မဟတ္တမဂန္ဓီ၏ အလွန်တန်ဖိုးရှိသော စိတ်ခွန်အားဖြည့်စာပေများ

သင့်ကို နှိမ်ခဲ့တဲ့သူကို ကျေးဇူးတင်ပါ..သူ့ကြောင့် သင်အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ချင်လာတာပါ..သင့်အလှည့်ကျရင် နိမ့်ကျတဲ့သူတွေကို လက်တွဲခေါ်ပါ။သင့်ကို ကဲ့ရဲ့ခဲ့တဲ့သူကို ကျေးဇူး တင်ပါ..သူ့ကြောင့် ကဲ့ရဲ့ခံရရင် ဘယ်လိုခံစားရလဲဆိုတာ သင်သိခဲ့တာပါ..သင့်အလှည့်ကျရင် ဘယ်သူ့ကိုမှ ပြန်မကဲ့ရဲ့ပါနဲ့။သင့်ကို အရင်းနှီးဆုံးသူငယ်ချင်းအဖြစ်ပေါင်းပြီး လိမ်သွားခဲ့တဲ့သူကို ကျေးဇူးတင်ပါ..သူက ဘဝရဲ့အရေးကြီးဆုံးသင်ခန်းစာကို သင်ပေးခဲ့တာပါ..သူ့ကြောင့် သင်လူတစ်ယောက်ကို မျက်စိမှိတ်ယုံကြည်တတ်မှာ မဟုတ်တော့ဘူး..ဒါပေမယ့် သင့်ကိုယုံကြည်တဲ့သူကို ဘယ်တော့မှမလိမ်ပါနဲ့။အဲဒီခံစားချက်က ဘယ်လောက်ဆိုးတယ်ဆိုတာ သင်သိပြီးသားပါ..သင်အကူအညီတောင်းခဲ့တိုင်း လှည့်မကြည့်ခဲ့တဲ့သူတွေကို ကျေးဇူးတင်ပါ..သူတို့ကြောင့် သင့်ကိုသင် အားကိုးတတ်လာတာပါ..သင့်အလှည့်ကျရင် သူများအခက်အခဲကို ကူညီပါ။သင့်ကို ခေါင်းပုံဖြတ်ခဲ့တဲ့ ခေါင်းဆောင်တွေကို ကျေးဇူးတင်ပါ..ခေါင်းပုံဖြတ်တဲ့သူတို့က ခေါင်းရှောင်တစ်ယောက်အောက်မှာလုပ်ရတဲ့ လက်အောက်ငယ်သားတစ်ယောက်ရဲ့ ခံစားမှုမျိုးကို သင်နဲ့မိတ်ဆက်ပေးခဲ့လို့ပါ..သင်ခေါင်းဆောင်ဖြစ်တဲ့နေ့ သင့်လက်အောက်ငယ်သားတွေ ဘယ်တော့မှ အဲ့ဒီလို မခံစားရပါစေနဲ့..သင်အလုပ်ကို အဆပေါင်းများစွာ ကြိုးစားခဲ့ပေမယ့် လစာနည်းနည်းက တိုးမပေးခဲ့တဲ့ အလုပ်ရှင်ကို ကျေးဇူးတင်ပါ..သင်ကြိုးစားခဲ့လို့ သင့်မှာအရည်အချင်းတွေရှိနေရင် သင့်အတွက် အလုပ်မရှားတော့ပါဘူး..အခွင့်အရေးပေါင်းများစွာကသင့်ရှေ့လက်တစ်ကမ်းမှာ ရောက်နေပါပြီ..

သင့်တန်ဖိုးကို အသိအမှတ်ပြုတဲ့နေရာသို့ ပြောင်းလိုက်ပါ..သင်အလုပ်ရှင်ဖြစ်တဲ့နေ့ သင့်ရဲ့လက် အောက်မှာ လုပ်နေတဲ့ ဝန်ထမ်းတွေကို တန်ဖိုးထားပါ..သင့်ကို ပစ်ခွာသွားသူကို ကျေးဇူး တင်ပါ..သင့်ကိုတန်ဖိုးမထားသူတစ်ယောက်ကို သင် စောစောစီးစီး သိလိုက်ရတာပါ..နောက်ကျမှသိရင် အရာရာနောက်ကျနေပါလိမ့်မယ်..သူ့ကြောင့် သင်နဲ့ထိုက်တန်တဲ့သူကိုတွေ့ဖို့ လမ်းပွင့်သွားတာပါ..သင့်ကို တန်ဖိုးထားတဲ့လူတစ်ယောက်တွေ့တဲ့နေ့ကျရင်သင့်ကို သူလုပ်ခဲ့တဲ့အမှားမျိုး ထပ်မလုပ်ပါနဲ့..အထက်မှာဖော်ပြခဲ့တဲ့ လူမျိုးတွေကို ဘယ်တော့မှ မမုန်းပါနဲ့..သူတို့က သင်မုန်းရလောက်အောင် မထိုက်တန်တဲ့သူတွေပါ..သင့်ရဲ့စိတ်ထဲက နှမ်းတစ်စေ့စာနေရာလောက်နဲ့တောင် မထိုက်တန်တဲ့သူတွေပါ..သူတို့ကြောင့် သင့်ရဲ့ရိုးသားမှုအကျင့်စာရိတ္တတွေ ဘယ်တော့မှ ပျက်မသွားပါစေနဲ့..သူတို့ သင့်ကိုပြုမူခဲ့တဲ့အတိုင်း သင်လည်းပြုမူမယ်ဆိုရင်သင်လည်း သူတို့လို ရွံစရာလူမျိုးဖြစ်လာပါလိမ့်မယ်..သူတို့ သင့်ကိုပြောင်းလဲနေတာကို ဘယ်တော့မှ လက်မခံပါနဲ့..သူတို့ကြောင့် သင်ကြိုးစားတာ ဘယ်တော့မှ ရပ်မသွားစေနဲ့..သင့်ရဲ့ဖြူနေတဲ့စိတ်ထားကို သူတို့ကြောင့် အစွန်းမခံနဲ့..ဘယ်တော့မှလည်းကလဲ့စားချေဖို့မကြိုးစားပါနဲ့..မျက်လုံးတစ်လုံးအ တွက်မျက်လုံးတစ်လုံး ဆိုတဲ့ အယူအဆက ကမ္ဘာကြီးကိုအမှောင်ကျစေတယ်

မဟတ္တမဂန္ဓီ

[zawgyi]

သင့္ကို ႏွိမ္ခဲ့တဲ့သူကို ေက်းဇူးတင္ပါ..သူ႔ေၾကာင့္ သင္ေအာင္ျမင္တဲ့သူတစ္ေယာက္ျဖစ္ခ်င္လာတာပါ..သင့္အလွည့္က်ရင္ နိမ့္က်တဲ့သူေတြကို လက္တြဲေခၚပါ။သင့္ကို ကဲ့ရဲ႕ခဲ့တဲ့သူကို ေက်းဇူးတင္ပါ..သူ႔ေၾကာင့္ ကဲ့ရဲ႕ခံရရင္ ဘယ္လိုခံစားရလဲဆိုတာ သင္သိခဲ့တာပါ..သင့္အလွည့္က်ရင္ ဘယ္သူ႔ကိုမွ ျပန္မကဲ့ရဲ႕ပါနဲ႔။သင့္ကို အရင္းႏွီးဆုံးသူငယ္ခ်င္းအျဖစ္ေပါင္းၿပီး လိမ္သြားခဲ့တဲ့သူကို ေက်းဇူးတင္ပါ..သူက ဘဝရဲ႕အေရးႀကီးဆုံးသင္ခန္းစာကို သင္ေပးခဲ့တာပါ..သူ႔ေၾကာင့္ သင္လူတစ္ေယာက္ကို မ်က္စိမွိတ္ယုံၾကည္တတ္မွာ မဟုတ္ေတာ့ဘူး..ဒါေပမယ့္ သင့္ကိုယုံၾကည္တဲ့သူကို ဘယ္ေတာ့မွမလိမ္ပါနဲ႔။အဲဒီခံစားခ်က္က ဘယ္ေလာက္ဆိုးတယ္ဆိုတာ သင္သိၿပီးသားပါ..သင္အကူအညီေတာင္းခဲ့တိုင္း လွည့္မၾကည့္ခဲ့တဲ့သူေတြကို ေက်းဇူးတင္ပါ..သူတို႔ေၾကာင့္ သင့္ကိုသင္ အားကိုးတတ္လာတာပါ..သင့္အလွည့္က်ရင္ သူမ်ားအခက္အခဲကို ကူညီပါ။သင့္ကို ေခါင္းပုံျဖတ္ခဲ့တဲ့ ေခါင္းေဆာင္ေတြကို ေက်းဇူးတင္ပါ..ေခါင္းပုံျဖတ္တဲ့သူတို႔က ေခါင္းေရွာင္တစ္ေယာက္ေအာက္မွာလုပ္ရတဲ့ လက္ေအာက္ငယ္သားတစ္ေယာက္ရဲ႕ ခံစားမႈမ်ိဳးကို သင္နဲ႔မိတ္ဆက္ေပးခဲ့လို႔ပါ..သင္ေခါင္းေဆာင္ျဖစ္တဲ့ေန႔ သင့္လက္ေအာက္ငယ္သားေတြ ဘယ္ေတာ့မွ အဲ့ဒီလို မခံစားရပါေစနဲ႔..သင္အလုပ္ကို အဆေပါင္းမ်ားစြာ ႀကိဳးစားခဲ့ေပမယ့္ လစာနည္းနည္းက တိုးမေပးခဲ့တဲ့ အလုပ္ရွင္ကို ေက်းဇူးတင္ပါ..သင္ႀကိဳးစားခဲ့လို႔ သင့္မွာအရည္အခ်င္းေတြရွိေနရင္ သင့္အတြက္ အလုပ္မရွားေတာ့ပါဘူး..အခြင့္အေရးေပါင္းမ်ားစြာကသင့္ေရွ႕လက္တစ္ကမ္းမွာ ေရာက္ေနပါၿပီ..သင့္တန္ဖိုးကို အသိအမွတ္ျပဳတဲ့ေနရာသို႔ ေျပာင္းလိုက္ပါ..သင္အလုပ္ရွင္ျဖစ္တဲ့ေန႔ သင့္ရဲ႕လက္ေအာက္မွာ လုပ္ေနတဲ့ ဝန္ထမ္းေတြကို တန္ဖိုးထားပါ..သင့္ကို ပစ္ခြာသြားသူကို ေက်းဇူးတင္ပါ..သင့္ကိုတန္ဖိုးမထားသူတစ္ေယာက္ကို သင္ ေစာေစာစီးစီး သိလိုက္ရတာပါ..ေနာက္က်မွသိရင္ အရာရာေနာက္က်ေနပါလိမ့္မယ္..သူ႔ေၾကာင့္ သင္နဲ႔ထိုက္တန္တဲ့သူကိုေတြ႕ဖို႔ လမ္းပြင့္သြားတာပါ..သင့္ကို တန္ဖိုးထားတဲ့လူတစ္ေယာက္ေတြ႕တဲ့ေန႔က်ရင္သင့္ကို သူလုပ္ခဲ့တဲ့အမွားမ်ိဳး ထပ္မလုပ္ပါနဲ႔..အထက္မွာေဖာ္ျပခဲ့တဲ့ လူမ်ိဳးေတြကို ဘယ္ေတာ့မွ မမုန္းပါနဲ႔..သူတို႔က သင္မုန္းရေလာက္ေအာင္ မထိုက္တန္တဲ့သူေတြပါ..သင့္ရဲ႕စိတ္ထဲက ႏွမ္းတစ္ေစ့စာေနရာေလာက္နဲ႔ေတာင္ မထိုက္တန္တဲ့သူေတြပါ..သူတို႔ေၾကာင့္ သင့္ရဲ႕႐ိုးသားမႈအက်င့္စာရိတၱေတြ ဘယ္ေတာ့မွ ပ်က္မသြားပါေစနဲ႔..သူတို႔ သင့္ကိုျပဳမူခဲ့တဲ့အတိုင္း သင္လည္းျပဳမူမယ္ဆိုရင္သင္လည္း သူတို႔လို ႐ြံစရာလူမ်ိဳးျဖစ္လာပါလိမ့္မယ္..သူတို႔ သင့္ကိုေျပာင္းလဲေနတာကို ဘယ္ေတာ့မွ လက္မခံပါနဲ႔..သူတို႔ေၾကာင့္ သင္ႀကိဳးစားတာ ဘယ္ေတာ့မွ ရပ္မသြားေစနဲ႔..သင့္ရဲ႕ျဖဴေနတဲ့စိတ္ထားကို သူတို႔ေၾကာင့္ အစြန္းမခံနဲ႔..ဘယ္ေတာ့မွလည္းကလဲ့စားေခ်ဖို႔မႀကိဳးစားပါနဲ႔..မ်က္လုံးတစ္လုံးအတြက္မ်က္လုံးတစ္လုံး ဆိုတဲ့ အယူအဆက ကမာၻႀကီးကိုအေမွာင္က်ေစတယ္