မယားနေစ ကြောင်သေမှ လင်နေစ ဆင်သေမှ ဆိုတဲ့ စကားရဲ့ အဓိပွါယ်

မြန်မာစကားပုံတွေထဲမှာ လူတိုင်း တရင်းတနှီးရှိလှတဲ့ မယားနေစ ကြောင်သေမှလင်နေစ ဆင်သေမှ ဆိုတဲ့ စကားရဲ့ အဓိပွါယ်က အိမ် ထောင် ပြု ပြီးတဲ့ယောက်ျားတစ်ယောက် ကကြောင် ၅ ကောင်ကို သတ်ရတယ်။ ၁။ ဇီဇာ မကြောင်ရဘူး။ ၂။ သဝန် မကြောင်ရဘူး။ ၃။ သရဲဘော မကြောင်ရဘူး။၄။ သတ္တိ မကြောင်ရဘူး။ ၅။ ဖွန်လဲ မကြောင်ရဘူး။ အဲ့သည့် ကြောင်ငါးကောင်ကိုအသေသတ်နိုင်ရမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

လင် နေစ ဆင်သေမှ ဆို တဲ့ အဓိပ္ပါယ်ကလဲ..အိမ်ထောင်ပြု ပြီးတဲ့ မိန်းမတစ်ယောက် က ဆင် ၅ ကောင်ကို သတ်ရတယ်။ ၁။ အပြောအဆို ဆင်ခြင်ရတယ်။ ၂။ အနေအထိုင် ဆင်ခြင်ရတယ်။ ၃။ အသွားအလာ ဆင်ခြင်ရတယ်။ ၄။ အသုံးအစွဲ ဆင်ခြင်ရတယ်။ ၅။ အပျံ့အလွင့် ဆင် ခြင်ရတယ်။ အဲ့သည့် ဆင် ၅ ကောင်ကို အသေ သတ်နိုင်ရမယ်လို့ဆိုလိုတာပါ ။ မသိသေးသူများအတွက် ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။

Credit – ရွှေကြက်ဖ

[zawgyi]

ျမန္မာစကားပုံေတြထဲမွာ လူတိုင္း တရင္းတႏွီးရွိလွတဲ့ မယားေနစ ေၾကာင္ေသမွလင္ေနစ ဆင္ေသမွ ဆိုတဲ့ စကားရဲ႕ အဓိပြါယ္က အိမ္ ေထာင္ ျပဳ ၿပီးတဲ့ေယာက္်ားတစ္ေယာက္ ကေၾကာင္ ၅ ေကာင္ကို သတ္ရတယ္။ ၁။ ဇီဇာ မေၾကာင္ရဘူး။ ၂။ သဝန္ မေၾကာင္ရဘူး။ ၃။ သရဲေဘာ မေၾကာင္ရဘူး။၄။ သတၱိ မေၾကာင္ရဘူး။ ၅။ ဖြန္လဲ မေၾကာင္ရဘူး။ အဲ့သည့္ ေၾကာင္ငါးေကာင္ကိုအေသသတ္ႏိုင္ရမယ္လို႔ ဆိုလိုတာျဖစ္ပါတယ္။လင္ ေနစ ဆင္ေသမွ ဆို တဲ့ အဓိပၸါယ္ကလဲ..အိမ္ေထာင္ျပဳ ၿပီးတဲ့ မိန္းမတစ္ေယာက္ က ဆင္ ၅ ေကာင္ကို သတ္ရတယ္။ ၁။ အေျပာအဆို ဆင္ျခင္ရတယ္။ ၂။ အေနအထိုင္ ဆင္ျခင္ရတယ္။ ၃။ အသြားအလာ ဆင္ျခင္ရတယ္။ ၄။ အသုံးအစြဲ ဆင္ျခင္ရတယ္။ ၅။ အပ်ံ႕အလြင့္ ဆင္ ျခင္ရတယ္။ အဲ့သည့္ ဆင္ ၅ ေကာင္ကို အေသ သတ္ႏိုင္ရမယ္လို႔ဆိုလိုတာပါ ။ မသိေသးသူမ်ားအတြက္ ျပန္လည္မွ်ေဝေပးျခင္းျဖစ္ပါတယ္။