ဘုန်းကံ ရှိမှ မြင်နိုင်မယ်

တစ်ခါတုန်းက တိုင်းပြည် တစ်ပြည်မှာ ဘုရင်က မှုးကြီးမတ်ရာ သေနာပတိများကိုခေါ်ပြီး ညီလာခံသဘင်ပွဲ ဆင်နွဲ ကျင်းပတဲ့အချိန်မှာ တာ ဝန်မှအပ မည်သူကိုမျှ ဖြတ်သန်းသွားလာခွင့် မပြုတဲ့အကြောင်းကို မောင်းထုပြီးကြေငြာဖို့ အမိန့်ထုတ်ပြန်လိုက်တယ်..ဒီလိုနဲ့ဘဲ ညီ လာခံသဘင်ပွဲ ကျင်းပတဲ့နေ့ ကိုရောက်သော် မထင်မှတ်ပဲ ဝါးတွေကို ခွဲချမ်းစိပ်ဖြာပီး ပုတ်ယက်ရောင်းတဲ့ရိုးသားတဲ့ ပုတ်ရောင်းသမားတစ်ယောက်ဟာ ဘုရင်ရဲ့ မောင်းကြေးနင်းခတ်သံကို မကြားမိဘဲညီလာခံသဘင် ကျင်းပရာကို အမှတ်မထင် ရောက်လာခဲ့တယ်..မူးကြီးမတ်ရာ စစ်သေနာပတိများက နန်ရင်ပြင်ကို ကျူးကျော်ဝင်ရောက်သူဟာဘယ်နည်းနဲ့မျှ လူကောင်းမဖြစ်နိုင်ဘုရင်ကိုလုပ်ကြံမယ့် သူလျှို ဘဲဖြစ်ရမယ်ဆိုတဲ့အတွေးနဲ့ ဝိုင်းဖမ်းပြီး စစ်မေးတာပေါ့..ဒီတော့ပုတ်ရောင်းသမားလဲ အရမ်းကြောက်သွားတယ် ပြီးတော့စဉ်းစားတယ်..”” အင်းငါကလည်း လေ့လာစူးစမ်းခြင်းဆိုတာမရှိ ဒီတိုင်းဆို ငါတော့မလွယ်ပေဘူး..ထိုသို့ စဉ်းစားနေချိန်မှာ စစ်သေနာပတိက””အမောင်လုလင် ဤ နန်ရင်ပြင်သို့ ဖြတ်သန်းသွားလာခြင်းမပြုရန် တားမြစ်ထားလျှက်နဲ့ ဘယ်အတွက်ရယ်ကြောင့် မင်းမိန့်ကိုဖီဆံ အာခံရပါသနည်း..?မင်းပြင်မင်းဒဏ် ခံရမည်ကို မကြောက်၍လော “”ခက်ချေပြီ မင်းမှုထမ်း ဆိုတာကလည်း လက်ညှိုးထောင်ခေါင်း ညိမ့်ယုံကလွဲပြီး စဉ်းစားတွေးခေါ်တတ်တဲ့ဉာဏ်ပညာ ရှိတာက မဟုတ်သူ့နေရာတည်မြဲရေးသာ အလေးထားသူတွေကများတာလေ ဘုရင်အမျက်တော်ရှပြီး သေဒဏ်ပေး လိုက်မှဖြင့် မတွေးဝံ့စရာ အင်း – ငါကြံမှဘဲ “”ဖြတ်သန်းသွားလာခွင့် တားမြစ်ထားသည်ကို သိပါသည် သို့ပေသော်လည်း “” ဤကဲ့သို့ ဘု ရင်နဲ့တကွ ပညာရှိ မူးကြီးမတ်ရာ စစ်သေနာပတိတို့ စုံညီချိန် “” ကျုပ်ရဲ့ဟဲဒီပုတ်တွေဟာ သာမန် ဆန်စပါးထည့်ရသော ပုတ်တွေမဟုတ်ပါ””အစွမ်းထက်မြက်သော အင်မတန် ခက်ခဲနက်နဲပြီးဂမ္မီရဆန်သော ပုတ်တွေဖြစ်တဲ့ အတွက် ဘုရင့် ရှေ့တော်မှောက် ပြသရန် ရောက်ရှိလာရခြင်း ဖြစ်ပါသည် “”အကယ်၍ မူးမတ်တို့မှ ဤထူးဆန်းဖွယ်ရာကို ဘုရင်ကို ပြသခွင့် မပြုသော် အမျက်တော်ရှပြီး မင်းပြစ်မင်းဒဏ်သင့်မှာကို မကြောက်ပါ၏ လော “မူးမတ်များလည်းတွေဝေသွားတယ် အင်း ငါတို့ကိုလည်း ပညာ ရှိလို့ ဆိုလေတယ်..ငါတို့မှာက ညီလာခံသဘင်အတွင်း တသမ်းသမ်း တဝေဝေနဲ့ ငိုက်မြဲနေတာကလွဲပြီးတိုင်းပြည်ရေးရာရဲ့ အကောင်းအဆိုးက တစ်ခါမျှပင် မလျှောက်တင်ဘူးပေ..အချိန်တန်ရင် လစာဘဏ္ဌာ ငွေအသပြာရရင်ပြီးတာဘဲလေ” အင်း ဒီလုလင်က လည်း ငါတို့အပေါ်မည်သူတစ်ဦးတစ်ယောက်မျှ မဆိုခဲ့ဘူးသော’ ပညာရှိ မူးမတ် ” တို့လို့ သုံးနှုံးခဲ့တာ နားဝင်ချိုလှပေစွ တကား “” အင်း ..ခက်ချေပြီ ဘုရင် အမိန့်မှာတော့””မည်သည့် အကြောင်း အရာပင်မဆိုငါ ကိုယ်တော်မှ အပ မည်သူမျှ ဝေဖန်စွက်ဖက်ခွင့်မရှိလို့ “” အမိန့်တော်ချမှတ်ထားတာလဲရှိရဲ့ ငါတို့ ရှိတဲ့ ရာထူးလေးပါ ဖယ် ရှားပြီးထောင်းသွင်း အကျဉ်းချလေးမှ ဖြင့် “ကဲ မထူးလေဘူး ဆိုပြီး “” ချက်ချင်းပဲ ဘုရင့်ရှေ့တော်မှောက် ခေါ်ဆောင်သွားလိုက်တယ် “ဘု ရင်ရှေ့တော် ရောက်တယ်ဆိုရင်ဘဲဘုရင်ကြီးက “” ဟဲ့ ဘာမဟုတ်တဲ့ ပုတ်သည်ကို ငါ့ရဲ့နန်းရင်ပြင်ဝယ် ခေါ်ဆောင်လာရသနည်း ဖြစ်ရပ်အစုံကို သံတော်ဦး လျှောက်တင်စေ “

” မှန်လှပါ ဒီ ပုတ်ရောင်းသော လုလင်က သူ့ပုတ်တွေဟာ ထူးဆန်းတယ်လို့ ပြောနေကြောင်းပါ..အရှင်မင်းကြီးရှေ့ရောက်မှ ပြောပြမယ်ဆိုလို့ ခေါ်ဆောင်လာရကြောင်းပါ ဘုရား ” ကဲ အမောင်ရဲ့ပုတ်တွေက ဘယ်လိုထူးဆန်းတာလဲ လျှောက်တင်စေ “” ထူးလှပါတယ် အရှင်မင်းမြတ် ကျွန်တော်မျိုးရဲ့ပုတ်အထဲကိုဝင်ပြီးအပေါ်ကိုမော့ကြည့်ရင် နတ်ပြည်ခြောက်ထပ် အောက်ကိုငုံ့ကြည့်ရင် ငရဲကြီးရှစ်ထပ် ဘေးကိုကြည့်ရင် စကြာဠာအနှံ့ မြင်နိုင်ပါတယ် အရှင်မင်းမြတ် “”သို့သော်လည်း ဤ ပုတ်ထဲ ဝင်ကြည့်သူဟာ ဘုန်းကံနဲ့ တကွ မိစစ် ဖစစ် နဲ့ အကု သိုလ်ကင်းသူမှ ပကတိအမှန်ကို မြင်နိုင်ပါလိမ့်မယ် “”လို့လျောက်တင်လိုက်တယ်”” ဒါဆိုရင်လဲ အကြောင်းစုံသိစေဘို့ မင်းကြီးများ တစ်ယောက်ခြင်း ဝင်ကြည့်စေဟဲ့လို့မိန့်လိုက်တယ် “”အမတ်ချုပ်ကြီးက အရင်ဝင်ကြည့်တယ်..ပုတ်ထဲရောက်တော့အပေါ်ကြည့်လဲဘာမှမမြင် အောက်ငုံ့ကြည့်တော့လဲဘာမှမမြင် မှောင်အတိ ဖြစ်နေတယ်..ဒီချိန်မှာဘုရင်ကြီးက “”ဟဲ့ ပညာရှိအမတ်ချုတ်ကြီး ဘာမြင်တုံးဟဲ့ သူပြောစ ကားသည် မှန်ပါရဲ့လော “အမတ်ကြီးစဉ်းစားတယ် “”အင်း မွန်းကြပ်ပြီး အပုတ်နံ့ နံတာကလွဲလို့ ကောင်းတာဆို ဘာမှ မတွေ့ ဘာမှလဲမမြင်ရဘူး “”” မမြင်တာကို မမြင်ဘူးပြောပြန်ရင်လဲ ငါပဲ “မိ မစစ် ဖ မစစ်” ဖြစ်တော့မယ်ဒီလို အထင်ခံလို့ဘယ်ဖြစ်မလဲ..”” မှန်လှပါ နတ်ပြည်ရော ငရဲပြည်ပါ မြင်တွေ့ရကြောင်းပါဘုရား “”လို့လျောက်တင်သတဲ့ ဒီလိုနဲ့ တစ်ယောက်ပြီး တစ်ယောက်ဝင်ကြည့်လိုက်တာ နောက်ဆုံးဘုရင်ကြီးရဲ့အလှည့်ရောက်သွားတော့တယ်..ဘုရင်ကြီးလဲ ပုတ်ထဲရောက်တာနဲ့ ကြောင်စီစီလေးဖြစ်နေတာပေါ့..ဘုရင်ကြီး ဘယ်လိုဖြေမလဲဆိုတာကို အမတ်ချုပ်ကြီးအစ မူးမတ်အားလုံး စိတ်ဝင်တစားနားထောင်နေကြတယ်..ဘုရင် ကြီးစဉ်းစားရပြီလေ “”ငါကဘဲ ဘုန်းကံနဲ ပြီး မိ မစစ် ဖ မစစ်ဖြစ်လေ ရော့သလား.?အကုသိုလ်ကံများ နိမ့်နေလေသလား မသိလေတော့””အော့်အားလုံးက မြင်တယ်ဆိုတာပဲပြောသွားကြတာလေ. သူတို့ကဘဲ ငါ့ကိုဝိုင်းပြီး လိမ်ချင်လိမ် မလိမ်ချင်နေ ငါ့ကြမှမမြင်ဘူးလို့ပြောရင် ငါဘဲ သိက္ခာကျလေတော့မယ် မထူးပါဘူးကွယ် သူတို့နဲ့ အတိုင်အဖေါက်ညီအောင် တော့ ” ဟုတ်ပါသရောကွယ် တာဝတိံသာ နတ်ပြည် ငရဲပြည် က မေတ္တာပို့သံ ဆုတောင်းသံတွေတောင် ကြားနေရသေးသဗျား “”” လို့ ဆိုလိုက်ရသတဲ့..။ Moral – အသိဉာဏ်ပညာ မရှိပါက ရှင်ဘုရင်၊ မူးမတ်ဝန်ကြီးများ ဖြစ်လင့်ကစား သူများအလိမ်ခံရကြောင်းကို ဒီအကြောင်းအရာလေးက သာဓကပြပေးထားတာဖြစ်ပါတယ်။

credit – original

[zawgyi]

တစ္ခါတုန္းက တိုင္းျပည္ တစ္ျပည္မွာ ဘုရင္က မႈးႀကီးမတ္ရာ ေသနာပတိမ်ားကိုေခၚၿပီး ညီလာခံသဘင္ပြဲ ဆင္ႏြဲ က်င္းပတဲ့အခ်ိန္မွာ တာ ဝန္မွအပ မည္သူကိုမွ် ျဖတ္သန္းသြားလာခြင့္ မျပဳတဲ့အေၾကာင္းကို ေမာင္းထုၿပီးေၾကျငာဖို႔ အမိန႔္ထုတ္ျပန္လိုက္တယ္..ဒီလိုနဲ႔ဘဲ ညီ လာခံသဘင္ပြဲ က်င္းပတဲ့ေန႔ ကိုေရာက္ေသာ္ မထင္မွတ္ပဲ ဝါးေတြကို ခြဲခ်မ္းစိပ္ျဖာပီး ပုတ္ယက္ေရာင္းတဲ့႐ိုးသားတဲ့ ပုတ္ေရာင္းသမားတစ္ေယာက္ဟာ ဘုရင္ရဲ႕ ေမာင္းေၾကးနင္းခတ္သံကို မၾကားမိဘဲညီလာခံသဘင္ က်င္းပရာကို အမွတ္မထင္ ေရာက္လာခဲ့တယ္..မူးႀကီးမတ္ရာ စစ္ေသနာပတိမ်ားက နန္ရင္ျပင္ကို က်ဴးေက်ာ္ဝင္ေရာက္သူဟာဘယ္နည္းနဲ႔မွ် လူေကာင္းမျဖစ္ႏိုင္ဘုရင္ကိုလုပ္ႀကံမယ့္ သူလွ်ိဳ ဘဲျဖစ္ရမယ္ဆိုတဲ့အေတြးနဲ႔ ဝိုင္းဖမ္းၿပီး စစ္ေမးတာေပါ့..ဒီေတာ့ပုတ္ေရာင္းသမားလဲ အရမ္းေၾကာက္သြားတယ္ ၿပီးေတာ့စဥ္းစားတယ္..”” အင္းငါကလည္း ေလ့လာစူးစမ္းျခင္းဆိုတာမရွိ ဒီတိုင္းဆို ငါေတာ့မလြယ္ေပဘူး..ထိုသို႔ စဥ္းစားေနခ်ိန္မွာ စစ္ေသနာပတိက””အေမာင္လုလင္ ဤ နန္ရင္ျပင္သို႔ ျဖတ္သန္းသြားလာျခင္းမျပဳရန္ တားျမစ္ထားလွ်က္နဲ႔ ဘယ္အတြက္ရယ္ေၾကာင့္ မင္းမိန႔္ကိုဖီဆံ အာခံရပါသနည္း..?မင္းျပင္မင္းဒဏ္ ခံရမည္ကို မေၾကာက္၍ေလာ “”ခက္ေခ်ၿပီ မင္းမႈထမ္း ဆိုတာကလည္း လက္ညႇိဳးေထာင္ေခါင္း ညိမ့္ယုံကလြဲၿပီး စဥ္းစားေတြးေခၚတတ္တဲ့ဉာဏ္ပညာ ရွိတာက မဟုတ္သူ႔ေနရာတည္ၿမဲေရးသာ အေလးထားသူေတြကမ်ားတာေလ ဘုရင္အမ်က္ေတာ္ရွၿပီး ေသဒဏ္ေပး လိုက္မွျဖင့္ မေတြးဝံ့စရာ အင္း – ငါႀကံမွဘဲ “”ျဖတ္သန္းသြားလာခြင့္ တားျမစ္ထားသည္ကို သိပါသည္ သို႔ေပေသာ္လည္း “” ဤကဲ့သို႔ ဘု ရင္နဲ႔တကြ ပညာရွိ မူးႀကီးမတ္ရာ စစ္ေသနာပတိတို႔ စုံညီခ်ိန္ “” က်ဳပ္ရဲ႕ဟဲဒီပုတ္ေတြဟာ သာမန္ ဆန္စပါးထည့္ရေသာ ပုတ္ေတြမဟုတ္ပါ””အစြမ္းထက္ျမက္ေသာ အင္မတန္ ခက္ခဲနက္နဲၿပီးဂမၼီရဆန္ေသာ ပုတ္ေတြျဖစ္တဲ့ အတြက္ ဘုရင့္ ေရွ႕ေတာ္ေမွာက္ ျပသရန္ ေရာက္ရွိလာရျခင္း ျဖစ္ပါသည္ “”အကယ္၍ မူးမတ္တို႔မွ ဤထူးဆန္းဖြယ္ရာကို ဘုရင္ကို ျပသခြင့္ မျပဳေသာ္ အမ်က္ေတာ္ရွၿပီး မင္းျပစ္မင္းဒဏ္သင့္မွာကို မေၾကာက္ပါ၏ ေလာ “မူးမတ္မ်ားလည္းေတြေဝသြားတယ္ အင္း ငါတို႔ကိုလည္း ပညာ ရွိလို႔ ဆိုေလတယ္..ငါတို႔မွာက ညီလာခံသဘင္အတြင္း တသမ္းသမ္း တေဝေဝနဲ႔ ငိုက္ၿမဲေနတာကလြဲၿပီးတိုင္းျပည္ေရးရာရဲ႕ အေကာင္းအဆိုးက တစ္ခါမွ်ပင္ မေလွ်ာက္တင္ဘူးေပ..အခ်ိန္တန္ရင္ လစာဘဏၭာ ေငြအသျပာရရင္ၿပီးတာဘဲေလ” အင္း ဒီလုလင္က လည္း ငါတို႔အေပၚမည္သူတစ္ဦးတစ္ေယာက္မွ် မဆိုခဲ့ဘူးေသာ’ ပညာရွိ မူးမတ္ ” တို႔လို႔ သုံးႏႈံးခဲ့တာ နားဝင္ခ်ိဳလွေပစြ တကား “” အင္း ..ခက္ေခ်ၿပီ ဘုရင္ အမိန႔္မွာေတာ့””မည္သည့္ အေၾကာင္း အရာပင္မဆိုငါ ကိုယ္ေတာ္မွ အပ မည္သူမွ် ေဝဖန္စြက္ဖက္ခြင့္မရွိလို႔ “” အမိန႔္ေတာ္ခ်မွတ္ထားတာလဲရွိရဲ႕ ငါတို႔ ရွိတဲ့ ရာထူးေလးပါ ဖယ္ ရွားၿပီးေထာင္းသြင္း အက်ဥ္းခ်ေလးမွ ျဖင့္ “ကဲ မထူးေလဘူး ဆိုၿပီး “” ခ်က္ခ်င္းပဲ ဘုရင့္ေရွ႕ေတာ္ေမွာက္ ေခၚေဆာင္သြားလိုက္တယ္ “ဘု ရင္ေရွ႕ေတာ္ ေရာက္တယ္ဆိုရင္ဘဲဘုရင္ႀကီးက “” ဟဲ့ ဘာမဟုတ္တဲ့ ပုတ္သည္ကို ငါ့ရဲ႕နန္းရင္ျပင္ဝယ္ ေခၚေဆာင္လာရသနည္း ျဖစ္ရပ္အစုံကို သံေတာ္ဦး ေလွ်ာက္တင္ေစ “” မွန္လွပါ ဒီ ပုတ္ေရာင္းေသာ လုလင္က သူ႔ပုတ္ေတြဟာ ထူးဆန္းတယ္လို႔ ေျပာေနေၾကာင္းပါ..အရွင္မင္းႀကီးေရွ႕ေရာက္မွ ေျပာျပမယ္ဆိုလို႔ ေခၚေဆာင္လာရေၾကာင္းပါ ဘုရား ” ကဲ အေမာင္ရဲ႕ပုတ္ေတြက ဘယ္လိုထူးဆန္းတာလဲ ေလွ်ာက္တင္ေစ “” ထူးလွပါတယ္ အရွင္မင္းျမတ္ ကြၽန္ေတာ္မ်ိဳးရဲ႕ပုတ္အထဲကိုဝင္ၿပီးအေပၚကိုေမာ့ၾကည့္ရင္ နတ္ျပည္ေျခာက္ထပ္ ေအာက္ကိုငုံ႔ၾကည့္ရင္ ငရဲႀကီးရွစ္ထပ္ ေဘးကိုၾကည့္ရင္ စၾကာဠာအႏွံ႔ ျမင္ႏိုင္ပါတယ္ အရွင္မင္းျမတ္ “”သို႔ေသာ္လည္း ဤ ပုတ္ထဲ ဝင္ၾကည့္သူဟာ ဘုန္းကံနဲ႔ တကြ မိစစ္ ဖစစ္ နဲ႔ အကု သိုလ္ကင္းသူမွ ပကတိအမွန္ကို ျမင္ႏိုင္ပါလိမ့္မယ္ “”လို႔ေလ်ာက္တင္လိုက္တယ္”” ဒါဆိုရင္လဲ အေၾကာင္းစုံသိေစဘို႔ မင္းႀကီးမ်ား တစ္ေယာက္ျခင္း ဝင္ၾကည့္ေစဟဲ့လို႔မိန႔္လိုက္တယ္ “”အမတ္ခ်ဳပ္ႀကီးက အရင္ဝင္ၾကည့္တယ္..ပုတ္ထဲေရာက္ေတာ့အေပၚၾကည့္လဲဘာမွမျမင္ ေအာက္ငုံ႔ၾကည့္ေတာ့လဲဘာမွမျမင္ ေမွာင္အတိ ျဖစ္ေနတယ္..ဒီခ်ိန္မွာဘုရင္ႀကီးက “”ဟဲ့ ပညာရွိအမတ္ခ်ဳတ္ႀကီး ဘာျမင္တုံးဟဲ့ သူေျပာစ ကားသည္ မွန္ပါရဲ႕ေလာ “အမတ္ႀကီးစဥ္းစားတယ္ “”အင္း မြန္းၾကပ္ၿပီး အပုတ္နံ႔ နံတာကလြဲလို႔ ေကာင္းတာဆို ဘာမွ မေတြ႕ ဘာမွလဲမျမင္ရဘူး “”” မျမင္တာကို မျမင္ဘူးေျပာျပန္ရင္လဲ ငါပဲ “မိ မစစ္ ဖ မစစ္” ျဖစ္ေတာ့မယ္ဒီလို အထင္ခံလို႔ဘယ္ျဖစ္မလဲ..”” မွန္လွပါ နတ္ျပည္ေရာ ငရဲျပည္ပါ ျမင္ေတြ႕ရေၾကာင္းပါဘုရား “”လို႔ေလ်ာက္တင္သတဲ့ ဒီလိုနဲ႔ တစ္ေယာက္ၿပီး တစ္ေယာက္ဝင္ၾကည့္လိုက္တာ ေနာက္ဆုံးဘုရင္ႀကီးရဲ႕အလွည့္ေရာက္သြားေတာ့တယ္..ဘုရင္ႀကီးလဲ ပုတ္ထဲေရာက္တာနဲ႔ ေၾကာင္စီစီေလးျဖစ္ေနတာေပါ့..ဘုရင္ႀကီး ဘယ္လိုေျဖမလဲဆိုတာကို အမတ္ခ်ဳပ္ႀကီးအစ မူးမတ္အားလုံး စိတ္ဝင္တစားနားေထာင္ေနၾကတယ္..ဘုရင္ ႀကီးစဥ္းစားရၿပီေလ “”ငါကဘဲ ဘုန္းကံနဲ ၿပီး မိ မစစ္ ဖ မစစ္ျဖစ္ေလ ေရာ့သလား.?အကုသိုလ္ကံမ်ား နိမ့္ေနေလသလား မသိေလေတာ့””ေအာ့္အားလုံးက ျမင္တယ္ဆိုတာပဲေျပာသြားၾကတာေလ. သူတို႔ကဘဲ ငါ့ကိုဝိုင္းၿပီး လိမ္ခ်င္လိမ္ မလိမ္ခ်င္ေန ငါ့ၾကမွမျမင္ဘူးလို႔ေျပာရင္ ငါဘဲ သိကၡာက်ေလေတာ့မယ္ မထူးပါဘူးကြယ္ သူတို႔နဲ႔ အတိုင္အေဖါက္ညီေအာင္ ေတာ့ ” ဟုတ္ပါသေရာကြယ္ တာဝတႎသာ နတ္ျပည္ ငရဲျပည္ က ေမတၱာပို႔သံ ဆုေတာင္းသံေတြေတာင္ ၾကားေနရေသးသဗ်ား “”” လို႔ ဆိုလိုက္ရသတဲ့..။ Moral – အသိဉာဏ္ပညာ မရွိပါက ရွင္ဘုရင္၊ မူးမတ္ဝန္ႀကီးမ်ား ျဖစ္လင့္ကစား သူမ်ားအလိမ္ခံရေၾကာင္းကို ဒီအေၾကာင္းအရာေလးက သာဓကျပေပးထားတာျဖစ္ပါတယ္။