ဘုရားကျောင်းကန် စေတီပုထိုးတွေမှာ တွေ့ရလေ့ရှိတဲ့ တံခွန်တိုင် နှင့် ဟင်္သာရုပ်တို့ရဲ့ အဓိပ္ပါယ်

မိမိတို့ “ထေရဝါဒဗုဒ္ဓဘာသာ မြန်မာနိုင်ငံ”ဆိုတာ ယဉ်ကျေးမှုသုခုမအလင်းတွေ ထည်ဝါခဲ့ကြတဲ့ နိုင်ငံဖြစ်တယ်ဆိုတာ သိပြီး ဖြစ်ကြပါလိမ့်မယ်။ဒါပေမယ့် ခေတ်သစ်မှာ အချို့အရာတွေနဲ့ပတ်သက်ပြီး မရှင်းမလင်းရုံမက ယောင်ဝါးဝါးတွေ ဖြစ်လို့ နေကြပါတယ်။ဒီနေရာမှာ”တံခွန် တိုင်” ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြရရင်-“တံခွန်တိုင်”လို့ ခေါ်ရခြင်းက-ဘုရား ပုထိုး စေတီတော်တွေရဲ့အနီးမှာ တိုင်တွေ စိုက်ထူထားတတ်ကြပါတယ်။အဲဒီတိုင်တွေရဲ့ ထိပ်ဖျားမှာ “တံ ခွန်”တွေကို လွှင့်ထူထားကြလို့ “တံခွန်တိုင်”လို့ ခေါ်ပါတယ်။”တံခွန်”ဆိုတာ -ရှေးအခါက -ယာဉ်ရထားတွေ -အဆောက်အဦတွေမှာ ထင်ရှားပေါ်လွင်အောင် တင့်တယ်အောင် လွှင့်ထူလေ့ရှိကြတဲ့ “အလံ”ကို “တံခွန်”လို့ ခေါ်ခြင်းပါ။-တံခွန်လုံး -တံခွန်ပြား -တံခွန်ကုက္ကား စသဖြင့် များစွာရှိကြပေမယ့် “တံခွန်တိုင်”မှာ တပ်ဆင်လေ့ရှိတဲ့ “တံခွန်”တွေကတော့ “လုံးဝန်းပြီး ရှည်မြောမြောသဏ္ဍာန်ရှိကာ ဝါးနဲ့ ရက်လုပ်ထားတဲ့ တံခွန်”တွေ ဖြစ်ပါတယ်။”ဝါး”ကို အခွေလိုက်ပြုကာ အ ပေါ်ကနေ “စက္ကူ”ကပ်ပြီး စက္ကူပေါ်မှာ “ဗုဒ္ဓဝင်ဖြစ်စဉ်တွေ ဗုဒ္ဓမုခပါဌ်ဓမ္မ”တွေကို ရေးသားထားကြပါတယ်။ဒါပေမယ့် ယခုအခါမှာတော့ “တံခွန်တိုင်”တွေမှာ ချိတ်ဆွဲတင်ရမယ့် “တံ ခွန်”တွေ မတွေ့ရသလောက် ရှားပါးနေပြီလို့ သုတေသီတို့က ဆိုကြပါတယ်။ရှေးက “တံခွန်တိုင်”ကို “သစ်တွေ ,ဝါးတွေ”နဲ့ ပြုလုပ်ခဲ့ကြပေမယ့် နှောင်းခတ်မှာ “အုဋ္ဌ်,အင်္ဂတေ”တွေနဲ့သာ ပြုလုပ်ကြပါတော့ တယ်။”တံခွန်တိုင်”ဆိုတာတိုင်မြင့်မြင့်ထူကာ အဝေးကနေ မြင်နိုင်အောင် “တံခွန်လုံး ,တံခွန်ပြား”တွေ ချိတ်ဆွဲထားကြပြီး -“ဒီနေရာမှာ ဘုရား ပုထိုး စေတီ ရှိတယ်။ လာရောက် ဖူးမြှော်ပူဇော်ကြပါ”-ဆိုတဲ့ ရည်ရွယ်ချက်အဓိပ္ပာယ်နဲ့ စိုက်ထူထားတဲ့အရာလို့ ဆိုကြပါတယ်။ “တံခွန်တိုင်”ထိပ်မှာ ထုလုပ်ထားတဲ့ “ဟင်္သာရုပ်ပုံ”ကို ရှုကြည့်ရင်တော့-“သေခြင်းတရား ဟာ လျင်မြန်လွန်းလှပါတယ်။ မသေရာဆီ သွားဖို့ မမေ့မလျော့ မပေါ့မဆဘဲ ဒါန -သီလ -ဘာဝနာများ ကြိုးစားအားထုတ်ကြဖို့ရန် ဒီနေရာဆီ လာကြပါ။ဒီနေရာမှာ မသေရာဆီ ပို့ပေးမယ့် ဘုရား စေတီတော် တရားတော်တွေ ရှိပါတယ်” -လို့ ဖိတ်ခေါ်ချင်လို့ “တံခွန်တိုင်”ကို ထူထားကြတယ်လို့ ဆိုနိုင်ပါတယ်။ဘာကို ထောက်ဆပြီး သိရလဲဆိုရင်”ဇဝနဟံသဇာတ်တော်”ကို ထောက်ဆပြီး သိရပါတယ်။”တံခွန်တိုင်နဲ့ ဟင်္သာ”_”မြတ်စွာဘုရားရှင်”ဟာ “အလောင်းတော် ဘဝ”က “ဇဝန” မည်တဲ့ “ဟင်္သာမင်း” ဖြစ်ခဲ့ဖူးပါတယ်။ဟင်္သာ ပေါင်း ကိုးသောင်း အခြံအရံ ရှိပါတယ်။ သူ့မှာ ညီငယ် ဟင်္သာနှစ်ကောင်လဲ ရှိပြီး “စိတ္တကုဋ်တောင်”မှာ နေထိုင်ကြပါတယ်။တစ်နေ့မှာ ညီငယ်များက “နေ”နဲ့အပြိုင် ပျံသန်းလိုတာကြောင့် သူတို့ရဲ့အစ်ကို “ဟင်္သာမင်း”ဆီမှာ ခွင့်တောင်းပါတယ်။ ညီငယ်များ လမ်းခရီးမှာ ဒုက္ခရောက်နိုင်တာကို သိတဲ့အတွက် ခွင့်မပြုခဲ့ဘူး။ညီငယ် (၂)ကောင်ဟာ အစ်ကိုရဲ့စကားကို နားမထောင်ဘဲ နေနဲ့ပြိုင်ဖို့အတွက် “နေ”မထွက်မီကတည်းက “ယုဂ န္ဓိုရ်တောင်ထိပ်”ကနေ သွားစောင့်နေပါတယ်။ “နေ”ထွက်တာနဲ့ “နေ”နဲ့အပြိုင် ပျံသန်းကြပါတယ်။လမ်းခရီးမှာ “နေ”ရဲ့အရှိန်ကြောင့် “အငယ်ဆုံးကောင်”ရဲ့အတောင်မှာ မီးစွဲလောင်ပါတယ်။ဒီအကြောင်းကို “ဟင်္သာမင်း” ကြားသိတဲ့အခါ လျင်မြန်တဲ့အဟုန်နဲ့ပျံလာကာ “ညီငယ်”ကို ကယ်ပြီး “စိတ္တကုဋ်တောင်”ကို ပို့ပေးခဲ့ပါတယ်။

မွန်းတည့်အချိန်ရောက်တဲ့အခါ “အကြီးကောင်”ဆက်လက်ပြီး မပျံနိုင်တော့တဲ့အတွက် “စိတ္တကုဋ်တောင်”ကို ပို့ပေးခဲ့ရပြန်တယ်။”ဟင်္သာမင်း”က သူလဲ “နေ”နဲ့အပြိုင်ပျံသန်းပြီး သူ့ရဲ့အဟုန်ကို စမ်းသပ်ခဲ့ပါတယ်။အကျိုးမရှိကြောင်း မြင်ရတဲ့အခါ အဲဒီလိုပျံသန်းခြင်းကို ရပ်နားပြီး “ဗာ ရာဏသီမြို့”ကို ပျံလာခဲ့ပါတယ်။”ဟင်္သာမင်း”ရဲ့အရိပ်ဟာ “ဗာရာဏသီမြို့”တစ်ခုလုံးကို လွမ်းမိုးသွားပါတယ်။ဒီလို ထူးဆန်းတဲ့အကြောင်းအရာကို “ဗာရာဏသီမင်း”က သူ့နန်းတော်ထဲ ရောက် လာတဲ့ “ဟင်္သာမင်း”ကို မေးတဲ့အခါ –သူဟာ “နေနဲ့အတူ ပျံသန်းနိုင်ခဲ့တယ်”ဆိုတဲ့အကြောင်း ပြောပါတယ်။”မင်းကြီး”က –“ဟင်္သာမင်းရဲ့ အဲဒီအဟုန်ကို မြင်ချင်တယ်”လို့ ပြောတဲ့အခါ “ဘု ရားအလောင်းဟင်္သာမင်း”က -နေနဲ့အဟုန်မပြိုင်ဘဲ -အဟုန်တူတဲ့ လေးသည်တော် လေးယောက် ကို ခေါ်ပြီး ကျောခြင်းကပ်ရပ်စေကာ အရပ်လေးမျက်နှာကို မြား တစ်စင်းစီ ပစ်လွတ်စေခဲ့ပါတယ်။”ချူလုံး” ဆွဲထားတဲ့”ဟင်္သာမင်း”က လျင်မြန်တဲ့အဟုန်နဲ့ “မြားလေးစင်း”ကို ဖမ်းယူကာ လေးသမားများရဲ့ အနီး ချထားခဲ့ပြီးမှ “တိုင်ထိပ်”မှာ ရပ်နားနေလိုက်ပါတယ်။ လျင် မြန်လွန်းတဲ့အတွက် “ဟင်္သာမင်း”ကို မမြင်ရဘဲ ချူသံသာ ကြားလိုက်ရပါတယ်။”မင်းကြီး”က -“ဒီထက်မြန်တဲ့အဟုန် ရှိပါဦးမလား”-လို့ မေးတဲ့အခါ -“ဘုရားအလောင်းတော်”က”ဒီအဟုန်ထက် အဆတစ်ရာ,အဆတစ်ထောင်,အဆတစ်သိန်း မက မြန်တဲ့ အရာရှိပါတယ်။ အဲဒါကတော့ “သေခြင်းတရား”ပါပဲ”-လို့ ပြောလိုက်တဲ့အခါ “မင်းကြီး”ထိတ်လန့် တုန်လှုပ်သွားပါတယ်။ “ဟ င်္သာမင်း”က “မင်းကြီး”ကို တရားဟောပြီး သက်သာရာ ရစေခဲ့ပါတယ်။အထက်ပါ “ဇဝနဟံသဇာတ်တော်”ကို ကြည့်ရှုပြီး ဆိုလိုချက် သဘောအဓိပ္ပာယ် ပေါ်လွင်လောက်ပြီလို့ ယုံကြည်ပါတယ်။”ဟင်္သာမင်း”ရဲ့ ဖြစ်တော်စဉ် “ပါရမီ စရိယ”ဇာတ်များစွာမှနေ နှောင်းလူတွေ–အသိရအောင် -သဒ္ဓါပေါက်အောင် -ဖူးမြှော်တတ်အောင် -အမှတ်တရရှိအောင် ထုလုပ်ထားခဲ့ခြင်း ဖြစ်ပါတယ်။”သိကြားရုပ်နဲ့ နတ်မင်းကြီးလေးပါး” _မြင်တွေ့နေရတဲ့ “တံခွန်တိုင်”တွေကို လေ့လာကြည့်ရင် -မြင့်မားဖြောင့်တန်းရှည်လျားတဲ့ “အုဋ္ဌ်တိုင်”နဲ့ -အဲဒီ”အုဋ္ဌ်တိုင်”ရဲ့ခြေရင်းမှာ “ပလ္လင်ခုံ” ရှိပါတယ်။အဲဒီ”ပလ္လင်ခုံ”ပေါ်မှာ “ဗဟိုတိုင်”ကိုပတ်ရံပြီး “နတ်ရုပ်,သိကြားရုပ် ,ဗြဟ္မာရုပ်”တွေ ခြယ်လှယ်ဆင်သလေ့ ရှိကြပါတယ်။တိုင်ရဲ့ထိပ်မှာတော့ “ဟင်္သာ”-သာမက -ကရဝိက် -ဂဠုန် -ပြာဿဿ ဒ် စေတီ စသည်ကို တင်လေ့ရှိကြပါတယ်။ရှေးကတော့ “တံခွန်တိုင်”ဆိုရင် -အခြေမှာ “သိကြားရုပ်”ပါမှ အင်္ဂါစုံတယ်လို့ မှတ်ယူကြပြီး “သိကြားရုပ်”ကို မပါမဖြစ်လေးနက်တဲ့ အဓိပ္ပာယ်တွေနဲ့ ထည့်ပေးကြခြင်းပါ။ထုလုပ်လေ့ရှိတဲ့ “သိကြားရုပ်ရဲ့ ဟန်”တွေကလည်း(၁) သိ ကြားမင်း ခရုသင်းကိုင်နေဟန် (၂) ရှိခိုးနေဟန် (၃) သံတုတ်(ဝရဇိန်)လက်နက်ကိုင်နေဟန်(၄) စောင်းပိုက်နေဟန်-ဆိုပြီး “လေးမျိုးလေးစား” နဲ့ ဟန်အသီးသီးမှာ အထိမ်းအမှတ်တွေအဖြစ်ပြုလုပ်ထားခြင်းဖြစ်ပါတယ်။

Credit – မူရင်း

[zawgyi]

မိမိတို႔ “ေထရဝါဒဗုဒၶဘာသာ ျမန္မာႏိုင္ငံ”ဆိုတာ ယဥ္ေက်းမႈသုခုမအလင္းေတြ ထည္ဝါခဲ့ၾကတဲ့ ႏိုင္ငံျဖစ္တယ္ဆိုတာ သိၿပီး ျဖစ္ၾကပါလိမ့္မယ္။
ဒါေပမယ့္ ေခတ္သစ္မွာ အခ်ိဳ႕အရာေတြနဲ႔ပတ္သက္ၿပီး မရွင္းမလင္း႐ုံမက ေယာင္ဝါးဝါးေတြ ျဖစ္လို႔ ေနၾကပါတယ္။ဒီေနရာမွာ”တံခြန္တိုင္” ဆိုတာနဲ႔ ပတ္သက္ၿပီး ေျပာျပရရင္-“တံခြန္တိုင္”လို႔ ေခၚရျခင္းက-ဘုရား ပုထိုး ေစတီေတာ္ေတြရဲ႕အနီးမွာ တိုင္ေတြ စိုက္ထူထားတတ္ၾကပါတယ္။အဲဒီတိုင္ေတြရဲ႕ ထိပ္ဖ်ားမွာ “တံခြန္”ေတြကို လႊင့္ထူထားၾကလို႔ “တံခြန္တိုင္”လို႔ ေခၚပါတယ္။”တံခြန္”ဆိုတာ -ေရွးအခါက -ယာဥ္ရထားေတြ -အေဆာက္အဦေတြမွာ ထင္ရွားေပၚလြင္ေအာင္ တင့္တယ္ေအာင္ လႊင့္ထူေလ့ရွိၾကတဲ့ “အလံ”ကို “တံခြန္”လို႔ ေခၚျခင္းပါ။-တံခြန္လုံး -တံခြန္ျပား -တံခြန္ကုကၠား စသျဖင့္ မ်ားစြာရွိၾကေပမယ့္ “တံခြန္တိုင္”မွာ တပ္ဆင္ေလ့ရွိတဲ့ “တံခြန္”ေတြကေတာ့ “လုံးဝန္းၿပီး ရွည္ေျမာေျမာသ႑ာန္ရွိကာ ဝါးနဲ႔ ရက္လုပ္ထားတဲ့ တံခြန္”ေတြ ျဖစ္ပါတယ္။”ဝါး”ကို အေခြလိုက္ျပဳကာ အေပၚကေန “စကၠဴ”ကပ္ၿပီး စကၠဴေပၚမွာ “ဗုဒၶဝင္ျဖစ္စဥ္ေတြ ဗုဒၶမုခပါဌ္ဓမၼ”ေတြကို ေရးသားထားၾကပါတယ္။ဒါေပမယ့္ ယခုအခါမွာေတာ့ “တံခြန္တိုင္”ေတြမွာ ခ်ိတ္ဆြဲတင္ရမယ့္ “တံခြန္”ေတြ မေတြ႕ရသေလာက္ ရွားပါးေနၿပီလို႔ သုေတသီတို႔က ဆိုၾကပါတယ္။ေရွးက “တံခြန္တိုင္”ကို “သစ္ေတြ ,ဝါးေတြ”နဲ႔ ျပဳလုပ္ခဲ့ၾကေပမယ့္ ေႏွာင္းခတ္မွာ “အု႒္,အဂၤေတ”ေတြနဲ႔သာ ျပဳလုပ္ၾကပါေတာ့တယ္။
“တံခြန္တိုင္”ဆိုတာတိုင္ျမင့္ျမင့္ထူကာ အေဝးကေန ျမင္ႏိုင္ေအာင္ “တံခြန္လုံး ,တံခြန္ျပား”ေတြ ခ်ိတ္ဆြဲထားၾကၿပီး -“ဒီေနရာမွာ ဘုရား ပုထိုး ေစတီ ရွိတယ္။ လာေရာက္ ဖူးေျမႇာ္ပူေဇာ္ၾကပါ”-ဆိုတဲ့ ရည္႐ြယ္ခ်က္အဓိပၸာယ္နဲ႔ စိုက္ထူထားတဲ့အရာလို႔ ဆိုၾကပါတယ္။”တံခြန္တိုင္”ထိပ္မွာ ထုလုပ္ထားတဲ့ “ဟသၤာ႐ုပ္ပုံ”ကို ရႈၾကည့္ရင္ေတာ့-“ေသျခင္းတရား ဟာ လ်င္ျမန္လြန္းလွပါတယ္။ မေသရာဆီ သြားဖို႔ မေမ့မေလ်ာ့ မေပါ့မဆဘဲ ဒါန -သီလ -ဘာဝနာမ်ား ႀကိဳးစားအားထုတ္ၾကဖို႔ရန္ ဒီေနရာဆီ လာၾကပါ။ဒီေနရာမွာ မေသရာဆီ ပို႔ေပးမယ့္ ဘုရား ေစတီေတာ္ တရားေတာ္ေတြ ရွိပါတယ္” -လို႔ ဖိတ္ေခၚခ်င္လို႔ “တံခြန္တိုင္”ကို ထူထားၾကတယ္လို႔ ဆိုႏိုင္ပါတယ္။ဘာကို ေထာက္ဆၿပီး သိရလဲဆိုရင္”ဇဝနဟံသဇာတ္ေတာ္”ကို ေထာက္ဆၿပီး သိရပါတယ္။”တံခြန္တိုင္နဲ႔ ဟသၤာ”_”ျမတ္စြာဘုရားရွင္”ဟာ “အေလာင္းေတာ္ ဘဝ”က “ဇဝန”မည္တဲ့ “ဟသၤာမင္း” ျဖစ္ခဲ့ဖူးပါတယ္။ဟသၤာ ေပါင္း ကိုးေသာင္း အၿခံအရံ ရွိပါတယ္။ သူ႔မွာ ညီငယ္ ဟသၤာႏွစ္ေကာင္လဲ ရွိၿပီး “စိတၱကုဋ္ေတာင္”မွာ ေနထိုင္ၾကပါတယ္။တစ္ေန႔မွာ ညီငယ္မ်ားက “ေန”နဲ႔အၿပိဳင္ ပ်ံသန္းလိုတာေၾကာင့္ သူတို႔ရဲ႕အစ္ကို “ဟသၤာမင္း”ဆီမွာ ခြင့္ေတာင္းပါတယ္။ ညီငယ္မ်ား လမ္းခရီးမွာ ဒုကၡေရာက္ႏိုင္တာကို သိတဲ့အတြက္ ခြင့္မျပဳခဲ့ဘူး။ညီငယ္ (၂)ေကာင္ဟာ အစ္ကိုရဲ႕စကားကို နားမေထာင္ဘဲ ေနနဲ႔ၿပိဳင္ဖို႔အတြက္ “ေန”မထြက္မီကတည္းက “ယုဂႏၶိဳရ္ေတာင္ထိပ္”ကေန သြားေစာင့္ေနပါတယ္။ “ေန”ထြက္တာနဲ႔ “ေန”နဲ႔အၿပိဳင္ ပ်ံသန္းၾကပါတယ္။လမ္းခရီးမွာ “ေန”ရဲ႕အရွိန္ေၾကာင့္ “အငယ္ဆုံးေကာင္”ရဲ႕အေတာင္မွာ မီးစြဲေလာင္ပါတယ္။ဒီအေၾကာင္းကို “ဟသၤာမင္း” ၾကားသိတဲ့အခါ လ်င္ျမန္တဲ့အဟုန္နဲ႔ပ်ံလာကာ “ညီငယ္”ကို ကယ္ၿပီး “စိတၱကုဋ္ေတာင္”ကို ပို႔ေပးခဲ့ပါတယ္။မြန္းတည့္အခ်ိန္ေရာက္တဲ့အခါ “အႀကီးေကာင္”ဆက္လက္ၿပီး မပ်ံႏိုင္ေတာ့တဲ့အတြက္ “စိတၱကုဋ္ေတာင္”ကို ပို႔ေပးခဲ့ရျပန္တယ္။”ဟသၤာမင္း”က သူလဲ “ေန”နဲ႔အၿပိဳင္ပ်ံသန္းၿပီး သူ႔ရဲ႕အဟုန္ကို စမ္းသပ္ခဲ့ပါတယ္။အက်ိဳးမရွိေၾကာင္း ျမင္ရတဲ့အခါ အဲဒီလိုပ်ံသန္းျခင္းကို ရပ္နားၿပီး “ဗာရာဏသီၿမိဳ႕”ကို ပ်ံလာခဲ့ပါတယ္။”ဟသၤာမင္း”ရဲ႕အရိပ္ဟာ “ဗာရာဏသီၿမိဳ႕”တစ္ခုလုံးကို လြမ္းမိုးသြားပါတယ္။ဒီလို ထူးဆန္းတဲ့အေၾကာင္းအရာကို “ဗာရာဏသီမင္း”က သူ႔နန္းေတာ္ထဲ ေရာက္လာတဲ့ “ဟသၤာမင္း”ကို ေမးတဲ့အခါ –သူဟာ “ေနနဲ႔အတူ ပ်ံသန္းႏိုင္ခဲ့တယ္”ဆိုတဲ့အေၾကာင္း ေျပာပါတယ္။”မင္းႀကီး”က –
-“ဟသၤာမင္းရဲ႕ အဲဒီအဟုန္ကို ျမင္ခ်င္တယ္”လို႔ ေျပာတဲ့အခါ “ဘုရားအေလာင္းဟသၤာမင္း”က -ေနနဲ႔အဟုန္မၿပိဳင္ဘဲ -အဟုန္တူတဲ့ ေလးသည္ေတာ္ ေလးေယာက္ကို ေခၚၿပီး ေက်ာျခင္းကပ္ရပ္ေစကာ အရပ္ေလးမ်က္ႏွာကို ျမား တစ္စင္းစီ ပစ္လြတ္ေစခဲ့ပါတယ္။”ခ်ဴလုံး” ဆြဲထားတဲ့”ဟသၤာမင္း”က လ်င္ျမန္တဲ့အဟုန္နဲ႔ “ျမားေလးစင္း”ကို ဖမ္းယူကာ ေလးသမားမ်ားရဲ႕ အနီး ခ်ထားခဲ့ၿပီးမွ “တိုင္ထိပ္”မွာ ရပ္နားေနလိုက္ပါတယ္။ လ်င္ျမန္လြန္းတဲ့အတြက္ “ဟသၤာမင္း”ကို မျမင္ရဘဲ ခ်ဴသံသာ ၾကားလိုက္ရပါတယ္။”မင္းႀကီး”က -“ဒီထက္ျမန္တဲ့အဟုန္ ရွိပါဦးမလား”-လို႔ ေမးတဲ့အခါ -“ဘုရားအေလာင္းေတာ္”က”ဒီအဟုန္ထက္ အဆတစ္ရာ,အဆတစ္ေထာင္,အဆတစ္သိန္း မက ျမန္တဲ့ အရာရွိပါတယ္။ အဲဒါကေတာ့ “ေသျခင္းတရား”ပါပဲ”-လို႔ ေျပာလိုက္တဲ့အခါ “မင္းႀကီး”ထိတ္လန႔္ တုန္လႈပ္သြားပါတယ္။”ဟသၤာမင္း”က “မင္းႀကီး”ကို တရားေဟာၿပီး သက္သာရာ ရေစခဲ့ပါတယ္။အထက္ပါ “ဇဝနဟံသဇာတ္ေတာ္”ကို ၾကည့္ရႈၿပီး ဆိုလိုခ်က္ သေဘာအဓိပၸာယ္ ေပၚလြင္ေလာက္ၿပီလို႔ ယုံၾကည္ပါတယ္။”ဟသၤာမင္း”ရဲ႕ ျဖစ္ေတာ္စဥ္ “ပါရမီ စရိယ”ဇာတ္မ်ားစြာမွေန ေႏွာင္းလူေတြ–အသိရေအာင္ -သဒၶါေပါက္ေအာင္ -ဖူးေျမႇာ္တတ္ေအာင္ -အမွတ္တရရွိေအာင္ ထုလုပ္ထားခဲ့ျခင္း ျဖစ္ပါတယ္။”သိၾကား႐ုပ္နဲ႔ နတ္မင္းႀကီးေလးပါး” _ျမင္ေတြ႕ေနရတဲ့ “တံခြန္တိုင္”ေတြကို ေလ့လာၾကည့္ရင္ -ျမင့္မားေျဖာင့္တန္းရွည္လ်ားတဲ့ “အု႒္တိုင္”နဲ႔ -အဲဒီ”အု႒္တိုင္”ရဲ႕ေျခရင္းမွာ “ပလႅင္ခုံ” ရွိပါတယ္။အဲဒီ”ပလႅင္ခုံ”ေပၚမွာ “ဗဟိုတိုင္”ကိုပတ္ရံၿပီး “နတ္႐ုပ္,သိၾကား႐ုပ္ ,ျဗဟၼာ႐ုပ္”ေတြ ျခယ္လွယ္ဆင္သေလ့ ရွိၾကပါတယ္။တိုင္ရဲ႕ထိပ္မွာေတာ့ “ဟသၤာ”-သာမက -ကရဝိက္ -ဂဠဳန္ -ျပာႆႆ ဒ္ ေစတီ စသည္ကို တင္ေလ့ရွိၾကပါတယ္။ေရွးကေတာ့ “တံခြန္တိုင္”ဆိုရင္ -အေျခမွာ “သိၾကား႐ုပ္”ပါမွ အဂၤါစုံတယ္လို႔ မွတ္ယူၾကၿပီး “သိၾကား႐ုပ္”ကို မပါမျဖစ္ေလးနက္တဲ့ အဓိပၸာယ္ေတြနဲ႔ ထည့္ေပးၾကျခင္းပါ။ထုလုပ္ေလ့ရွိတဲ့ “သိၾကား႐ုပ္ရဲ႕ ဟန္”ေတြကလည္း(၁)သိၾကားမင္း ခ႐ုသင္းကိုင္ေနဟန္ (၂) ရွိခိုးေနဟန္ (၃) သံတုတ္(ဝရဇိန္)လက္နက္ကိုင္ေနဟန္(၄) ေစာင္းပိုက္ေနဟန္-ဆိုၿပီး “ေလးမ်ိဳးေလးစား” နဲ႔ ဟန္အသီးသီးမွာ အထိမ္းအမွတ္ေတြအျဖစ္ျပဳလုပ္ထားျခင္းျဖစ္ပါတယ္။