“မမောချင်လျင် မမက်ပါနဲ့”

ဖြစ်သင့်တာထက် ပိုဖြစ်ချင်လျှင်စိတ်ညစ်ရတယ်။ရသင့်တာထက် ပိုလိုချင်လျှင် ငိုရတတ်တယ်။ လောကမှာ…ပြီးပြည့်စုံတဲ့ လူရယ်လို့လည်း ဘယ်သူမှ မရှိပါဘူး။ လူတွေအားလုံးရဲ့ အလိုဟာ… သမုဒ္ဒရာကြီးလိုပဲတဲ့။ ရေတွေ ဘယ်လောက်ဝင်ဝင် ပြည့်သွားတယ်။ မရှိကြဘူး။ရလေ လိုလေ – လိုလေ ရချင်လေပဲ။ရှိတဲ့လူကလည်း ရှိသလို ကြောင့်ကြရတယ်။မရှိတဲ့လူကလည်း မရှိသလို တောင့်တနေကြရတာပါပဲ။ ရှိလို့လည်း ပူ။ မရှိလို့လည်း ပူ။ဒီအပူတွေကို ဘယ်သူမှ လုပ်တာ မ ဟုတ်ပါဘူး။ ကိုယ့်စိတ်က ပူနေတာ။

ကိုယ့်စိတ်က မအေးချမ်းတာ။စိတ်အေးချမ်းမှု ကို လိုချင်လျှင် စိတ်ကို ငြိမ်းချမ်းရေးပေးပါ။ ကိန်း ဂဏာန်းတွေ ရေတွက်နေသမျှလူ့ဘဝက စိမ်းလန်းစိုပြေ အေးမြနေမှာ မဟုတ်ဘူး။လော ဘ စိတ်ကြီးနေလျှင်…အိပ်ယာကတောင် သိပ်ပြီး လက်မခံချင်ဘူး။ရှိတာ နဲ့ ရောင့်ရဲပြီး နေတတ် မှခဏဖြစ်ရတဲ့ လူ့ဘဝ ကျေနပ်စရာ ကောင်းတာ။ မပိုင်တာတွေကို ဆိုင်တယ် မထင်ပါနဲ့… ဆိုင် တယ်ထင်ပြီး သိပ်မက်နေလျှင် အအိပ်ခက်မယ်။နှိပ်စက်မယ်။စိတ်သက်သာစရာ ဘာမှရှိမှာ မ ဟုတ်ဘူး။ ဒါကြောင့်…ဖြစ်သင့်တာထက် ပိုမဖြစ်ချင်နဲ့။ရသင့်တာထက် ပိုမလိုချင်ပါနဲ့။မက်နေ သမျှ မောနေရပါလိမ့်မယ်…

credit ; min naing

[zawgyi]

ျဖစ္သင့္တာထက္ ပိုျဖစ္ခ်င္လွ်င္စိတ္ညစ္ရတယ္။ရသင့္တာထက္ ပိုလိုခ်င္လွ်င္ ငိုရတတ္တယ္။ ေလာကမွာ…ၿပီးျပည့္စုံတဲ့ လူရယ္လို႔လည္း ဘယ္သူမွ မရွိပါဘူး။ လူေတြအားလုံးရဲ႕ အလိုဟာ… သမုဒၵရာႀကီးလိုပဲတဲ့။ ေရေတြ ဘယ္ေလာက္ဝင္ဝင္ ျပည့္သြားတယ္။ မရွိၾကဘူး။ရေလ လိုေလ – လိုေလ ရခ်င္ေလပဲ။ရွိတဲ့လူကလည္း ရွိသလို ေၾကာင့္ၾကရတယ္။မရွိတဲ့လူကလည္း မရွိသလို ေတာင့္တေနၾကရတာပါပဲ။ ရွိလို႔လည္း ပူ။ မရွိလို႔လည္း ပူ။ဒီအပူေတြကို ဘယ္သူမွ လုပ္တာ မ ဟုတ္ပါဘူး။ ကိုယ့္စိတ္က ပူေနတာ။ကိုယ့္စိတ္က မေအးခ်မ္းတာ။စိတ္ေအးခ်မ္းမႈ ကို လိုခ်င္လွ်င္ စိတ္ကို ၿငိမ္းခ်မ္းေရးေပးပါ။ ကိန္း ဂဏာန္းေတြ ေရတြက္ေနသမွ်လူ႔ဘဝက စိမ္းလန္းစိုေျပ ေအးျမေနမွာ မဟုတ္ဘူး။ေလာ ဘ စိတ္ႀကီးေနလွ်င္…အိပ္ယာကေတာင္ သိပ္ၿပီး လက္မခံခ်င္ဘူး။ရွိတာ နဲ႔ ေရာင့္ရဲၿပီး ေနတတ္ မွခဏျဖစ္ရတဲ့ လူ႔ဘဝ ေက်နပ္စရာ ေကာင္းတာ။ မပိုင္တာေတြကို ဆိုင္တယ္ မထင္ပါနဲ႔… ဆိုင္ တယ္ထင္ၿပီး သိပ္မက္ေနလွ်င္ အအိပ္ခက္မယ္။ႏွိပ္စက္မယ္။စိတ္သက္သာစရာ ဘာမွရွိမွာ မ ဟုတ္ဘူး။ ဒါေၾကာင့္…ျဖစ္သင့္တာထက္ ပိုမျဖစ္ခ်င္နဲ႔။ရသင့္တာထက္ ပိုမလိုခ်င္ပါနဲ႔။မက္ေန သမွ် ေမာေနရပါလိမ့္မယ္…