ဘုန်းကံမြင့်သော မိန်းမများ အကြောင်း

အစွန့်ပစ်ခံ မိန်းမသားတို့၏ ဘုန်းကံဆိုတာ ယောကျ်ား ဖြစ်သူကထားခဲ့လို့ဖြစ်စေ ချစ်သူကထားခဲ့လို့ဖြစ်စေ အငယ်အနှောင်းယူသွားလို့ဖြစ်စေ အပြစ်ရှာ ထွက်ခွာလို့ဖြစ်စေစွန့်ပစ်ခဲ့ရင် မိန်းမ တချို့ဘဝ ပျက်မတတ်ဖြစ်တတ်ကြပါတယ်….အမှန်က ပျော်ရမှာပါလက်ခုပ်တီးပြီးကို ကျေနပ် ဝမ်းမြောက်စွာပျော်နေရမှာပါ…ကိုယ်ငယ်ရွယ်ကျန်းမာတုန်း သန်စွမ်းနေတုန်း ရှာဖွေနိုင်တုန်းမှာ သိလိုက်ရတဲ့ အတွက် ကိုယ့် တန် ဖိုး နားမလည်တဲ့လူရဲ့ ဘေးနားမှာနေပြီး အဓိပ္ပါယ်မဲ့ ဖြတ်သန်းရ ခြင်းထက် နှောင့်ဖွဲ့ခြင်းမဲ့စွာ ဘဝ ကိုလွတ်လပ်စွာ တည်ဆောက်ရခြင်းက ပိုကောင်းတယ်ဆိုတာကို နားလည်ခဲ့ရင် ဒီမိန်းမဟာ ပျော်သင့်ပါတယ်…တခါက ဘုရင်ကြီး တစ်ပါးမှာ သမီး(၃)ယောက် ရှိသတဲ့ ဘုရင်ကြီးက သမီးတော် တို့ ဒီလိုနေနေရတာ ဘာကြောင့်လဲလို့ မေးတဲ့အခါ သမီးအကြီး (၂)ယောက်က”ခမည်းတော် ကျေးဇူးကြောင့်….” လို့ အမြဲလျှောက်ပြီး အငယ်ဆုံး သမီးတော် ကတော့”သမီးတော် ရဲ့ဘုန်းကံ ကြောင့်” လို့လျှောက်သတဲ့။တိုတိုပြောရရင် ဘုရင်ကြီး ကစိတ်ဆိုးပြီး အဆင်းရဲဆုံးလူနဲ့ပေးစားလွှတ်လိုက်တယ်။တောစပ်မှာ ထင်းခုတ် ဖို့သွားတော့ ချောင်းတစ်ခု အကူးမှာ ….သူဆင်းရဲ ထင်းခုတ် သမားဟာ စိန်တွေတွေ့တော့ သူ့မိန်းမ အတွက်ဆော့ကစား ရအောင်ယူလာရာက မင်းသမီးက နေရာလိုက်ပြခိုင်းပြီး …ခမည်းတော်ထံအပ်တော့ ….ခမည်းတော့်ဘဏ္ဍာဆိုရင် မီးသွေးတုန်းပဲဖြစ်နေလို့ သမီးတော့်ဥစ္စာဆိုမှ စိန်ပြန်ဖြစ်ပါတယ်။ကဲ…ဒီတော့ ပြောချင်တာက မိန်းမ တိုင်းမှာ သူ့ဘုန်းသူကံဆိုတာရှိတယ်…ယောက်ကျား တစ်ယောက်ဘုန်းကံနိမ့်လာပြီဆိုရင် မိန်းမ တစ်ယောက်ရဲ့ ဘုန်းကံရှိမြဲရှိနေတယ်ဆိုရင်…အ ကြောင်းအမျိုးမျိုးပေါ်လာပြီး အဲ့ဒီ ယောက်ကျားဟာ ဘုန်းကံရှိတဲ့ မိန်းမနားမှာ မနေနိုင်ပဲ စွန့်ပြေးချင်စိတ် ပေါက်လာလိမ့်မယ် ဘဝမှာ ဒီ မိန်းမ ကြောင့်သာ ဒီလိုနေထိုင် ဒီလိုစားသောက်ရပြီး ဒီလိုစည်းစိမ်နဲ့ အဆင်တပြေ နေရမယ့်ကံပါလာတယ်ဆိုတာ သူတို့မသိကြဘဲ …..သူတို့တော်လို့ တတ်လွန်လွန်းလို့ချည်း ထင်တတ်ကြတယ်….အားပေးချင်တာက သတ္တိရှိကြပါ…ရဲရဲသာလုပ်ပြပါ မတွန့်ပါနဲ့…မကြောက်ပါနဲ့…ဝမ်းမနည်းပါနဲ့…ကွဲကြည့်လိုက် ခွဲနေကြည့်လိုက်ရင် ဘာဖြစ်မလဲ တိတ်တိတ်လေးအချိန်တခုသာပေး စောင့်ကြည့် နေလိုက်ပါ…။လူတိုင်းလက်ခံနိုင်တဲ့ ကိုယ်လည်းကျေနပ်ဝမ်းသာရမယ့် အဖြေတစ်ခု ရမှာပါ…။

သိဉ္စည်းမင်းကြီး တောလိုက်ရာမှအပြန် သစ်ပင်ပေါ်တွင် ကောင်းခြင်းငါးဖြာ နှင့်ပြည့်စုံသော မိန်းမပျိုတစ်ဦးကို တွေ့သည်နှင့် မေးမြန်းရာ …ဖခင်ကပေးစားသည့် ယောကျ်ားကိုယူ၍ လိုက်ခဲ့စဉ် တောလမ်းတစ်နေရာ၌ ခင်ပွန်းဖြစ်သူက သဖန်းသီးများခူးစားနေရာ ….မိမိကဆာလှသဖြင့် တောင်းစားသော် စားလိုလျှင်ကိုယ်တိုင် ခူးစားဟု ဆိုလေသည်။သို့နှင့် ကိုယ်တိုင်တက်ခူးရာ ပြန်မဆင်းနိုင်အောင် သစ်ပင်အောက် ခြေတွင်ဆူးများဖြင့်ကာရံ၍ ထွက်ပြေးတော့သည်ဟူ၏။မင်းကြီးလည်း ကောင်းခြင်းငါးဖြာနှင့် လှပတင့်တယ်သော် ထို မိန်းမပျို ကို မိဖုရားခေါင် အဖြစ် တင်မြှောက်ခဲ့လေသည်။ထို့နောက် မင်းကြီးနှင့် မိဖုရားကြီးတို့ တိုင်းခန်းလှည့်လည်ရင်း တစ်နေရာ အရောက်တွင် မိဖုရားကြီး က ဣန္ဒြေမဆည်နိုင်ဘဲ ခစ်ခနဲ ရယ်တော်မူသည်ကို မင်းကြီး မေးလျှင် ဤသို့ဖြေဧ။်။ဘုရားနှမကို တောတွင်း၌ ပစ်ပြေးသွားသူသည် ယခုအခါ လမ်းခင်းနေရသည်ကို တွေ့လျှင် ဘုရားနှမကဲ့သို့ ဘုန်းကျက်သရေရှိသူကို ဤလူညံ့မဆောင်နိုင်ရှာ ဟုတွေးမိ၍ ရယ်မိကြောင်းပါ ဘုရားမင်းကြီး က မယုံကြည်၍ ဘုရားလောင်း မဟော်သဓသုခမိန်ကို မေးရာ ဘုရားလောင်းက ဤသို့ရှင်းဧ။်။ဤ မိန်းမမြတ် ကို ယောကျ်ား က စွန့်ပစ်သွားသည်ဟူသော စကား ကို သားတော်ယုံ ကြည်ပါသည်။ဘုန်းမဲ့သောသူသည် ဘုန်းရှိသောသူနှင့် အတူဆက်ဆံ ၍မနေနိုင်ကြောင်းပါ ဘုရား” တည်းဟူ၏။ထို့နည်းတူစွာ ဘုန်းကံမြင့်မားသော မိန်းမကောင်းတွေကို ညံ့ဖျင်းသိမ်နုပ်သော ယောက်ျားယုတ်က တန်ဖိုးကို နားမလည် သောကြောင့် ….စိတ်၏ဆင်းရဲခြင်း ကိုယ်၏ဆင်းရဲခြင်းတို့ကို ဖြစ်စေလျက် မိန်းကလေး ဘက်က စွန့်ခွာသွားအောင်လည်း ကောင်း …မိမိကိုယ်တိုင် စွန့်ပစ်၍သော်လည်းကောင်း သူတို့၏ ဘုန်းကံ နိမ့်ပါးမှု့ အတိုင်း ဘဝကို ရွေးခြယ်ကြရ၏။သို့ဖြစ်ရာ အမျိုးသမီးတို့သည် မိမိ တို့၏ တန်ဖိုး ကို ကောင်းစွာသိရှိနားလည်ပြီး တန်ဖိုးထားတတ်သူနှင့်သာလျှင် ကောင်းစွာ ထိုက်တန်ပါပေ၏။တကယ်တော့ မိမိကို စွန်ပ့စ်သွားသူသည် မိမိ ၏ ဘုန်းကံ အရှိန်ကို မလွှမ်းမိုးနိုင်တဲ့ ခပ်ညံ့ညံ့လူသာ ဖြစ်တဲ့အတွက် ဝမ်းနည်းဖွယ်စိုးစဉ်းမျှ မရှိသင့်။သာ လွန်မြင့်မြတ်သူနှင့် ဆုံဆည်းရမည့် မိမိကံကိုသာ တွေးတောဝမ်းသာသင့်တော့သည် မဟုတ်ပါလား…ဒါကြောင့် ကိုယ့်ကိုစွန့်ခွာသွားလို့ ဝမ်းနည်းပက်လက် မျက်ရည်တစက်စက်နဲ့ ဘဝသေလို ကျန်ခဲ့တဲ့ အမျိုးသမီးတွေကို ပြောချင်တာကသတ္တိရှိပါ….ဘဝကို လက်တွေ့ကျကျအကောင်အထည်ဖော်ပါ…..! သူများအားမကိုးပါနဲ့…..တစ်နေ့ ကိုယ့် ဘုန်း ကိုယ့်ကံနဲ့တန်တဲ့လူနဲ့ကြုံလာခဲ့ရင် ကိုယ့်အခြေအနေတင့်တယ်လှပနေရမယ်လို့ ခံယူထားပါ….ပီးတော့ သန့်ရှင်းစွာနေထိုင်ပါစိတ်အေးချမ်းပါ…ပျော်ရွှင်အောင်နေပါ…လှပမှုရှိနေပါက မောင်ကြီးမခွာနိုင် ဖြစ်နေမှာ အသေအချာပါ…။

Credit : မယ်ဖြိုး

ဟဖေတါပင

အစြန႔္ပစ္ခံ မိန္းမသားတို႔၏ ဘုန္းကံဆိုတာ ေယာက်္ား ျဖစ္သူကထားခဲ့လို႔ျဖစ္ေစ ခ်စ္သူကထားခဲ့လို႔ျဖစ္ေစ အငယ္အေႏွာင္းယူသြားလို႔ျဖစ္ေစ အျပစ္ရွာ ထြက္ခြာလို႔ျဖစ္ေစစြန႔္ပစ္ခဲ့ရင္ မိန္းမ တခ်ိဳ႕ဘဝ ပ်က္မတတ္ျဖစ္တတ္ၾကပါတယ္….အမွန္က ေပ်ာ္ရမွာပါလက္ခုပ္တီးၿပီးကို ေက်နပ္ ဝမ္းေျမာက္စြာေပ်ာ္ေနရမွာပါ…ကိုယ္ငယ္႐ြယ္က်န္းမာတုန္း သန္စြမ္းေနတုန္း ရွာေဖြႏိုင္တုန္းမွာ သိလိုက္ရတဲ့ အတြက္ ကိုယ့္ တန္ဖိုး နားမလည္တဲ့လူရဲ႕ ေဘးနားမွာေနၿပီး အဓိပၸါယ္မဲ့ ျဖတ္သန္းရ ျခင္းထက္ ေႏွာင့္ဖြဲ႕ျခင္းမဲ့စြာ ဘဝ ကိုလြတ္လပ္စြာ တည္ေဆာက္ရျခင္းက ပိုေကာင္းတယ္ဆိုတာကို နားလည္ခဲ့ရင္ ဒီမိန္းမဟာ ေပ်ာ္သင့္ပါတယ္…တခါက ဘုရင္ႀကီး တစ္ပါးမွာ သမီး(၃)ေယာက္ ရွိသတဲ့ ဘုရင္ႀကီးက သမီးေတာ္ တို႔ ဒီလိုေနေနရတာ ဘာေၾကာင့္လဲလို႔ ေမးတဲ့အခါ သမီးအႀကီး (၂)ေယာက္က”ခမည္းေတာ္ ေက်းဇူးေၾကာင့္….”လို႔ အၿမဲေလွ်ာက္ၿပီး အငယ္ဆုံး သမီးေတာ္ ကေတာ့”သမီးေတာ္ ရဲ႕ဘုန္းကံ ေၾကာင့္” လို႔ေလွ်ာက္သတဲ့။တိုတိုေျပာရရင္ ဘုရင္ႀကီး ကစိတ္ဆိုးၿပီး အဆင္းရဲဆုံးလူနဲ႔ေပးစားလႊတ္လိုက္တယ္။ေတာစပ္မွာ ထင္းခုတ္ ဖို႔သြားေတာ့ ေခ်ာင္းတစ္ခု အကူးမွာ ….သူဆင္းရဲ ထင္းခုတ္ သမားဟာ စိန္ေတြေတြ႕ေတာ့ သူ႔မိန္းမ အတြက္ေဆာ့ကစား ရေအာင္ယူလာရာက မင္းသမီးက ေနရာလိုက္ျပခိုင္းၿပီး …ခမည္းေတာ္ထံအပ္ေတာ့ ….ခမည္းေတာ့္ဘ႑ာဆိုရင္ မီးေသြးတုန္းပဲျဖစ္ေနလို႔ သမီးေတာ့္ဥစၥာဆိုမွ စိန္ျပန္ျဖစ္ပါတယ္။ကဲ…ဒီေတာ့ ေျပာခ်င္တာက မိန္းမ တိုင္းမွာ သူ႔ဘုန္းသူကံဆိုတာရွိတယ္…ေယာက္က်ား တစ္ေယာက္ဘုန္းကံနိမ့္လာၿပီဆိုရင္ မိန္းမ တစ္ေယာက္ရဲ႕ ဘုန္းကံရွိၿမဲရွိေနတယ္ဆိုရင္…အေၾကာင္းအမ်ိဳးမ်ိဳးေပၚလာၿပီး အဲ့ဒီ ေယာက္က်ားဟာ ဘုန္းကံရွိတဲ့ မိန္းမနားမွာ မေနႏိုင္ပဲ စြန႔္ေျပးခ်င္စိတ္ ေပါက္လာလိမ့္မယ္ ဘဝမွာ ဒီ မိန္းမ ေၾကာင့္သာ ဒီလိုေနထိုင္ ဒီလိုစားေသာက္ရၿပီး ဒီလိုစည္းစိမ္နဲ႔ အဆင္တေျပ ေနရမယ့္ကံပါလာတယ္ဆိုတာ သူတို႔မသိၾကဘဲ …..သူတို႔ေတာ္လို႔ တတ္လြန္လြန္းလို႔ခ်ည္း ထင္တတ္ၾကတယ္….အားေပးခ်င္တာက သတၱိရွိၾကပါ…ရဲရဲသာလုပ္ျပပါ မတြန႔္ပါနဲ႔…မေၾကာက္ပါနဲ႔…ဝမ္းမနည္းပါနဲ႔…ကြဲၾကည့္လိုက္ ခြဲေနၾကည့္လိုက္ရင္ ဘာျဖစ္မလဲ တိတ္တိတ္ေလးအခ်ိန္တခုသာေပး ေစာင့္ၾကည့္ ေနလိုက္ပါ…။လူတိုင္းလက္ခံႏိုင္တဲ့ ကိုယ္လည္းေက်နပ္ဝမ္းသာရမယ့္ အေျဖတစ္ခု ရမွာပါ…။သိၪၥည္းမင္းႀကီး ေတာလိုက္ရာမွအျပန္ သစ္ပင္ေပၚတြင္ ေကာင္းျခင္းငါးျဖာ ႏွင့္ျပည့္စုံေသာ မိန္းမပ်ိဳတစ္ဦးကို ေတြ႕သည္ႏွင့္ ေမးျမန္းရာ …ဖခင္ကေပးစားသည့္ ေယာက်္ားကိုယူ၍ လိုက္ခဲ့စဥ္ ေတာလမ္းတစ္ေနရာ၌ ခင္ပြန္းျဖစ္သူက သဖန္းသီးမ်ားခူးစားေနရာ ….မိမိကဆာလွသျဖင့္ ေတာင္းစားေသာ္ စားလိုလွ်င္ကိုယ္တိုင္ ခူးစားဟု ဆိုေလသည္။သို႔ႏွင့္ ကိုယ္တိုင္တက္ခူးရာ ျပန္မဆင္းႏိုင္ေအာင္ သစ္ပင္ေအာက္ေျခတြင္ဆူးမ်ားျဖင့္ကာရံ၍ ထြက္ေျပးေတာ့သည္ဟူ၏။မင္းႀကီးလည္း ေကာင္းျခင္းငါးျဖာႏွင့္ လွပတင့္တယ္ေသာ္ ထို မိန္းမပ်ိဳ ကို မိဖုရားေခါင္ အျဖစ္ တင္ေျမႇာက္ခဲ့ေလသည္။ထို႔ေနာက္ မင္းႀကီးႏွင့္ မိဖုရားႀကီးတို႔ တိုင္းခန္းလွည့္လည္ရင္း တစ္ေနရာ အေရာက္တြင္ မိဖုရားႀကီး က ဣေျႏၵမဆည္ႏိုင္ဘဲ ခစ္ခနဲ ရယ္ေတာ္မူသည္ကို မင္းႀကီး ေမးလွ်င္ ဤသို႔ေျဖဧ။္။ဘုရားႏွမကို ေတာတြင္း၌ ပစ္ေျပးသြားသူသည္ ယခုအခါ လမ္းခင္းေနရသည္ကို ေတြ႕လွ်င္ ဘုရားႏွမကဲ့သို႔ ဘုန္းက်က္သေရရွိသူကို ဤလူညံ့မေဆာင္ႏိုင္ရွာ ဟုေတြးမိ၍ ရယ္မိေၾကာင္းပါ ဘုရားမင္းႀကီး က မယုံၾကည္၍ ဘုရားေလာင္း မေဟာ္သဓသုခမိန္ကို ေမးရာ ဘုရားေလာင္းက ဤသို႔ရွင္းဧ။္။ဤ မိန္းမျမတ္ ကို ေယာက်္ား က စြန႔္ပစ္သြားသည္ဟူေသာ စကား ကို သားေတာ္ယုံ ၾကည္ပါသည္။ဘုန္းမဲ့ေသာသူသည္ ဘုန္းရွိေသာသူႏွင့္ အတူဆက္ဆံ၍မေနႏိုင္ေၾကာင္းပါ ဘုရား” တည္းဟူ၏။ထို႔နည္းတူစြာ ဘုန္းကံျမင့္မားေသာ မိန္းမေကာင္းေတြကို ညံ့ဖ်င္းသိမ္ႏုပ္ေသာ ေယာက္်ားယုတ္က တန္ဖိုးကို နားမလည္ ေသာေၾကာင့္ ….စိတ္၏ဆင္းရဲျခင္း ကိုယ္၏ဆင္းရဲျခင္းတို႔ကို ျဖစ္ေစလ်က္ မိန္းကေလး ဘက္က စြန႔္ခြာသြားေအာင္လည္းေကာင္း …မိမိကိုယ္တိုင္ စြန႔္ပစ္၍ေသာ္လည္းေကာင္း သူတို႔၏ ဘုန္းကံ နိမ့္ပါးမႈ႕ အတိုင္း ဘဝကို ေ႐ြးျခယ္ၾကရ၏။သို႔ျဖစ္ရာ အမ်ိဳးသမီးတို႔သည္ မိမိ တို႔၏ တန္ဖိုး ကို ေကာင္းစြာသိရွိနားလည္ၿပီး တန္ဖိုးထားတတ္သူႏွင့္သာလွ်င္ ေကာင္းစြာ ထိုက္တန္ပါေပ၏။တကယ္ေတာ့ မိမိကို စြန္ပ့စ္သြားသူသည္ မိမိ ၏ ဘုန္းကံ အရွိန္ကို မလႊမ္းမိုးႏိုင္တဲ့ ခပ္ညံ့ညံ့လူသာ ျဖစ္တဲ့အတြက္ ဝမ္းနည္းဖြယ္စိုးစဥ္းမွ် မရွိသင့္။သာလြန္ျမင့္ျမတ္သူႏွင့္ ဆုံဆည္းရမည့္ မိမိကံကိုသာ ေတြးေတာဝမ္းသာသင့္ေတာ့သည္ မဟုတ္ပါလား…ဒါေၾကာင့္ ကိုယ့္ကိုစြန႔္ခြာသြားလို႔ ဝမ္းနည္းပက္လက္ မ်က္ရည္တစက္စက္နဲ႔ ဘဝေသလို က်န္ခဲ့တဲ့ အမ်ိဳးသမီးေတြကို ေျပာခ်င္တာကသတၱိရွိပါ….ဘဝကို လက္ေတြ႕က်က်အေကာင္အထည္ေဖာ္ပါ…..! သူမ်ားအားမကိုးပါနဲ႔…..တစ္ေန႔ ကိုယ့္ ဘုန္း ကိုယ့္ကံနဲ႔တန္တဲ့လူနဲ႔ႀကဳံလာခဲ့ရင္ ကိုယ့္အေျခအေနတင့္တယ္လွပေနရမယ္လို႔ ခံယူထားပါ….ပီးေတာ့ သန႔္ရွင္းစြာေနထိုင္ပါစိတ္ေအးခ်မ္းပါ…ေပ်ာ္႐ႊင္ေအာင္ေနပါ…လွပမႈရွိေနပါက ေမာင္ႀကီးမခြာႏိုင္ ျဖစ္ေနမွာ အေသအခ်ာပါ…။