“မိကျောင်း” နှင့် “မျောက်”

မိကျောင်းထီးတစ်ကောင်ဟာ အမြဲတမ်း အစာရှာထွက်လေ့ရှိပြီး သူအစာရှာထွက်တဲ့မြစ်ကမ်းနားက ရေသဖန်းပင်ပေါ်မှာမျောက်တစ်ကောင် နဲ့ မိတ်ဆွေဖြစ်နေကြပါသတဲ့။ မျောက်ဟာ အစာရှာပြီး မြစ်ကမ်းနားမှာ အနားယူလေ့ရှိတဲ့မိကျောင်းကို သူနေထိုင်ရာ သဖန်းပင်ပေါ်က သဖန်းသီးတွေကို မိကျောင်းအတွက်ခူးပြီးခြွေချပေးလေ့ရှိပါတယ်။ မျောက်ခြွေချပေးတဲ့သဖန်းသီးတွေကို မိကျောင်းက ကျောပေါ်တင်သွားပြီး သူ့ရဲ့မယားဖြစ်သူ မိကျောင်းမကို ကျွေးလေ့ရှိပါတယ်။ မိကျောင်းမဟာ သဖန်းသီးတွေကိုစားတိုင်း ချိုလိုက်တာဆိုပြီးအမြဲ ချီးကျူး လေ့ရှိပါတယ်။ တစ်နေ့မှာတော့ မိကျောင်းမဟာ မိကျောင်းထီးကိုပြောပါတယ်။“ ရှင်ယူလာတဲ့သဖန်းသီးတွေက ချိုလိုက်တာနော် ဒါပေ မယ့် ဒါလေးတွေကို စားရတာနဲ့တင် မတင်းတိမ်နိုင်ဘူး။ သဖန်းပင်ပေါ်က သဖန်းသီးတွေကို နေ့တိုင်းစားနေတဲ့မျောက်ရဲ့အသည်းက ပိုတောင်ချိုအုံးမှာ။ ကျုပ်ကို သဖန်းပင်ပေါ်က မျောက်အသည်းစားရအောင် ယူလာခဲ့ပေးပါလား” ဆိုပြီး မျောက်သားစားဖို့ ပူဆာပါတော့တယ်။ မိကျောင်းထီးက မျောက်နဲ့မိတ်ဆွေဖြစ်နေတာမို့ မျောက်ကို မစားစေချင်ပေမယ့် မိကျောင်းမက မကြာခဏ ပူဆာလေ့ရှိတာမို့ နောက် ဆုံးမှာတော့ မငြင်းရက်ပဲ မျောက်ရဲ့အသည်းကိုယူလာပေးမယ်လို့ ကတိပေးခဲ့ရပါတယ်။ အဲဒီလိုနဲ့ ပုံမှန်လို မိကျောင်းက အစာရှာထွက် ရင်း မြစ်ကမ်းနားမှာ အနားယူရင်း မျောက်ကို ဘယ်လိုလိမ်ခေါ်သွားရမလဲစဉ်းစားပါတယ်။ မိကျောင်းက မျောက်ကို စကားပြောလိုက် ပါတယ် “ ကိုမျောက်ရေ မင်းပေးတဲ့သဖန်းသီးတွေကို စားပြီး မိကျောင်းမက မင်းကိုတွေ့ချင်လို့ အိမ်လည်လိုက်ခဲ့ပါလို့ မှာလိုက်တယ်။ အဲဒါမင်းငါ့ကျောပေါ်ကနေပြီး အိမ်လည်လိုက်ခဲ့ပါအုံးလား” လို့မေးလိုက်ပါတယ်။ မျောက်က ခင်မင်ရင်းစွဲရှိသူမို့ ယုတ်မာတဲ့အကြံကို မရိပ်မိဘဲ ပြန်ဖြေလိုက်ပါတယ် “အော်…မိကျောင်းရဲ့အိမ်က ရေလည်ကောင်မှာလား။ ကျုပ်က ရေမကူးတတ်တော့ ရေထဲပြုတ်ကျမှာတော့ ကြောက်သဗျာ။” အကြံရှိတဲ့မိကျောင်းထီးဟာ “ဟာ စိတ်မပူပါနဲ့ အဆွေမျောက်ရဲ့ ကျုပ်ကျောပေါ်ကနေသာ လိုက်ခဲ့ပါ။ ခင်ဗျားရေထဲမပြုတ်ကျအောင် ကျုပ်ထိန်းထားပေးပါ့မယ်”လို့အာမခံလိုက်ပါတယ်။ယုံကြည်သွားတဲ့မျောက်ဟာ မိကျောင်းမိဆီလိုက်ဖို့ သဘောတူလိုက် သတဲ့။ အဲဒီလိုနဲ့ မိကျောင်းကျောပေါ်မှာ မျောက်ဟာလိုက်ပါလာရင်း ရေလည်ကောင်ရောက်လာပါတော့တယ်။ မျောက်ဟာ မသင်္ကာတာကြောင့် မိကျောင်းထီးကို လှည့်ပတ်မေးရင်း ရေလည်ကောင်အရောက်မှာ မိကျောင်းထီးဆီက စကားနှိုက်လို့ရသွားပါတယ်။

“ဟုတ်တယ် အဆွေမျောက်ရေ၊ ကျွန်တော့်မိန်းမ မိကျောင်းမဟာ ကိုယ်ဝန်ဆောင်မို့ သူက အဆွေမျောက်ရဲ့အသည်းကို စားချင်စိတ်ဖြစ်နေတာမို့ မငြင်းရက်တာကြောင့် ခင်ဗျားကို ခေါ်လာရတာပါပဲ” လို့ ရေလည်ကောင်အရောက်မှာ ပြန်မပြေးနိုင်တော့ဘူး အထင်နဲ့ ဝန်ခံလိုက် ပါသတဲ့။အဲဒီ့အခါမှာ မျောက်ဟာ အကြံထုတ်ပြီး ချက်ချင်းပဲ မိကျောင်းကို ပြုံးရွှင်စွာပြန်ပြောလိုက်ပါတယ်။အော် အဆွေမိကျောင်းရယ် မိတ် ဆွေတွေချင်းပဲ အစောကြီးထဲက ခုလို ပွင့်ပွင့်လင်းလင်းပြောခဲ့ရင် ရသားနဲ့။ ကျုပ်အသည်းကို စားချင်ရင် ကျုပ်ထည့်ပေးလိုက်မှာပေါ့ဗျာ။ ခုတော့ ရေလည်ကောင်ကျမှ ပြောတယ်။ သဖန်းပင်ရှိရာပြန်လှည့်မှရတော့မယ်၊ ကျုပ်အသည်းကို ကျုပ်က ရေသ ဖန်းပင်ပေါ်မှာ ချိတ်ခဲ့တာဗျာ။ လာ…ခုပဲ သဖန်းပင်ပေါ်က အသည်းကို သွားပြန်ယူကြရအောင်” မျောက်ရဲ့စကားကို အကြားမှာ တုံးအတဲ့ မိကျောင်းထီးဟာ “ဟာ တ ကယ်လား။ အဲလိုမှန်းသိရင် ကျုပ်အစောကတည်းက ပြောပါတယ်ဗျာ။ အခုဘယ်လိုလုပ်မတုန်း” လို့မေးပါတယ်။ အကြံပိုင်တဲ့မျောက်ဟာ “အော် ဘယ်လိုလုပ်မတုန်း သဖန်းပင်ရှိရာ ပြန်လှည့်ပေးတော့ဗျိုး။ ကျုပ်ကို စောစောကပြောရင် ကျုပ်အသည်းချည်းသက် သက် ခင်ဗျားကိုထည့်ပေးလိုက်တာပေါ့။ ခုတော့ ပြန်ယူမှရတော့မယ်လေ” မျောက်ရဲ့စကားကို အကြားမှာ မိကျောင်းထီးဟာ မျောက်ကို သ ဖန်းပင်ရှိရာဆီပြန်ပို့ပေးလိုက်ပါတယ်။ မျောက်ဟာ “မိတ်ဆွေကြီးရေ ခဏလေးစောင့်နော်၊ ကျုပ်အသည်းကို အပင်ပေါ် တက်ယူပြီး ပြန်ဆင်းလာခဲ့ပါ့မယ်” လို့ ပြောပြီး သဖန်းပင်ပေါ် ပြေးတက်သွားကာ ပြန်ဆင်းမလာတော့ပါဘူး။မိကျောင်းထီးဟာ သဖန်းပင်အောက်ကနေပြီး မျောက်ကိုအော်ခေါ်တဲ့အခါ “အဆွေမျောက်ရေ အသည်းယူပြီးရင် ပြန်ဆင်းလာခဲ့တော့လေ” ဆိုတဲ့အခါ မျောက်ပြန်ပြောလိုက်ပါတယ်။ “ဟယ် မိ ကျောင်းယုတ် နင့်အပေါ်မှာ မိတ်ဆွေကောင်းအဖြစ်နေခဲ့တဲ့ ငါ့လိုမိတ်ဆွေကိုတောင် ယုတ်မာတဲ့စိတ်ထားတဲ့ နင့်လို မိတ်ဆွေမျိုးကို ငါက အကြံသုံးပြီး ကလိမ်ကျလိုက်တာဟဲ့။ ဒီတစ်သက် နင့်လိုမိတ်ဆွေယုတ်မျိုးကို ဘယ်တော့မှ အဆက်အဆံမလုပ်တော့ဘူး” လို့ ပြတ် သားစွာ ပြန်ပြောလိုက်ပါတော့တယ်။ဒီအကြောင်းအရာလေးကနေ မိတ်ဆွေကောင်းအဖြစ်ကိုယ်က နေပေးပေမယ့် ကိုယ့်အပေါ် ပြန်ပြီး မိတ်ဆွေကောင်းမဖြစ်နိုင်တဲ့သူမျိုးလည်းရှိနိုင်တယ်ဆိုတာကို သင်ခန်းစာပေးထားပါတယ်။ လူ့လောကမှာ ကျင်လည်တဲ့အခါ လူအမျိုးမျိုး စိတ်အထွေထွေမို့ လူတိုင်းကို သံသယနဲ့မဆက်ဆံသင့်ပေမယ့် လူတိုင်းကိုလည်း အလုံးစုံမျက်လုံးမှိတ်ယုံကြည်လို့မဖြစ်နိုင်ပါဘူး။ ဉာဏ်နဲ့ယှဉ်ပြီး ယုံကြည်ဖို့တော့ လိုပါတယ်။

Credit – မူရင်း

[zawgyi]

မိေက်ာင္းထီးတစ္ေကာင္ဟာ အၿမဲတမ္း အစာရွာထြက္ေလ့ရွိၿပီး သူအစာရွာထြက္တဲ့ျမစ္ကမ္းနားက ေရသဖန္းပင္ေပၚမွာေမ်ာက္တစ္ေကာင္ နဲ႔ မိတ္ေဆြျဖစ္ေနၾကပါသတဲ့။ ေမ်ာက္ဟာ အစာရွာၿပီး ျမစ္ကမ္းနားမွာ အနားယူေလ့ရွိတဲ့မိေက်ာင္းကို သူေနထိုင္ရာ သဖန္းပင္ေပၚက သဖန္းသီးေတြကို မိေက်ာင္းအတြက္ခူးၿပီးေႁခြခ်ေပးေလ့ရွိပါတယ္။ ေမ်ာက္ေႁခြခ်ေပးတဲ့သဖန္းသီးေတြကို မိေက်ာင္းက ေက်ာေပၚတင္သြားၿပီး သူ႔ရဲ႕မယားျဖစ္သူ မိေက်ာင္းမကို ေကြၽးေလ့ရွိပါတယ္။ မိေက်ာင္းမဟာ သဖန္းသီးေတြကိုစားတိုင္း ခ်ိဳလိုက္တာဆိုၿပီးအၿမဲ ခ်ီးက်ဴး ေလ့ရွိပါတယ္။ တစ္ေန႔မွာေတာ့ မိေက်ာင္းမဟာ မိေက်ာင္းထီးကိုေျပာပါတယ္။“ ရွင္ယူလာတဲ့သဖန္းသီးေတြက ခ်ိဳလိုက္တာေနာ္ ဒါေပ မယ့္ ဒါေလးေတြကို စားရတာနဲ႔တင္ မတင္းတိမ္ႏိုင္ဘူး။ သဖန္းပင္ေပၚက သဖန္းသီးေတြကို ေန႔တိုင္းစားေနတဲ့ေမ်ာက္ရဲ႕အသည္းက ပိုေတာင္ခ်ိဳအုံးမွာ။ က်ဳပ္ကို သဖန္းပင္ေပၚက ေမ်ာက္အသည္းစားရေအာင္ ယူလာခဲ့ေပးပါလား” ဆိုၿပီး ေမ်ာက္သားစားဖို႔ ပူဆာပါေတာ့တယ္။ မိေက်ာင္းထီးက ေမ်ာက္နဲ႔မိတ္ေဆြျဖစ္ေနတာမို႔ ေမ်ာက္ကို မစားေစခ်င္ေပမယ့္ မိေက်ာင္းမက မၾကာခဏ ပူဆာေလ့ရွိတာမို႔ ေနာက္ ဆုံးမွာေတာ့ မျငင္းရက္ပဲ ေမ်ာက္ရဲ႕အသည္းကိုယူလာေပးမယ္လို႔ ကတိေပးခဲ့ရပါတယ္။ အဲဒီလိုနဲ႔ ပုံမွန္လို မိေက်ာင္းက အစာရွာထြက္ ရင္း ျမစ္ကမ္းနားမွာ အနားယူရင္း ေမ်ာက္ကို ဘယ္လိုလိမ္ေခၚသြားရမလဲစဥ္းစားပါတယ္။ မိေက်ာင္းက ေမ်ာက္ကို စကားေျပာလိုက္ ပါတယ္ “ ကိုေမ်ာက္ေရ မင္းေပးတဲ့သဖန္းသီးေတြကို စားၿပီး မိေက်ာင္းမက မင္းကိုေတြ႕ခ်င္လို႔ အိမ္လည္လိုက္ခဲ့ပါလို႔ မွာလိုက္တယ္။ အဲဒါမင္းငါ့ေက်ာေပၚကေနၿပီး အိမ္လည္လိုက္ခဲ့ပါအုံးလား” လို႔ေမးလိုက္ပါတယ္။ ေမ်ာက္က ခင္မင္ရင္းစြဲရွိသူမို႔ ယုတ္မာတဲ့အႀကံကို မရိပ္မိဘဲ ျပန္ေျဖလိုက္ပါတယ္ “ေအာ္…မိေက်ာင္းရဲ႕အိမ္က ေရလည္ေကာင္မွာလား။ က်ဳပ္က ေရမကူးတတ္ေတာ့ ေရထဲျပဳတ္က်မွာေတာ့ ေၾကာက္သဗ်ာ။” အႀကံရွိတဲ့မိေက်ာင္းထီးဟာ “ဟာ စိတ္မပူပါနဲ႔ အေဆြေမ်ာက္ရဲ႕ က်ဳပ္ေက်ာေပၚကေနသာ လိုက္ခဲ့ပါ။ ခင္ဗ်ားေရထဲမျပဳတ္က်ေအာင္ က်ဳပ္ထိန္းထားေပးပါ့မယ္”လို႔အာမခံလိုက္ပါတယ္။ယုံၾကည္သြားတဲ့ေမ်ာက္ဟာ မိေက်ာင္းမိဆီလိုက္ဖို႔ သေဘာတူလိုက္ သတဲ့။ အဲဒီလိုနဲ႔ မိေက်ာင္းေက်ာေပၚမွာ ေမ်ာက္ဟာလိုက္ပါလာရင္း ေရလည္ေကာင္ေရာက္လာပါေတာ့တယ္။ ေမ်ာက္ဟာ မသကၤာတာေၾကာင့္ မိေက်ာင္းထီးကို လွည့္ပတ္ေမးရင္း ေရလည္ေကာင္အေရာက္မွာ မိေက်ာင္းထီးဆီက စကားႏႈိက္လို႔ရသြားပါတယ္။“ဟုတ္တယ္ အေဆြေမ်ာက္ေရ၊ ကြၽန္ေတာ့္မိန္းမ မိေက်ာင္းမဟာ ကိုယ္ဝန္ေဆာင္မို႔ သူက အေဆြေမ်ာက္ရဲ႕အသည္းကို စားခ်င္စိတ္ျဖစ္ေနတာမို႔ မျငင္းရက္တာေၾကာင့္ ခင္ဗ်ားကို ေခၚလာရတာပါပဲ” လို႔ ေရလည္ေကာင္အေရာက္မွာ ျပန္မေျပးႏိုင္ေတာ့ဘူး အထင္နဲ႔ ဝန္ခံလိုက္ ပါသတဲ့။အဲဒီ့အခါမွာ ေမ်ာက္ဟာ အႀကံထုတ္ၿပီး ခ်က္ခ်င္းပဲ မိေက်ာင္းကို ၿပဳံး႐ႊင္စြာျပန္ေျပာလိုက္ပါတယ္။ေအာ္ အေဆြမိေက်ာင္းရယ္ မိတ္ ေဆြေတြခ်င္းပဲ အေစာႀကီးထဲက ခုလို ပြင့္ပြင့္လင္းလင္းေျပာခဲ့ရင္ ရသားနဲ႔။ က်ဳပ္အသည္းကို စားခ်င္ရင္ က်ဳပ္ထည့္ေပးလိုက္မွာေပါ့ဗ်ာ။ ခုေတာ့ ေရလည္ေကာင္က်မွ ေျပာတယ္။ သဖန္းပင္ရွိရာျပန္လွည့္မွရေတာ့မယ္၊ က်ဳပ္အသည္းကို က်ဳပ္က ေရသ ဖန္းပင္ေပၚမွာ ခ်ိတ္ခဲ့တာဗ်ာ။ လာ…ခုပဲ သဖန္းပင္ေပၚက အသည္းကို သြားျပန္ယူၾကရေအာင္” ေမ်ာက္ရဲ႕စကားကို အၾကားမွာ တုံးအတဲ့ မိေက်ာင္းထီးဟာ “ဟာ တ ကယ္လား။ အဲလိုမွန္းသိရင္ က်ဳပ္အေစာကတည္းက ေျပာပါတယ္ဗ်ာ။ အခုဘယ္လိုလုပ္မတုန္း” လို႔ေမးပါတယ္။ အႀကံပိုင္တဲ့ေမ်ာက္ဟာ “ေအာ္ ဘယ္လိုလုပ္မတုန္း သဖန္းပင္ရွိရာ ျပန္လွည့္ေပးေတာ့ဗ်ိဳး။ က်ဳပ္ကို ေစာေစာကေျပာရင္ က်ဳပ္အသည္းခ်ည္းသက္ သက္ ခင္ဗ်ားကိုထည့္ေပးလိုက္တာေပါ့။ ခုေတာ့ ျပန္ယူမွရေတာ့မယ္ေလ” ေမ်ာက္ရဲ႕စကားကို အၾကားမွာ မိေက်ာင္းထီးဟာ ေမ်ာက္ကို သ ဖန္းပင္ရွိရာဆီျပန္ပို႔ေပးလိုက္ပါတယ္။ ေမ်ာက္ဟာ “မိတ္ေဆြႀကီးေရ ခဏေလးေစာင့္ေနာ္၊ က်ဳပ္အသည္းကို အပင္ေပၚ တက္ယူၿပီး ျပန္ဆင္းလာခဲ့ပါ့မယ္” လို႔ ေျပာၿပီး သဖန္းပင္ေပၚ ေျပးတက္သြားကာ ျပန္ဆင္းမလာေတာ့ပါဘူး။မိေက်ာင္းထီးဟာ သဖန္းပင္ေအာက္ကေနၿပီး ေမ်ာက္ကိုေအာ္ေခၚတဲ့အခါ “အေဆြေမ်ာက္ေရ အသည္းယူၿပီးရင္ ျပန္ဆင္းလာခဲ့ေတာ့ေလ” ဆိုတဲ့အခါ ေမ်ာက္ျပန္ေျပာလိုက္ပါတယ္။ “ဟယ္ မိ ေက်ာင္းယုတ္ နင့္အေပၚမွာ မိတ္ေဆြေကာင္းအျဖစ္ေနခဲ့တဲ့ ငါ့လိုမိတ္ေဆြကိုေတာင္ ယုတ္မာတဲ့စိတ္ထားတဲ့ နင့္လို မိတ္ေဆြမ်ိဳးကို ငါက အႀကံသုံးၿပီး ကလိမ္က်လိုက္တာဟဲ့။ ဒီတစ္သက္ နင့္လိုမိတ္ေဆြယုတ္မ်ိဳးကို ဘယ္ေတာ့မွ အဆက္အဆံမလုပ္ေတာ့ဘူး” လို႔ ျပတ္ သားစြာ ျပန္ေျပာလိုက္ပါေတာ့တယ္။ဒီအေၾကာင္းအရာေလးကေန မိတ္ေဆြေကာင္းအျဖစ္ကိုယ္က ေနေပးေပမယ့္ ကိုယ့္အေပၚ ျပန္ၿပီး မိတ္ေဆြေကာင္းမျဖစ္ႏိုင္တဲ့သူမ်ိဳးလည္းရွိႏိုင္တယ္ဆိုတာကို သင္ခန္းစာေပးထားပါတယ္။ လူ႔ေလာကမွာ က်င္လည္တဲ့အခါ လူအမ်ိဳးမ်ိဳး စိတ္အေထြေထြမို႔ လူတိုင္းကို သံသယနဲ႔မဆက္ဆံသင့္ေပမယ့္ လူတိုင္းကိုလည္း အလုံးစုံမ်က္လုံးမွိတ္ယုံၾကည္လို႔မျဖစ္ႏိုင္ပါဘူး။ ဉာဏ္နဲ႔ယွဥ္ၿပီး ယုံၾကည္ဖို႔ေတာ့ လိုပါတယ္။