မယ်ခြုံ နဲ့ မယ်ပုံ

ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာ မယ်ခြုံ နဲ့ မယ်ပုံ ဆို တဲ့ မိန်းမပျို နှစ်ယောက် ရှိသတဲ့ ။ မယ်ခြုံ ဟာ လှပချောမောပြီး မယ်ပုံလေးက တော့ ရုပ်ဆိုးဆိုးလေးတဲ့။ လူစုံလာရင် မယ်ခြုံ ဟာ မယ်ပုံရဲ့ အားနည်းချက်တွေကို ရယ်စရာလုပ်ပြီး အမြဲ နှိမ့်ချ လှောင်ပြောင်လေ့ရှိသတဲ့။ ရိုးသားအေးဆေးသလောက် သဘောကောင်းတဲ့ မယ်ပုံလေးကတော့ အမြဲသည်းခံခွင့်လွှတ်ပြီးပဲ နေရှာတာပေါ့။ဒီလိုနဲ့တစ်နေ့မှာတော့ မယ်ခြုံ ၊ မယ်ပုံတို့ပါတဲ့ မိန်းကလေး တစ်သိုက်ဟာ တောထဲ ကိုပန်းခူးသွားကြပါရော။ မိန်းကလေးတွေဟာ တေးချင်းလေး တညည်းညည်း နဲ့ပန်းခူးကြရင်း တောနက်ထဲရောက်သထက်ရောက်လာ တာပေါ့။ တစ်နေရာ အရောက်မှာတော့သူတို့ဟာ အလွန်လှပပြီး ကြီးမားလွန်းတဲ့ ပန်းပွင့်ကြီးတစ်ပွင့်ကို ဆူးခြုံ အလည်မှာ တွေ့ရသတဲ့။ ဒီအခါ မယ်ခြုံ က မယ်ပုံကို “မယ်ပုံရေ ပန်းပွင့်ကြီးက လှလိုက်တာ။ မင်းငါ့ကို ခူးပေးမယ်ဆိုရင်တော့ သိပ်ပျော်မိမှာပါပဲ။ မင်းကိုလဲ ဘယ်တော့မှ မစနောက်တော့ပါဘူး” လို့ပြောသတဲ့။ ရိုးသားတဲ့မယ်ပုံဟာ “ငါကြိုးစားပြီးခူးပေးပါ့မယ် မယ်ခြုံရယ်” လို့ပြောပြီး ဆူးခြုံတွေကြားထဲကို တဖြည်းဖြည်း တိုးဝင်သွားပါရောတဲ့။ ဒါပေမဲ့ ဆူးခြုံတွေဟာ ထူထပ်လွန်းတာကြောင့် မယ်ပုံဟာ ပန်းပွင့်ကြီးဆီမရောက်ပဲ ဆူးခြုံခင်းအလည်မှာ ပိတ်မိနေတယ်တဲ့။ ဒါကို မြင်တွေ့ရတဲ့ မယ်ခြုံ တို့တစ်သိုက်ဟာ လှောင် ပြောင်ရယ်မောပြီး မယ်ပုံကို ချန်ထားရစ် ခဲ့ကာ ထွက်ခွာသွားကြပါရောတဲ့။ မယ်ပုံဟာ ဝမ်းနည်းလွန်းလို့ ဆူးခြုံ အလည်မှာ ငို ယို ပြီးသာနေရှာ တယ်တဲ့။ ညချမ်းအချိန် ရောက်လာတဲ့အခါ တောစောင့်နတ်သားလေးဟာ သူ့အိမ်ရဲ့တံခါးဝရှိရာ ပန်းပွင့်ကြီးဆီကို ပြန်လာပါရောတဲ့ကွယ်။ ဒီအခါ ဆူးခြုံ အလည်မှာ ငိုယို နေတဲ့ မယ်ပုံကို တွေ့ သွားပြီး “အလို မိန်းကလေး ဘာကြောင့်ငိုယို နေရတာလဲ” လို့မေးသတဲ့။ မယ်ပုံကလည်း ပန်းပွင့်ကြီးကို ခူးဖို့ကြိုးစားရင်း ခြုံထဲက ရုန်းထွက်လို့မရတဲ့အကြောင်း ပြောပြတာပေါ့။ ဒီအခါ တောစောင့်နတ်သားလေးက “ဒါဟာ ငါ့အိမ်ကို သွားရောက်ရာ တံခါးမုခ်ပေါက်ဝက ပန်းပွင့်ကြီးဖြစ်တယ်။ မင်းဒီပန်းပွင့်ကြီးမျိုးလိုချင်လျှင် ငါ့အိမ်မှာ အမြောက်အများရှိတယ် ၊ ငါမင်းကို တစ်ပွင့်ပေးလိုက်နိုင်ပါတယ်။ ဒါပေမဲ့မင်း ငါ့အိမ်မှာ အလုပ်တော့လုပ်ပေးရလိမ့်မယ်” လို့ပြောသတဲ့။ ဒီအခါ မယ်ပုံက “ လုပ်ပေးပါ့မယ်” လို့ပြောသတဲ့။ မယ်ပုံပြော ပြီးမကြာခင်မှာပဲ ဆူးခြုံတွေဟာ တဖြည်းဖြည်းကြဲသွားပြီး ဆူးခြုံခင်းအလည်မှာ လမ်းလေးတစ်လမ်းပေါ်လာပါရောတဲ့။တောစောင့်နတ်သားလေးဟာ မီးအိမ်ကို ကိုင်မြှောက်လိုက်ပြီး “ကဲ မယ်ပုံ ငါ့နောက်က လိုက်ခဲ့ပေတော့” လို့ပြောပြီး လမ်းလေးတစ်လျှောက် ဦးဆောင် သွားပါတယ်တဲ့။ လမ်းတစ်လျှောက်ဝဲယာမှာ အလွန်လှပ တင့်တယ်လွန်းတဲ့ ဥယျာဉ်ကြီးတစ်ခု ရှိပြီး ဥယျာဉ်ကြီးထဲမှာလည်း ကြီးမားလှပတဲ့ ပန်းပွင့်ကြီးတွေဟာ ရောင်စုံဖူးပွင့်နေကြတယ်တဲ့။ လမ်းလေး အဆုံးမှာတောါ တောစောင့်နတ်သားလေးရဲ့အိမ်ကို ရောက်ပါရောတဲ့။အိမ်ရောက်တဲ့အခါ တောစောင့်နတ်သားလေးက “ကဲ မယ်ပုံ ညည်းငါ့အတွက် ငါခရီးသွားနေတုန်းမှာ ဝတ်ရုံတစ်ထည် ချူပ်ပေးရလိမ့်မယ် ။ လိုအပ်တာတွေကို တောအုပ်အစွန် တဲကလေး ထဲမှာ နေတဲ့အဖွားကို မေးပါ” လို့ပြောပြီးကွယ် ပျောက်သွားပါရော။ဒီလို နဲ့မယ်ပုံ လည်း ဝတ်ရုံချူပ်ဖို့အတွက် တောအုပ် အစွန်မှာ ရှိတဲ့ အဖွားရဲ့တဲကလေး ဆီကို ထွက်လာခဲ့တာပေါ့။ လမ်း မှာ ထညက်ခဲကြီးတွေကို မနိုင့်တနိုင်သယ် နေကြတဲ့ ပုရောဆိတ်တန်းကြီးကို တွေ့ရတယ် ။ ပုရောဆိတ် ဘုရင်မဟာ မိုးမရွာခင် ပုရော ဆိတ်ကျင်းကို ပြန် နိုင်ဖို့လုပ်သားပုရောဆိတ်တွေကို ဆော်သြနေ သတဲ့။ ဒါကို ကြည့်ပြီး သနားသွားတဲ့မယ်ပုံဟာ ပုရောဆိတ်လေးတွေကို ကူညီပြီး ထညက်ခဲတွေကို ပုရောဆိတ်ကျင်းနားအထိ သယ်ဆောင်ပေးတယ်တဲ့။ ပုရောဆိတ်ဘုရင်မဟာ မယ်ပုံကို ကျေးဇူးတင်တာကြောင့် ရွှေအပ်လေးတစ်ချောင်းလက်ဆောင်ပေးတယ်။ လိုအပ်ရင်သုံးပါလို့လဲမှာလိုက်တာပေါ့။ ရှေ့ဆက်လျှောက်သွားတဲ့အခါ ရေခမ်းခြောက်ခါနီး ရေအိုင်ငယ်ထဲမှာ ကူးခတ်နေတဲ့ ရွှေငါးကြင်းလေး တစ်ကောင်ကို တွေ့သတဲ့။ မယ်ပုံကလဲရွှေငါးကြင်းလေးကို ဆယ်ယူပြီး စမ်းချောင်းလေးထဲမှာလွှတ်ပေးလိုက်တယ်။ ရွှေငါးကြင်းလေးက လိုအပ်ရင် “ရွှေငါးကြင်းလေးရေ ကူလှည့်ပါနော် ” လို့ပြောပြီး သူ့ကိုခေါ်လိုက်ပါ သူလာကူညီပါ့မယ်လို့ ကတိပေးပြီး စမ်းချောင်းလေးထဲမှာ ကူးခတ်သွားပါရောတဲ့။

ဒီလို နဲ့ရှေ့ဆက်သွားရင်း အဖွားရဲ့တဲဆီကို ရောက်ရှိသွားပါ ရောတဲ့။ အဖွားရဲ့တဲဟာ သေးသေးကုတ်ကုတ်လေးဖြစ်ပေမဲ့ နွေးထွေးလှတယ်တဲ့။ အဖွားက မယ်ပုံကို စွပ်ပြုပ် တစ်အိုး ကြိုစေပြီး တူတူ စားသောက်ကြသတဲ့။ စွပ်ပြုပ်တွေကုန်သွားတဲ့အခါ အိုးအောက်ခြေမှာ ရွှေချည် လုံး၊ ငွေချည်လုံးတွေ တွေ့တာကြောင့် အဖွားက မယ်ပုံကို ယူလိုက်ဖို့ပြောပြိး တစ်ညလုံး အထည်ယက်စေသတဲ့။ မနက်လင်းတဲ့အခါ မှာတော့ အလွန်လှပ နူးညံ့လှတဲ့ ရွှေပိုးထည်လေးကို ယက်လုပ်ပြီးစီးသွားတာပေါ့ကွယ်။ အဖွားက ရွှေပိုးထည်လေးကို မယ်ပုံကို ပေးပြီး ပြန်လွှတ်လိုက်သတဲ့။တောစောင့်နတ်သားလေး အိမ်ကို မယ်ပုံပြန်ရောက်တဲ့အခါ ရွှေပိုးထည်လေးကို ဝတ်ရုံအဖြစ်ချူပ်လုပ်ဖို့ အပ်တွေလိုက်ရှာသတဲ့။ ဒါပေမဲ့ အပ်တွေအကုန်လုံးဟာ သံချေးတွေ တက်နေတယ်တဲ့ကွယ်။ ဒါနဲ့မယ်ပုံလည်း ပုရောဆိတ်ဘုရင်မ ပေးတဲ့ရွှေအပ်ကလေးကို ထုတ်ပြီး ချူပ် ရတာပေါ့။ ချူပ်ပြီးသွားတဲ့အခါ ကြယ်သီးတပ်ဖို့လိုနေပြန်ရောတဲ့။ မယ်ပုံလည်းကြံရာမရတာ နဲ့စမ်းချောင်းလေး နားကိုသွားပြီး “ရွှေငါးကြင်းလေးရေ ကူလှည့်ပါနော်” လို့ပြောပြီး ရွှေငါးကြင်းလေးကို အကူအညီတောင်းသတဲ့။ ဒီအခါ ရွှေငါးကြင်းလေးပေါ်လာပြီး ကနုကမာ ကြယ်သီးလေးတွေ ရေအောက်ကနေ ကိုက်ချီယူလာပြီး မယ်ပုံကို ပေးသတဲ့။ ကြယ်သီးလေးတွေ တပ်ပြီးသွားချိန်မှာတော့ တောစောင့်နတ်သားလေးအတွက် ဝတ်ရုံလှလှလေး ချူပ်လို့ပြီးသွားတာပေါ့။တောစောင့်နတ်သားလေးပြန်ရောက် လာတဲ့အခါ မယ်ပုံချူပ်လုပ်ထားတဲ့ ဝတ်ရုံလေးကို အလွန်သဘောကျ နှစ်သက်တာကြောင့် ရတနာတွေကို ဝတ်ရုံချူပ်ခ အဖြစ်ပေးသတဲ့။ ထို့နောက်ဥယျာဉ် ကြီးထဲခေါ်သွားပြီး ကြိုက်ရာ ပန်းပွင့်ကြီးတစ်ပွင့်ကို ခူးစေသတဲ့။ ဒါပေမဲ့ မယ်ပုံကတော့ အတော်အသင့်လှပတဲ့ ပန်းပွင့်ကြီး တစ်ပွင့်ကိုသာခူးယူပြီး ရွာကို ပြန်ခဲ့တယ်တဲ့ကွယ်။ ရွာကိုပြန်ရောက်တဲ့အခါမှာတော့ တောစောင့်နတ်သားလေး ပေးလိုက်တဲ့ ရတနာတွေကို ထုခွဲရောင်းချပြိး ချမ်းသာ သွားပါရောတဲ့ကွယ်။ ပန်းပွင့်ကြီးရဲ့အစွမ်းကြောင့် လည်းတနေ့တခြား လှပလာ ပြီး ကျက်သရေတွေ တိုးလာတယ်တဲ့။မယ်ပုံရဲ့သတင်းကို ကြားရတဲ့ မယ်ခြုံဟာ မယ်ပုံလိုပဲ တောစောင့်နတ်သားလေးကို တွေ့နိုင်ဖို့ တောနက်ထဲကို သွားရောက်ပြီး ဆူးခြုံတွေကြားမှာ ရပ်စောင့်နေသတဲ့ကွယ်။ တောစောင့်နတ်သားလေးနဲ့တွေ့တဲ့အခါ အလုပ်ပေးဖို့တောင်းဆိုသတဲ့။ တောစောင့်နတ်သားလေးကလည်း မယ်ပုံတုန်းကလိုပဲ ဝတ်ရုံတစ်ထည် မယ်ခြုံကိုချူပ်ခိုင်းသတဲ့။ မယ်ပုံတုန်းကလိုပဲ မယ်ခြုံ ဟာ အဖွားရှိရာ တဲဆီကို သွားပြီး အကူအညီတောင်းရတာပေါ့။ လမ်းတစ်လျှောက်မှာ တကိုယ်ကောင်းဆန်တဲ့ မယ်ခြုံဟာ ဒုက္ခရောက်နေတဲ့ ပုရောဆိတ်တွေကို မကူညီပဲကျော်ခွသွားသတဲ့။ ရွှေငါးကြင်းလေးကိုလည်း ရေခမ်းလုဆဲဆဲဖြစ်နေတဲ့ စမ်းချောင်းလေးထဲကနေ မကယ်ခဲ့ဖူးတဲ့။ အဖွားဆီရောက်သွားတဲ့အခါ မှာလည်း အဖွားက စွပ်ပြုပ် ပြုပ်ဖို့ပြောသော်လည်း အပျင်းကြီးပြီး ငုတ်တုတ်သာ ထိုင်လို့နေသတဲ့။ မနက်လင်းတဲ့အခါမှာတော့ အဖွားဟာ မယ်ခြုံ ကိုပိတ်ကြမ်းအုပ် တစ်အုပ်ပေးပြီး ပြန်လွှတ်လိုက်သတဲ့။ဝတ်ရုံချူပ်ဖို့အတွက် သံချေးတက်နေတဲ့ အပ်တွေပဲ ရှိတဲ့မယ်ခြုံဟာ ရှိရာ အပ်တွေနဲ့ အ တင်းချူပ် သတဲ့။ ချူပ်ပြီးတဲ့အခါ မှာလည်း တပ်စရာ ကြယ်သီး မရှိတာကြောင့်ကြယ်သီးပေါက်လည်း မပါဖူးတဲ့။ တောစောင့်နတ်သားလေး ပြန်လာတဲ့အခါ မယ်ခြုံရဲ့ဝတ်ရုံကို ကြည့်ပြီးအလွန်စိတ်ပျက်သွားပါရောတဲ့။ ဒါပေမဲ့ ကတိ အတိုင်းဥယျာဉ်ကြီးဆီကို ခေါ်သွားပြီး ပန်း ပွင့်ကြီးတစ်ပွင့် ကို ခူးစေသတဲ့ ။ လောဘကြီးလှတဲ့ မယ်ခြုံဟာ သူ့အလှ နဲ့ ထိုက်တန်စေဖို့အတွက်လို့ ရွှတ်ဆိုပြီး အလှဆုံး၊ အကြီးဆုံး ပန်း ပွင့်ကြီးကိုမှရွေးခူးပြီး ရွာကို ပြန်ခဲ့တယ်တဲ့။ရွာကိုပြန်ရောက်တဲ့အခါ ပန်းပွင့်ကြီးကို ဧည့်ခန်းမှာထားပြီး နေ့တိုင်းစောင့်ကြည့်သတဲ့။ ဒါပေမဲ့ ပန်းပွင့်ကြီးဟာ ဘာမှ မထူးခြားပဲ တစ်နေ့တစ်ခြား ညှိူးနွမ်းပြီးသာလာသတဲ့။ မျှော်လင့်သလို မဖြစ်လာတဲ့အတွက် မယ်ခြုံဟာလည်း တစ် နေ့တစ်ခြား စိတ်တွေဆင်းရဲ ပြီး တဖြည်းဖြည်း အိုစာကာ အလှတွေမှေးမှိန်လာသတဲ့။ နောက်ဆုံးသည်းမခံနိုင်တော့တဲ့မယ်ခြုံဟာ ပန်းပွင့်ကြီးကို တစ်စစီ ဆုတ်ဖြဲပြီး ခြွေမွ ပစ်လိုက်ပါရောတဲ့ကွယ်။ပန်းပွင့်ကြီးပျက်စီး သွားတာ နဲ့တစ်ပြိုင်နက်ထဲမှာပဲ မယ်ခြုံ ဟာလည်း ရုပ်ဆိုးဆိုး အဖွားကြီး တစ်ယောက်ဖြစ်သွားပါရောတဲ့ကွယ်။ အဒိနောက်သူဟာ အိမ်ထဲကအိမ်ပြင်ကို ဘယ်တော့မှ မထွက်တော့ပဲ အိမ်ထဲမှာပဲ အမြဲနေသွားတော့သတဲ့ကွယ်။ ပုံပြင်လေးကပေးချင်တဲ့ အသိကတော့ မယ်ခြုံလို သူများအားနည်းချက်ကို လှောင်ပြောင်နှိမ့်ချ တဲ့စိတ် ၊ တကိုယ်ကောင်းဆန်စွာ သူများအခက်အခဲ ရှိရင် ကျော်လွှားသွားတဲ့စိတ် ၊ မစဉ်းစားမဆင်ခြင်ဘဲ လောဘ ကြီးတဲ့စိတ် တွေကို ရှောင်ကြဉ်လို့ မယ်ပုံလေးလို ပဲ စဉ်းစားဆင်ခြင်ပြီး သည်းခံခွင့်လွှတ်တတ်တဲ့စိတ်၊ အခက်အခဲတွေနေတဲ့သူတွေကိုကူညီတတ်တဲ့စိတ် ၊ အခွင့်အရေးရ သော်လည်း အလိုလောဘ မကြီးပဲ တန်ရာ သင့်ရာ ကိုပဲ ရွေးချယ်တတ်တဲ့ စိတ်တွေ မွေးကြဖို့ သင်ခန်းစာပေးထားတာဖြစ်ပါတယ်။

Credit – ဇူးထိုက်

[zawgyi]

ဟိုးေရွးေရွးတုန္းက ႐ြာတစ္႐ြာမွာ မယ္ၿခဳံ နဲ႔ မယ္ပုံ ဆို တဲ့ မိန္းမပ်ိဳ ႏွစ္ေယာက္ ရွိသတဲ့ ။ မယ္ၿခဳံ ဟာ လွပေခ်ာေမာၿပီး မယ္ပုံေလးက ေတာ့ ႐ုပ္ဆိုးဆိုးေလးတဲ့။ လူစုံလာရင္ မယ္ၿခဳံ ဟာ မယ္ပုံရဲ႕ အားနည္းခ်က္ေတြကို ရယ္စရာလုပ္ၿပီး အၿမဲ ႏွိမ့္ခ် ေလွာင္ေျပာင္ေလ့ရွိသတဲ့။ ႐ိုးသားေအးေဆးသေလာက္ သေဘာေကာင္းတဲ့ မယ္ပုံေလးကေတာ့ အၿမဲသည္းခံခြင့္လႊတ္ၿပီးပဲ ေနရွာတာေပါ့။ဒီလိုနဲ႔တစ္ေန႔မွာေတာ့ မယ္ၿခဳံ ၊ မယ္ပုံတို႔ပါတဲ့ မိန္းကေလး တစ္သိုက္ဟာ ေတာထဲ ကိုပန္းခူးသြားၾကပါေရာ။ မိန္းကေလးေတြဟာ ေတးခ်င္းေလး တညည္းညည္း နဲ႔ပန္းခူးၾကရင္း ေတာနက္ထဲေရာက္သထက္ေရာက္လာ တာေပါ့။ တစ္ေနရာ အေရာက္မွာေတာ့သူတို႔ဟာ အလြန္လွပၿပီး ႀကီးမားလြန္းတဲ့ ပန္းပြင့္ႀကီးတစ္ပြင့္ကို ဆူးၿခဳံ အလည္မွာ ေတြ႕ရသတဲ့။ ဒီအခါ မယ္ၿခဳံ က မယ္ပုံကို “မယ္ပုံေရ ပန္းပြင့္ႀကီးက လွလိုက္တာ။ မင္းငါ့ကို ခူးေပးမယ္ဆိုရင္ေတာ့ သိပ္ေပ်ာ္မိမွာပါပဲ။ မင္းကိုလဲ ဘယ္ေတာ့မွ မစေနာက္ေတာ့ပါဘူး” လို႔ေျပာသတဲ့။ ႐ိုးသားတဲ့မယ္ပုံဟာ “ငါႀကိဳးစားၿပီးခူးေပးပါ့မယ္ မယ္ၿခဳံရယ္” လို႔ေျပာၿပီး ဆူးၿခဳံေတြၾကားထဲကို တျဖည္းျဖည္း တိုးဝင္သြားပါေရာတဲ့။ ဒါေပမဲ့ ဆူးၿခဳံေတြဟာ ထူထပ္လြန္းတာေၾကာင့္ မယ္ပုံဟာ ပန္းပြင့္ႀကီးဆီမေရာက္ပဲ ဆူးၿခဳံခင္းအလည္မွာ ပိတ္မိေနတယ္တဲ့။ ဒါကို ျမင္ေတြ႕ရတဲ့ မယ္ၿခဳံ တို႔တစ္သိုက္ဟာ ေလွာင္ ေျပာင္ရယ္ေမာၿပီး မယ္ပုံကို ခ်န္ထားရစ္ ခဲ့ကာ ထြက္ခြာသြားၾကပါေရာတဲ့။ မယ္ပုံဟာ ဝမ္းနည္းလြန္းလို႔ ဆူးၿခဳံ အလည္မွာ ငို ယို ၿပီးသာေနရွာ တယ္တဲ့။ ညခ်မ္းအခ်ိန္ ေရာက္လာတဲ့အခါ ေတာေစာင့္နတ္သားေလးဟာ သူ႔အိမ္ရဲ႕တံခါးဝရွိရာ ပန္းပြင့္ႀကီးဆီကို ျပန္လာပါေရာတဲ့ကြယ္။ ဒီအခါ ဆူးၿခဳံ အလည္မွာ ငိုယို ေနတဲ့ မယ္ပုံကို ေတြ႕ သြားၿပီး “အလို မိန္းကေလး ဘာေၾကာင့္ငိုယို ေနရတာလဲ” လို႔ေမးသတဲ့။ မယ္ပုံကလည္း ပန္းပြင့္ႀကီးကို ခူးဖို႔ႀကိဳးစားရင္း ၿခဳံထဲက ႐ုန္းထြက္လို႔မရတဲ့အေၾကာင္း ေျပာျပတာေပါ့။ ဒီအခါ ေတာေစာင့္နတ္သားေလးက “ဒါဟာ ငါ့အိမ္ကို သြားေရာက္ရာ တံခါးမုခ္ေပါက္ဝက ပန္းပြင့္ႀကီးျဖစ္တယ္။ မင္းဒီပန္းပြင့္ႀကီးမ်ိဳးလိုခ်င္လွ်င္ ငါ့အိမ္မွာ အေျမာက္အမ်ားရွိတယ္ ၊ ငါမင္းကို တစ္ပြင့္ေပးလိုက္ႏိုင္ပါတယ္။ ဒါေပမဲ့မင္း ငါ့အိမ္မွာ အလုပ္ေတာ့လုပ္ေပးရလိမ့္မယ္” လို႔ေျပာသတဲ့။ ဒီအခါ မယ္ပုံက “ လုပ္ေပးပါ့မယ္” လို႔ေျပာသတဲ့။ မယ္ပုံေျပာ ၿပီးမၾကာခင္မွာပဲ ဆူးၿခဳံေတြဟာ တျဖည္းျဖည္းႀကဲသြားၿပီး ဆူးၿခဳံခင္းအလည္မွာ လမ္းေလးတစ္လမ္းေပၚလာပါေရာတဲ့။ေတာေစာင့္နတ္သားေလးဟာ မီးအိမ္ကို ကိုင္ေျမႇာက္လိုက္ၿပီး “ကဲ မယ္ပုံ ငါ့ေနာက္က လိုက္ခဲ့ေပေတာ့” လို႔ေျပာၿပီး လမ္းေလးတစ္ေလွ်ာက္ ဦးေဆာင္ သြားပါတယ္တဲ့။ လမ္းတစ္ေလွ်ာက္ဝဲယာမွာ အလြန္လွပ တင့္တယ္လြန္းတဲ့ ဥယ်ာဥ္ႀကီးတစ္ခု ရွိၿပီး ဥယ်ာဥ္ႀကီးထဲမွာလည္း ႀကီးမားလွပတဲ့ ပန္းပြင့္ႀကီးေတြဟာ ေရာင္စုံဖူးပြင့္ေနၾကတယ္တဲ့။ လမ္းေလး အဆုံးမွာေတာါ ေတာေစာင့္နတ္သားေလးရဲ႕အိမ္ကို ေရာက္ပါေရာတဲ့။အိမ္ေရာက္တဲ့အခါ ေတာေစာင့္နတ္သားေလးက “ကဲ မယ္ပုံ ညည္းငါ့အတြက္ ငါခရီးသြားေနတုန္းမွာ ဝတ္႐ုံတစ္ထည္ ခ်ဴပ္ေပးရလိမ့္မယ္ ။ လိုအပ္တာေတြကို ေတာအုပ္အစြန္ တဲကေလး ထဲမွာ ေနတဲ့အဖြားကို ေမးပါ” လို႔ေျပာၿပီးကြယ္ ေပ်ာက္သြားပါေရာ။ဒီလို နဲ႔မယ္ပုံ လည္း ဝတ္႐ုံခ်ဴပ္ဖို႔အတြက္ ေတာအုပ္ အစြန္မွာ ရွိတဲ့ အဖြားရဲ႕တဲကေလး ဆီကို ထြက္လာခဲ့တာေပါ့။ လမ္း မွာ ထညက္ခဲႀကီးေတြကို မႏိုင့္တႏိုင္သယ္ ေနၾကတဲ့ ပုေရာဆိတ္တန္းႀကီးကို ေတြ႕ရတယ္ ။ ပုေရာဆိတ္ ဘုရင္မဟာ မိုးမ႐ြာခင္ ပုေရာ ဆိတ္က်င္းကို ျပန္ ႏိုင္ဖို႔လုပ္သားပုေရာဆိတ္ေတြကို ေဆာ္ၾသေန သတဲ့။ ဒါကို ၾကည့္ၿပီး သနားသြားတဲ့မယ္ပုံဟာ ပုေရာဆိတ္ေလးေတြကို ကူညီၿပီး ထညက္ခဲေတြကို ပုေရာဆိတ္က်င္းနားအထိ သယ္ေဆာင္ေပးတယ္တဲ့။ ပုေရာဆိတ္ဘုရင္မဟာ မယ္ပုံကို ေက်းဇူးတင္တာေၾကာင့္ ေ႐ႊအပ္ေလးတစ္ေခ်ာင္းလက္ေဆာင္ေပးတယ္။ လိုအပ္ရင္သုံးပါလို႔လဲမွာလိုက္တာေပါ့။ ေရွ႕ဆက္ေလွ်ာက္သြားတဲ့အခါ ေရခမ္းေျခာက္ခါနီး ေရအိုင္ငယ္ထဲမွာ ကူးခတ္ေနတဲ့ ေ႐ႊငါးၾကင္းေလး တစ္ေကာင္ကို ေတြ႕သတဲ့။ မယ္ပုံကလဲေ႐ႊငါးၾကင္းေလးကို ဆယ္ယူၿပီး စမ္းေခ်ာင္းေလးထဲမွာလႊတ္ေပးလိုက္တယ္။ ေ႐ႊငါးၾကင္းေလးက လိုအပ္ရင္ “ေ႐ႊငါးၾကင္းေလးေရ ကူလွည့္ပါေနာ္ ” လို႔ေျပာၿပီး သူ႔ကိုေခၚလိုက္ပါ သူလာကူညီပါ့မယ္လို႔ ကတိေပးၿပီး စမ္းေခ်ာင္းေလးထဲမွာ ကူးခတ္သြားပါေရာတဲ့။ဒီလို နဲ႔ေရွ႕ဆက္သြားရင္း အဖြားရဲ႕တဲဆီကို ေရာက္ရွိသြားပါ ေရာတဲ့။ အဖြားရဲ႕တဲဟာ ေသးေသးကုတ္ကုတ္ေလးျဖစ္ေပမဲ့ ေႏြးေထြးလွတယ္တဲ့။ အဖြားက မယ္ပုံကို စြပ္ျပဳပ္ တစ္အိုး ႀကိဳေစၿပီး တူတူ စားေသာက္ၾကသတဲ့။ စြပ္ျပဳပ္ေတြကုန္သြားတဲ့အခါ အိုးေအာက္ေျခမွာ ေ႐ႊခ်ည္ လုံး၊ ေငြခ်ည္လုံးေတြ ေတြ႕တာေၾကာင့္ အဖြားက မယ္ပုံကို ယူလိုက္ဖို႔ေျပာၿပိး တစ္ညလုံး အထည္ယက္ေစသတဲ့။ မနက္လင္းတဲ့အခါ မွာေတာ့ အလြန္လွပ ႏူးညံ့လွတဲ့ ေ႐ႊပိုးထည္ေလးကို ယက္လုပ္ၿပီးစီးသြားတာေပါ့ကြယ္။ အဖြားက ေ႐ႊပိုးထည္ေလးကို မယ္ပုံကို ေပးၿပီး ျပန္လႊတ္လိုက္သတဲ့။ေတာေစာင့္နတ္သားေလး အိမ္ကို မယ္ပုံျပန္ေရာက္တဲ့အခါ ေ႐ႊပိုးထည္ေလးကို ဝတ္႐ုံအျဖစ္ခ်ဴပ္လုပ္ဖို႔ အပ္ေတြလိုက္ရွာသတဲ့။ ဒါေပမဲ့ အပ္ေတြအကုန္လုံးဟာ သံေခ်းေတြ တက္ေနတယ္တဲ့ကြယ္။ ဒါနဲ႔မယ္ပုံလည္း ပုေရာဆိတ္ဘုရင္မ ေပးတဲ့ေ႐ႊအပ္ကေလးကို ထုတ္ၿပီး ခ်ဴပ္ ရတာေပါ့။ ခ်ဴပ္ၿပီးသြားတဲ့အခါ ၾကယ္သီးတပ္ဖို႔လိုေနျပန္ေရာတဲ့။ မယ္ပုံလည္းႀကံရာမရတာ နဲ႔စမ္းေခ်ာင္းေလး နားကိုသြားၿပီး “ေ႐ႊငါးၾကင္းေလးေရ ကူလွည့္ပါေနာ္” လို႔ေျပာၿပီး ေ႐ႊငါးၾကင္းေလးကို အကူအညီေတာင္းသတဲ့။ ဒီအခါ ေ႐ႊငါးၾကင္းေလးေပၚလာၿပီး ကႏုကမာ ၾကယ္သီးေလးေတြ ေရေအာက္ကေန ကိုက္ခ်ီယူလာၿပီး မယ္ပုံကို ေပးသတဲ့။ ၾကယ္သီးေလးေတြ တပ္ၿပီးသြားခ်ိန္မွာေတာ့ ေတာေစာင့္နတ္သားေလးအတြက္ ဝတ္႐ုံလွလွေလး ခ်ဴပ္လို႔ၿပီးသြားတာေပါ့။ေတာေစာင့္နတ္သားေလးျပန္ေရာက္ လာတဲ့အခါ မယ္ပုံခ်ဴပ္လုပ္ထားတဲ့ ဝတ္႐ုံေလးကို အလြန္သေဘာက် ႏွစ္သက္တာေၾကာင့္ ရတနာေတြကို ဝတ္႐ုံခ်ဴပ္ခ အျဖစ္ေပးသတဲ့။ ထို႔ေနာက္ဥယ်ာဥ္ ႀကီးထဲေခၚသြားၿပီး ႀကိဳက္ရာ ပန္းပြင့္ႀကီးတစ္ပြင့္ကို ခူးေစသတဲ့။ ဒါေပမဲ့ မယ္ပုံကေတာ့ အေတာ္အသင့္လွပတဲ့ ပန္းပြင့္ႀကီး တစ္ပြင့္ကိုသာခူးယူၿပီး ႐ြာကို ျပန္ခဲ့တယ္တဲ့ကြယ္။ ႐ြာကိုျပန္ေရာက္တဲ့အခါမွာေတာ့ ေတာေစာင့္နတ္သားေလး ေပးလိုက္တဲ့ ရတနာေတြကို ထုခြဲေရာင္းခ်ၿပိး ခ်မ္းသာ သြားပါေရာတဲ့ကြယ္။ ပန္းပြင့္ႀကီးရဲ႕အစြမ္းေၾကာင့္ လည္းတေန႔တျခား လွပလာ ၿပီး က်က္သေရေတြ တိုးလာတယ္တဲ့။မယ္ပုံရဲ႕သတင္းကို ၾကားရတဲ့ မယ္ၿခဳံဟာ မယ္ပုံလိုပဲ ေတာေစာင့္နတ္သားေလးကို ေတြ႕ႏိုင္ဖို႔ ေတာနက္ထဲကို သြားေရာက္ၿပီး ဆူးၿခဳံေတြၾကားမွာ ရပ္ေစာင့္ေနသတဲ့ကြယ္။ ေတာေစာင့္နတ္သားေလးနဲ႔ေတြ႕တဲ့အခါ အလုပ္ေပးဖို႔ေတာင္းဆိုသတဲ့။ ေတာေစာင့္နတ္သားေလးကလည္း မယ္ပုံတုန္းကလိုပဲ ဝတ္႐ုံတစ္ထည္ မယ္ၿခဳံကိုခ်ဴပ္ခိုင္းသတဲ့။ မယ္ပုံတုန္းကလိုပဲ မယ္ၿခဳံ ဟာ အဖြားရွိရာ တဲဆီကို သြားၿပီး အကူအညီေတာင္းရတာေပါ့။ လမ္းတစ္ေလွ်ာက္မွာ တကိုယ္ေကာင္းဆန္တဲ့ မယ္ၿခဳံဟာ ဒုကၡေရာက္ေနတဲ့ ပုေရာဆိတ္ေတြကို မကူညီပဲေက်ာ္ခြသြားသတဲ့။ ေ႐ႊငါးၾကင္းေလးကိုလည္း ေရခမ္းလုဆဲဆဲျဖစ္ေနတဲ့ စမ္းေခ်ာင္းေလးထဲကေန မကယ္ခဲ့ဖူးတဲ့။ အဖြားဆီေရာက္သြားတဲ့အခါ မွာလည္း အဖြားက စြပ္ျပဳပ္ ျပဳပ္ဖို႔ေျပာေသာ္လည္း အပ်င္းႀကီးၿပီး ငုတ္တုတ္သာ ထိုင္လို႔ေနသတဲ့။ မနက္လင္းတဲ့အခါမွာေတာ့ အဖြားဟာ မယ္ၿခဳံ ကိုပိတ္ၾကမ္းအုပ္ တစ္အုပ္ေပးၿပီး ျပန္လႊတ္လိုက္သတဲ့။ဝတ္႐ုံခ်ဴပ္ဖို႔အတြက္ သံေခ်းတက္ေနတဲ့ အပ္ေတြပဲ ရွိတဲ့မယ္ၿခဳံဟာ ရွိရာ အပ္ေတြနဲ႔ အ တင္းခ်ဴပ္ သတဲ့။ ခ်ဴပ္ၿပီးတဲ့အခါ မွာလည္း တပ္စရာ ၾကယ္သီး မရွိတာေၾကာင့္ၾကယ္သီးေပါက္လည္း မပါဖူးတဲ့။ ေတာေစာင့္နတ္သားေလး ျပန္လာတဲ့အခါ မယ္ၿခဳံရဲ႕ဝတ္႐ုံကို ၾကည့္ၿပီးအလြန္စိတ္ပ်က္သြားပါေရာတဲ့။ ဒါေပမဲ့ ကတိ အတိုင္းဥယ်ာဥ္ႀကီးဆီကို ေခၚသြားၿပီး ပန္း ပြင့္ႀကီးတစ္ပြင့္ ကို ခူးေစသတဲ့ ။ ေလာဘႀကီးလွတဲ့ မယ္ၿခဳံဟာ သူ႔အလွ နဲ႔ ထိုက္တန္ေစဖို႔အတြက္လို႔ ႐ႊတ္ဆိုၿပီး အလွဆုံး၊ အႀကီးဆုံး ပန္း ပြင့္ႀကီးကိုမွေ႐ြးခူးၿပီး ႐ြာကို ျပန္ခဲ့တယ္တဲ့။႐ြာကိုျပန္ေရာက္တဲ့အခါ ပန္းပြင့္ႀကီးကို ဧည့္ခန္းမွာထားၿပီး ေန႔တိုင္းေစာင့္ၾကည့္သတဲ့။ ဒါေပမဲ့ ပန္းပြင့္ႀကီးဟာ ဘာမွ မထူးျခားပဲ တစ္ေန႔တစ္ျခား ညႇိဴးႏြမ္းၿပီးသာလာသတဲ့။ ေမွ်ာ္လင့္သလို မျဖစ္လာတဲ့အတြက္ မယ္ၿခဳံဟာလည္း တစ္ ေန႔တစ္ျခား စိတ္ေတြဆင္းရဲ ၿပီး တျဖည္းျဖည္း အိုစာကာ အလွေတြေမွးမွိန္လာသတဲ့။ ေနာက္ဆုံးသည္းမခံႏိုင္ေတာ့တဲ့မယ္ၿခဳံဟာ ပန္းပြင့္ႀကီးကို တစ္စစီ ဆုတ္ၿဖဲၿပီး ေႁခြမြ ပစ္လိုက္ပါေရာတဲ့ကြယ္။ပန္းပြင့္ႀကီးပ်က္စီး သြားတာ နဲ႔တစ္ၿပိဳင္နက္ထဲမွာပဲ မယ္ၿခဳံ ဟာလည္း ႐ုပ္ဆိုးဆိုး အဖြားႀကီး တစ္ေယာက္ျဖစ္သြားပါေရာတဲ့ကြယ္။ အဒိေနာက္သူဟာ အိမ္ထဲကအိမ္ျပင္ကို ဘယ္ေတာ့မွ မထြက္ေတာ့ပဲ အိမ္ထဲမွာပဲ အၿမဲေနသြားေတာ့သတဲ့ကြယ္။ ပုံျပင္ေလးကေပးခ်င္တဲ့ အသိကေတာ့ မယ္ၿခဳံလို သူမ်ားအားနည္းခ်က္ကို ေလွာင္ေျပာင္ႏွိမ့္ခ် တဲ့စိတ္ ၊ တကိုယ္ေကာင္းဆန္စြာ သူမ်ားအခက္အခဲ ရွိရင္ ေက်ာ္လႊားသြားတဲ့စိတ္ ၊ မစဥ္းစားမဆင္ျခင္ဘဲ ေလာဘ ႀကီးတဲ့စိတ္ ေတြကို ေရွာင္ၾကဥ္လို႔ မယ္ပုံေလးလို ပဲ စဥ္းစားဆင္ျခင္ၿပီး သည္းခံခြင့္လႊတ္တတ္တဲ့စိတ္၊ အခက္အခဲေတြေနတဲ့သူေတြကိုကူညီတတ္တဲ့စိတ္ ၊ အခြင့္အေရးရ ေသာ္လည္း အလိုေလာဘ မႀကီးပဲ တန္ရာ သင့္ရာ ကိုပဲ ေ႐ြးခ်ယ္တတ္တဲ့ စိတ္ေတြ ေမြးၾကဖို႔ သင္ခန္းစာေပးထားတာျဖစ္ပါတယ္။