ဘယ်နေရာရောက်ရောက် သင့်ကို လူချစ်လူခင်တိုးလာစေမယ့် စကားပြောနည်း (၆) မျိူး

ဘယ်နေရာပဲရောက်ရောက် လူသစ်တွေနဲ့ စတင်ဆက်ဆံရတဲ့အခါမှာ ဘယ်လိုစကားစပြောရမလဲ ၊ ဘာအကြောင်းအရာကိုပြောရမလဲ စသည်ဖြင့်တွေဝေပြီး ဘယ်သူနဲ့မှမရင်းနှီး မိတ်ဆွေမဖွဲ့မိပဲနေတတ်ကြပါတယ် ။ ဒီလိုဆိုရင်တော့ တစ်ဖက်လူတွေက သင်ဟာ တစ်ကိုယ်ကောင်းဆန်တဲ့သူ ၊ တစ် ယောက်တည်း သီးသန့်နေချင်တဲ့သူအဖြစ်မြင်သွားနိုင်ပါတယ်နော်။ ကျောင်းပြောင်းတာပဲဖြစ်ဖြစ် ၊ အလုပ်ပြောင်းသွားတာပဲဖြစ်ဖြစ် မိတ်ဆွေအသစ် ၊ သူငယ်ချင်းအသစ်တွေနဲ့ထိတွေ့ဆက်ဆံဖို့ခက်နေတဲ့သူတွေအတွက် မိတ်ဆွေကောင်းတွေရစေဖို့ စကားပြောနည်းလေးတွေကိုဝေမျှပေးလိုက်ပါတယ်…။(၁)ဘယ်လိုစကားစရမလဲသိပါစေ – လူတစ်ယောက်နဲ့ စကားစမပြောခင်မှာ သူ့ရဲ့အနေအထား ပတ်ဝန်းကျင်ကို အရင်အကဲခတ်ပါ ။ စကားပြောမယ့်သူနဲ့ သက် ဆိုင်တဲ့ အကြောင်းအရာကိုစပြောတာက အကောင်းဆုံးပါပဲ။ ဥပမာ-စာအုပ်ကိုင်ထားတဲ့သူ ၊ ကော်ဖီသောက်နေတဲ့သူတို့ဆိုရင် ဒီကော်ဖီလေးကောင်းလား ၊ ဒီစာအုပ်လေး ဘယ်မှာဝယ်လဲ စသဖြင့် စကားစပြောလို့ရပါတယ်။ (၂)စကားပြောတဲ့အခါ သက်သောင့်သက်သာဖြစ်နေပါစေ – မွေး ရပ်မြေ၊ လက်ရှိနေနေတဲ့နေရာတွေကို အစချီပြီး စကားပြောပေးတာက တစ်ဖက်လူကို ပိုပြီးသက်သောင့်သက်သာဖြစ်စေပြီး စကားပြောရလည်း အ ဆင်ပြေစေနိုင်ပါတယ် ။ သင်နဲ့မွေးရပ်မြေတူတာ (သို့) နေရပ်တူနေရင်တော့ အဲ့နေရာမှာရှိတဲ့ အစားအသောက်အကြောင်း၊ ပတ်ဝန်းကျင်အကြောင်းတွေဆွေးနွေးကြပြီး မိတ်ဆွေအရင်းတွေတောင်ဖြစ်စေနိုင်ပါတယ်နော်။

(၃)ကိုယ်ရေးကိုယ်တာအကြောင်းတွေမမေးမိပါစေနဲ့ – သင်တို့က အခုမှစတွေ့တဲ့သူတွေဆိုရင်တော့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာအကြောင်းတွေကိုမေးမြန်းတာက ရိုင်းတဲ့ အပြုအမူဖြစ်ပါတယ် ။ ဒါ့ကြောင့် ကိုယ်ရေးကိုယ်တာအကြောင်းတွေ ၊ မိသားစုအတွင်းရေးအကြောင်းတွေပြောတာထက်စာရင် ရာသီဥတုအကြောင်း ၊ ဝါသနာနဲ့ ဘယ်လိုအစားအစာတွေကြိုက်နှစ်သက်လဲ စတာတွေမေးမြန်းနိုင်ပါတယ်။(၄)အာရုံစိုက်နားထောင်ပေးပါ – သင်ဟာ စကားများတဲ့လူတစ်ယောက်ဖြစ်နေရင်တောင် မခင်မင်သေးတဲ့သူတစ်ယောက်နဲ့ မိတ်ဆွေဖွဲ့တဲ့အခါ များများနားထောင်ပေးဖို့ လိုပါတယ် ။ ဒါကလည်း သင့်ရဲ့ ရင်းနှီးနွေးထွေးမှုကိုပြတာဖြစ်ပြီး နောက်ပိုင်းလည်း သင်နဲ့အတူစကားပြော မိတ်ဆွေဖွဲ့ဖို့ကို လိုလားကြမှာပါ။(၅)ဟာသလေးတွေနှောပေးပါ – ဟာသပြောရ ၊ နားထောင်ရတာတွေကို လူတိုင်းကြိုက်ကြပါတယ် ။ ဟာသလေးတွေပြောခြင်းက မိတ်ဆွေဖွဲ့ရာမှာ အထိရောက်ဆုံးပါပဲ ။တကယ်လို့ သင်က ဟာသပြောတတ်သူတစ်ယောက်ဆိုရင်တော့ စကားပြောရင်းနဲ့ သက်ဆိုင်တဲ့အကြောင်းအရာလေးတွေကို ဟာသလေးနှောပြီးပြောလို့ရပါတယ် ။ ခုမှမိတ်ဆွေဖွဲ့မယ့်လူတစ်ယောက်ကို အဓိပ္ပာယ် နှစ်ခွထွက်တဲ့ ဟာသမျိုး ၊ တစ်ဖက်လူရဲ့ အားနည်းချက်ကို လှောင်ပြောင်သရော်တဲ့ ဟာသမျိုး မပြောမိဖို့တော့ အရေးကြီးပါတယ်နော် ။ ဒီလိုဟာသမျိုးတွေပြောမိပြီဆိုရင်တော့ သင်နဲ့ မိတ်ဆွေဖွဲ့ဖို့ မဖြစ်နိုင်သလို ၊ သင့်ကိုလည်း အထင်အမြင်သေးသွားစေနိုင်ပါတယ် ။(၆)အကူအညီတောင်းပါ – အကူအညီတောင်းပေးတာကလည်း ရင်းနှီးမှုကိုပြတဲ့သဘောပါပဲ ။ သင်နဲ့သူ့ကြားမှာ အသေးအမွှားအကူအညီလေးတွေ တောင်းပေးဖို့ ဝန်မလေးပါနဲ့ ။ ဘောပင်လေးခဏငှားတာလောက် ၊ စာအုပ်နာမည်လေး ပြောပြတာလောက်က တစ်ဖက်လူကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေပဲ သင်တို့ကြားမှာ ရင်းနှီးမှုပိုတိုးလာစေနိုင်ပါတယ် ။

Credit : Aunty may

[zawgyi]

ဘယ္ေနရာပဲေရာက္ေရာက္ လူသစ္ေတြနဲ႔ စတင္ဆက္ဆံရတဲ့အခါမွာ ဘယ္လိုစကားစေျပာရမလဲ ၊ ဘာအေၾကာင္းအရာကိုေျပာရမလဲ စသည္ျဖင့္ေတြေဝၿပီး ဘယ္သူနဲ႔မွမရင္းႏွီး မိတ္ေဆြမဖြဲ႕မိပဲေနတတ္ၾကပါတယ္ ။ ဒီလိုဆိုရင္ေတာ့ တစ္ဖက္လူေတြက သင္ဟာ တစ္ကိုယ္ေကာင္းဆန္တဲ့သူ ၊ တစ္ ေယာက္တည္း သီးသန႔္ေနခ်င္တဲ့သူအျဖစ္ျမင္သြားႏိုင္ပါတယ္ေနာ္။ ေက်ာင္းေျပာင္းတာပဲျဖစ္ျဖစ္ ၊ အလုပ္ေျပာင္းသြားတာပဲျဖစ္ျဖစ္ မိတ္ေဆြအသစ္ ၊ သူငယ္ခ်င္းအသစ္ေတြနဲ႔ထိေတြ႕ဆက္ဆံဖို႔ခက္ေနတဲ့သူေတြအတြက္ မိတ္ေဆြေကာင္းေတြရေစဖို႔ စကားေျပာနည္းေလးေတြကိုေဝမွ်ေပးလိုက္ပါတယ္…။(၁)ဘယ္လိုစကားစရမလဲသိပါေစ – လူတစ္ေယာက္နဲ႔ စကားစမေျပာခင္မွာ သူ႔ရဲ႕အေနအထား ပတ္ဝန္းက်င္ကို အရင္အကဲခတ္ပါ ။ စကားေျပာမယ့္သူနဲ႔ သက္ဆိုင္တဲ့ အေၾကာင္းအရာကိုစေျပာတာက အေကာင္းဆုံးပါပဲ။ ဥပမာ-စာအုပ္ကိုင္ထားတဲ့သူ ၊ ေကာ္ဖီေသာက္ေနတဲ့သူတို႔ဆိုရင္ ဒီေကာ္ဖီေလးေကာင္းလား ၊ ဒီစာအုပ္ေလး ဘယ္မွာဝယ္လဲ စသျဖင့္ စကားစေျပာလို႔ရပါတယ္။ (၂)စကားေျပာတဲ့အခါ သက္ေသာင့္သက္သာျဖစ္ေနပါေစ – ေမြး ရပ္ေျမ၊ လက္ရွိေနေနတဲ့ေနရာေတြကို အစခ်ီၿပီး စကားေျပာေပးတာက တစ္ဖက္လူကို ပိုၿပီးသက္ေသာင့္သက္သာျဖစ္ေစၿပီး စကားေျပာရလည္း အ ဆင္ေျပေစႏိုင္ပါတယ္ ။ သင္နဲ႔ေမြးရပ္ေျမတူတာ (သို႔) ေနရပ္တူေနရင္ေတာ့ အဲ့ေနရာမွာရွိတဲ့ အစားအေသာက္အေၾကာင္း၊ ပတ္ဝန္းက်င္အေၾကာင္းေတြေဆြးေႏြးၾကၿပီး မိတ္ေဆြအရင္းေတြေတာင္ျဖစ္ေစႏိုင္ပါတယ္ေနာ္။(၃)ကိုယ္ေရးကိုယ္တာအေၾကာင္းေတြမေမးမိပါေစနဲ႔ – သင္တို႔က အခုမွစေတြ႕တဲ့သူေတြဆိုရင္ေတာ့ သူ႔ရဲ႕ ကိုယ္ေရးကိုယ္တာအေၾကာင္းေတြကိုေမးျမန္းတာက ႐ိုင္းတဲ့ အျပဳအမူျဖစ္ပါတယ္ ။ ဒါ့ေၾကာင့္ ကိုယ္ေရးကိုယ္တာအေၾကာင္းေတြ ၊ မိသားစုအတြင္းေရးအေၾကာင္းေတြေျပာတာထက္စာရင္ ရာသီဥတုအေၾကာင္း ၊ ဝါသနာနဲ႔ ဘယ္လိုအစားအစာေတြႀကိဳက္ႏွစ္သက္လဲ စတာေတြေမးျမန္းႏိုင္ပါတယ္။(၄)အာ႐ုံစိုက္နားေထာင္ေပးပါ – သင္ဟာ စကားမ်ားတဲ့လူတစ္ေယာက္ျဖစ္ေနရင္ေတာင္ မခင္မင္ေသးတဲ့သူတစ္ေယာက္နဲ႔ မိတ္ေဆြဖြဲ႕တဲ့အခါ မ်ားမ်ားနားေထာင္ေပးဖို႔ လိုပါတယ္ ။ ဒါကလည္း သင့္ရဲ႕ ရင္းႏွီးေႏြးေထြးမႈကိုျပတာျဖစ္ၿပီး ေနာက္ပိုင္းလည္း သင္နဲ႔အတူစကားေျပာ မိတ္ေဆြဖြဲ႕ဖို႔ကို လိုလားၾကမွာပါ။(၅)ဟာသေလးေတြေႏွာေပးပါ – ဟာသေျပာရ ၊ နားေထာင္ရတာေတြကို လူတိုင္းႀကိဳက္ၾကပါတယ္ ။ ဟာသေလးေတြေျပာျခင္းက မိတ္ေဆြဖြဲ႕ရာမွာ အထိေရာက္ဆုံးပါပဲ ။တကယ္လို႔ သင္က ဟာသေျပာတတ္သူတစ္ေယာက္ဆိုရင္ေတာ့ စကားေျပာရင္းနဲ႔ သက္ဆိုင္တဲ့အေၾကာင္းအရာေလးေတြကို ဟာသေလးေႏွာၿပီးေျပာလို႔ရပါတယ္ ။ ခုမွမိတ္ေဆြဖြဲ႕မယ့္လူတစ္ေယာက္ကို အဓိပၸာယ္ ႏွစ္ခြထြက္တဲ့ ဟာသမ်ိဳး ၊ တစ္ဖက္လူရဲ႕ အားနည္းခ်က္ကို ေလွာင္ေျပာင္သေရာ္တဲ့ ဟာသမ်ိဳး မေျပာမိဖို႔ေတာ့ အေရးႀကီးပါတယ္ေနာ္ ။ ဒီလိုဟာသမ်ိဳးေတြေျပာမိၿပီဆိုရင္ေတာ့ သင္နဲ႔ မိတ္ေဆြဖြဲ႕ဖို႔ မျဖစ္ႏိုင္သလို ၊ သင့္ကိုလည္း အထင္အျမင္ေသးသြားေစႏိုင္ပါတယ္ ။(၆)အကူအညီေတာင္းပါ – အကူအညီေတာင္းေပးတာကလည္း ရင္းႏွီးမႈကိုျပတဲ့သေဘာပါပဲ ။ သင္နဲ႔သူ႔ၾကားမွာ အေသးအမႊားအကူအညီေလးေတြ ေတာင္းေပးဖို႔ ဝန္မေလးပါနဲ႔ ။ ေဘာပင္ေလးခဏငွားတာေလာက္ ၊ စာအုပ္နာမည္ေလး ေျပာျပတာေလာက္က တစ္ဖက္လူကို ဝန္ထုပ္ဝန္ပိုးမျဖစ္ေစပဲ သင္တို႔ၾကားမွာ ရင္းႏွီးမႈပိုတိုးလာေစႏိုင္ပါတယ္ ။