မင်းသားကြီး အမီတာဘဂျမ်းရေးတဲ့ အလွန်မှတ်သားစရာကောင်းတဲ့ ဆောင်းပါးတစ်ပုဒ်

အိမ်မှာချွေးမ တစ်ယောက်ရှိတယ်။ အိမ်မှုကိစ္စတွေ အကုန်နိုင်နင်းစေချင်တယ်။ သူများကို ပေးစားလိုက်တဲ့ သမီးတစ်ယောက်ရှိတယ်။ အဲဒီအိမ်မှာသူ့ကိုဖူးဖူးမှုတ်ထား စေချင်တယ်။ ကိုယ်လမ်းလျှောက်တုန်းက ကားမောင်းတဲ့လူကို ပြစ်တင်မိတယ်။ ကိုယ်ကားမောင်းပြန်တော့ လမ်းလျှောက်တဲ့လူကို ဆဲဆိုမိပြန်တယ်။ သူများဆီမှာ အလုပ်သမား လုပ်တုန်းကအလုပ်ရှင်ကို ဆိုးတယ်၊ ကပ်တယ်လို့ ပြောဆိုဖူးတယ်။ ကိုယ်အလုပ်ရှင်ပြန်ဖြစ်တော့အလုပ် သမားတွေ မကြိုးစားဘူးဆိုပြီးငြူစူပြန်တယ်။ ကိုယ်တိုင်စျေးဝယ်တုန်းက ဆိုင်ရှင်ကို အမြတ်ကြီးစားတယ်၊ လောဘကြီးတယ်ပြောတယ်။

ကိုယ်ကိုယ်တိုင်ဆိုင်ရှင်ပြန်ဖြစ်တော့စျေးဝယ်တွေ ဂျီးများလွန်းတယ်လို့ထင်မိပြန်တယ်။ အမှန်တော့ ကျွန်တော်တို့ အားလုံး မမှားကြပါဘူး။ နေရာချင်းမတူတော့ စဉ်းစားပုံချင်းမတူလို့ပါ။ နေရာလဲပြီးသာ စဉ်းစားတတ်ကြမယ်ဆိုရင်အားလုံး အဆင်ပြေသွားပါလိမ့်မယ်။ တစ်ခုခုလုပ်တော့မယ်၊ ပြောတော့မယ်ဆိုရင် အဲလူနေရာ ခဏလောက်ဝင်ခံစားကြည့်ပါ။မင်းရင်ထဲမှာတစ်ခုခုမြင်လာလိမ့်မယ်။ သူ့ရဲ့လုပ်ဆောင် ချက်နဲ့ငါရဲ့လုပ်ဆောင်ချက်၊သူပေးဆပ်မှုနဲ့ ငါပေးဆပ်မှုတူလား။ အဲ့လိုတွေ တွေးတတ်လာတဲ့တစ်နေ့ကိုယ်ရင်ထဲ ကိုယ်ချင်းစာတရားရှိပြီး ဘယ်နေရာနေနေ နေတတ်လာမှာပါ။

Credit – မူရင်း

[zawgyi]

အိမ္မွာေခြၽးမ တစ္ေယာက္ရွိတယ္။ အိမ္မႈကိစၥေတြ အကုန္ႏိုင္နင္းေစခ်င္တယ္။ သူမ်ားကို ေပးစားလိုက္တဲ့ သမီးတစ္ေယာက္ရွိတယ္။ အဲဒီအိမ္မွာသူ႔ကိုဖူးဖူးမႈတ္ထား ေစခ်င္တယ္။ ကိုယ္လမ္းေလွ်ာက္တုန္းက ကားေမာင္းတဲ့လူကို ျပစ္တင္မိတယ္။ ကိုယ္ကားေမာင္းျပန္ေတာ့ လမ္းေလွ်ာက္တဲ့လူကို ဆဲဆိုမိျပန္တယ္။ သူမ်ားဆီမွာ အလုပ္သမား လုပ္တုန္းကအလုပ္ရွင္ကို ဆိုးတယ္၊ ကပ္တယ္လို႔ ေျပာဆိုဖူးတယ္။ ကိုယ္အလုပ္ရွင္ျပန္ျဖစ္ေတာ့အလုပ္ သမားေတြ မႀကိဳးစားဘူးဆိုၿပီးျငဴစူျပန္တယ္။ ကိုယ္တိုင္ေစ်းဝယ္တုန္းက ဆိုင္ရွင္ကို အျမတ္ႀကီးစားတယ္၊ ေလာဘႀကီးတယ္ေျပာတယ္။ကိုယ္ကိုယ္တိုင္ဆိုင္ရွင္ျပန္ျဖစ္ေတာ့ေစ်းဝယ္ေတြ ဂ်ီးမ်ားလြန္းတယ္လို႔ထင္မိျပန္တယ္။ အမွန္ေတာ့ ကြၽန္ေတာ္တို႔ အားလုံး မမွားၾကပါဘူး။ ေနရာခ်င္းမတူေတာ့ စဥ္းစားပုံခ်င္းမတူလို႔ပါ။ ေနရာလဲၿပီးသာ စဥ္းစားတတ္ၾကမယ္ဆိုရင္အားလုံး အဆင္ေျပသြားပါလိမ့္မယ္။ တစ္ခုခုလုပ္ေတာ့မယ္၊ ေျပာေတာ့မယ္ဆိုရင္ အဲလူေနရာ ခဏေလာက္ဝင္ခံစားၾကည့္ပါ။မင္းရင္ထဲမွာတစ္ခုခုျမင္လာလိမ့္မယ္။ သူ႔ရဲ႕လုပ္ေဆာင္ခ်က္နဲ႔ငါရဲ႕လုပ္ေဆာင္ခ်က္၊သူေပးဆပ္မႈနဲ႔ ငါေပးဆပ္မႈတူလား။ အဲ့လိုေတြ ေတြးတတ္လာတဲ့တစ္ေန႔ကိုယ္ရင္ထဲ ကိုယ္ခ်င္းစာတရားရွိၿပီး ဘယ္ေနရာေနေန ေနတတ္လာမွာပါ။