မူေလရာ ဘီးလူးမသားအမိကိုျမင္လွ်င္ထိုဘီလူးမသည္ သူ မ်ားသားသမီးအား ခိုးယူစားေသာက္သည္ ထင္မွတ္ၿပီး မႏၲန္႐ြတ္ဖတ္ေျခာက္လွန႔္လႊတ္ေလသည္။ထိုေနာက္ ထိုရေသ့သည္ ထိုသမီးငယ္အားေကြၽးေမြးေစာင့္ေရွာက္ခဲ့၏။သမီးငယ္ေလးသည္ အ႐ြယ္ေရာက္ကာ မိန္းမပ်ိဳေလးျဖစ္လာပါသည္။ထိုေၾကာင့္ ရေသ့သည္ မာတုကာမႏွင့္ အတူေနထိုင္ျခင္းဌာမသင့္ေလ်ာ္ေလေသာေၾကာင့္ မိန္းမပ်ိဳေလးကို စြန႔္ပစ္ခဲ့သည္။မိန္းမပ်ိဳေလသည္ ဝမ္းနည္းလြန္းေသာေၾကာင့္ ေတာေစာင့္နတ္၊ေတာင္ေစာင့္နတ္မ်ားကို တိုင္တည္ငိုေႂကြးေလသည္။ထိုအခါ ယခင္ဘဝမွ မိန္းမပ်ိဳေလးႏွင့္ ေမာင္ႏွမအရင္းေတာ္စပ္ခဲ့ဖူးေသာ ဗိႆႏိူးနတ္မင္းႀကီး ေရာက္လာခဲ့သည္။ထိုဗိႆႏိူးနတ္မင္းႀကီးသည္ ထိုအရပ္တြင္ စတုရန္းတာ ၄ေထာင္ပမာဏ က်ယ္ဝန္းေသာ ၿမိဳ႕ထီး နန္း၊ျပႆဒ္၊ၿမိဳ႕႐ိုး၊က်ဴံးေျမာင္းမ်ားျဖင့္ တည္ေဆာက္ထားေသာ ဗိႆႏိုးၿမိဳ႕ကို ဖန္ဆင္းေပးကာ မိန္းမပ်ိဳေလးကိုအုပ္ခ်ဳပ္ေစခဲ့သည္။ထို ဗိႆႏိူးနတ္မင္းႀကီးမွ ဖန္ဆင္းေပးေသာေၾကာင့္ ထိုၿမိဳ႕အား ဗိႆႏိုးၿမိဳ႕ဟု ေခၚထြင္ေစခဲ့သည္။