ဘဝကို (သုည)က စပါ…

တစ်ခါတုန်း ဘီလျှံနာသန်းကြွယ်သူဌေးတစ်ယောက်ဆီမှာ အလုပ်သမားလူငယ်နှစ်ယောက်ရှိသတဲ့ ဘီလျှံနာသန်းကြွယ်သူဌေးဟာ အလွန်ဉာဏ်ကောင်းပြီး ရိုးသားကြိုးစားတဲ့လူတစ်ယောက်ဖြစ်တယ်။ သန်းကြွယ်သူဌေးဆီမှာ ဒီလူငယ်နှစ်ယောက်ဟာ အလုပ်လုပ်လာတာဆယ်နှစ်ရှိခဲ့ပါပြီ။ တစ်နေ့တော့ သန်းကြွယ်သူဌေးက သူ့ရဲ့အလုပ်သမား နှစ်ယောက်ကိုခေါ်မေးသတဲ့..” ကဲ အခုမင်းတို့နှစ်ယောက်ငါ့ဆီမှာ အလုပ်လုပ်လာတာဆယ်နှစ်ရှိပြီ မင်းတို့ဘာတွေပိုင်ဆိုင်ပြီးပြီလည်း”တဲ့တစ်ယောက်ကတော့ ဘာမှမစုမိသေးပါဘူးလို့ဖြေတယ်။ နောက်တစ်ယောက်ကတော့ မြေလေတစ်ကွက်ပဲပိုင်ပါသေးတယ်လို့ဖြေတယ်။သူဌေးက ဆက်ပြောတယ်။ ”မင်းတို့ငါ့ဆီမှာအလုပ်လုပ်တာဆယ်နှစ်ရှိပြီ နင့်တို့ရဲ့ကြိုးစားမှုကြောင့် ငါဟာ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ခဲ့တယ်။ မင်းတို့ရဲ့ကြိုးစားမှု့ကိုငါ အသိအမှတ်ပြုတဲ့အနေနဲ့ မင်းတို့ကို အဆုချီးမြှင့်ချင်တယ်။ ဒါကြောင့် ငါမင်းတို့ကို ရွေးချယ်စရာ နှစ်ခုပေးမည်။ မင်းတို့ကြိုက်တာယူပါ”ဟုဆိုကာသူဌေးက ရွေးချယ်စရာနှစ်ခုပေးလိုက်ပါတယ်။ ”ရွေးချယ်စရာနှစ်ခုမှာ တစ်ခုက ပိုက်ဆံ မင်းတို့ဘဝပြောင်းလဲနိုင်လောက်တဲ့အထိငွေပမာဏကိုတောင်းပါ။ နောက် တစ်ခုက ငါချမ်းသာအောင်မြင်လာတဲ့နည်းလမ်းကို သင်ပေးမည် မင်းတို့ကြိုက်တာယူပါ”ဒါနဲ့.. လူငယ်တစ်ယောက်က ”ကျွန်တော်ကို ငွေသိန်းငါးထောင်ပေးရင်ကျွန်တော်ဘဝအတွက်ပြောင်းလဲနိုင်ပါတယ်”တောင်းလိုက်တယ်။ နောက်တစ်ယောက်ကတော့ ”ကျွန်တော်ငွေမလိုပါဘူး။ ကျွန်တော့်ကို ချမ်းသာအောင်မြင်နိုင်မယ့်နည်းလမ်းကိုပဲ သင်ပေးပါ ကျွန်တော်ဘဝအတွက်ပြောင်းလဲနိုင်ပါတယ်”လို့ပြောပါတယ်။ ဘီလျှံနာသန်းကြွယ်သူဌေးကလည်း ”အေ ဟုတ်ပြီ..ငွေတောင်းတဲ့လူကို ငွေပေးမယ်။ ချမ်းသာအောင်မြင်ချင်တဲ့လူကိုချမ်းသာအောင်မြင်နိုင်မယ့်နည်းလမ်သင်ပေးမည်”ဟုဆိုကာနောက်ငါးနှစ်ကြာရင် ငါ့ဆီကို မင်းတို့နှစ်ယောက်ပြန်လာခဲ့ဆိုပြီးလူငယ်နှစ်ယောက်ကို အတန်တန်မာလိုက်ပါတယ်။ဒီလိုနဲ့ နောက်ငါးနှစ်ကြာတဲ့အခါ ငွေတောင်တဲ့လူ နဲ့ ချမ်းသာတဲ့နည်းလမ်းကိုတောင်တဲ့ လူငယ်တို့ သူဌေးဆီကိုပြန်လာခဲ့ပါတယ်။

သူဌေးက..”ကဲ အခုငါးနှစ်ဆိုတဲ့အချိန်ကာလမှာ မင်းတို့ဘဝတွေ ဘာဖြစ်သွားပြီလည်း”ချမ်းသာအောင်မြင်ရေးနည်းလမ်းတောင်းတဲ့လူက”ဟုတ်ကဲ့ပါ သူဌေးမင်း ကျွန်တော်က သူဌေးသင်ကြားပေးလိုက်တဲ့နည်းလမ်းအတိုင်း ကြိုးစားခဲ့ပါတယ် ရိုးလည်းရိုးသားခဲ့ပါတယ်။ကျွန်တော်ကိုယ်ကျွန်တော်အောင်ကိုအောင်မြင်စေရမယ်လို့လည်းအကြွင်းမဲ့ယုံကြည့်ခဲ့ပါတယ်။ မလျော့သော ဇွဲလုံ့လ ဝိရိယ တို့နဲ့ကျွန် တော်အားစိုက်ခဲ့တာကြောင့် အခု တိုက်တစ်လုံးနဲ့ကားတစ်စီးအပြင်ကုမ္ပဏီတစ်ခုကိုလည်း တည်ဆာင်နိုင်ခဲ့ပါပြီ”ဟုသူဌေးဆိုသူကို ပြောပါတယ်။ ငွေတောင်းတဲ့လူငယ်ကလည်း သူ့ရဲ့ငါးနှစ်ကာလကိုဖြတ်ကျော်ခဲ့တဲ့အကြောင်းကိုသူဌေးကိုပြောပြပါတယ်။ ”ဟုတ်ကဲ့ သူဌေး သူဌေးပေးတဲ့ငွေတွေကိုကျွန်တော်ဘဝပြောင်းလဲနိုင်မယ့် ကုမ္ပဏီတွေမှာ ရှယ်ယာဝင်တယ်။နောက်ပြီး အိမ်နဲ့ကားဝယ်တယ်ကျန်တဲ့ အပိုငွေတွေကို ခရီးသွားရင်းနဲ့အချိန်ကုန်ခဲ့ပါတယ်။ရှယ်ယာဝင်ငွေတွေက အစပိုင်းမှာတော့ ဟုတ်သလိုလိုနဲ့နောက်တော့ ကျွန်တော်ဝင်ထားတဲ့ ကုမ္ပဏီဟာအရင်းရှုံးသွားလို့နှံလံမထူးနိုင်ခဲ့ပါဘူး။ သူဌေးဆီမှာ အလုပ်လုပ်ခဲ့တဲ့ ဆယ်နှစ်မှာလည်းအလုပ်ငန်းအတွေ့ကြုံကို သင်ယူချင်းမရှိတဲ့အတွက်ပေါ့ပေါ့နေပေါ့ပေါ့စားနဲ့လုပ်နေမိတယ်။ဒါကြောင့်အခု ကျွန်တော်မှာ အိမ်လေးတစ်လုံးကလွဲပြီး အလုပ်လက်မဲ့ဖြစ်နေပါပြီလို့ သူ ဌေးကို ပြောလိုက်ပါတယ်။ ဒါနဲ့ သူဌေးက ”အေးမင်းတို့ နှစ်ယောက်လုံးမှတ်ထားကြပါ။အပင်ကြီးတဲ့သစ်ပင်ဟာ အမြက်မခိုင်ရင်ပြိုလဲမြန်တယ်။အပင်မကြီးပေမယ့် အမြက်ခိုင်တဲ့ သစ်ပင်ဟာ ကွဲအက်နေတဲ့မြေတွေကြားမှာ ဘယ်လောက်ပင်ကြီးမားတဲ့မုန်းတိုင်းတွေရှိနေပါစေ ထိခိုက်ဒဏ်ရာရရုံကလွဲလို့ဘယ်တော့မှ ပြိုလဲပျက်စီးခြင်းမရှိဘူး။ဘယ်လိုရှင်သန်နေထိုင်ရမလဲ့ဆိုတာ စဉ်းစားတွေးတတ်ပါတယ်။ ဒီလိုနေတတ်တာကြောင့်အမြဲတန်းလှပရှင်သန်နေလိမ့်မယ်။ဘဝဆိုတာ သုညကစရတယ်. မင်းတို့ကိုယ်သင်ယူ အားစိုက်မှုမရှိဘဲသူများခြေ ထောက် နဲ့ရပ်တည်ချင်တဲ့ လူတွေဟာဘဝမှာ ဆုံးရှုံးမှုအများဆုံးပဲ။ငါးနှစ်ဆိုတဲ့ အချိန်ကာလဟာ လူတစ်ယောက်ရဲ့ဘဝကိုကောင်းကောင်းပြောင်းလဲနိုင်တယ်ဆိုတာ မင်းတို့သိထားပါလို့ ပြောဆိုလိုက်ပါတယ်။

မူရင်း – credit

[zawgyi]

တစ္ခါတုန္း ဘီလွ်ံနာသန္းႂကြယ္သူေဌးတစ္ေယာက္ဆီမွာ အလုပ္သမားလူငယ္ႏွစ္ေယာက္ရွိသတဲ့ ဘီလွ်ံနာသန္းႂကြယ္သူေဌးဟာ အလြန္ဉာဏ္ေကာင္းၿပီး ႐ိုးသားႀကိဳးစားတဲ့လူတစ္ေယာက္ျဖစ္တယ္။ သန္းႂကြယ္သူေဌးဆီမွာ ဒီလူငယ္ႏွစ္ေယာက္ဟာ အလုပ္လုပ္လာတာဆယ္ႏွစ္ရွိခဲ့ပါၿပီ။ တစ္ေန႔ေတာ့ သန္းႂကြယ္သူေဌးက သူ႔ရဲ႕အလုပ္သမား ႏွစ္ေယာက္ကိုေခၚေမးသတဲ့..” ကဲ အခုမင္းတို႔ႏွစ္ေယာက္ငါ့ဆီမွာ အလုပ္လုပ္လာတာဆယ္ႏွစ္ရွိၿပီ မင္းတို႔ဘာေတြပိုင္ဆိုင္ၿပီးၿပီလည္း”တဲ့တစ္ေယာက္ကေတာ့ ဘာမွမစုမိေသးပါဘူးလို႔ေျဖတယ္။ ေနာက္တစ္ေယာက္ကေတာ့ ေျမေလတစ္ကြက္ပဲပိုင္ပါေသးတယ္လို႔ေျဖတယ္။သူေဌးက ဆက္ေျပာတယ္။ ”မင္းတို႔ငါ့ဆီမွာအလုပ္လုပ္တာဆယ္ႏွစ္ရွိၿပီ နင့္တို႔ရဲ႕ႀကိဳးစားမႈေၾကာင့္ ငါဟာ သန္းႂကြယ္သူေဌးတစ္ေယာက္ျဖစ္ခဲ့တယ္။ မင္းတို႔ရဲ႕ႀကိဳးစားမႈ႕ကိုငါ အသိအမွတ္ျပဳတဲ့အေနနဲ႔ မင္းတို႔ကို အဆုခ်ီးျမႇင့္ခ်င္တယ္။ ဒါေၾကာင့္ ငါမင္းတို႔ကို ေ႐ြးခ်ယ္စရာ ႏွစ္ခုေပးမည္။ မင္းတို႔ႀကိဳက္တာယူပါ”ဟုဆိုကာသူေဌးက ေ႐ြးခ်ယ္စရာႏွစ္ခုေပးလိုက္ပါတယ္။ ”ေ႐ြးခ်ယ္စရာႏွစ္ခုမွာ တစ္ခုက ပိုက္ဆံ မင္းတို႔ဘဝေျပာင္းလဲႏိုင္ေလာက္တဲ့အထိေငြပမာဏကိုေတာင္းပါ။ ေနာက္ တစ္ခုက ငါခ်မ္းသာေအာင္ျမင္လာတဲ့နည္းလမ္းကို သင္ေပးမည္ မင္းတို႔ႀကိဳက္တာယူပါ”ဒါနဲ႔.. လူငယ္တစ္ေယာက္က ”ကြၽန္ေတာ္ကို ေငြသိန္းငါးေထာင္ေပးရင္ကြၽန္ေတာ္ဘဝအတြက္ေျပာင္းလဲႏိုင္ပါတယ္”ေတာင္းလိုက္တယ္။ ေနာက္တစ္ေယာက္ကေတာ့ ”ကြၽန္ေတာ္ေငြမလိုပါဘူး။ ကြၽန္ေတာ့္ကို ခ်မ္းသာေအာင္ျမင္ႏိုင္မယ့္နည္းလမ္းကိုပဲ သင္ေပးပါ ကြၽန္ေတာ္ဘဝအတြက္ေျပာင္းလဲႏိုင္ပါတယ္”လို႔ေျပာပါတယ္။ ဘီလွ်ံနာသန္းႂကြယ္သူေဌးကလည္း ”ေအ ဟုတ္ၿပီ..ေငြေတာင္းတဲ့လူကို ေငြေပးမယ္။ ခ်မ္းသာေအာင္ျမင္ခ်င္တဲ့လူကိုခ်မ္းသာေအာင္ျမင္ႏိုင္မယ့္နည္းလမ္သင္ေပးမည္”ဟုဆိုကာေနာက္ငါးႏွစ္ၾကာရင္ ငါ့ဆီကို မင္းတို႔ႏွစ္ေယာက္ျပန္လာခဲ့ဆိုၿပီးလူငယ္ႏွစ္ေယာက္ကို အတန္တန္မာလိုက္ပါတယ္။ဒီလိုနဲ႔ ေနာက္ငါးႏွစ္ၾကာတဲ့အခါ ေငြေတာင္တဲ့လူ နဲ႔ ခ်မ္းသာတဲ့နည္းလမ္းကိုေတာင္တဲ့ လူငယ္တို႔ သူေဌးဆီကိုျပန္လာခဲ့ပါတယ္။သူေဌးက..”ကဲ အခုငါးႏွစ္ဆိုတဲ့အခ်ိန္ကာလမွာ မင္းတို႔ဘဝေတြ ဘာျဖစ္သြားၿပီလည္း”ခ်မ္းသာေအာင္ျမင္ေရးနည္းလမ္းေတာင္းတဲ့လူက”ဟုတ္ကဲ့ပါ သူေဌးမင္း ကြၽန္ေတာ္က သူေဌးသင္ၾကားေပးလိုက္တဲ့နည္းလမ္းအတိုင္း ႀကိဳးစားခဲ့ပါတယ္ ႐ိုးလည္း႐ိုးသားခဲ့ပါတယ္။ကြၽန္ေတာ္ကိုယ္ကြၽန္ေတာ္ေအာင္ကိုေအာင္ျမင္ေစရမယ္လို႔လည္းအႂကြင္းမဲ့ယုံၾကည့္ခဲ့ပါတယ္။ မေလ်ာ့ေသာ ဇြဲလုံ႔လ ဝိရိယ တို႔နဲ႔ကြၽန္ ေတာ္အားစိုက္ခဲ့တာေၾကာင့္ အခု တိုက္တစ္လုံးနဲ႔ကားတစ္စီးအျပင္ကုမၸဏီတစ္ခုကိုလည္း တည္ဆာင္ႏိုင္ခဲ့ပါၿပီ”ဟုသူေဌးဆိုသူကို ေျပာပါတယ္။ ေငြေတာင္းတဲ့လူငယ္ကလည္း သူ႔ရဲ႕ငါးႏွစ္ကာလကိုျဖတ္ေက်ာ္ခဲ့တဲ့အေၾကာင္းကိုသူေဌးကိုေျပာျပပါတယ္။ ”ဟုတ္ကဲ့ သူေဌး သူေဌးေပးတဲ့ေငြေတြကိုကြၽန္ေတာ္ဘဝေျပာင္းလဲႏိုင္မယ့္ ကုမၸဏီေတြမွာ ရွယ္ယာဝင္တယ္။ေနာက္ၿပီး အိမ္နဲ႔ကားဝယ္တယ္က်န္တဲ့ အပိုေငြေတြကို ခရီးသြားရင္းနဲ႔အခ်ိန္ကုန္ခဲ့ပါတယ္။ရွယ္ယာဝင္ေငြေတြက အစပိုင္းမွာေတာ့ ဟုတ္သလိုလိုနဲ႔ေနာက္ေတာ့ ကြၽန္ေတာ္ဝင္ထားတဲ့ ကုမၸဏီဟာအရင္းရႈံးသြားလို႔ႏွံလံမထူးႏိုင္ခဲ့ပါဘူး။ သူေဌးဆီမွာ အလုပ္လုပ္ခဲ့တဲ့ ဆယ္ႏွစ္မွာလည္းအလုပ္ငန္းအေတြ႕ႀကဳံကို သင္ယူခ်င္းမရွိတဲ့အတြက္ေပါ့ေပါ့ေနေပါ့ေပါ့စားနဲ႔လုပ္ေနမိတယ္။ဒါေၾကာင့္အခု ကြၽန္ေတာ္မွာ အိမ္ေလးတစ္လုံးကလြဲၿပီး အလုပ္လက္မဲ့ျဖစ္ေနပါၿပီလို႔ သူ ေဌးကို ေျပာလိုက္ပါတယ္။ ဒါနဲ႔ သူေဌးက ”ေအးမင္းတို႔ ႏွစ္ေယာက္လုံးမွတ္ထားၾကပါ။အပင္ႀကီးတဲ့သစ္ပင္ဟာ အျမက္မခိုင္ရင္ၿပိဳလဲျမန္တယ္။အပင္မႀကီးေပမယ့္ အျမက္ခိုင္တဲ့ သစ္ပင္ဟာ ကြဲအက္ေနတဲ့ေျမေတြၾကားမွာ ဘယ္ေလာက္ပင္ႀကီးမားတဲ့မုန္းတိုင္းေတြရွိေနပါေစ ထိခိုက္ဒဏ္ရာရ႐ုံကလြဲလို႔ဘယ္ေတာ့မွ ၿပိဳလဲပ်က္စီးျခင္းမရွိဘူး။ဘယ္လိုရွင္သန္ေနထိုင္ရမလဲ့ဆိုတာ စဥ္းစားေတြးတတ္ပါတယ္။ ဒီလိုေနတတ္တာေၾကာင့္အၿမဲတန္းလွပရွင္သန္ေနလိမ့္မယ္။ဘဝဆိုတာ သုညကစရတယ္. မင္းတို႔ကိုယ္သင္ယူ အားစိုက္မႈမရွိဘဲသူမ်ားေျခ ေထာက္ နဲ႔ရပ္တည္ခ်င္တဲ့ လူေတြဟာဘဝမွာ ဆုံးရႈံးမႈအမ်ားဆုံးပဲ။ငါးႏွစ္ဆိုတဲ့ အခ်ိန္ကာလဟာ လူတစ္ေယာက္ရဲ႕ဘဝကိုေကာင္းေကာင္းေျပာင္းလဲႏိုင္တယ္ဆိုတာ မင္းတို႔သိထားပါလို႔ ေျပာဆိုလိုက္ပါတယ္။