မိန်းကလေးတွေမယူသင့်တဲ့ လင်(၈) မျိူး

၁။ လင်မွဲ – ဘယ်လောက်ပဲ ချစ်ပါစေ ၊ စီးပွားရေး အသိတရား မရှိဘူးဆိုရင် အိမ်ထောင်ရေးဟာ ရေမရှိတဲ့အိုင်မှာ နေရတဲ့ငါးလိုပဲ ပူလောင်ခြောက်သွေ့ လွန်းပါတယ်။ဒါ့ကြောင့် မွဲတဲ့ယောက်ျားကို မယူကြလေနဲ့။ ၂။ လင်နာ – မင်္ဂလာဦးညကစလို့ ဖြစ်လိုက်တဲ့ ရောဂါဆိုတာ ကြီးသေးပေါင်းစုံ၊ ပိုးမွေးသလို မွေးနေရမယ့် ကိုချူချာ၊ ကုလိုက်ရတဲ့ဆေး၊ ရှိသမျှ အကုန်ပြောင်။ အကျိုးစီးပွား တိုးတက်ရာ လမ်းမမြင် ဆုတ် ယုတ်ရန်သာရှိ မယူလေနဲ့ အမိ။၃။ လင်အရက်သမား (လင်သူရာကြိုက်) – အရက်သေစာ၊ ယခုခေတ်တော့ မူးယစ်ဆေးသောက်စား မူးယစ်တတ်တဲ့ ယောက်ျား မိတ်ကောင်း ဆွေကောင်းမရှိ၊ ဂုဏ်သိက္ခာကင်းမဲ့၊ ကျော်စောမှုနတ္ထိ၊ စီးပွားဥစ္စာပျက်ပြား။ ကိုယ့်လက်ထဲ ရောက်မှ ပြု ပြင်ပါ့မယ်၊ ကိုယ်ကိုင် တွယ်ပါ့မယ်လို့ မတွေးနဲ့။ ကတိတွေ အထပ်ထပ်ပေးလည်း မယုံလိုက်လေနဲ့။ လျှာမှာ အရိုးမရှိ။ အလကား ခွေးမြီးကောက် ကျည်တောက်စွပ်ပဲ။ ၄။ လင်မိုက် (လင်ရမ်းကား) – ထစ်ခနဲရှိ ဆဲရေး၊ ပေးစား၊ အိုးခွက်ပန်းကန် မကျန်ကုန်အောင် ရိုက်ခွဲ။ ခြေပါလက်ပါ ရမ်းကား။ ယူမိရင် မျက်ရည်နဲ့ဒူးနဲ့ ဝမ်းဆက် ဖြစ်လိမ့်မယ်။

၅။ လင်ဖျင်း – အစစ အရာရာ မိန်းမကသာ ဦးဆောင်ရတယ်။ အစပိုင်းတော့ မိုက်တယ်။ ချစ်လို့ပဲ ဦးစားပေးသယောင်ယောင်၊ သာယာစရာလိုလို ဘာလိုလို။ ကိုယ်ပိုင် ရပ်တည်ချက်မရှိ။ ကိုယ်ပိုင်အစွမ်းအစ မရှိ။နွားများလို သူများခိုင်းတာ နားစွင့်ပြီး လုပ်တတ်တဲ့ယောက်ျား။ လင်ရုပ်သေး ဝေးဝေးကသာရှောင်။ ၆။ လင်ပျင်း – သေချာတယ် ချစ်သူဘဝမှာ ကတည်းက ထမင်းတောင် ခွံ့ကျွေးရလိမ့်မယ်။ မိခင်စိတ် ရှိတတ် တဲ့ မိန်းကလေးတွေအဖို့ သဘောကျစရာပဲ။ ဒီလိုအစား ကြာကြာဝါးမှ ခါးမှန်း သိမယ်။ မိတ်ဆွေကောင်းမရှိ။ အပျင်းထူ အရေထွက် စီးပွားမတက်။ ၇။ လင်အို – အိုတဲ့ ယောကျာ်း သူများအတွက်ရော၊ မိန်းမအတွက်ရော ဘယ်နေရာများ အသုံးတဲ့တာ ဘာရှိသတုန်း။ သဝန် တိုတတ်တာ နှစ်ယောက်မရှိ။ သူမစွမ်းတာ သူသိတိုင်း လူတစ်ကာနဲ့ ပေးစား။ စိတ်ကို မီးလိုပူစေတဲ့ ယောက်ျား ဝေးရာက ရှားလော့ ချစ်နှ မ။ ၈။ လင်အလိုမပြည့် – ဘယ်လောက်ပဲ ကောင်းအောင် လုပ်ပေးပေး ကျေးဇူးတရားကို မသိ၊ အဆိုးအပြစ်သာ မြင်တတ်ပြောတတ်တဲ့ ယောက်ျား။ အပြုသဘောမဆောင် အပျက်သဘော၊ အဖျက်သဘောသာရှိတဲ့ ယောက်ျား အလကားပဲ။လင်မွဲ လင်နာ လင်သူရာကြိုက် လင် မိုက် လင်ဖျင်း လင်ပျင်း လင်အို အလိုမဖြည့် မပြည့်ဆန္ဒ ရှိတုံကလျှင် မိန်းမဟူသည် ဤရှစ်မည်ကြောင့် မကြည်မသာ အနာတရ ရှိတတ်စွ ။ ကြိုက်ရင်လည်း ယူတော်မူကြ မတားလိုပါ။

Credit – Original

[zawgyi]

၁။ လင္မြဲ – ဘယ္ေလာက္ပဲ ခ်စ္ပါေစ ၊ စီးပြားေရး အသိတရား မရွိဘူးဆိုရင္ အိမ္ေထာင္ေရးဟာ ေရမရွိတဲ့အိုင္မွာ ေနရတဲ့ငါးလိုပဲ ပူေလာင္ေျခာက္ေသြ႕ လြန္းပါတယ္။ဒါ့ေၾကာင့္ မြဲတဲ့ေယာက္်ားကို မယူၾကေလနဲ႔။ ၂။ လင္နာ – မဂၤလာဦးညကစလို႔ ျဖစ္လိုက္တဲ့ ေရာဂါဆိုတာ ႀကီးေသးေပါင္းစုံ၊ ပိုးေမြးသလို ေမြးေနရမယ့္ ကိုခ်ဴခ်ာ၊ ကုလိုက္ရတဲ့ေဆး၊ ရွိသမွ် အကုန္ေျပာင္။ အက်ိဳးစီးပြား တိုးတက္ရာ လမ္းမျမင္ ဆုတ္ ယုတ္ရန္သာရွိ မယူေလနဲ႔ အမိ။၃။ လင္အရက္သမား (လင္သူရာႀကိဳက္) – အရက္ေသစာ၊ ယခုေခတ္ေတာ့ မူးယစ္ေဆးေသာက္စား မူးယစ္တတ္တဲ့ ေယာက္်ား မိတ္ေကာင္း ေဆြေကာင္းမရွိ၊ ဂုဏ္သိကၡာကင္းမဲ့၊ ေက်ာ္ေစာမႈနတၳိ၊ စီးပြားဥစၥာပ်က္ျပား။ ကိုယ့္လက္ထဲ ေရာက္မွ ျပဳ ျပင္ပါ့မယ္၊ ကိုယ္ကိုင္ တြယ္ပါ့မယ္လို႔ မေတြးနဲ႔။ ကတိေတြ အထပ္ထပ္ေပးလည္း မယုံလိုက္ေလနဲ႔။ လွ်ာမွာ အ႐ိုးမရွိ။ အလကား ေခြးၿမီးေကာက္ က်ည္ေတာက္စြပ္ပဲ။ ၄။ လင္မိုက္ (လင္ရမ္းကား) – ထစ္ခနဲရွိ ဆဲေရး၊ ေပးစား၊ အိုးခြက္ပန္းကန္ မက်န္ကုန္ေအာင္ ႐ိုက္ခြဲ။ ေျခပါလက္ပါ ရမ္းကား။ ယူမိရင္ မ်က္ရည္နဲ႔ဒူးနဲ႔ ဝမ္းဆက္ ျဖစ္လိမ့္မယ္။၅။ လင္ဖ်င္း – အစစ အရာရာ မိန္းမကသာ ဦးေဆာင္ရတယ္။ အစပိုင္းေတာ့ မိုက္တယ္။ ခ်စ္လို႔ပဲ ဦးစားေပးသေယာင္ေယာင္၊ သာယာစရာလိုလို ဘာလိုလို။ ကိုယ္ပိုင္ ရပ္တည္ခ်က္မရွိ။ ကိုယ္ပိုင္အစြမ္းအစ မရွိ။ႏြားမ်ားလို သူမ်ားခိုင္းတာ နားစြင့္ၿပီး လုပ္တတ္တဲ့ေယာက္်ား။ လင္႐ုပ္ေသး ေဝးေဝးကသာေရွာင္။ ၆။ လင္ပ်င္း – ေသခ်ာတယ္ ခ်စ္သူဘဝမွာ ကတည္းက ထမင္းေတာင္ ခြံ႕ေကြၽးရလိမ့္မယ္။ မိခင္စိတ္ ရွိတတ္ တဲ့ မိန္းကေလးေတြအဖို႔ သေဘာက်စရာပဲ။ ဒီလိုအစား ၾကာၾကာဝါးမွ ခါးမွန္း သိမယ္။ မိတ္ေဆြေကာင္းမရွိ။ အပ်င္းထူ အေရထြက္ စီးပြားမတက္။ ၇။ လင္အို – အိုတဲ့ ေယာက်ာ္း သူမ်ားအတြက္ေရာ၊ မိန္းမအတြက္ေရာ ဘယ္ေနရာမ်ား အသုံးတဲ့တာ ဘာရွိသတုန္း။ သဝန္ တိုတတ္တာ ႏွစ္ေယာက္မရွိ။ သူမစြမ္းတာ သူသိတိုင္း လူတစ္ကာနဲ႔ ေပးစား။ စိတ္ကို မီးလိုပူေစတဲ့ ေယာက္်ား ေဝးရာက ရွားေလာ့ ခ်စ္ႏွ မ။ ၈။ လင္အလိုမျပည့္ – ဘယ္ေလာက္ပဲ ေကာင္းေအာင္ လုပ္ေပးေပး ေက်းဇူးတရားကို မသိ၊ အဆိုးအျပစ္သာ ျမင္တတ္ေျပာတတ္တဲ့ ေယာက္်ား။ အျပဳသေဘာမေဆာင္ အပ်က္သေဘာ၊ အဖ်က္သေဘာသာရွိတဲ့ ေယာက္်ား အလကားပဲ။လင္မြဲ လင္နာ လင္သူရာႀကိဳက္ လင္ မိုက္ လင္ဖ်င္း လင္ပ်င္း လင္အို အလိုမျဖည့္ မျပည့္ဆႏၵ ရွိတုံကလွ်င္ မိန္းမဟူသည္ ဤရွစ္မည္ေၾကာင့္ မၾကည္မသာ အနာတရ ရွိတတ္စြ ။ ႀကိဳက္ရင္လည္း ယူေတာ္မူၾက မတားလိုပါ။