ဘုရင်ကြီး လက်စွပ်ခိုးတာ ဘယ်သူလဲ

တစ်ခါတုန်းက ဘုရင်ကြီးတစ်ဦးရဲ့ လက်စွပ်ဟာ ပျောက်ဆုံးခဲ့တယ်။ ဘုရင်ကြီးဟာ ပညာရှိ တရားသူကြီးကို နန်းတွင်းသို့လာရောက်ဖို့ လှမ်း ခေါ်လိုက်တယ်။ ပညာရှိ နန်းတွင်းသို့ရောက်ရှိလာတဲ့အခါမှာတော့ ဘုရင်ကြီးက “ငါ့အဖေကငါ့ကိုလက်ဆောင်ပေးခဲ့တဲ့ လက်စွပ်ပျောက်သွားတယ်။ ကျေးဇူးပြုပြီးရှာပေးပါ” လို့‌ပြောလိုက်တယ်။ ပညာရှိက “အရှင်မင်းကြီး စိတ်မပူပါနဲ့၊ မင်းကြီးရဲ့ လက်စွပ်ကို ကျွန်တော်မျိုး အခုပဲရှာပေးပါ့မယ်” လို့ပြောပါတယ်။ ပညာရှိက နန်းတွင်းသူ‌အားလုံးကို ခေါ်၍ ဗေဒင်တွက်နေပုံလုပ်လိုက်ပြီး “အရှင်မင်းကြီးရဲ့ လက် စွပ်က ဒီနန်းတွင်းမှာပဲ ရှိပါသေးတယ်။ ခေါင်းပေါ်မှာ ကောက်ရိုးတင်နေတဲ့ နန်းတွင်းသူထံမှာ မင်းကြီးရဲ့လက်စွပ် ရှိပါတယ်” လို့‌ပြောလိုက်တယ်။

မင်းကြီးရဲ့လက်စွပ် ခိုးထားတဲ့ နန်းတွင်းသူလည်း ရုတ်တရက် အလွန်အံ့အားသင့်သွားပြီး သူ့ရဲ့ခေါင်းပေါ်ကို ချက်ချင်းလက်မြောက်လိုက်တယ်။ ပညာရှိက နန်းတွင်းသူရဲ့ ဤလုပ်ရပ်ကိုချက်ချင်း သတိပြုမိလိုက်တယ်။ သူက နန်းတွင်းသူကို လက်ညှိုးညွှန်ပြလိုက်ပြီး “ဒီနန်းတွင်း သူကို ရှာ‌ဖွေစစ်ဆေးလိုက်ရင် အရှင်မင်းကြီးရဲ့ လက်စွပ်ကို ပြန်တွေ့မှာ ပါ လို့” မင်းကြီးကိုလျောက်ထားလိုက်တယ်။ စစ်ဆေးရာမှာလည်း လက်စွပ်ကိုပြန်ရရှိခဲ့ပါတယ်။မင်းကြီးလည်း ပညာရှိရဲ့ လက်စွပ်သူခိုးဖေါ်ထုတ်ပုံကို နားမလည်တာနဲ့ မေးမြန်းကြည့်တော့ ပညာရှိက အပြစ် ရှိသူသည်အမြဲတမ်းကြောက်နေတတ်ကြောင်းပြောခဲ့သည်။ သင်ခန်းစာ – အပြစ်ရှိသူ အပြစ်လုပ်ထားသူများဟာ လိပ်ပြာမလုံ ကြောက်နေတတ်ကြတယ်။

မူရင်း Credit

[zawgyi]

တစ္ခါတုန္းက ဘုရင္ႀကီးတစ္ဦးရဲ႕ လက္စြပ္ဟာ ေပ်ာက္ဆုံးခဲ့တယ္။ ဘုရင္ႀကီးဟာ ပညာရွိ တရားသူႀကီးကို နန္းတြင္းသို႔လာေရာက္ဖို႔ လွမ္း ေခၚလိုက္တယ္။ ပညာရွိ နန္းတြင္းသို႔ေရာက္ရွိလာတဲ့အခါမွာေတာ့ ဘုရင္ႀကီးက “ငါ့အေဖကငါ့ကိုလက္ေဆာင္ေပးခဲ့တဲ့ လက္စြပ္ေပ်ာက္သြားတယ္။ ေက်းဇူးျပဳၿပီးရွာေပးပါ” လို႔‌ေျပာလိုက္တယ္။ ပညာရွိက “အရွင္မင္းႀကီး စိတ္မပူပါနဲ႔၊ မင္းႀကီးရဲ႕ လက္စြပ္ကို ကြၽန္ေတာ္မ်ိဳး အခုပဲရွာေပးပါ့မယ္” လို႔ေျပာပါတယ္။ ပညာရွိက နန္းတြင္းသူ‌အားလုံးကို ေခၚ၍ ေဗဒင္တြက္ေနပုံလုပ္လိုက္ၿပီး “အရွင္မင္းႀကီးရဲ႕ လက္ စြပ္က ဒီနန္းတြင္းမွာပဲ ရွိပါေသးတယ္။ ေခါင္းေပၚမွာ ေကာက္႐ိုးတင္ေနတဲ့ နန္းတြင္းသူထံမွာ မင္းႀကီးရဲ႕လက္စြပ္ ရွိပါတယ္” လို႔‌ေျပာလိုက္တယ္။မင္းႀကီးရဲ႕လက္စြပ္ ခိုးထားတဲ့ နန္းတြင္းသူလည္း ႐ုတ္တရက္ အလြန္အံ့အားသင့္သြားၿပီး သူ႔ရဲ႕ေခါင္းေပၚကို ခ်က္ခ်င္းလက္ေျမာက္လိုက္တယ္။ ပညာရွိက နန္းတြင္းသူရဲ႕ ဤလုပ္ရပ္ကိုခ်က္ခ်င္း သတိျပဳမိလိုက္တယ္။ သူက နန္းတြင္းသူကို လက္ညႇိဳးၫႊန္ျပလိုက္ၿပီး “ဒီနန္းတြင္း သူကို ရွာ‌ေဖြစစ္ေဆးလိုက္ရင္ အရွင္မင္းႀကီးရဲ႕ လက္စြပ္ကို ျပန္ေတြ႕မွာ ပါ လို႔” မင္းႀကီးကိုေလ်ာက္ထားလိုက္တယ္။ စစ္ေဆးရာမွာလည္း လက္စြပ္ကိုျပန္ရရွိခဲ့ပါတယ္။မင္းႀကီးလည္း ပညာရွိရဲ႕ လက္စြပ္သူခိုးေဖၚထုတ္ပုံကို နားမလည္တာနဲ႔ ေမးျမန္းၾကည့္ေတာ့ ပညာရွိက အျပစ္ ရွိသူသည္အၿမဲတမ္းေၾကာက္ေနတတ္ေၾကာင္းေျပာခဲ့သည္။ သင္ခန္းစာ – အျပစ္ရွိသူ အျပစ္လုပ္ထားသူမ်ားဟာ လိပ္ျပာမလုံ ေၾကာက္ေနတတ္ၾကတယ္။