မင်းကွန်းဆရာတော်ကြီး၏ ငယ်ဘဝ ထူးခြားဖြစ်စဉ်

မင်း ကွန်းဆရာတော်ကြီး၏ဇာတိချက်ကြွေမွေးရပ်မြေဖြစ်သည့်ကျဉ်ပင်ရွာကားမြင်းခြံမြို့အနောက်ဘက် ယွန်းယွန်းတွင်တည်ရှိပါသည်။ မြို့နင့်တစ်မိုင်ကျော်လောက်သာဝေးသောရွာ ဖြစ်၍ လောကရေး ဓမ္မရေးအရေးရေးတွင်နောက်မကျလှပါ။ထိုရွာ၏ သူကြီးမှာဦးဆုံဖြစ်၍ ရွာသူကြီးကတော်မှာဒေါ်ဆင်ဖြစ်ပါသည်။ ထိုခေတ်ကကျေးရွာ အုပ်စုတစ်ခုကိုရွာသူကြီးတစ်ယောက် တည်းအုပ်ချုပ်ရပါသည်။ရွာသူကြီးမှာ အမျိုးအနွယ်အားဖြင့်လည်း အထက်တန်းကျပြီးပစ္စည်းဥစ္စာပေါများသူဖြစ်၍ကျေးရွာအုပ်စုအပေါ် အတော်သြဇာ ညောင်းပါသည်။မင်းကွန်းတိပိဋကဓရ လောင်းလျာကားထိုခေတ်ကသူကြီးဦးဆုံသူကြီးကတော်ဒေါ်ဆင်တို့မှ ၁၂၇၃ခု တန်ဆောင်းမုန်းလဆန်း ၁၁ရက် ဗုဒ္ဓဟူး နေ့တွင်ဖွားမြင်သောသားကောင်းရတနာတစ်ပါးဖြစ်ပါသည်။ သားသမီးသုံးယောက်အနက်ဒုတိယမြောက်သားရတနာဖြစ်ပါသည်။ ပထမသမီးကြီးမှာမသုံဖြစ်၍ သားထွေမှာ မောင်ဘသင်ဖြစ်ပါသည်။ မင်းကွန်းဆရာတော်ကြီး၏ ငယ်နာမည်မှာမောင်ခင်ဖြစ်သည်။ခမည်းတော် သူကြီးဦးဆုံ၊ မယ်တော်ဒေါ်ဆင် ၊သမီးကြီးမသုံ ၊သားလတ် ဆရာ တော်လောင်းလျာမောင်ခင် ၊သားငယ် မောင်ဘသင်တို့ပုံမောင်ခင်ကားငယ်စဉ်ကပင်သိမ်မွေ့နူးညံ့သောစိတ်နှလုံးရှိသည်။တောရွာအလိုက်အခြားကလေးငယ်များကြမ်းတမ်းသော ကစားမျိုးဖြစ်သည့်ကြေးသားရိုက်၊ထုတ်ထိုး၊တွတ်ထိုး ၊ခြေကန်အစရှိသည့်ကစားဝိုင်းများကို ဝေးစွာရှောင်ကြဉ်ခဲ့သည်။မောင်ခင်မှာလုပ်ငန်းတစ်ခုကို မည်မျှခက်ခဲပါစေပေါက်ပေါက်မြေက်မြောက်လုပ်တတ်သည်။လုပ်ရမည့်ကိစ္စမပြီးမချင်းနားလေ့မရှိ။မောင်ခင်(၇)နှစ်သား(၈)နှစ်သားလောက်ကကျည်ပင်ကျောင်းလှေခါးအဆင်းနားရှိရှောက်ချိုပင်ကြီးရှိသည်။လွယ်လွယ်ကူကူခူးလို့ရသောရှောက်ချိုသီးများကုန်သွား၍ ထိပ်ဆုံးမှခူးရခက်သော ရှောက်ချိုသီးကြီး တစ်လုံးကျန်နေသည်။ခူးရခက်သဖြင့် ဘုန်းကြီးကလည်းလျစ်လျူလျော့ထားလိုက်သည်။တစ်နေ့ကျောင်း သား များ ထိုရှောက်ချိုသီးကြီးကိုတက်ခူးကြသည်။ ဆူးဒဏ်ကိုမခံနိူင်၍ပြန်ဆင်းကြရသည့်ချည့်ဖြစ်သည်။မောင်ခင်သည် သူများတက်ခူးသည့်ကိုအသေအခြာကြည့်ရူသည်။ ဘယ်လိုတက်လို့ ဆူးဆူသည်။ဘယ်လိုတက်လျှင်လွတ်နိုင်မည်ကို ဆင်ခြင်နေသည်။သူတကာတတ်မရသည့် နောက်ဆုံးမောင်ခင်ငါတတ်မည်ဟုဆိုကာခါးတောင်းကိုမြောင်အောင်ကြိုက်ပြီးတတ်တော့ သည်။

ရူပ်ပွေလိမ်ကောက်နေသည့် ရှောက်ချိုကိုင်များအကြား ဆူးလွတ်အောင် ကွေ့ကာကော့ကာ ရှောင်ကာ ကော့ကာ ကုန်းကာဖြင်ခက်ခဲစွာကြံဖန်တတ်နေသည်။တစ်ခါတစ်ရံထိုင်စဉ်စားလိုက်တက်လိုက်ဖြင့် လုပ်နေစဉ် ” ဒီကောင်က ဘာမို့လို့လဲ မရနိူင်ပါဘူးပြန်ဆင်းရမှာပါ” ဟု အထင် သေးသူများရှိသလိုအထင်ကြီးသူများလည်းရှိသည်။မောင်ခင်ကားအထင်သေးမူအထင်ကြီးမူကိုဂရုမစိုက် သူတက်ရမည့်စဉ်စားလိုက်တက်လိုက် လုပ်နေသည်။ တဖြည်းဖြည်းဖြင့် ရှောက် ချိုပင်ထိပ်ဖျားရောက်သွားပြီး ”ကိုင်းများကြိုးလျင်တော့ “ရင်တမမနှင့် နေသူများလည်းရှိသည်။ “မဖြစ်ဘူး မဖြစ်ဘူး ပြန်ဆင်းကိုင်းကျိုးလိမ်မယ်” အသံများလည်း ထွက်ပ်ါလာသည်။မောင်ခင်ကားထိုအသံများကို မမူပဲ ထိပ်တက်သီးနေသော ရှေက်ချိုသီးကြီးကို အောင်မြင်စွာတက်ခူးပြီးဆူးမဆူးအောင်အောင်မြင်စွာ ပြန်ဆင်းခဲ့သည်။အောက်သို့ရောက်လျင်ထိုရှောက်ချိုသီးကြီကို ကျောင်းသားများအားဝေငှစေပါသည်။ ထိုအချိန်ကပင် မောင်ခင်၏ မဖြစ်မနေလုပ်လိုသောစိတ်နှင့်သူတစ်ပါးအကျိုးအတွက် မိမိအပင်ပန်းအဆင်းရဲ ခံလိုစိတ် ကိန်းဝပ်နေခဲ့ပြီဖြစ်သည်။နောက် ဖြစ်ရပ် တစ်ခုမှာမောင်ခင်သည်အခြားသူများ စာအံသံကြားသည်နှင့်၎င်းစာကိုရပါသည်။၎င်းဖြစ်ရပ်ကိုထောက်ရှု၍ ဆရာတော်ကြီး၏ဉာဏ်ကောင်းပုံကို မှန်းဆ၍ ကြည့်နိုင်ပါသည်။၁၂၇၉-ခုနှစ်၊ မောင်ခင် (၇) နှစ်သား အရွယ်၊ မြင်းခြံမြို့၊မင်းကျောင်းတိုက်၊ ရာဟုဒေါင့် ကျောင်းမှအလွန်တော်သောဆရာတော် ဦးသောဘိတထံအမေ့မောင်ဦးကြီးဖြစ်သောဦးကောက်နှင့် မိခင်ဒေါ်ဆင်တို့က ဆရာတော်ဦးသာသနနှင့်တိုင်ပင်၍ အပ်နှံကြပါသည်။၁၂၈၂-ခုနှစ် မောင်ခင် (၁၀) နှစ်သား အရွယ်တွင်၊မိခင်ဒေါ်ဆင်ကဒုတိယအကြိမ်ရှင်ပြုပေးပါသည်။ဆရာတော် ဦးသောဘိတသည်သာမဏေငယ်အားအလွန်ဉာဏ်ကောင်းသောကြောင့် ရှင်ဝိစိတ္တသာရ (ဆန်းကြယ်သော ဉာဏ်အမြင်အနှစ်သာရ ရှိသူ)ဟုဘွဲ့အမည်ပေးခဲ့ပါသည်။(ဓာတ်ပုံများနှင့် အကြောင်းအရာတချို့ကို မင်းကွန်းဆရာတော်ဘုရားကြီး၏ သားတပည့် စိန်နားကပ်ကြီးထံမှ ရယူပါသည်)စိန်နားကပ်ကြီး

Credit – မူရင်း

[zawgyi]

မင္း ကြန္းဆရာေတာ္ႀကီး၏ဇာတိခ်က္ေႂကြေမြးရပ္ေျမျဖစ္သည့္က်ဥ္ပင္႐ြာကားျမင္းၿခံၿမိဳ႕အေနာက္ဘက္ ယြန္းယြန္းတြင္တည္ရွိပါသည္။ ၿမိဳ႕နင့္တစ္မိုင္ေက်ာ္ေလာက္သာေဝးေသာ႐ြာ ျဖစ္၍ ေလာကေရး ဓမၼေရးအေရးေရးတြင္ေနာက္မက်လွပါ။ထို႐ြာ၏ သူႀကီးမွာဦးဆုံျဖစ္၍႐ြာသူႀကီးကေတာ္မွာေဒၚဆင္ျဖစ္ပါသည္။ ထိုေခတ္ကေက်း႐ြာ အုပ္စုတစ္ခုကို႐ြာသူႀကီးတစ္ေယာက္ တည္းအုပ္ခ်ဳပ္ရပါသည္။႐ြာသူႀကီးမွာ အမ်ိဳးအႏြယ္အားျဖင့္လည္း အထက္တန္းက်ၿပီးပစၥည္းဥစၥာေပါမ်ားသူျဖစ္၍ေက်း႐ြာအုပ္စုအေပၚ အေတာ္ၾသဇာ ေညာင္းပါသည္။မင္းကြန္းတိပိဋကဓရ ေလာင္းလ်ာကားထိုေခတ္ကသူႀကီးဦးဆုံသူႀကီးကေတာ္ေဒၚဆင္တို႔မွ ၁၂၇၃ခု တန္ေဆာင္းမုန္းလဆန္း ၁၁ရက္ ဗုဒၶဟူး ေန႔တြင္ဖြားျမင္ေသာသားေကာင္းရတနာတစ္ပါးျဖစ္ပါသည္။ သားသမီးသုံးေယာက္အနက္ဒုတိယေျမာက္သားရတနာျဖစ္ပါသည္။ ပထမသမီးႀကီးမွာမသုံျဖစ္၍ သားေထြမွာ ေမာင္ဘသင္ျဖစ္ပါသည္။ မင္းကြန္းဆရာေတာ္ႀကီး၏ ငယ္နာမည္မွာေမာင္ခင္ျဖစ္သည္။ခမည္းေတာ္ သူႀကီးဦးဆုံ၊ မယ္ေတာ္ေဒၚဆင္ ၊သမီးႀကီးမသုံ ၊သားလတ္ ဆရာ ေတာ္ေလာင္းလ်ာေမာင္ခင္ ၊သားငယ္ ေမာင္ဘသင္တို႔ပုံေမာင္ခင္ကားငယ္စဥ္ကပင္သိမ္ေမြ႕ႏူးညံ့ေသာစိတ္ႏွလုံးရွိသည္။ေတာ႐ြာအလိုက္အျခားကေလးငယ္မ်ားၾကမ္းတမ္းေသာကစားမ်ိဳးျဖစ္သည့္ေၾကးသား႐ိုက္၊ထုတ္ထိုး၊တြတ္ထိုး ၊ေျခကန္အစရွိသည့္ကစားဝိုင္းမ်ားကို ေဝးစြာေရွာင္ၾကဥ္ခဲ့သည္။ေမာင္ခင္မွာလုပ္ငန္းတစ္ခုကို မည္မွ်ခက္ခဲပါေစေပါက္ေပါက္ေျမက္ေျမာက္လုပ္တတ္သည္။လုပ္ရမည့္ကိစၥမၿပီးမခ်င္းနားေလ့မရွိ။ေမာင္ခင္(၇)ႏွစ္သား(၈)ႏွစ္သားေလာက္ကက်ည္ပင္ေက်ာင္းေလွခါးအဆင္းနားရွိေရွာက္ခ်ိဳပင္ႀကီးရွိသည္။လြယ္လြယ္ကူကူခူးလို႔ရေသာေရွာက္ခ်ိဳသီးမ်ားကုန္သြား၍ ထိပ္ဆုံးမွခူးရခက္ေသာ ေရွာက္ခ်ိဳသီးႀကီး တစ္လုံးက်န္ေနသည္။ခူးရခက္သျဖင့္ ဘုန္းႀကီးကလည္းလ်စ္လ်ဴေလ်ာ့ထားလိုက္သည္။တစ္ေန႔ေက်ာင္းသားမ်ား ထိုေရွာက္ခ်ိဳသီးႀကီးကိုတက္ခူးၾကသည္။ ဆူးဒဏ္ကိုမခံႏိူင္၍ျပန္ဆင္းၾကရသည့္ခ်ည့္ျဖစ္သည္။ေမာင္ခင္သည္ သူမ်ားတက္ခူးသည့္ကိုအေသအျခာၾကည့္႐ူသည္။ ဘယ္လိုတက္လို႔ ဆူးဆူသည္။ဘယ္လိုတက္လွ်င္လြတ္ႏိုင္မည္ကို ဆင္ျခင္ေနသည္။သူတကာတတ္မရသည့္ ေနာက္ဆုံးေမာင္ခင္ငါတတ္မည္ဟုဆိုကာခါးေတာင္းကိုေျမာင္ေအာင္ႀကိဳက္ၿပီးတတ္ေတာ့သည္။႐ူပ္ေပြလိမ္ေကာက္ေနသည့္ ေရွာက္ခ်ိဳကိုင္မ်ားအၾကား ဆူးလြတ္ေအာင္ ေကြ႕ကာေကာ့ကာ ေရွာင္ကာ ေကာ့ကာ ကုန္းကာျဖင္ခက္ခဲစြာႀကံဖန္တတ္ေနသည္။တစ္ခါတစ္ရံထိုင္စဥ္စားလိုက္တက္လိုက္ျဖင့္ လုပ္ေနစဥ္ ” ဒီေကာင္က ဘာမို႔လို႔လဲ မရႏိူင္ပါဘူးျပန္ဆင္းရမွာပါ” ဟု အထင္ေသးသူမ်ားရွိသလိုအထင္ႀကီးသူမ်ားလည္းရွိသည္။ေမာင္ခင္ကားအထင္ေသးမူအထင္ႀကီးမူကိုဂ႐ုမစိုက္ သူတက္ရမည့္စဥ္စားလိုက္တက္လိုက္ လုပ္ေနသည္။ တျဖည္းျဖည္းျဖင့္ ေရွာက္ ခ်ိဳပင္ထိပ္ဖ်ားေရာက္သြားၿပီး ”ကိုင္းမ်ားႀကိဳးလ်င္ေတာ့ “ရင္တမမႏွင့္ ေနသူမ်ားလည္းရွိသည္။ “မျဖစ္ဘူး မျဖစ္ဘူး ျပန္ဆင္းကိုင္းက်ိဳးလိမ္မယ္” အသံမ်ားလည္း ထြက္ပ္ါလာသည္။ေမာင္ခင္ကားထိုအသံမ်ားကို မမူပဲ ထိပ္တက္သီးေနေသာ ေရွက္ခ်ိဳသီးႀကီးကို ေအာင္ျမင္စြာတက္ခူးၿပီးဆူးမဆူးေအာင္ေအာင္ျမင္စြာ ျပန္ဆင္းခဲ့သည္။ေအာက္သို႔ေရာက္လ်င္ထိုေရွာက္ခ်ိဳသီးႀကီကို ေက်ာင္းသားမ်ားအားေဝငွေစပါသည္။ ထိုအခ်ိန္ကပင္ ေမာင္ခင္၏ မျဖစ္မေနလုပ္လိုေသာစိတ္ႏွင့္သူတစ္ပါးအက်ိဳးအတြက္ မိမိအပင္ပန္းအဆင္းရဲ ခံလိုစိတ္ ကိန္းဝပ္ေနခဲ့ၿပီျဖစ္သည္။ေနာက္ျဖစ္ရပ္ တစ္ခုမွာေမာင္ခင္သည္အျခားသူမ်ား စာအံသံၾကားသည္ႏွင့္၎စာကိုရပါသည္။၎ျဖစ္ရပ္ကိုေထာက္ရႈ၍ ဆရာေတာ္ႀကီး၏ဉာဏ္ေကာင္းပုံကို မွန္းဆ၍ ၾကည့္ႏိုင္ပါသည္။၁၂၇၉-ခုႏွစ္၊ ေမာင္ခင္ (၇) ႏွစ္သား အ႐ြယ္၊ ျမင္းၿခံၿမိဳ႕၊မင္းေက်ာင္းတိုက္၊ ရာဟုေဒါင့္ ေက်ာင္းမွအလြန္ေတာ္ေသာဆရာေတာ္ ဦးေသာဘိတထံအေမ့ေမာင္ဦးႀကီးျဖစ္ေသာဦးေကာက္ႏွင့္ မိခင္ေဒၚဆင္တို႔က ဆရာေတာ္ဦးသာသနႏွင့္တိုင္ပင္၍ အပ္ႏွံၾကပါသည္။၁၂၈၂-ခုႏွစ္ ေမာင္ခင္ (၁၀) ႏွစ္သား အ႐ြယ္တြင္၊မိခင္ေဒၚဆင္ကဒုတိယအႀကိမ္ရွင္ျပဳေပးပါသည္။ဆရာေတာ္ ဦးေသာဘိတသည္သာမေဏငယ္အားအလြန္ဉာဏ္ေကာင္းေသာေၾကာင့္ ရွင္ဝိစိတၱသာရ (ဆန္းၾကယ္ေသာ ဉာဏ္အျမင္အႏွစ္သာရ ရွိသူ)ဟုဘြဲ႕အမည္ေပးခဲ့ပါသည္။(ဓာတ္ပုံမ်ားႏွင့္ အေၾကာင္းအရာတခ်ိဳ႕ကို မင္းကြန္းဆရာေတာ္ဘုရားႀကီး၏ သားတပည့္ စိန္နားကပ္ႀကီးထံမွ ရယူပါသည္)